Iohannis I 4
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Carissimi, nolite omni spiritui credere, sed probate spiritus si ex Deo sint: quoniam multi pseudoprophetæ exierunt in mundum.
1ချစ်သူ တို့၊ ခပ်သိမ်း သောစိတ် ဝိညာဉ်တို့ကို မ ယုံ ကြနှင့်။ စိတ် ဝိညာဉ်တို့သည် ဘုရားသခင် နှင့် စပ်ဆိုင် သည် မစပ်ဆိုင်သည်ကိုစုံစမ်း ကြလော့။ အကြောင်းမူကား ၊ မိစ္ဆာ ပရောဖက်အများ တို့သည် ဤလောက သို့ သွား ကြပြီ။
2In hoc cognoscitur Spiritus Dei: omnis spiritus qui confitetur Jesum Christum in carne venisse, ex Deo est:
2ဘုရားသခင် ၏ဝိညာဉ် တော်ကို အဘယ်သို့သိ နိုင်သနည်းဟူမူကား၊ လူဇာတိ အားဖြင့် ကြွလာ တော်မူသောယေရှု ခရစ် ကို ဝန်ခံ သောဝိညာဉ် မည်သည်ကား၊ ဘုရားသခင် နှင့် စပ်ဆိုင် ၏။
3et omnis spiritus qui solvit Jesum, ex Deo non est, et hic est antichristus, de quo audistis quoniam venit, et nunc jam in mundo est.
3လူဇာတိအားဖြင့်ကြွလာတော်မူသောယေရှု ခရစ်ကိုဝန် မ ခံသောဝိညာဉ် မည်သည်ကား ၊ ဘုရားသခင် နှင့်မ စပ်ဆိုင် ။ ထိုသို့သော ဝိညာဉ်ကား၊ သင်တို့သည် ကြား ခဲ့ပြီးသည်အတိုင်း ဤလောက သို့လာမည်ဖြစ် ၍ ၊ ယခုပင် လာ လျက်ရှိသော အန္တိခရစ် ၏ ဝိညာဉ် ဖြစ် ၏။
4Vos ex Deo estis filioli, et vicistis eum, quoniam major est qui in vobis est, quam qui in mundo.
4ချစ်သား တို့၊ သင် တို့သည် ဘုရားသခင် နှင့်စပ်ဆိုင် ကြ၏။ ထိုသူ တို့ကိုလည်း အောင် ကြပြီ။ အကြောင်းမူကား ၊ သင် တို့ဘက်၌ ရှိ သောသူ သည် လောက ဘက်၌ ရှိသောသူ ထက် သာ၍ကြီး တော်မူ၏။
5Ipsi de mundo sunt: ideo de mundo loquuntur, et mundus eos audit.
5ထိုသူ တို့သည် လောက နှင့်စပ်ဆိုင် သောကြောင့် ၊ လောကီ အကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသား တို့သည်လည်း သူတို့စကား ကို နားထောင် တတ်ကြ၏။
6Nos ex Deo sumus. Qui novit Deum, audit nos; qui non est ex Deo, non audit nos: in hoc cognoscimus Spiritum veritatis, et spiritum erroris.
6ငါ တို့မူကား၊ ဘုရားသခင် နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင် ကိုသိ သောသူ သည် ငါ တို့စကားကို နားထောင် တတ်၏။ ဘုရားသခင် နှင့် မ စပ်ဆိုင် သောသူ သည် ငါ တို့စကားကိုနား မ ထောင်တတ်။ ထို အရာကို ငါတို့သည်ထောက်၍၊ သမ္မာ ဝိညာဉ် ကို၎င်း ၊ မိစ္ဆာ ဝိညာဉ် ကို၎င်း သိ ရကြ၏။
7Carissimi, diligamus nos invicem: quia caritas ex Deo est. Et omnis qui diligit, ex Deo natus est, et cognoscit Deum.
7ချစ်သူ တို့၊ ငါတို့သည် အချင်းချင်း ချစ် ကြကုန်အံ့၊ အကြောင်းမူကား ၊ ချစ် ခြင်းမေတ္တာသည် ဘုရားသခင် နှင့် စပ်ဆိုင် ၏။ ချစ် တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ ဘုရားသခင် ကို သိ သောသူလည်း ဖြစ် ၏။
8Qui non diligit, non novit Deum: quoniam Deus caritas est.
8ချစ် ခြင်းမ ရှိသောသူ သည် ဘုရားသခင် ကိုမ သိ ။ အကြောင်းမူကား ၊ ဘုရားသခင် သည် ချစ် ခြင်းမေတ္တာ ဖြစ် တော်မူ၏။
9In hoc apparuit caritas Dei in nobis, quoniam Filium suum unigenitum misit Deus in mundum, ut vivamus per eum.
9သား တော်အားဖြင့် ငါတို့သည် အသက် ရှင်စေခြင်းငှာ ၊ ဘုရားသခင် သည်တစ်ပါးတည်း သော သား တော်ကို ဤလောက သို့ စေလွှတ် တော်မူသောအရာ၌၊ ငါ တို့ကို ချစ် တော်မူသောမေတ္တာတော်သည် ထင်ရှား လျက်ရှိ၏။
10In hoc est caritas: non quasi nos dilexerimus Deum, sed quoniam ipse prior dilexit nos, et misit Filium suum propitiationem pro peccatis nostris.
10ငါ တို့သည် ဘုရားသခင် ကိုချစ် ကြသည်ဟု မ ဆို။ ဘုရားသခင် သည် ငါ တို့ကိုချစ် ၍ ငါ တို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ၊ သား တော်ကို စေလွှတ် တော်မူသောအရာ ၌ ချစ် ခြင်းမေတ္တာရှိ ၏။
11Carissimi, si sic Deus dilexit nos: et nos debemus alterutrum diligere.
