၁ ဓမ္မရာဇဝင်

Old Testament

Chapter 29
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၁ ဓမ္မရာဇဝင် 29

Greek New Testament: Textus Receptus has no text for this chapter yet.

1ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေ အပေါင်း တို့ကို အာဖက် မြို့မှာ စုဝေး စေကြ၏။ ဣသရေလ လူတို့သည် ယေဇရေလ မြို့မှာ ရှိသော စမ်းရေတွင်း အနား၌ တပ်ချ ကြ၏။

2ဖိလိတ္တိ မင်း တို့သည် လူတရာ တပ်၊ တထောင် တပ်အစဉ်အတိုင်းချီသွား သဖြင့် ၊ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် နောက် တပ်၌ အာခိတ် မင်းနှင့်အတူ လိုက် ကြ၏။

3ဖိလိတ္တိ မင်း တို့ကလည်း ၊ သင်နှင့်လိုက်သော ထို သူတို့သည် အဘယ်သူ နည်းဟုမေး လျှင် ၊ အာခိတ် မင်းက၊ ဤ သူသည် ဣသရေလ ရှင်ဘုရင် ရှောလု ၏ကျွန် ဒါဝိဒ် ဖြစ်သည်မ ဟုတ်လော။ ကြာမြင့်စွာ ငါ့ ထံမှာ နေပြီ။ ငါ့ထံသို့ရောက်သောနေ့ မှစ၍ ယနေ့ တိုင်အောင် သူ ၌ အပြစ်တင်စရာ တစုံတခု ကိုမျှ မ တွေ့ ဟု ဖိလိတ္တိ မင်း တို့အား ပြောဆို သော်လည်း၊

4ဖိလိတ္တိ မင်း တို့သည် စိတ်ဆိုး လျက် ဤသူ ပြန် ပါစေ။ မင်းနေရာ ချသော အရပ် သို့ သွား ၍နေပါစေ။ ငါ တို့နှင့်အတူ စစ်တိုက် မ လိုက် စေနှင့်။ စစ်တိုက် ရာတွင် ငါ တို့ ရန်ဘက် ၌ နေ မည်ကို စိုးရိမ်စရာရှိ၏။ သူသည် သူ့ သခင် ၏ စိတ် ကို ပြေစေခြင်းငှါအဘယ်သို့ ပြုနိုင်သနည်း။ ငါတို့လူ များ၏ အသက် ကို အပ်၍ ပြုနိုင်သည်မ ဟုတ်လော။

5ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု အလှည့်လှည့်က လျက် သီချင်း ဆိုကြသောအခါ ၊ ဤ ဒါဝိဒ် ကို ရည်ဆောင်၍ သီချင်းဆိုကြသည်မ ဟုတ်လော ဟု အပြစ်တင်သောကြောင့်၊

6အာခိတ် မင်းသည် ဒါဝိဒ် ကို ခေါ် ၍ ၊ အကယ်စင်စစ် ထာဝရဘုရား အသက် ရှင်တော်မူသည့်အတိုင်း သင် သည် ဖြောင့်မတ် စွာ ပြုပြီ။ ငါ နှင့်အတူ တပ်မှု တပ်ရင်း၌ သင်သွား လာပြုမူခြင်းကို ငါ အားရ ပြီ။ သင် သည် ငါ့ ထံသို့ ရောက် သောနေ့ မှစ၍ ယနေ့ တိုင်အောင် သင် ၌ အပြစ် ကို မ တွေ့။ သို့သော်လည်း ဖိလိတ္တိမင်း တို့သည် သင့် ကို အလို မ ရှိကြ။

7သို့ဖြစ်၍ ယခု ငြိမ်ဝပ် စွာ ပြန် သွား တော့။ ဖိလိတ္တိ မင်း တို့ကို စိတ်ဆိုး စေခြင်းငှါမ ပြု ပါနှင့်ဟုဆိုသော်၊

8ဒါဝိဒ် က ကျွန်တော်သည် ကျွန်တော် သခင် ရှင်ဘုရင် ၏ ရန်သူ တို့ကို စစ်တိုက် မ သွား စေခြင်းငှါအဘယ်သို့ ပြု ဘိသနည်း။ ကိုယ်တော် ထံမှာ နေ သမျှ ကာလ ပတ်လုံး ယနေ့ တိုင်အောင် အဘယ် အပြစ်ကို တွေ့ တော်မူသနည်းဟု အာခိတ် မင်းအား မေးလျှောက် သော်၊

9အာခိတ် မင်းက၊ သင် သည် ငါ့ ရှေ့ မှာ ဘုရား သခင်၏ ကောင်းကင် တမန်ကဲ့သို့ ကောင်း သည်ကို ငါသိ ၏။ သို့သော်လည်း ငါ တို့နှင့်အတူ စစ်တိုက် မ လိုက် စေနှင့်ဟု ဖိလိတ္တိ မင်း တို့သည် စီရင် ကြပြီ။

10သို့ဖြစ်၍ သင် နှင့် လိုက်လာ သော သင့် သခင် ၏ ကျွန် တို့နှင့်အတူ နံနက် စောစောထ ၍ မိုဃ်းလင်း သောအခါ ပြန် သွားတော့ဟု ဒါဝိဒ် အား ဆို သည်အတိုင်း၊

11ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် နံနက် စောစောထ ၍ ဖိလိတ္တိ ပြည် သို့ ပြန် သွားကြ၏။ ဖိလိတ္တိ လူတို့သည်လည်း ၊ ယေဇရေလ မြို့သို့ ချီ သွားကြ၏။

Tip: use the ← and → keys to turn chapters.