Iohannis I
Chapter 5

Iohannis I

Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Iohannis I 5

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Omnis qui credit quoniam Jesus est Christus, ex Deo natus est. Et omnis qui diligit eum qui genuit, diligit et eum qui natus est ex eo.
1ယေရှု သည် ခရစ်တော် ဖြစ် တော်မူသည်ကို ယုံကြည် သောသူ မည်သည်ကား ၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊
2In hoc cognoscimus quoniam diligamus natos Dei, cum Deum diligamus, et mandata ejus faciamus.
2ငါတို့သည် ဘုရားသခင် ကိုချစ် ၍၊ ပညတ် တော်တို့ကို စောင့် ကြည့်လျှင်၊ ဘုရားသခင် ၏သား တို့ကို ချစ် ကြသည်ကို ငါတို့သိ ရကြ၏။
3Hæc est enim caritas Dei, ut mandata ejus custodiamus: et mandata ejus gravia non sunt.
3ပညတ် တော်တို့ကို စောင့် ခြင်းအရာသည် ဘုရားသခင် ကိုချစ် ရာရောက် ၏။ ပညတ် တော်တို့ကို စောင့် ခဲ သည်မ ဟုတ်။
4Quoniam omne quod natum est ex Deo, vincit mundum: et hæc est victoria, quæ vincit mundum, fides nostra.
4ဘုရားသခင် ၏သား ဖြစ်သောသူ မည်သည်ကား၊ လောက ကို အောင် တတ်၏။ လောက ကို အောင် ခြင်း အကြောင်းမူကား၊ ငါ တို့၏ ယုံကြည် ခြင်းပေတည်း။
5Quis est, qui vincit mundum, nisi qui credit quoniam Jesus est Filius Dei?
5ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် သည်ကို ယုံကြည် သောသူ မှတပါး ၊ အဘယ်သူ သည်လောက ကို အောင် နိုင်သနည်း ။
6Hic est, qui venit per aquam et sanguinem, Jesus Christus: non in aqua solum, sed in aqua et sanguine. Et Spiritus est, qui testificatur quoniam Christus est veritas.
6ထိုသခင် ကား ၊ ရေ အားဖြင့် ၎င်း ၊ အသွေး အားဖြင့်၎င်း ကြွလာ သောသူ တည်းဟူသောယေရှု ခရစ် ပေတည်း။ ရေ အားဖြင့် သာ မ ဟုတ်၊ ရေ အားဖြင့် ၎င်း ၊ အသွေး အားဖြင့် ၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ် တော်သည် သမ္မာတရား ဖြစ် ၍ သက်သေခံတော်မူ၏။
7Quoniam tres sunt, qui testimonium dant in cælo: Pater, Verbum, et Spiritus Sanctus: et hi tres unum sunt.
7သို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံ သုံး ပါးရှိ ၍ ထိုသုံး ပါးတို့သည် တလုံးတဝတည်း ဖြစ် တော်မူ၏။
8Et tres sunt, qui testimonium dant in terra: spiritus, et aqua, et sanguis: et hi tres unum sunt.
8မြေကြီးပေါ်၌လည်း ဝိညာဉ် တော်တစ်ပါး၊ ရေ တစ်ပါး၊ အသွေး တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တစ်ညီတစ်ညွတ်တည်းဖြစ်၏။
9Si testimonium hominum accipimus, testimonium Dei majus est: quoniam hoc est testimonium Dei, quod majus est, quoniam testificatus est de Filio suo.
9လူ ၏သက်သေ ကိုယုံ ရလျှင် ၊ ဘုရားသခင် ၏ သက်သေ တော်ကိုသာ၍ ယုံဘွယ်ရာအကြောင်း ရှိ ၏။ ယခု ဆိုခဲ့ပြီးသော သက်သေ ကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း ကို သက်သေခံ တော်မူချက်ဖြစ် သတည်း။
10Qui credit in Filium Dei, habet testimonium Dei in se. Qui non credit Filio, mendacem facit eum: quia non credit in testimonium quod testificatus est Deus de Filio suo.
10ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ သည်၊ မိမိ အထဲ ၌ ထိုသက်သေ ကိုရ ၏။ ဘုရားသခင် ကို မ ယုံကြည် သောသူ မူကား၊ ဘုရားသခင် ကို မုသာ အပြစ်တင် ၏။ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း မှာ သက်သေခံ တော်မူသောစကားတော်ကို ထိုသူသည် မ ယုံ ဘဲနေ၏။
