၂ကောရိန္တု

Old Testament

Chapter 3

၂ကောရိန္တု

Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

၂ကောရိန္တု 3

Judson Burmese Bible (1840)
Clementine Vulgate, 1598
1ငါတို့သည် တဖန် ကိုယ်ကိုကိုယ် ချီးမွမ်း ကြ သလော။ သို့မဟုတ် ချီးမွမ်း သောစာ ကို သင် တို့ထံသို့ သူတစ်ပါးပေးစေခြင်းငှာ၎င်း၊ သင် တို့သည်သူတစ်ပါးထံသို့ ပေးစေခြင်းငှာ၎င်း၊ ငါတို့သည်အချို့ သောသူကဲ့သို့ အလိုရှိကြ သလော။
1Incipimus iterum nosmetipsos commendare? aut numquid egemus (sicut quidam) commendatitiis epistolis ad vos, aut ex vobis?
2သင် တို့သည် ငါ တို့စိတ် နှလုံးပေါ်၌ ရေး ထားသောစာ၊ လူ အပေါင်း တို့သိ ၍ ဖတ် တတ်သောငါ တို့ စာ ပင်ဖြစ် ကြသတည်း။
2Epistola nostra vos estis, scripta in cordibus nostris, quæ scitur, et legitur ab omnibus hominibus:
3အဘယ်သို့နည်းဟူမူကား ၊ သင်တို့သည် မှင် နှင့် ရေး ထားသော စာမ ဟုတ်။ အသက် ရှင်တော်မူသော ဘုရားသခင် ၏ ဝိညာဉ် တော်နှင့်ရေး၍ ၎င်း၊ ကျောက် ပြား ပေါ်၌ မ ရေးဘဲ အသား နှင့်ပြည့်စုံသော နှလုံး ပြား ပေါ်၌ ရေး၍ ၎င်း၊ ငါ တို့ပြုစု သော ခရစ်တော် ၏စာ ထင်ရှား စွာဖြစ် ကြ၏။
3manifestati quod epistola estis Christi, ministrata a nobis, et scripta non atramento, sed Spiritu Dei vivi: non in tabulis lapideis, sed in tabulis cordis carnalibus.
4ငါတို့သည် ခရစ်တော် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ ထိုသို့သော ယုံမှတ် စွဲလမ်းခြင်းရှိ ၏။
4Fiduciam autem talem habemus per Christum ad Deum:
5သို့ရာတွင် ငါ တို့သည်ကိုယ် တန်ခိုး ကိုအမှီပြု ၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခု ကိုကြံစည် ခြင်းငှာတတ်နိုင်သည်မ ဟုတ်။ ဘုရားသခင် ကိုအမှီပြု ၍သာ တတ်နိုင်သည်နှင့်အညီ၊
5non quod sufficientes simus cogitare aliquid a nobis, quasi ex nobis: sed sufficientia nostra ex Deo est:
6ပဋိညာဉ် တရားသစ် ၏ ဆရာ ဖြစ်နိုင် သော အစွမ်းသတ္တိကို ဘုရားသခင် သည် ငါ တို့အားပေးတော်မူ၏။ ထိုသို့ဆိုသော်ကျမ်းဟောင်းတရား ကိုမ ဆိုလို၊ ဝိညာဉ် တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရား သည် အသက်ကိုသတ် တတ်၏။ ဝိညာဉ် တော်တရားမူကား ရှင် စေတတ်၏။
6qui et idoneos nos fecit ministros novi testamenti: non littera, sed Spiritu: littera enim occidit, Spiritus autem vivificat.
7ထိုမှတစ်ပါး ပျောက် တတ်သော ရောင်ခြည်တည်းဟူသောမောရှေ ၏မျက်နှာ မှ ထွက်သောရောင်ခြည် ကြောင့် ၊ ဣသရေလ အမျိုးသား တို့သည် သူ ၏မျက်နှာ ကိုစေ့စေ့ မ ကြည့်ရှုနိုင် သည်တိုင်အောင် ၊ ကျောက် ပြားပေါ်၌ အက္ခရာတင် ၍ ရေး ထားသောသေခြင်း ၏တရား သည် ဘုန်း အာနုဘော်နှင့် ပြည့်စုံ သည်မှန်လျှင် ၊
7Quod si ministratio mortis litteris deformata in lapidibus fuit in gloria, ita ut non possent intendere filii Israël in faciem Moysi propter gloriam vultus ejus, quæ evacuatur:
8ထိုမျှမက ဝိညာဉ် တော်တရား သည် ဘုန်း အာနုဘော်နှင့် အလွန် ပြည့်စုံရ လိမ့်မည်မ ဟုတ်လော။
