ΚΑΤΑ ΜΑΡΚΟΝ 5
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Καὶ ἦλθον εἰς τὸ πέραν τῆς θαλάσσης, εἰς τὴν χώραν τῶν Γαδαρηνῶν.
1အိုင် တစ်ဘက် ၊ ဂါဒရ ပြည် သို့ ရောက် ကြ၍ ၊
2Καὶ ἐξελθόντι αὐτῷ ἐκ τοῦ πλοίου, εὐθέως ἀπήντησεν αὐτῷ ἐκ τῶν μνημείων ἄνθρωπος ἐν πνεύματι ἀκαθάρτῳ,
2ယေရှု သည် လှေ ထဲက ထွက်ကြွ တော်မူသည် ခဏခြင်း တွင်၊ ညစ်ညူး သောနတ် စွဲ သောသူ သည် သင်္ချိုင်း တစပြင်မှ ထွက်လာ၍ ကိုယ်တော် ကိုခရီးဦးကြိုပြု လေ၏။
3ὃς τὴν κατοίκησιν εἶχεν ἐν τοῖς μνημείοις· καὶ οὔτε ἁλύσεσιν οὐδεὶς ἠδύνατο αὐτὸν δῆσαι,
3ထိုသူ သည် သင်္ချိုင်း တစပြင်၌ နေ တတ်၏။ သူ့ ကို သံကြိုး နှင့်ပင် အဘယ်သူ မျှချည် ၍ မ နိုင် ။
4διὰ τὸ αὐτὸν πολλάκις πέδαις καὶ ἁλύσεσι δεδέσθαι, καὶ διεσπᾶσθαι ὑπ᾿ αὐτοῦ τὰς ἁλύσεις, καὶ τὰς πέδας συντετρίφθαι· καὶ οὐδεὶς αὐτὸν ἴσχυε δαμάσαι·
4ခြေချင်း ၊ သံကြိုး အဖန် များစွာချည် စမ်းသော်လည်း ၊ သံကြိုး ကိုဆွဲဖြတ် ၍ ခြေချင်း ကိုဖြဲ တတ်၏။ သူ့ ကို ယဉ် စေခြင်းငှာအဘယ်သူ မျှမတတ်နိုင် ။
5καὶ διὰ παντός, νυκτὸς καὶ ἡμέρας, ἐν τοῖς ὄρεσι καὶ ἐν τοῖς μνήμασιν ἦν κράζων καὶ κατακόπτων ἑαυτὸν λίθοις.
5နေ့ ညဉ့် မပြတ် သင်္ချိုင်း တစပြင်၌ ၎င်း ၊ တောင် ပေါ်၌ ၎င်း ၊ ဟစ်ကြော် လျက်၊ ကျောက် စောင်းနှင့် ကိုယ် ကို ရှ စေလျက် နေ တတ်၏။
6Ἰδὼν δὲ τὸν Ἰησοῦν ἀπὸ μακρόθεν, ἔδραμε καὶ προσεκύνησεν αὐτῷ,
6ယေရှု ကိုအဝေး က မြင် လျှင် ၊ အထံ တော်သို့ ပြေးလာ ၍ ပြပ်ဝပ် လျက်၊
7καὶ κράξας φωνῇ μεγάλῃ εἶπε, Τί ἐμοὶ καὶ σοί, Ἰησοῦ, υἱὲ τοῦ Θεοῦ τοῦ ὑψίστου; Ὁρκίζω σε τὸν Θεόν, μή με βασανίσῃς.
7အမြင့်ဆုံး သော ဘုရားသခင် ၏သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း ဘုရားသခင် ကိုအမှီပြု၍အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီး သောအသံ နှင့် အော်ဟစ် ၍ လျှောက် လေ၏။
8Ἔλεγε γὰρ αὐτῷ, Ἔξελθε, τὸ πνεῦμα τὸ ἀκάθαρτον, ἐκ τοῦ ἀνθρώπου.
8လျှောက်သည်အကြောင်းကား၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။
9Καὶ ἐπηρώτα αὐτόν, Τί σοι ὄνομα; Καὶ ἀπεκρίθη, λέγων, Λεγεὼν ὄνομά μοι, ὅτι πολλοί ἐσμεν.
9ကိုယ်တော်ကလည်း၊ သင် သည် အဘယ် အမည် ရှိသနည်း ဟုမေး တော်မူလျှင် ၊ အကျွန်ုပ် အမည် ကား၊ လေဂေါင် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများ ဖြစ် ကြပါ၏ဟု လျှောက် ပြီးမှ ၊
10Καὶ παρεκάλει αὐτὸν πολλὰ ἵνα μὴ αὐτοὺς ἀποστείλῃ ἔξω τῆς χώρας.
