ကောလောသဲ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1သင် တို့နှင့် လောဒိကိ မြို့သူမြို့သားတို့မှစ၍ ၊ ငါ့ မျက်နှာ ကို မ မြင် ဘူးသောသူ ရှိသမျှ တို့သည်။
1Θέλω γὰρ ὑμᾶς εἰδέναι ἡλίκον ἀγῶνα ἔχω περὶ ὑμῶν καὶ τῶν ἐν Λαοδικείᾳ, καὶ ὅσοι οὐχ ἑωράκασι τὸ πρόσωπόν μου ἐν σαρκί,
2မေတ္တာ ချင်းထုံးဖွဲ့ ၍၊ ခမည်းတော်ဘုရား နှင့် ခရစ်တော် ၏ နက်နဲ သောအရာကို နားလည် နိုင်သော ဝိစိကိစ္ဆာ နှင့် ကင်းစင်သော ဉာဏ် ၏စည်းစိမ် အပေါင်း နှင့် ပြည့်စုံ၍၊ စိတ်နှလုံး သက်သာ စေမည်အကြောင်း အဘယ်မျှလောက် ကြီးသော တိုက်လှန် ခြင်းကို ငါခံရ သည်ဟု သင် တို့သိ စေခြင်းငှာငါအလိုရှိ ၏။
2ἵνα παρακληθῶσιν αἱ καρδίαι αὐτῶν, συμβιβασθέντων ἐν ἀγάπῃ, καὶ εἰς πάντα πλοῦτον τῆς πληροφορίας τῆς συνέσεως, εἰς ἐπίγνωσιν τοῦ μυστηρίου τοῦ Θεοῦ καὶ πατρὸς καὶ τοῦ Χριστοῦ,
3ထိုနက်နဲ သောအရာ၌ ပညာ ဘဏ္ဍာ ၊ ဉာဏ် ဘဏ္ဍာရှိသမျှ တို့သည် ဝှက်ထား လျက် ရှိ ကြ၏။
3ἐν ᾧ εἰσὶ πάντες οἱ θησαυροὶ τῆς σοφίας καὶ τῆς γνώσεως ἀπόκρυφοι.
4အဘယ် မည်သောသူမျှ ဖြားယောင်း သောစကားအားဖြင့် သင် တို့ကို မလှည့်ဖြား စေခြင်းငှာ ၊ စကားကို ငါ ပြောဆို၏။
4Τοῦτο δὲ λέγω, ἵνα μή τις ὑμᾶς παραλογίζηται ἐν πιθανολογίᾳ.
5ငါသည် ကိုယ်ခန္ဓာ အားဖြင့် သင်တို့နှင့် ကွာ ၍ နေသော်လည်း ၊ စိတ်ဝိညာဉ် အားဖြင့် သင် တို့နှင့်အတူ ရှိ သည်ဖြစ်၍၊ သင် တို့သည် လျောက်ပတ် စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း ၊ ခရစ်တော် ၌ ခိုင်ခံ့ စွာ ယုံကြည် သည် ကို၎င်း မြင် လျှင် ဝမ်းမြောက်ခြင်း ရှိ၏။
5Εἰ γὰρ καὶ τῇ σαρκὶ ἄπειμι, ἀλλὰ τῷ πνεύματι σὺν ὑμῖν εἰμί, χαίρων καὶ βλέπων ὑμῶν τὴν τάξιν, καὶ τὸ στερέωμα τῆς εἰς Χριστὸν πίστεως ὑμῶν.
6ထို့ကြောင့် သင်တို့သည် သခင် ယေရှု ခရစ် ကို ခံယူ ပြီးသည်ဖြစ်၍၊ ထိုသခင် ၌ စိုက်ပျိုး ခြင်း၊ တည်ဆောက် ခြင်း ရှိလျက် ၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည် ခြင်း၌ မြဲမြံ စွာစွဲလမ်းလျက် ၊
6Ὡς οὖν παρελάβετε τὸν Χριστὸν Ἰησοῦν τὸν Κύριον, ἐν αὐτῷ περιπατεῖτε,
7ကျေးဇူး တော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွား ပြည့်စုံလျက်၊ ထိုသခင် ၌ ကျင်လည် ကြလော့။
7ἐρριζωμένοι καὶ ἐποικοδομούμενοι ἐν αὐτῷ, καὶ βεβαιούμενοι ἐν τῇ πίστει, καθὼς ἐδιδάχθητε, περισσεύοντες ἐν αὐτῇ ἐν εὐχαριστίᾳ.
