ဟောရှေ

Old Testament

Chapter 8

ဟောရှေ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဟောရှေ 8

Greek New Testament: Textus Receptus has no text for this chapter yet.

1တံပိုး မှုတ် လော့။ ရန်သူသည် ရွှေလင်းတ ကဲ့သို့ ထာဝရဘုရား ၏အိမ် တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ ပဋိညာဉ် ကို ဖျက် ၍ ငါ့ တရား ကို လွန်ကျူး ကြပြီ။

2သို့ရာတွင်၊ သူတို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်၊ အကျွန်ုပ်တို့သည် ဣသရေလ အမျိုးဖြစ်၍ကိုယ်တော် ကို သိ ကြပါ၏ဟု ငါ့ အား ကြွေးကြော် ကြသည်တကား။

3ဣသရေလ အမျိုးသည် ကောင်း သောအရာကို စွန့်ပစ် သောကြောင့်၊ ရန်သူ ညှဉ်းဆဲ ခြင်းကိုခံရလိမ့်မည်။

4သူ တို့သည် ငါ ၏အခွင့်မ ရှိဘဲ ကိုယ်အလို အလျောက်ရှင်ဘုရင်တို့ကို ချီးမြှောက် ကြပြီ။ ငါမ သိရ ဘဲ မင်းတို့ကို ခန့်ထား ကြပြီ။ ကိုယ်အကျိုးနည်း စေခြင်းငှါ ၊ ကိုယ် ရွှေ ငွေ နှင့် ကိုယ် အဘို့ ရုပ်တု များကိုလုပ် ကြပြီ။

5အိုရှမာရိ ၊ သင် ၏ နွားသငယ် ကို စွန့်ပစ် လော့။ ကိုးကွယ်သော သူများကို ငါ အမျက် ထွက် ၏။ သူတို့သည် အဘယ်မျှ ကာလ ပတ်လုံးသန့်ရှင်း ခြင်းတရားကို မ မှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။

6ထိုနွားသငယ်သည် ဣသရေလ အမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမား လုပ် သောကြောင့် ဘုရား မ ဟုတ်။ အကယ် စင်စစ်ရှမာရိ နွားသငယ် သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။

7လေ မျိုးစေ့ကို ကြဲ ၍ လေဘွေ စပါး ကိုရိတ် ရကြ လိမ့်မည်။ စပါးပင် မ ရှိရ။ အနှံ ထဲက မုန့်ညက် မ ထွက် ရ။ ထွက် သော်လည်း တကျွန်း တနိုင်ငံသားတို့သည် စား ကြ လိမ့်မည်။

8ဣသရေလ အမျိုးသည် တိမ်မြုပ် လေပြီ။ အဘယ် သူမျှ မနှစ်သက် သော တန်ဆာ ကဲ့သို့ တပါးအမျိုးသား တို့ တွင် ရှိ ရလိမ့်မည်။

9အာရှုရိ ပြည်သို့ အလိုလိုသွား လေပြီတကား။ ဧဖရိမ် သည် ကိုယ် အဘို့ တကောင် တည်းနေသောမြည်းရိုင်း ကဲ့သို့ဖြစ်၍၊ ရည်းစား တို့အား ဆုချ လေပြီ။

10တပါးအမျိုးသား တို့အား ဆုချ သော်လည်း ၊ ချက်ခြင်း လူ များကို ငါစုဝေး စေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်း များတင်သော ဝန် ကို ပင်ပန်း စွာ ထမ်းရကြ လိမ့်မည်။

11ဧဖရိမ် သည် များစွာသော ယဇ် ပလ္လင်တို့ကို အပြစ်အဘို့ လုပ် သောကြောင့် ၊ ယဇ် ပလ္လင်တို့ကို သူ ၏ အပြစ် ဟူ၍ မှတ် ရလိမ့်မည်။

12ငါ့ တရား ၏ ထူးဆန်း သောအရာတို့ကို သူ့ အဘို့ ငါရေး ထားပြီ။ သို့သော်လည်း၊ ရိုင်း သော အရာဟူ၍ သူသည် မှတ် လေပြီတကား။

13ငါ နှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော်သောသူတို့ သည် ပူဇော်၍ ကိုယ်တိုင်စား ကြ၏။ ထာဝရဘုရား သည် သူ တို့ကို လက်ခံ တော်မ မူ။ သူ တို့အပြစ် များ ကို ချက်ခြင်း အောက်မေ့ ၍ စစ်ကြော တော်မူသော အားဖြင့် ၊ သူ တို့သည် အဲဂုတ္တု ပြည်သို့ ပြန် သွားရကြ လိမ့်မည်။

14ဣသရေလ သည် သူ့ ကို ဖန်ဆင်း တော်မူသောသခင်ကိုမေ့လျော့ ၍ ဘုံ ဗိမာန်များကို တည်ဆောက် တတ် ၏။ ယုဒ သည်လည်း ခိုင်ခံ့ သော မြို့ တို့ကို များပြား စေ တတ်၏။ သို့ရာတွင် ၊ ငါသည် ထို မြို့ များတို့ကို မီး ရှို့၍ ဘုံ ဗိမာန်များတို့ကို မီးလောင် ရလိမ့်မည်။

Tip: use the ← and → keys to turn chapters.