10ထို ပြည် ထဲက အခြားသို့မ နှင် ပါမည့် အကြောင်းများစွာ တောင်းပန် လေ၏။
11Ἦν δὲ ἐκεῖ πρὸς τὰ ὄρη ἀγέλη χοίρων μεγάλη βοσκομένη·
11ထို အရပ်၌ တောင် ပေါ်မှာ များစွာ သော ဝက် အစု သည် ကျက်စား လျက်ရှိ ၏။
12καὶ παρεκάλεσαν αὐτὸν πάντες οἱ δαίμονες, λέγοντες, Πέμψον ἡμᾶς εἰς τοὺς χοίρους, ἵνα εἰς αὐτοὺς εἰσέλθωμεν.
12နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထို ဝက် ထဲသို့ ဝင် ရပါမည်အကြောင်း စေလွှတ် တော်မူပါ ဟု တောင်းပန် ပြန်လျှင် ၊
13Καὶ ἐπέτρεψεν αὐτοῖς εὐθέως ὁ Ἰησοῦς. Καὶ ἐξελθόντα τὰ πνεύματα τὰ ἀκάθαρτα εἰσῆλθον εἰς τοὺς χοίρους· καὶ ὥρμησεν ἡ ἀγέλη κατὰ τοῦ κρημνοῦ εἰς τὴν θάλασσαν· ἦσαν δὲ ὡς δισχίλιοι· καὶ ἐπνίγοντο ἐν τῇ θαλάσσῃ.
13ယေရှု သည် ချက်ခြင်းအခွင့် ပေးတော်မူ၏။ ညစ်ညူး သောနတ် တို့သည် ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့် ဝက်အစု သည် အိုင် ကမ်းစောက် ကို တဟုန်တည်းပြေးဆင်း ၍ အိုင် ၌ အသက် ဆုံးကြ၏။ အရေအတွက်အားဖြင့်နှစ်ထောင် လောက် ရှိ၏။
14Οἱ δὲ βόσκοντες τοὺς χοίρους ἔφυγον, καὶ ἀνήγγειλαν εἰς τὴν πόλιν καὶ εἰς τοὺς ἀγρούς. Καὶ ἐξῆλθον ἰδεῖν τί ἐστι τὸ γεγονός·
14ဝက်ကျောင်း သောသူ တို့သည် ပြေး ၍ မြို့ ရွာ တို့၌ သိတင်းကြားပြော လျှင် ၊ လူများတို့သည် ထို အမူအရာ တို့ကို ကြည့်ရှု အံ့သောငှာထွက်လာ ကြ၏။
15καὶ ἔρχονται πρὸς τὸν Ἰησοῦν, καὶ θεωροῦσι τὸν δαιμονιζόμενον καθήμενον καὶ ἱματισμένον καὶ σωφρονοῦντα, τὸν ἐσχηκότα τὸν Λεγεῶνα· καὶ ἐφοβήθησαν.
15အထံ တော်သို့ ရောက် သောအခါ ၊ နတ်ဆိုး လေဂေါင် စွဲ သောသူ သည်အဝတ်ကိုဝတ် ၍ ပကတိ စိတ် နှင့် ထိုင် နေသည်ကိုမြင် လျှင် ၊ ကြောက်ရွံ့ ခြင်းသို့ ရောက်ကြ၏။
16Καὶ διηγήσαντο αὐτοῖς οἱ ἰδόντες πῶς ἐγένετο τῷ δαιμονιζομένῳ, καὶ περὶ τῶν χοίρων.
16နတ်ဆိုးစွဲ သောသူ ၌၎င်း ၊ ဝက် တို့၌၎င်း၊ အဘယ်သို့ ဖြစ် သည်ကို သိမြင် သောသူ တို့သည် နောက်လာ သောသူ တို့အား ပြန်ကြား ပြီးမှ ၊
17Καὶ ἤρξαντο παρακαλεῖν αὐτὸν ἀπελθεῖν ἀπὸ τῶν ὁρίων αὐτῶν.
17မိမိ တို့ပြည် က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြ၏။
18Καὶ ἐμβάντος αὐτοῦ εἰς τὸ πλοῖον, παρεκάλει αὐτὸν ὁ δαιμονισθείς, ἵνα ᾖ μετ᾿ αὐτοῦ.