11ချစ်သူ တို့၊ ဘုရားသခင် သည် ငါ တို့ကို ဤမျှလောက် ချစ် တော်မူသည်မှန်လျှင် ၊ ငါ တို့သည်လည်း အချင်းချင်း ချစ် ရကြမည်။
12Deum nemo vidit umquam. Si diligamus invicem, Deus in nobis manet, et caritas ejus in nobis perfecta est.
12ဘုရားသခင် ကို အဘယ်သူ မျှမမြင် စဖူး ။ သို့သော်လည်း၊ အချင်းချင်း ချစ် ကြလျှင် ၊ ဘုရားသခင် သည် ငါ တို့၌ တည် တော်မူ၍ ၊ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ လျက်ရှိ ကြ၏။
13In hoc cognoscimus quoniam in eo manemus, et ipse in nobis: quoniam de Spiritu suo dedit nobis.
13ဘုရားသခင် သည် ဝိညာဉ် တော်၏ ကျေးဇူးကို ငါ တို့အား ပေး တော်မူသောကြောင့် ၊ ငါ တို့သည် ဘုရားသခင် ၌ တည် သည်ကို၎င်း ၊ ဘုရားသခင် သည် ငါတို့၌ တည်တော်မူသည်ကို၎င်း သိ ရကြ၏။
14Et nos vidimus, et testificamur quoniam Pater misit Filium suum Salvatorem mundi.
14လောကီသား တို့ကို ကယ်တင် သောသခင်ဖြစ်စေခြင်းငှာ ၊ ခမည်းတော် သည် သား တော်ကို စေလွှတ် တော်မူသည်ဟု ငါ တို့သည် သိမြင် ၍ သက်သေခံ ကြ၏။
15Quisquis confessus fuerit quoniam Jesus est Filius Dei, Deus in eo manet, et ipse in Deo.
15ယေရှု သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ကို ဝန်ခံ သောသူမည်သည်ကား၊ ဘုရားသခင် ၌ တည်၏။ ဘုရားသခင် သည်လည်း ထိုသူ ၌ တည် တော်မူ၏။
16Et nos cognovimus, et credidimus caritati, quam habet Deus in nobis. Deus caritas est: et qui manet in caritate, in Deo manet, et Deus in eo.
16ဘုရားသခင် သည် ငါ တို့ကိုချစ် တော်မူခြင်းမေတ္တာတော်ကိုငါ တို့သည်သိ ၍ ယုံကြည် ကြ၏။ ဘုရားသခင် သည် ချစ် ခြင်းမေတ္တာဖြစ် တော်မူ၏။ ချစ် ခြင်းမေတ္တာ၌ တည် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ဘုရားသခင် သည်လည်း ထိုသူ ၌ တည် တော်မူ၏။
17In hoc perfecta est caritas Dei nobiscum, ut fiduciam habeamus in die judicii: quia sicut ille est, et nos sumus in hoc mundo.
17ထိုသို့ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ သောအားဖြင့် ၊ တရား ဆုံးဖြတ်တော်မူသောနေ့ ၌ ရဲရင့် ရသော အခွင့်ရှိ ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ တို့သည် ကိုယ်တော် ၏နည်းတူ ဤ လောက ၌ ဖြစ် ကြ၏။
18Timor non est in caritate: sed perfecta caritas foras mittit timorem, quoniam timor pœnam habet: qui autem timet, non est perfectus in caritate.
18ချစ် ခြင်းမေတ္တာသည် ကြောက် ခြင်းသံဝေဂနှင့် မ ပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန် ခြင်းဝေဒနာကို ဖြစ် စေသောကြောင့် ၊ စုံလင် သောမေတ္တာ သည် သံဝေဂ ကိုပယ်ရှား တတ်၏။ သံဝေဂ ရှိသောသူ သည် မေတ္တာ နှင့် မ ပြည့်စုံ သေး။
19Nos ergo diligamus Deum, quoniam Deus prior dilexit nos.
19ဘုရားသခင် သည် ငါ တို့ကိုရှေ့ဦးစွာ ချစ် တော်မူသောကြောင့် ၊ ငါ တို့သည် ဘုရားသခင်ကိုချစ် ကြ၏။
20Si quis dixerit: Quoniam diligo Deum, et fratrem suum oderit, mendax est. Qui enim non diligit fratrem suum quem vidit, Deum, quem non vidit, quomodo potest diligere?
20တစ်စုံတစ်ယောက် သောသူက၊ ငါသည် ဘုရားသခင် ကိုချစ် ၏ဟု ဆို လျက်ပင် မိမိ ညီအစ်ကို ကိုမုန်း လျှင် ၊ ထိုသူသည် မုသာ ကိုသုံးသောသူဖြစ် ၏။ မိမိမြင် ရသော မိမိ ညီအစ်ကို ကိုမ ချစ် လျှင်၊ မ မြင် သေးသောဘုရားသခင် ကို အဘယ်သို့ ချစ် နိုင် မည်နည်း။
21Et hoc mandatum habemus a Deo: ut qui diligit Deum, diligat et fratrem suum.
21ဘုရားသခင် ကို ချစ် သောသူ သည် မိမိ ညီအစ်ကို ကို ချစ် ရမည်ဟူသော ပညတ် တော်ကို ငါတို့သည် ခရစ်တော် ထံ၌ ခံရ ကြပြီ။
Tip: use the ← and → keys to turn chapters.