11Et hoc est testimonium, quoniam vitam æternam dedit nobis Deus: et hæc vita in Filio ejus est.
11သက်သေခံ တော်မူချက်ဟူမူကား၊ ဘုရားသခင် သည် ငါ တို့အား ထာဝရ အသက် ကိုပေး တော်မူ၍ ၊ ထို အသက် သည်လည်း သား တော်၌ ပါ၏ ။
12Qui habet Filium, habet vitam: qui non habet Filium, vitam non habet.
12သား တော်ကိုရ သောသူ သည် အသက် ကိုရ ၏။ ဘုရားသခင် ၏သား တော်ကို မ ရ သောသူ မူကား အသက် ကိုမ ရ ။
13Hæc scribo vobis ut sciatis quoniam vitam habetis æternam, qui creditis in nomine Filii Dei.
13ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသင်တို့သည် ထာဝရ အသက် ကိုကိုယ်တိုင်ရ သည်ဟု သိ စေခြင်းငှာ ၊ ဤအရာ များကို သင် တို့အား ငါရေး ၍ပေးလိုက်၏။
14Et hæc est fiducia, quam habemus ad eum: quia quodcumque petierimus, secundum voluntatem ejus, audit nos.
14ငါ တို့သည် ဘုရားသခင့် အထံ တော်၌ ရဲရင့် ခြင်းအကြောင်း ဟူမူကား၊ ငါတို့သည်အလို တော်နှင့်အညီ တစ်စုံတစ်ခု သောဆုကိုတောင်း လျှင် ၊ ဘုရားသခင် သည် နားထောင် တော်မူ၏။
15Et scimus quia audit nos quidquid petierimus: scimus quoniam habemus petitiones quas postulamus ab eo.
15ဆုတောင်း သမျှ သောစကားတို့ကို နားထောင် တော်မူသည်ကို ငါတို့သိ လျှင် ၊ အထံ တော်၌ တောင်း သောဆုတို့ကို ရ မည်ဟုသိ ရကြ၏။
16Qui scit fratrem suum peccare peccatum non ad mortem, petat, et dabitur ei vita peccanti non ad mortem. Est peccatum ad mortem: non pro illo dico ut roget quis.
16ညီအစ်ကို ချင်းသည် သေ ပြစ်မ သင့် သောဒုစရိုက် ကို ပြု မိသည်ကို တစ်စုံတစ်ယောက် သောသူသည် မြင် လျှင် ၊ ထိုသူသည် ဆုတောင်း ရမည်။ သေ ပြစ် ကို မ ပြု သောသူ တို့အဘို့အလိုငှာ၊ ဘုရားသခင်သည် ထိုသူ အား အသက် ကိုပေး တော်မူမည်။ သေ ပြစ်သင့် သောဒုစရိုက် ရှိ ၏။ ထိုဒုစရိုက် အပြစ်ကို လွှတ်စေခြင်းငှာ ဆုတောင်း ရမည်ဟုငါမ ဆို ။
17Omnis iniquitas, peccatum est: et est peccatum ad mortem.
17မတရား သောအမှုမည်သည်ကား ဒုစရိုက် ဖြစ် ၏။ သို့သော်လည်း သေ ပြစ်မ သင့် သောဒုစရိုက် ရှိ ၏။
18Scimus quia omnis qui natus est ex Deo, non peccat: sed generatio Dei conservat eum, et malignus non tangit eum.
18ဘုရားသခင် ၏သား ဖြစ်သမျှ သောသူတို့သည် ဒုစရိုက် ကိုမ ပြုတတ်သည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ သည်၊ မိမိ ကိုမိမိစောင့်ရှောက် သဖြင့် ၊ မာရ်နတ် သည်ထိုသူ ကို မ ထိ မခိုက်နိုင်ရာ။
19Scimus quoniam ex Deo sumus: et mundus totus in maligno positus est.
19ငါတို့သည် ဘုရားသခင် နှင့်စပ်ဆိုင် သည်ကို၎င်း ၊ လောကီသား အပေါင်း တို့သည် မာရ်နတ် ၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိ ကြ၏။
20Et scimus quoniam Filius Dei venit, et dedit nobis sensum ut cognoscamus verum Deum, et simus in vero Filio ejus. Hic est verus Deus, et vita æterna.
20ဘုရားသခင် ၏သား တော်သည်ကြွလာ ၍ ၊ မှန် သောဘုရားသခင်ကို သိသောဉာဏ် ကို ငါ တို့အား ပေး တော်မူသည်ကိုလည်း ငါတို့သိ ကြ၏။ မှန် သောဘုရားသခင်၌ ၎င်း ၊ သား တော်ယေရှု ခရစ် ၌ ၎င်းငါတို့သည် တည်လျက်ရှိ ကြ၏။ ထိုသူ သည်မှန် သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရ အသက် လည်း ဖြစ် တော်မူ၏။
21Filioli, custodite vos a simulacris. Amen.
21ချစ်သား တို့၊ ရုပ်တု ဆင်းတုကို ကြဉ်ရှောင် ကြလော့။

Tip: use the ← and → keys to turn chapters.