ဒံယေလ

Old Testament

Chapter 12

ဒံယေလ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဒံယေလ 12

Greek New Testament: Textus Receptus has no text for this chapter yet.

1ထို ကာလ ၌ သင့် အမျိုးသား ချင်းတို့၏အမှုကို စောင့် သော အရှင် ကြီး မိက္ခေလ သည် ပေါ် လာလိမ့်မည်။ လူမျိုး တစုံတမျိုးမျှဖြစ် သည်ကာလမှစ၍ထို ကာလ တိုင်အောင် ၊ မ ဖြစ် စဖူးသော ဆင်းရဲ ဒုက္ခကပ်ကာလ သည် ရောက် လိမ့်မည်။ ထို ကာလ အခါ စာစောင် ၌ စာရင်း ဝင်သမျှ သောသင် ၏အမျိုးသား ချင်းတို့သည် ကယ်လွှတ် ခြင်းသို့ ရောက်ကြလိမ့်မည်။

2ထိုကာလအခါ မြေ မှုန့် ၌ အိပ်ပျော် သော သူများ တို့သည် နိုး ကြလိမ့်မည်။ အချို့ တို့ကား၊ ထာဝရ အသက် ရှင်ခြင်းနှင့်၎င်း ၊ အချို့ တို့ကား၊ ရှက် ကြောက်ခြင်း၊ ထာဝရ အသရေ ပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။

3ပညာ ရှိသောသူတို့ သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင် အဝါကဲ့သို့ ၎င်း ၊ လူအများ တို့ကို ဖြောင့်မတ် ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့ သည်လည်း၊ ကြယ် များကဲ့သို့ ၎င်း အစဉ် အမြဲထွန်းလင်း ကြလိမ့်မည်။

4သင် ဒံယေလ မူကား ၊ အမှုကုန် ရသည် ကာလ တိုင်အောင် ၊ ဤစကား တော်တို့ကို ပိတ် ၍ စာစောင် ကို တံဆိပ် ခတ်ထားလော့။ အများ သောသူတို့ သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာ တိုးပွား လိမ့်မည်ဟု ပြောဆို ၏။

5ထိုအခါ ငါ ဒံယေလ သည် ကြည့်ရှု လျှင် ၊ အခြား သောသူနှစ် ပါးတို့သည် မြစ် ကမ်း တို့၌ တဘက် တပါး စီရပ် နေကြ၏။

6တပါးကလည်း၊ အံ့ဘွယ် သော ဤအမှုအရာတို့သည် မ ကုန်စင် မှီ အဘယ် မျှလောက် ကြာလိမ့်မည်နည်းဟု ပိတ်ချော ကိုဝတ် လျက်၊ မြစ် ရေ ပေါ် မှာရှိသော လူ ကို မေးမြန်း ၏။

7ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။

8ထိုစကားကို ငါ ကြား ၍ နား မ လည်သောကြောင့် ၊ သခင် ဘုရား၊ ဤ အမှုအရာတို့သည် အဘယ် သို့ကုန်စင် ပါမည်နည်းဟု မေးလျှောက် လျှင် ၊

9ထိုသူက ဒံယေလ ၊ သင်သွား လော့။ ထိုစကား သည် အမှုကုန် ရသည်ကာလ တိုင်အောင် ပိတ် ၍ တံဆိပ် ခတ်ထားလျက်ရှိ၏။

10လူအများ တို့သည် သန့်ရှင်း ဖြူစင် ခြင်းသို့ ရောက်၍ စုံစမ်း ခြင်းကိုခံရကြလိမ့်မည်။ မ တရားသောသူတို့ သည် မ တရားသဖြင့် ပြု၍ တယောက် မျှ နား မ လည်ရ။ ပညာ ရှိသောသူတို့ မူကား ၊ နားလည် ကြ လိမ့်မည်။

11နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ၍၊ ဖျက်ဆီး တတ်သော ရွံ့ရှာ ဘွယ်အရာသည် ပေါ်လာပြီးမှ ၊ အရက် တထောင် နှစ် ရာကိုး ဆယ်ကြာလိမ့်မည်။

12အရက် တ ထောင်သုံး ရာ သုံး ဆယ်ငါး ရက်တိုင်အောင် ငံ့လင့် ၍ မှီ သောသူသည် မင်္ဂလာ ရှိ၏။

13သင် မူကား ၊ အဆုံး မဖြစ်မှီတိုင်အောင် သွား လော့။ ငြိမ်ဝပ် စွာ နေရလိမ့်မည်။ နေ့ရက် ကာလ ကုန်စင် ပြီးမှ၊ ကိုယ် အရိပ် အရာကိုခံ၍ ပေါ် ရလိမ့်မည်ဟုဆို၏။

Tip: use the ← and → keys to turn chapters.