Iohannem 10
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Amen, amen dico vobis: qui non intrat per ostium in ovile ovium, sed ascendit aliunde, ille fur est et latro.
1ငါအမှန်အကန် ဆို သည်ကား၊ သိုး ခြံ ထဲသို့ တံခါးဝ ဖြင့် မ ဝင် အခြား လမ်းဖြင့်ကျော်ဝင် သောသူ သည် သူခိုး ဓားပြ ဖြစ် ၏။
2Qui autem intrat per ostium, pastor est ovium.
2သိုးထိန်း မူကား၊ တံခါးဝ ဖြင့် ဝင် တတ်၏။
3Huic ostiarius aperit, et oves vocem ejus audiunt, et proprias ovas vocat nominatim, et educit eas.
3ထိုသူ အားတံခါးစောင့် လည်းဖွင့် တတ်၏။ သူ၏ စကား သံကိုသိုး တို့သည် နားထောင် တတ်ကြ၏။ သူ သည် မိမိ သိုး တို့ကို နာမည် ဖြင့် ခေါ် ၍ ပြင် သို့ ထုတ်ဆောင်တတ်၏။
4Et cum proprias oves emiserit, ante eas vadit: et oves illum sequuntur, quia sciunt vocem ejus.
4သိုးများကိုထုတ် သောအခါ သိုးတို့ရှေ့ မှာသွား ၍ သိုး များသည် သူ၏ စကား သံကို ကျွမ်း သောကြောင့် လိုက် တတ်ကြ၏။
5Alienum autem non sequuntur, sed fugiunt ab eo: quia non noverunt vocem alienorum.
5မဆိုင်သောသူတို့၏စကား သံကို မ ကျွမ်း သောကြောင့် ၊ မဆိုင်သောသူနောက် သို့မ လိုက်ဘဲ ပြေး တတ် ကြသည် ဟု မိန့်တော်မူ၏။
6Hoc proverbium dixit eis Jesus: illi autem non cognoverunt quid loqueretur eis.
6ထို ဥပမာ ပုံကို ယေရှု ဟော တော်မူသည်တွင်၊ ပရိသတ် တို့သည် မိန့်တော်မူသောစကား တော်၏ အနက် အဓိပ္ပါယ်ကိုနား မ လည်ကြ။
7Dixit ergo eis iterum Jesus: Amen, amen dico vobis, quia ego sum ostium ovium.
7ထိုကြောင့် တစ်ဖန် ယေရှု က၊ ငါအမှန်အကန် ဆို သည်ကား၊ ငါ သည် သိုး ဝင်သောတံခါးဝ ဖြစ် ၏။
8Omnes quotquot venerunt, fures sunt, et latrones, et non audierunt eos oves.
8ငါ ရှေ့ ၌ပေါ်လာ သောသူ ရှိသမျှ တို့သည် သူခိုး ဓားပြ ဖြစ် ကြ၏။ ထိုသူ တို့၏စကားသံကို သိုး တို့သည် နား မ ထောင်ကြ။
9Ego sum ostium. Per me si quis introierit, salvabitur: et ingredietur, et egredietur, et pascua inveniet.
9ငါ သည်တံခါးဝ ဖြစ် ၏။ ငါ ဖြင့် ဝင် သောသူ သည် ဘေး နှင့်ကင်းလွှတ်လျက် ထွက် ဝင် ၍ ကျက်စား ရာကို တွေ့ ရလိမ့်မည်။
10Fur non venit nisi ut furetur, et mactet, et perdat. Ego veni ut vitam habeant, et abundantius habeant.
10သူခိုး သည်ခိုး ခြင်း၊ သတ် ခြင်း၊ ဖျက်ဆီး ခြင်းငှာ သာ လာ တတ်၏။ ငါ မူကား၊ သိုး တို့သည် အသက် လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံ စေခြင်းငှာ လာ သတည်း။
11Ego sum pastor bonus. Bonus pastor animam suam dat pro ovibus suis.
