ဟေရှာယ 17
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ဒမာသက် မြို့နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ ကြည့်ရှု လော့။ ဒမာသက် မြို့သည် မြို့ မဖြစ်အောင် ပျက်စီး ရာပုံ ဖြစ် ရ၏။
1משא דמשק הנה דמשק מוסר מעיר והיתה מעי מפלה׃
2အာရော် မြို့ များကို စွန့်ပစ် သောကြောင့်၊ သိုးစု တို့သည်ပိုင်၍၊ အဘယ်သူမျှမ မောင်း ဘဲအိပ် ကြလိမ့်မည်။
2עזבות ערי ערער לעדרים תהיינה ורבצו ואין מחריד׃
3ဧဖရိမ် ပြည်၌မြို့ မ ရှိရ။ ဒမာသက် မြို့နှင့် ကျန် ကြွင်းသော ရှုရိ ပြည်၌ မင်း အာဏာမရှိရ။ သူတို့သည် ဣသရေလ အမျိုးသား တို့၏ ဘုန်း အသရေကဲ့သို့ ဖြစ် ရကြ လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
3ונשבת מבצר מאפרים וממלכה מדמשק ושאר ארם ככבוד בני ישראל יהיו נאם יהוה צבאות׃
4ထိုကာလ ၌ ယာကုပ် အမျိုး၏ ဘုန်း သည် လျော့ ၍ ၊ ဆူဝ ခြင်းလည်း ပိန့် ကြုံခြင်းဖြစ်ရလိမ့်မည်။
4והיה ביום ההוא ידל כבוד יעקב ומשמן בשרו ירזה׃
5လူသည် စပါး ကိုသိမ်း ယူ၍ အသီး အနှံများ ကိုလက် နှင့် ရိတ် သကဲ့သို့၎င်း၊ ရေဖိမ် ချိုင့် ၌ အသီးအနှံ တို့ကိုသိမ်း ရိတ်သကဲ့သို့ ၎င်း၊ ထိုအမှုဖြစ် ရလိမ့်မည်။
5והיה כאסף קציר קמה וזרעו שבלים יקצור והיה כמלקט שבלים בעמק רפאים׃
6သို့ရာတွင် ၊ သံလွင် ပင်ကို လှုပ် ပြီးမှအပင်ဖျား ၌ အသီးနှစ် လုံးသုံး လုံး၊ အသီး ကောင်းသော အခက် တို့၌ လေး ငါး လုံးရှိတတ်သကဲ့သို့ ၊ ကောက် သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။
6ונשאר בו עוללת כנקף זית שנים שלשה גרגרים בראש אמיר ארבעה חמשה בסעפיה פריה נאם יהוה אלהי ישראל׃
7ထို ကာလ ၌ လူသည်မိမိ ကို ဖန်ဆင်း တော်မူသော အရှင်ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၌ သန့်ရှင်း တော်မူသောဘုရားကို ဖူး မျှော်ရလိမ့်မည်။
7ביום ההוא ישעה האדם על עשהו ועיניו אל קדוש ישראל תראינה׃
8မိမိလက်နှင့် လုပ် သော ယဇ် ပလ္လင်တို့ကို မ မှတ် ရ။ မိမိ လက်ချောင်း နှင့် လုပ် သောအရာတည်းဟူသော အာရှရ ပင်တို့ကို၎င်း ၊ ရုပ်ထု တို့ကို၎င်းပမာဏ မ ပြုရ။
8ולא ישעה אל המזבחות מעשה ידיו ואשר עשו אצבעתיו לא יראה והאשרים והחמנים׃
9ထို ကာလ ၌ သူ ၏ခိုင်ခံ့ သောမြို့ တို့သည် ဣသရေလ အမျိုးသား ရှေ့မှာစွန့်ပစ် သော သစ်တော အကျန် အကြွင်းနှင့်သစ်ပင် အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံ လျက်ရှိ ရလိမ့်မည်။
9ביום ההוא יהיו ערי מעזו כעזובת החרש והאמיר אשר עזבו מפני בני ישראל והיתה שממה׃
10သင့် ကို ကယ်တင် တော်မူသောဘုရား သခင်ကို သင်သည် မေ့လျော့ ၍ ၊ မိမိ ခိုလှုံ ရာ ကျောက် ကို မိမိမ အောက်မေ့ သောကြောင့်၊ သာယာ သော ပျိုး ပင် တို့နှင့်၊ တကျွန်းတနိုင်ငံအညွန့် တို့ကို စိုက်ပျိုး ၍၊
10כי שכחת אלהי ישעך וצור מעזך לא זכרת על כן תטעי נטעי נעמנים וזמרת זר תזרענו׃
11ထိုပျိုး ပင်တို့ကို ကြီးပွားစေခြင်းငှါ၎င်း၊ အလျင်အမြန် အပွင့်ပွင့် စေခြင်းငှါ၎င်း ပြုပြီးမှ၊ သိမ်း ယူရာကာလ ၌ အသီးအနှံသည်ပျက်စီး ၍ ၊ သင်သည် မ ပျောက်နိုင် သော ဝမ်းနည်း ခြင်းရှိရလိမ့်မည်။
11ביום נטעך תשגשגי ובבקר זרעך תפריחי נד קציר ביום נחלה וכאב אנוש׃
12သမုဒ္ဒရာ မြည် သံကဲ့သို့ မြည် တတ်သောလူ များ အလုံး အရင်းတို့၌၎င်း၊ အားကြီး သော ရေ တို့ သည် ဟုန်း သကဲ့သို့ ဟုန်း တတ်သောလူမျိုး တို့၌၎င်း အမင်္ဂလာရှိ၏။
12הוי המון עמים רבים כהמות ימים יהמיון ושאון לאמים כשאון מים כבירים ישאון׃
13အားကြီး သောရေ တို့သည် ဟုန်း သကဲ့သို့ ၊ လူမျိုး တို့သည် ဟုန်း ကြသော်လည်း၊ ဆုံးမ တော်မူသောကြောင့် ၊ အဝေး သို့ ပြေး သွားကြလိမ့်မည်။ တောင် ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲ ကဲ့သို့ ၎င်း၊ လေဘွေ ၌ ပါသွား သော အမှိုက်ကဲ့သို့ ၎င်း၊ သူတို့သည် နှင် ခြင်းကိုခံရကြ လိမ့်မည်။
13לאמים כשאון מים רבים ישאון וגער בו ונס ממרחק ורדף כמץ הרים לפני רוח וכגלגל לפני סופה׃
14ညဦး ယံ ၌ ဘေး ရောက် ၍ ၊ နံနက် ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်။ ငါ တို့ကို ညှဉ်းဆဲ သောသူတို့သည် ထိုသို့သော အကျိုး ၊ ငါ တို့ကို လုယူ ဖျက်ဆီးသောသူတို့ သည်၊ ထိုသို့ သော အမွေ ဥစ္စာကို ခံရကြလိမ့်မည်။
14לעת ערב והנה בלהה בטרם בקר איננו זה חלק שוסינו וגורל לבזזינו׃
Tip: use the ← and → keys to turn chapters.