၄ ဓမ္မရာဇဝင်

Old Testament

Chapter 13

၄ ဓမ္မရာဇဝင်

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၄ ဓမ္မရာဇဝင် 13

Greek New Testament: Textus Receptus has no text for this chapter yet.

1ယုဒ ရှင်ဘုရင် အာခဇိ သား ယောရှ နန်းစံ နှစ်ဆယ် သုံး နှစ် တွင် ၊ ယေဟု သား ယောခတ် သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ် ခုနစ် နှစ် စိုးစံ၏

2ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ ရှောင် ၊ လိုက် လေ၏

3ထိုကြောင့် ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ၍ ၊ ယောခတ်မင်း လက်ထက်ကာလပတ်လုံး၊ ရှုရိ ရှင်ဘုရင် ဟာဇေလ နှင့် သူ၏သား ဗင်္ဟာဒဒ် လက် သို့ ဣသရေလအမျိုးကို အပ် တော်မူ၏

4တဖန် ယောခတ် သည် ထာဝရဘုရား ကို တောင်းပန် လေ၏။ ရှုရိ ရှင်ဘုရင် ညှဉ်းဆဲ ၍ ဣသရေလ အမျိုးသည် အလွန် ခံရကြောင်း ကို ထာဝရဘုရား သည် မြင် ၍ ယောခတ်စကားကို နားထောင် တော်မူ၏

5ရှုရိ ရှင် ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး ၍ ၊ စပါးနင်း ရာတွင် လွင့်သောအမှုန့် ကဲ့သို့ ဖြစ် စေသဖြင့် ၊ မြင်းစီး သူရဲ၊ ငါးကျိပ် ၊ ရထား တဆယ် ၊ ခြေ သည်သူရဲတသောင်း ကိုသာ ယောခတ် ၌ ကြွင်း စေ၏

6ထို့ကြောင့် ထာဝရဘုရား သည် ကယ်တင် သော သခင်ကိုပေး တော်မူသဖြင့် ၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက် မှ ထွက်မြောက် ၍ အထက် ကနည်းတူ မိမိ တို့နေရာ ၌ နေ ရကြ၏

7သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှား စေသော ယေရောဗောင် မင်းမျိုး ၏ ဒုစရိုက်အပြစ် တို့ကို မ ရှောင် ၊ လိုက်ကြ၏။ ရှမာရိ မြို့၌ လည်း အာရှရ ပင် ရှိသေး၏

8ယောခတ် ပြု မူသော အမှု အရာကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏

9ယောခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သားတော် ယဟောရှ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏

10ယုဒ ရှင်ဘုရင် ယောရှ နန်းစံ သုံးဆယ် ခုနစ် နှစ် တွင် ၊ ယောခတ် သား ယဟောရှ သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ် ခြောက် နှစ် စိုးစံ၏

11ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် ကိုမ ရှောင် ၊ အကုန်အစင် လိုက်လေ၏

12ယဟောရှ ပြုမူသော အမှု အရာကြွင်း လေသမျှ ၊ ယုဒ ရှင်ဘုရင် အာမဇိ ကို စစ်တိုက် ရာတွင် ၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏

13ယဟောရှ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဣသရေလ ရှင် ဘုရင်တို့နှင့်အတူ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်း ကိုခံ လေ၏။ သားတော်ယေရောဗောင် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏

14ထိုအခါ ဧလိရှဲ သည် သေနာ စွဲ၍ နာ နေစဉ် တွင်၊ ဣသရေလ ရှင်ဘုရင် ယဟောရှ သည်လာ ၍ သူ့ ရှေ့ မှာ ငိုကြွေး လျက် ငါ့ အဘ ၊ ငါ့ အဘ ၊ ဣသရေလ ရထား ၊ ဣသရေလ မြင်း ပါတကားဟု ဆို ၏

15ဧလိရှဲ ကလည်း ၊ လေး နှင့် မြှား တို့ကို ယူ လော့ဟု ဆို သည်အတိုင်း ရှင်ဘုရင်ယူ ၏

16လေး ကိုတင် လော့ဟု တဖန် ဆို သည်အတိုင်း လေးကိုတင် ၍ ၊ ဧလိရှဲ သည် မိမိ လက် ကို ရှင်ဘုရင် လက် ပေါ် မှာ တင် လျက်၊ “

17အရှေ့ ပြတင်းပေါက် ကို ဖွင့် လော့ဟုဆို ၍ ဖွင့် လေ၏။ ပစ် လော့ဟုဆို သည်အတိုင်း ရှင်ဘုရင်သည် ပစ် လေ၏။ ဧလိရှဲ ကလည်း ၊ ထာဝရဘုရား ကယ်တင် တော်မူရာမြှား ၊ ရှုရိ မင်းလက်မှ ကယ်နှုတ် ရာမြှား ဖြစ်၏။ အာဖက် မြို့၌ ရှုရိ လူတို့ကို အကုန်အစင် လုပ်ကြံ ရ လိမ့်မည်ဟု ဆို ၏

18မြှား တို့ကိုယူ ဦးလော့ဟု တဖန် ဆို သည်အတိုင်း ၊ ရှင် ဘုရင်သည် ယူ ၏။ မြေ ပေါ်သို့ ရိုက် လော့ဟုဆို ၍ သုံး ကြိမ် ရိုက် လေ၏

19ထိုအခါ ဘုရား သခင်၏လူ သည် အမျက် ထွက်၍ ၊ အဘယ်ကြောင့်ငါး ကြိမ်ခြောက် ကြိမ်မရိုက် သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိ လူတို့ကို အကုန်အစင်လုပ်ကြံ ရ လိမ့်မည်။ ယခု မူကား ၊ သုံး ကြိမ် သာ လုပ်ကြံ ရလိမ့်မည်ဟု ဆို ၏

20ဧလိရှဲ သေ ၍ သင်္ဂြိုဟ် ခြင်းကိုခံပြီးမှ ၊ နောင် နှစ် တွင် မောဘ တပ်သား တို့သည် ဣသရေလပြည် ကို တိုက်လာ ကြ၏

21ဣသရေလလူတို့သည် လူ တယောက်ကို သင်္ဂြိုဟ် စဉ်တွင်၊ မောဘတပ် လာသည်ကို မြင် ၍ ၊ အလောင်းကို ဧလိရှဲ သင်္ချိုင်း တွင်း၌ ချ ထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲ အရိုး တို့ကို ထိ သောအခါ ၊ အသက်ရှင် ပြန်သဖြင့် မတ်တတ်ထ ၏

22ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ယောခတ် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ညှဉ်းဆဲ ၏

23ထာဝရဘုရား သည် သူ တို့ကို သနား စုံမက်၍ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ် ကို အောက်မေ့ လျက် သူ တို့ကို မ ဖျက်ဆီး ၊ အထံ တော်မှ မ နှင်ထုတ် သေးဘဲ ကြည့်ရှု ပြုစုတော်မူ၏

24ရှုရိ ရှင်ဘုရင် ဟာဇေလ သေ ၍ ၊ သားတော် ဗင်္ဟာဒဒ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏

25ဟာဇေလသည် စစ်တိုက်၍ ယောခတ် မင်း လက် မှ နှုတ်ယူ သော မြို့ ရွာတို့ကို ယောခတ် သား ယဟောရှ သည် ဟာဇေလ သား ဗင်္ယာဒဒ် လက် မှ နှုတ်ယူ ၏။ သုံး ကြိမ် တိုင်အောင်ယဟောရှ သည်နိုင်၍ ဣသရေလ မြို့ ရွာတို့ကို ရပြန်လေ၏

Tip: use the ← and → keys to turn chapters.