ဟေရှာယ

Old Testament

Chapter 52
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ဟေရှာယ 52

Judson Burmese Bible (1840)
Modern Hebrew Bible
1အို ဇိအုန် မြို့၊ နိုး လော့။ နိုး ၍ ခွန်အား ကို ယူ လော့။ အိုယေရုရှလင် မြို့ တည်းဟူသော၊ သန့်ရှင်း သော မြို့၊ သင် ၏တင့်တယ် သော အဝတ် တန်ဆာတို့ကို ဝတ်ဆင် လော့။ အကြောင်း မူကား၊ နောက် တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူး သောသူတို့ သည် သင် ၏အထဲသို့ မ ဝင် ရကြ။
1עורי עורי לבשי עזך ציון לבשי בגדי תפארתך ירושלם עיר הקדש כי לא יוסיף יבא בך עוד ערל וטמא׃
2အိုယေရုရှလင် မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့် ကို ခါ လိုက်၍၊ မြင့်သော အရပ် ၌ ထိုင် လော့။ အိုချုပ် ထား လျက်ရှိသောဇိအုန် သတို့သမီး ၊ သင် ၏လည် ကြိုး ကို ချွတ် လော့။
2התנערי מעפר קומי שבי ירושלם התפתחו מוסרי צוארך שביה בת ציון׃
3ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ကိုယ်ဘိုး ငွေကို မ ရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေ မ ပေးဘဲ ရွေး ခြင်းသို့ ရောက်ကြလိမ့်မည်။
3כי כה אמר יהוה חנם נמכרתם ולא בכסף תגאלו׃
4အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့သည် အထက် က အဲဂုတ္တု ပြည်၌ တည်းခို အံ့ သောငှါ သွား ကြ၏။ နောက် မှ အာရှုရိ လူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲ ကြ၏။
4כי כה אמר אדני יהוה מצרים ירד עמי בראשנה לגור שם ואשור באפס עשקו׃
5ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူ တို့ကို အကြောင်း မရှိဘဲ ယူသွား ၍ ၊ အစိုးရ သောသူတို့ သည် ဝါကြွားလျက် ငါ့ နာမ ကို နေ့ တိုင်း ကဲ့ရဲ့ ကြသည် ဖြစ်၍၊ ငါ သည် အဘယ်သို့ ပြုရမည်နည်း။
5ועתה מה לי פה נאם יהוה כי לקח עמי חנם משלו יהילילו נאם יהוה ותמיד כל היום שמי מנאץ׃
6သို့ဖြစ်၍ ၊ ငါ ၏လူ တို့သည် ငါ့ ကို သိ ကြလိမ့်မည်။ ဂတိထားသောသူကား၊ ငါ ဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ်ငါရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
6לכן ידע עמי שמי לכן ביום ההוא כי אני הוא המדבר הנני׃
7ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာ သိတင်းကို ကြား ပြောသောသူ၊ ကယ်တင် ခြင်းကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင် ၏ ဘုရား သခင်စိုးစံ တော်မူ၏ဟု ဇိအုန် မြို့အား ပြော သောသူ ၏ ခြေ တို့သည် တောင် ပေါ် မှာ အလွန်တင့်တယ် လှစွ တကား။
7מה נאוו על ההרים רגלי מבשר משמיע שלום מבשר טוב משמיע ישועה אמר לציון מלך אלהיך׃