11ငါ သည် ကောင်း သောသိုးထိန်း လည်းဖြစ် ၏။ ကောင်း သောသိုးထိန်း သည် သိုး တို့အဘို့ အလိုငှာ မိမိ အသက် ကို စွန့် တတ်၏။
12Mercenarius autem, et qui non est pastor, cujus non sunt oves propriæ, videt lupum venientem, et dimittit oves, et fugit: et lupus rapit, et dispergit oves;
12သိုး များကိုပိုင် သောသိုးထိန်း မ ဟုတ် ၊ သူငှား ဖြစ်သောသူ မူကား၊ တောခွေး လာ သည်ကိုမြင် လျှင်၊ သိုး တို့ကို ပစ် ထား၍ ထွက်ပြေး တတ်၏။ တောခွေး သည်လည်း၊ သိုး တို့ကို လုယက် ၍ ကွဲလွင့် စေ၏။
13mercenarius autem fugit, quia mercenarius est, et non pertinet ad eum de ovibus.
13သူငှား သည် သူငှားဖြစ်၍သိုး တို့၏အကျိုး ကို မ မှတ် သောကြောင့် ထွက်ပြေးတတ်၏။
14Ego sum pastor bonus: et cognosco meas, et cognoscunt me meæ.
14ငါ သည် ကောင်း သောသိုးထိန်း ဖြစ် ၏။ ခမည်းတော် သည် ငါ့ ကိုသိ တော်မူ၍၊ ငါ သည်လည်း ခမည်းတော် ကို သိ သကဲ့သို့ ငါ ၏သိုးကိုလည်း ငါသိ ၏။ ငါ့ သိုးတို့သည်လည်း ငါ့ ကိုသိ ကြ၏။
15Sicut novit me Pater, et ego agnosco Patrem: et animam meam pono pro ovibus meis.
15ငါသည် ကိုယ် အသက် ကို သိုး တို့အဘို့ အလိုငှာ စွန့်၏ ။
16Et alias oves habeo, quæ non sunt ex hoc ovili: et illas oportet me adducere, et vocem meam audient, et fiet unum ovile et unus pastor.
16ဤ သိုးခြံ သို့ မ ဝင်သောအခြား သိုး တို့ကိုလည်း ငါပိုင် သေး၏။ ထို သိုးတို့ကို ငါ ဆောင်ခဲ့ ရ မည်။ သူတို့ သည်လည်း ငါ့ စကား သံကို နားထောင် သဖြင့်၊ သိုး ခြံတစ်ခု သိုးထိန်း တစ်ပါးတည်း ရှိ ရလိမ့်မည်။
17Propterea me diligit Pater: quia ego pono animam meam, ut iterum sumam eam.
17ငါ သည် ကိုယ် အသက် ကိုစွန့် ၍ နောက် တဖန်ယူ ဦးမည်ဖြစ်သောကြောင့် ၊ ငါ့ ခမည်းတော် သည် ငါ့ကို ချစ် တော်မူ၏။
18Nemo tollit eam a me: sed ego pono eam a meipso, et potestatem habeo ponendi eam, et potestatem habeo iterum sumendi eam. Hoc mandatum accepi a Patre meo.
18ငါ့ အသက် ကို အဘယ်သူ မျှမလု မယူ။ ကိုယ် အလိုအလျောက်ငါ စွန့် ၏။ ကိုယ်အသက် ကို စွန့် ရသော အခွင့် နှင့် နောက် တဖန်ကိုယ်အသက် ကို ယူ ပြန်ရသောအခွင့် သည် ငါ၌ရှိ ၏။ ထို အခွင့် ကိုခမည်းတော် သည် ပေး တော်မူပြီ ဟု မိန့် တော်မူ၏။
19Dissensio iterum facta est inter Judæos propter sermones hos.
19ထို စကား တော်ကြောင့် ယုဒ လူတို့သည် တစ်ဖန် ကွဲပြား ခြင်းရှိ ကြ၏။
20Dicebant autem multi ex ipsis: Dæmonium habet, et insanit: quid eum auditis?
20လူ များ တို့က၊ သူသည်နတ်ဆိုး စွဲ ၍ အရူး ဖြစ်၏။ သူ့ စကားကို အဘယ်ကြောင့် နားထောင် သနည်းဟု ဆို ကြ၏။
21Alii dicebant: Hæc verba non sunt dæmonium habentis: numquid dæmonium potest cæcorum oculos aperire?