18လှေ ထဲသို့ ဝင် တော်မူသောအခါ နတ်ဆိုးစွဲ ဘူးသောသူ သည် ကိုယ်တော် နှင့်အတူ ရှိ ပါမည်အကြောင်း တောင်းပန် လျှင် ၊
19Ὁ δὲ Ἰησοῦς οὐκ ἀφῆκεν αὐτόν, ἀλλὰ λέγει αὐτῷ, Ὕπαγε εἰς τὸν οἶκόν σου πρὸς τοὺς σούς, καὶ ἀνάγγειλον αὐτοῖς ὅσα σοι ὁ Κύριος ἐποίησε, καὶ ἠλέησέ σε.
19ကိုယ်တော်သည် အခွင့် မ ပေး။. သင်သည် ကိုယ် အိမ် သို့ သွား လော့။ ထာဝရ ဘုရားသည် သနား ခြင်းစိတ် တော်နှင့် သင် ၌ အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို သင် ၏အဆွေအမျိုး တို့အား ပြန်ကြား လော့ ဟု မိန့် တော်မူလျှင် ၊
20Καὶ ἀπῆλθε καὶ ἤρξατο κηρύσσειν ἐν τῇ Δεκαπόλει ὅσα ἐποίησεν αὐτῷ ὁ Ἰησοῦς· καὶ πάντες ἐθαύμαζον.
20ထိုသူသည် သွား ၍ ၊ ယေရှု သည် အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို၊ ဒေကပေါလိ ပြည် တွင် သိတင်းကြားပြော သည်ဖြစ်၍ ၊ ခပ်သိမ်း သောသူတို့သည် အံ့ဩ ခြင်းရှိကြ၏။
21Καὶ διαπεράσαντος τοῦ Ἰησοῦ ἐν τῷ πλοίῳ πάλιν εἰς τὸ πέραν, συνήχθη ὄχλος πολὺς ἐπ᾿ αὐτόν, καὶ ἦν παρὰ τὴν θάλασσαν.
21ယေရှု သည် ကမ်းတစ်ဘက် သို့ ကူး ပြန် ၍ အိုင် နား မှာ ရှိ တော်မူစဉ်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြ၏။
22Καὶ ἰδού, ἔρχεται εἷς τῶν ἀρχισυναγώγων, ὀνόματι Ἰάειρος, καὶ ἰδὼν αὐτόν, πίπτει πρὸς τοὺς πόδας αὐτοῦ,
22ထိုအခါ ယာဣရု အမည် ရှိသော တရားစရပ်မှူး သည်လာ ၍ ကိုယ်တော် ကိုမြင် လျှင်၊ ခြေ တော်ရင်း၌ ပြပ်ဝပ် လျက် ၊ အကျွန်ုပ် ၏ သမီးငယ် သေ လုပါပြီ။
23καὶ παρεκάλει αὐτὸν πολλά, λέγων ὅτι Τὸ θυγάτριόν μου ἐσχάτως ἔχει· ἵνα ἐλθὼν ἐπιθῇς αὐτῇ τὰς χεῖρας, ὅπως σωθῇ καὶ ζήσεται.
23သို့သော်လည်းကိုယ်တော်သည်ကြွ ၍ သူ့ကို ကယ်တင် ခြင်းငှာ သူ၏အပေါ်၌လက် ကိုတင် တော်မူလျင် အသက် ရှင်ပါလိမ့်မည်ဟု များစွာ တောင်းပန် ၏။
24Καὶ ἀπῆλθε μετ᾿ αὐτοῦ· καὶ ἠκολούθει αὐτῷ ὄχλος πολύς, καὶ συνέθλιβον αὐτόν.
24ကိုယ်တော်သည် သူ နှင့်အတူ သွား ၍ များစွာ သော လူ အပေါင်းတို့သည် ကိုယ်တော် ကို ခြံရံ လျက် ထိခိုက်တိုက်မိကြ၏။
25Καὶ γυνή τις οὖσα ἐν ῥύσει αἵματος ἔτη δώδεκα,
25ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန် အနာ စွဲ သောကြောင့် ၊
26καὶ πολλὰ παθοῦσα ὑπὸ πολλῶν ἰατρῶν, καὶ δαπανήσασα τὰ παρ᾿ ἑαυτῆς πάντα, καὶ μηδὲν ὠφεληθεῖσα, ἀλλὰ μᾶλλον εἰς τὸ χεῖρον ἐλθοῦσα,
26များစွာ သော ဆေးသမား တို့လက်၌ အလွန် ခံရ ၍ ၊ ဥစ္စာရှိသမျှ ကုန် သော်လည်း သက်သာ မ ရသည် သာမက ၊ အနာတိုး သော မိန်းမ တစ်ယောက်သည်၊
27ἀκούσασα περὶ τοῦ Ἰησοῦ, ἐλθοῦσα ἐν τῷ ὄχλῳ ὄπισθεν, ἥψατο τοῦ ἱματίου αὐτοῦ·
27ယေရှု ၏သိတင်း တော်ကို ကြား သည်ရှိသော်၊
28ἔλεγε γὰρ ὅτι Κἂν τῶν ἱματίων αὐτοῦ ἅψωμαι, σωθήσομαι.