8quomodo non magis ministratio Spiritus erit in gloria?
9အပြစ်စီရင်တတ် သောတရား သည် ဘုန်းအာနုဘော် ရှိလျှင် ၊ ထိုမျှမက ဖြောင့်မတ် စေတတ်သော တရား သည် ဘုန်းအာနုဘော် နှင့် သာ၍ ကြွယ်ဝပြည့်စုံ လိမ့်မည်။
9Nam si ministratio damnationis gloria est: multo magis abundat ministerium justitiæ in gloria.
10နောက်ဖြစ်သောဘုန်း သည် အလွန် မြတ် သောကြောင့် ၊ ဘုန်း ရှိဘူးသော အရာ သည် ဘုန်း ကွယ် လျက် ရှိ၏။
10Nam nec glorificatum est, quod claruit in hac parte, propter excellentem gloriam.
11ပယ်ရှင်း ရသောအရာ သည် ဘုန်း ရှိလျှင် ၊ တည်နေ သောအရာ သည်သာ၍ ဘုန်း ရှိလိမ့်မည်။
11Si enim quod evacuatur, per gloriam est: multo magis quod manet, in gloria est.
12ထိုသို့သော ယုံကြည်မြော်လင့် ခြင်းရှိ သည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက် ခြင်း အလျှင်းမရှိ။ အတည့်အလင်း ဟောပြော ကြ၏။
12Habentes igitur talem spem, multa fiducia utimur:
13ပယ်ရှင်း သောအရာ ၏အဆုံး ကို ဣသရေလ အမျိုးသား တို့သည် စေ့စေ့ မ ကြည့်ရှုစေခြင်းငှာ မောရှ သည် မိမိ မျက်နှာ ကို ဖုံးအုပ် သကဲ့သို့ ငါတို့သည်မ ပြု ကြ။
13et non sicut Moyses ponebat velamen super faciem suam, ut non intenderent filii Israël in faciem ejus, quod evacuatur,
14သူ တို့စိတ်နှလုံး သည် မိုက်မဲ လျက်ရှိ၍ ၊ ယခု တိုင်အောင် ဓမ္မကျမ်းစာ ကို ဖတ် ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ် လျက်ရှိ၏။ အကြောင်းမူကား ၊ ခရစ်တော် အားဖြင့် သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း ရ၏။
14sed obtusi sunt sensus eorum. Usque in hodiernum enim diem, idipsum velamen in lectione veteris testamenti manet non revelatum (quoniam in Christo evacuatur),
15ယခု တိုင်အောင် လည်း ၊ မောရှ ၏ကျမ်းစာကို ဖတ် ကြသောအခါ ၊ သူ တို့စိတ် နှလုံးသည် ဖုံးအုပ် လျက် ရှိ သေး၏။
15sed usque in hodiernum diem, cum legitur Moyses, velamen positum est super cor eorum.
16သို့သော်လည်း သခင် ဘုရားထံတော်သို့ ပြောင်းလဲ သောအခါ ၊ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း လိမ့်မည်။
16Cum autem conversus fuerit ad Dominum, auferetur velamen.
17သခင် ဘုရားဟုဆိုသော်ဝိညာဉ် တော်တရားကို ဆိုလို သတည်း။ သခင် ဘုရား၏ ဝိညာဉ် တော်တရားသည် လွှတ် ခြင်းချမ်းသာကို ပေးတတ်၏။
17Dominus autem Spiritus est: ubi autem Spiritus Domini, ibi libertas.
18ငါ တို့ရှိသမျှ သည် မျက်နှာ ဖုံးကိုဖွင့် လျက် မှန် ကို ကြည့်သကဲ့သို့ ၊ သခင် ဘုရား၏ ဘုန်း အသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား ၏ အရှင် သည် ရောင်ခြည် တော်ကို လွှတ်တော်မူသည့်အတိုင်း ၊ ငါတို့သည် ဘုန်း အသရေ တိုးပွား၍ ပုံ သဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။
18Nos vero omnes, revelata facie gloriam Domini speculantes, in eamdem imaginem transformamur a claritate in claritatem, tamquam a Domini Spiritu.

Tip: use the ← and → keys to turn chapters.