8သင် ၏ကင်းစောင့် တို့၏အသံ ကို နားထောင်ကြလော့။ သူတို့သည် အသံ ကို လွှင့် ၍၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ် တည်းကြွေးကြော် ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဇိအုန် မြို့သို့ ပြန် လာတော်မူကြောင်းကို ကိုယ်တိုင်မြင် ရကြ၏။
8קול צפיך נשאו קול יחדו ירננו כי עין בעין יראו בשוב יהוה ציון׃
9ယေရုရှလင် မြို့၌ ပြိုပျက် ရာအရပ်တို့၊ တညီတညွတ် တည်း သီချင်းဆို သံနှင့် ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် မိမိ လူ တို့ကို နှစ်သိမ့် စေတော်မူပြီ။ ယေရုရှလင် မြို့ကို ရွေးနှုတ် တော်မူပြီ။
9פצחו רננו יחדו חרבות ירושלם כי נחם יהוה עמו גאל ירושלם׃
10ထာဝရဘုရား သည် ခပ်သိမ်းသော လူ အမျိုးမျိုး တို့ ရှေ့ မှာ၊ သန့်ရှင်း သော လက်ရုံး တော်ကို ဖွင့်ပြ တော်မူသဖြင့် ၊ မြေကြီး စွန်း ရှိသမျှ တို့သည် ငါ တို့ဘုရား သခင်၏ ကယ်တင် တော်မူခြင်းကျေးဇူးကို သိ မြင်ကြလတံ့။
10חשף יהוה את זרוע קדשו לעיני כל הגוים וראו כל אפסי ארץ את ישועת אלהינו׃
11ထွက် ကြ။ ထွက် ကြ။ ထို အရပ်မှ ထွက် သွားကြလော့။ မစင်ကြယ် သောအရာကို လက်နှင့်မျှ မ တို့ ကြနှင့်။ ထိုအရပ်ထဲက ထွက်သွား ကြလော့။ ထာဝရဘုရား ၏ အဆောက်အဦး တို့ကို ဆောင်ရွက် သောသူတို့၊ သန့်ရှင်း ခြင်းရှိကြလော့။
11סורו סורו צאו משם טמא אל תגעו צאו מתוכה הברו נשאי כלי יהוה׃
12သင်တို့သည် အလျင်အမြန် မ ထွက် ရကြ။ ပြေး ၍ မ သွား ရကြ။ ထာဝရဘုရား သည် သင် တို့ရှေ့ ၌ ကြွ တော်မူမည်။ နောက်၌လည်း ဣသရေလ အမျိုး၏ ဘုရား သခင် သည် သင် တို့အကွယ် အကာဖြစ်တော်မူမည်။
12כי לא בחפזון תצאו ובמנוסה לא תלכון כי הלך לפניכם יהוה ומאספכם אלהי ישראל׃
13ကြည့် ရှုလော့။ ငါ့ ကျွန် သည် အမှုဆောင်၍ အောင် လိမ့်မည်။ ချီးမြှောက် ချီးမြှင့် ခြင်းသို့ ရောက်၍ ၊ အထွဋ်အမြတ်ဖြစ် လိမ့်မည်။
13הנה ישכיל עבדי ירום ונשא וגבה מאד׃
14သူသည် လူ မဟုတ်သကဲ့သို့မျက်နှာပျက်ခြင်း၊ လူ သားမဟုတ်သကဲ့သို့ အဆင်း အသရေပျက် ခြင်းရှိသည် ကို၊ အများ သောသူတို့ သည် အံ့ဩ မိန်းမောကြသည် ဖြစ်၍၊
14כאשר שממו עליך רבים כן משחת מאיש מראהו ותארו מבני אדם׃
15ထိုအတူ သူသည် အများ သော လူမျိုး တို့ကို သန့်ရှင်း စေလိမ့်မည်။ ရှေ့တော်၌ ရှင်ဘုရင် တို့သည် မိမိ တို့ နှုတ် ကို ပိတ် ၍ နေရကြလိမ့်မည်။ သူတပါးမ ပြ ဘူး သော အရာကို သူတို့သည် မြင် ကြလိမ့်မည်။ မ ကြား ဘူး သော အရာကိုလည်း နားလည် ကြလိမ့်မည်။
15כן יזה גוים רבים עליו יקפצו מלכים פיהם כי אשר לא ספר להם ראו ואשר לא שמעו התבוננו׃

Tip: use the ← and → keys to turn chapters.