21အချို့ တို့က၊ သူ့ စကား သည် နတ်ဆိုးစွဲ သောသူ၏စကားမ ဟုတ် ။ နတ်ဆိုး သည် မျက်စိ ကန်း သောသူ တို့ကို မြင်စေခြင်းငှာတတ်နိုင် သလောဟုဆို ကြ၏။
22Facta sunt autem Encænia in Jerosolymis, et hiems erat.
22ဆောင်း ကာလဖြစ် ၍ အင်္ကဲနိ ပွဲကိုယေရုရှလင် မြို့၌ခံ ကြသောအခါ၊
23Et ambulabat Jesus in templo, in porticu Salomonis.
23ယေရှု သည် ဗိမာန် တော်နားမှာ ရှောလမုန် ကနားပြင် ၌ စင်္ကြံသွား တော်မူစဉ်တွင်၊
24Circumdederunt ergo eum Judæi, et dicebant ei: Quousque animam nostram tollis? si tu es Christus, dic nobis palam.
24ယုဒ လူတို့သည် ကိုယ်တော် ကိုဝန်းရံ ၍ ၊ သင် သည် အဘယ်မျှ ကာလပတ်လုံးငါ တို့ကို ယုံမှား စေမည်နည်း။ ခရစ်တော် မှန် လျှင် အတည့်အလင်း ပြော ပါဟုဆို ကြ၏။
25Respondit eis Jesus: Loquor vobis, et non creditis: opera quæ ego facio in nomine Patris mei, hæc testimonium perhibent de me:
25ယေရှု ကလည်း၊ ငါပြော ပြီ။ သင် တို့သည် မ ယုံ ကြ။ ငါ့ ခမည်းတော် ၏အခွင့်နှင့် ငါ ပြု သောအမှု တို့သည် ငါ ၏သက်သေ ဖြစ်ကြ၏။
26sed vos non creditis, quia non estis ex ovibus meis.
26သို့သော်လည်း သင် တို့သည် မ ယုံ ကြ။ အဘယ်ကြောင့်မယုံသနည်းဟူမူကား ၊ သင်တို့သည် ငါ့ သိုး တို့ အဝင် မ ဟုတ် ။ အထက်က ငါပြောသည်အတိုင်း၊
27Oves meæ vocem meam audiunt, et ego cognosco eas, et sequuntur me:
27ငါ့ သိုး တို့သည် ငါ့ စကား သံကိုနားထောင် ၍ ငါ့ နောက် သို့လိုက်ကြ၏။ ထိုသိုး တို့ကို ငါ သိ ၏။
28et ego vitam æternam do eis, et non peribunt in æternum, et non rapiet eas quisquam de manu mea.
28ထာဝရ အသက် ကိုလည်း ငါ ပေး ၏။ သိုးတို့သည် ပျက်စီး ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူ မျှထိုသိုး တို့ကို ငါ့ လက် မှ မ နှုတ် မယူရာ။
29Pater meus quod dedit mihi, majus omnibus est: et nemo potest rapere de manu Patris mei.
29ထိုသိုးတို့ကို ငါ့ ၌အပ်ပေး တော်မူသောငါ့ ခမည်းတော် သည် ခပ်သိမ်း သောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ် ၍၊ အဘယ်သူ မျှထိုသိုးတို့ကို ငါ့ခမည်းတော် ၏ လက် မှ မနှုတ် မယူနိုင် ရာ။
30Ego et Pater unum sumus.
30ငါ သည် ငါ့ခမည်းတော် နှင့် တလုံးတဝတည်း ဖြစ် သည် ဟု မိန့် တော်မူ၏။
31Sustulerunt ergo lapides Judæi, ut lapidarent eum.
31ထိုအခါ ယုဒ လူတို့သည် ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ တစ်ဖန် ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။
32Respondit eis Jesus: Multa bona opera ostendi vobis ex Patre meo: propter quod eorum opus me lapidatis?
32ယေရှု ကလည်း၊ ငါသည် ငါ့ခမည်းတော် ၏အခွင့် နှင့် ကောင်း သောအမှု အများ တို့ကို သင် တို့အားပြ ပြီ။ ထိုအမှု တို့တွင် အဘယ် မည်သောအမှု ကြောင့် ငါ့ ကို ခဲ နှင့်ပစ်ကြမည်နည်း ဟု မေး တော်မူလျှင်၊
33Responderunt ei Judæi: De bono opere non lapidamus te, sed de blasphemia; et quia tu homo cum sis, facis teipsum Deum.