8ခရစ်တော် ၏တရား ကို မ လိုက်၊ လူ အဆက်ဆက်ခံသော နည်း ဥပဒေသနှင့် လောကီ တရားနုကို လိုက် ၍၊ လောကီပညာ နှင့် အချည်းနှီး သောပရိယာယ် အားဖြင့် သင် တို့ကို အဘယ်သူ မျှမလုယူမဖျက်ဆီး စေခြင်းငှာသတိပြု ကြလော့။
8Βλέπετε μή τις ὑμᾶς ἔσται ὁ συλαγωγῶν διὰ τῆς φιλοσοφίας καὶ κενῆς ἀπάτης, κατὰ τὴν παράδοσιν τῶν ἀνθρώπων, κατὰ τὰ στοιχεῖα τοῦ κόσμου, καὶ οὐ κατὰ Χριστόν·
9အကြောင်းမူကား ၊ ဘုရားသခင် ၏ ဇာတိအဖြစ်တော်၏ ပြည့်စုံ ခြင်းအပေါင်း သည် ခရစ်တော် ၌ ကိုယ် ထင်ရှား၍ ကျိန်းဝပ် တော်မူ၏။။
9ὅτι ἐν αὐτῷ κατοικεῖ πᾶν τὸ πλήρωμα τῆς θεότητος σωματικῶς,
10အထွဋ်အမြတ် အာဏာစက် ရှိသမျှ ကို အုပ်စိုး တော်မူသော ထိုသခင် ၌ သင်တို့သည် စုံလင် ခြင်းရှိ ကြ၏။။
10καί ἐστε ἐν αὐτῷ πεπληρωμένοι, ὅς ἐστιν ἡ κεφαλὴ πάσης ἀρχῆς καὶ ἐξουσίας·
11ခရစ်တော် ၏ အရေဖျားလှီး ခြင်းအားဖြင့် ဇာတိ ပကတိအပြစ်၏ ကိုယ် ကိုပယ်ရှင်း ၍၊ လက် ဖြင့်မလုပ်သော အရေဖျားလှီး ခြင်းကို ထိုသခင် ၌ သင်တို့သည် ခံကြသည်ဖြစ်၍၊
11ἐν ᾧ καὶ περιετμήθητε περιτομῇ ἀχειροποιήτῳ, ἐν τῇ ἀπεκδύσει τοῦ σώματος τῶν ἁμαρτιῶν τῆς σαρκός, ἐν τῇ περιτομῇ τοῦ Χριστοῦ,
12ဗတ္တိဇံ အားဖြင့် ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသောဘုရားသခင် ၏ ပြုပြင်အားထုတ် တော်မူခြင်းကို ယုံကြည် သောအားဖြင့် ၊ ဗတ္တိဇံကိုခံ၍ ထိုသခင် နှင့်အတူ ထမြောက် ခြင်းသို့ ရောက်ကြ၏။။
12συνταφέντες αὐτῷ ἐν τῷ βαπτίσματι, ἐν ᾧ καὶ συνηγέρθητε διὰ τῆς πίστεως τῆς ἐνεργείας τοῦ Θεοῦ, τοῦ ἐγείραντος αὐτὸν ἐκ τῶν νεκρῶν.
13ဒုစရိုက် အပြစ်၌ ၎င်း၊ ဇာတိ ပကတိ၏ အရေဖျားလှီး ခြင်းကို မခံသောအဖြစ်၌၎င်း သေ လျက်ရှိ နေသော သင် တို့ကို ခရစ်တော် နှင့်အတူ အသက် ရှင်စေ၍၊ သင် တို့ အပြစ် ရှိသမျှ တို့ကို လွှတ် တော်မူ၏။။
13Καὶ ὑμᾶς, νεκροὺς ὄντας ἐν τοῖς παραπτώμασι καὶ τῇ ἀκροβυστίᾳ τῆς σαρκὸς ὑμῶν, συνεζωποίησε σὺν αὐτῷ, χαρισάμενος ὑμῖν πάντα τὰ παραπτώματα,
14ငါ တို့နှင့်ဆန့်ကျင်ဘက် ဖြစ်သောဝိနည်း အထုံးအဖွဲ့ နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ ၍၊ လက်ဝါးကပ်တိုင် မှာ ရိုက် ထားလျက်၊ ငါ တို့စပ်ကြား ထဲက ပယ်ရှင်း တော်မူပြီ။။
14ἐξαλείψας τὸ καθ᾿ ἡμῶν χειρόγραφον τοῖς δόγμασιν, ὃ ἦν ὑπεναντίον ἡμῖν· καὶ αὐτὸ ἦρκεν ἐκ τοῦ μέσου, προσηλώσας αὐτὸ τῷ σταυρῷ·
15အထွဋ်အမြတ် ၊ အာဏာစက် များကို လုယူ လျှင် ၊ ထင်ရှား စွာ ထုတ်ပြ ၍လက်ဝါးကပ်တိုင် တော်အားဖြင့် အောင်ပွဲ ကို ခံတော်မူပြီ။။
15ἀπεκδυσάμενος τὰς ἀρχὰς καὶ τὰς ἐξουσίας, ἐδειγμάτισεν ἐν παρρησίᾳ, θριαμβεύσας αὐτοὺς ἐν αὐτῷ.