33ယုဒ လူတို့က၊ ကောင်း သောအမှု ကြောင့် ခဲနှင့်ပစ် မည်မ ဟုတ်။ သင် သည် လူ ဖြစ် လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူး သောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆို ကြ၏။
34Respondit eis Jesus: Nonne scriptum est in lege vestra, Quia ego dixi: Dii estis?
34ယေရှု ကလည်း၊ သင်တို့သည် ဘုရား ဖြစ် ကြ၏၊ ငါ ဆို သည်ဟု သင် တို့၏ ပညတ္တိ ကျမ်းစာ၌ လာ သည် မ ဟုတ် လော။
35Si illos dixit deos, ad quos sermo Dei factus est, et non potest solvi Scriptura:
35ဘုရားသခင် ၏ဗျာဒိတ် တော်ကို ခံရသောသူ တို့ကို ဘုရား ဟူ၍ခေါ် ရလျှင် ၎င်း ၊ ကျမ်း စကားကို မ ပယ် ရ လျှင်၎င်း၊
36quem Pater sanctificavit, et misit in mundum vos dicitis: Quia blasphemas, quia dixi: Filius Dei sum?
36ခမည်းတော် သည်သန့်ရှင်း စေ၍ ၊ ဤလောက သို့ စေလွှတ် တော်မူသောသူ က၊ ငါသည်ဘုရားသခင် ၏ သား တော်ဖြစ် သည်ဟုဆို သောကြောင့် ၊ သင် သည် ဘုရားသခင်ကို လွန်ကျူး ၍ပြောသည်ဟု ထိုသူအား ဆို ရာ သလော။
37Si non facio opera Patris mei, nolite credere mihi.
37ငါသည် ငါ့ ခမည်းတော် ၏အမှု တို့ကို မ ပြု လျှင် ငါ့ ကိုမ ယုံ ကြနှင့်။
38Si autem facio: etsi mihi non vultis credere, operibus credite, ut cognoscatis, et credatis quia Pater in me est, et ego in Patre.
38ပြု လျှင်ငါ့ ကိုမ ယုံသော်လည်း ထိုအမှု တို့ကို ယုံ ကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော် သည် ငါ ၌ ရှိတော်မူသည်ကို၎င်း၊ ငါ သည်ခမည်းတော် ၌ ရှိသည်ကို၎င်း ယုံ၍ သိမှတ် ကြလိမ့်မည် ဟု မိန့်တော်မူ၏။
39Quærebant ergo eum apprehendere: et exivit de manibus eorum.
39ထိုအခါ ကိုယ်တော် ကိုဘမ်းဆီး ခြင်းငှာတစ်ဖန် ရှာ ကြပြန်လျှင်၊ ထိုသူ တို့၏လက် မှ ထွက်ကြွ တော်မူ၏။
40Et abiit iterum trans Jordanem, in eum locum ubi erat Joannes baptizans primum, et mansit illic;
40ယောဟန် သည် ဗတ္တိဇံ ကို ရှေးဦးစွာ ပေးရာအရပ် ၊ ယော်ဒန် မြစ်တစ်ဘက် သို့ တစ်ဖန် ကြွ ၍ ထို အရပ်၌ နေ တော်မူ၏။
41et multi venerunt ad eum, et dicebant: Quia Joannes quidem signum fecit nullum.
41လူအများ တို့သည် အထံ တော်သို့ ရောက်လာ လျှင် ၊ ယောဟန် သည် နိမိတ် လက္ခဏာကိုမ ပြ ။ သို့သော်လည်း ဤသူ ၏အကြောင်း ကို ယောဟန် ပြော သမျှ မှန် ပေ၏ဟု ဆို ကြသဖြင့်၊
42Omnia autem quæcumque dixit Joannes de hoc, vera erant. Et multi crediderunt in eum.
42ထို အရပ်၌ လူများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။
Tip: use the ← and → keys to turn chapters.