16ထိုကြောင့် စား သောက် ခြင်းအမှု၊ ပွဲ နေ့၊ လ ဆန်းနေ့၊ ဥပုသ်နေ့ တို့ကို စောင့်ခြင်းအမှုတွင် သင် တို့ကို အဘယ်သူ မျှ မ စစ်ကြော မစီရင်စေနှင့်။။
16Μὴ οὖν τις ὑμᾶς κρινέτω ἐν βρώσει ἢ ἐν πόσει, ἢ ἐν μέρει ἑορτῆς ἢ νουμηνίας ἢ σαββάτων·
17ထို အရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ် ဖြစ် ကြ၏။ ကိုယ်မူကား ခရစ်တော် ၏ ကိုယ် ဖြစ်၏။။
17ἅ ἐστι σκιὰ τῶν μελλόντων, τὸ δὲ σῶμα τοῦ Χριστοῦ.
18ဦးခေါင်း တော်ကို အမှီ မ ပြု၊ ဇာတိ ပကတိ၏ စိတ် နှလုံးအချည်းနှီး ထောင်လွှား လျက်၊ မိမိ မသိ မမြင် သောအရာ ကို စူးစမ်း လျက်၊ စိတ် နှိမ့်ချခြင်း၌ ၎င်း၊ ကောင်းကင် တမန်ကို ကိုးကွယ် ခြင်း၌ ၎င်း မွေ့လျော် သောသူ တစ်စုံတစ်ယောက်မျှ သင် တို့ဆု ကို မ လုမယူစေနှင့်။။
18Μηδεὶς ὑμᾶς καταβραβευέτω θέλων ἐν ταπεινοφροσύνῃ καὶ θρησκείᾳ τῶν ἀγγέλων, ἃ μὴ ἑώρακεν ἐμβατεύων, εἰκῇ φυσιούμενος ὑπὸ τοῦ νοὸς τῆς σαρκὸς αὐτοῦ,
19ဦးခေါင်း တော်မှ တစ်ကိုယ် လုံး သည် အဆစ် အပိုင်းအထုံးအဖွဲ့ များအားဖြင့် ၊ အားဖြည့် ၍ ထုံးဖွဲ့ လျက်၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ကြီးပွား တတ်၏။။
19καὶ οὐ κρατῶν τὴν κεφαλήν, ἐξ οὗ πᾶν τὸ σῶμα, διὰ τῶν ἁφῶν καὶ συνδέσμων ἐπιχορηγούμενον καὶ συμβιβαζόμενον, αὔξει τὴν αὔξησιν τοῦ Θεοῦ.
20သင်တို့သည် ခရစ်တော် နှင့်အတူ သေ ၍ ၊ လောကီ တရားနု မှ စုတေ့ကြသည်မှန်လျှင်၊
20Εἰ οὖν ἀπεθάνετε σὺν τῷ Χριστῷ, ἀπὸ τῶν στοιχείων τοῦ κόσμου, τί ὡς ζῶντες ἐν κόσμῳ δογματίζεσθε,
21မ တို့ နှင့်၊ မ မြည်း နှင့်၊ မ ကိုင် နှင့်ဟူသော ပညတ်စကားကို လောကီ အသက် ရှင်သေးသကဲ့သို့ ၊ အဘယ်ကြောင့် နားထောင်ကြသနည်း။။
21Μὴ ἅψῃ, μηδὲ γεύσῃ, μηδὲ θίγῃς —
22လူ တို့၏ ပညတ် ဩဝါဒ အတိုင်း စောင့်ရှောက် သော ထိုပညတ်ရှိသမျှ တို့သည် ပုပ်ပျက် စေခြင်းအကြောင်း ဖြစ် ကြ၏။။
22ἅ ἐστι πάντα εἰς φθορὰν τῇ ἀποχρήσει — κατὰ τὰ ἐντάλματα καὶ διδασκαλίας τῶν ἀνθρώπων;
23ထိုသို့သောပညတ် တို့သည် ကိုယ် အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက်ကိုးကွယ် ခြင်း၊ စိတ် နှိမ့်ချခြင်း၊ ကိုယ် ကာယကို နှိပ်စက် ခြင်းနှင့်ဆိုင်၍ ၊ ပညာရှိ ယောင်ဆောင်ကြ၏။
23Ἅτινά ἐστι λόγον μὲν ἔχοντα σοφίας ἐν ἐθελοθρησκείᾳ καὶ ταπεινοφροσύνῃ καὶ ἀφειδίᾳ σώματος, οὐκ ἐν τιμῇ τινὶ πρὸς πλησμονὴν τῆς σαρκός.
Tip: use the ← and → keys to turn chapters.