28ငါသည် အဝတ် တော်ကိုသာ တို့ လျှင် ချမ်းသာ ရမည်ဟု ဆို သည်နှင့်၊ လူ အစုအဝေးထဲ၌ နောက် တော်သို့ လာ ၍အဝတ် တော်ကို တို့ လေ၏။
29Καὶ εὐθέως ἐξηράνθη ἡ πηγὴ τοῦ αἵματος αὐτῆς, καὶ ἔγνω τῷ σώματι ὅτι ἴαται ἀπὸ τῆς μάστιγος.
29ထိုခဏခြင်း တွင် အသွေး စုဝေး ရာခန်းခြောက် သည်ဖြစ်၍ ၊ ထို ရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ် ပြီဟု မိမိ ကိုယ် ၌သိ လေ၏။
30Καὶ εὐθέως ὁ Ἰησοῦς ἐπιγνοὺς ἐν ἑαυτῷ τὴν ἐξ αὐτοῦ δύναμιν ἐξελθοῦσαν, ἐπιστραφεὶς ἐν τῷ ὄχλῳ, ἔλεγε, Τίς μου ἥψατο τῶν ἱματίων;
30ယေရှု သည် မိမိ ကိုယ်မှ တန်ခိုး ထွက် သည်ကို ချက်ခြင်း သိ တော်မူလျှင် လူအစုအဝေး ၌ နောက်သို့လှည့် ၍၊ ငါ့ အဝတ် ကို အဘယ်သူ တို့ သနည်း ဟု မေး တော်မူ၏။
31Καὶ ἔλεγον αὐτῷ οἱ μαθηταὶ αὐτοῦ, Βλέπεις τὸν ὄχλον συνθλίβοντά σε, καὶ λέγεις, Τίς μου ἥψατο;
31တပည့် တော်တို့က၊ လူ အစုအဝေးသည် ကိုယ်တော် အား ထိခိုက် ကြသည်ကိုမြင် လျက်ပင်၊ ငါ့ ကို အဘယ်သူ တို့ သနည်းဟုမေး တော်မူပါသည်တကားဟု လျှောက် ကြသော်လည်း ၊
32Καὶ περιεβλέπετο ἰδεῖν τὴν τοῦτο ποιήσασαν.
32ကိုယ်တော်သည် ထိုသို့ ပြု သောသူ ကိုမြင် ခြင်းငှာ၊ ပတ်လည် သို့ ကြည့်ရှုတော်မူ၏။
33Ἡ δὲ γυνὴ φοβηθεῖσα καὶ τρέμουσα, εἰδυῖα ὃ γέγονεν ἐπ᾿ αὐτῇ, ἦλθε καὶ προσέπεσεν αὐτῷ, καὶ εἶπεν αὐτῷ πᾶσαν τὴν ἀλήθειαν.
33ထို မိန်းမ သည်ကိုယ် ၌အဘယ်သို့ ဖြစ် သည်ကိုသိ သောကြောင့် ကြောက်ရွံ့ တုန်လှုပ် လျက် အထံ တော်သို့ လာ ပြီးလျှင် ၊ ပြပ်ဝပ် ၍ ထိုအကြောင်းရှိသမျှ ကို အဟုတ်အမှန် ကြားလျှောက် လေ၏။
34Ὁ δὲ εἶπεν αὐτῇ, Θύγατερ, ἡ πίστις σου σέσωκέ σε· ὕπαγε εἰς εἰρήνην, καὶ ἴσθι ὑγιὴς ἀπὸ τῆς μάστιγός σου.
34ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကိုငြိမ်း စေပြီ။ ငြိမ်ဝပ် စွာ သွား လော့။ ရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ် စေ “ဟု မိန့် တော်မူ၏။
35Ἔτι αὐτοῦ λαλοῦντος, ἔρχονται ἀπὸ τοῦ ἀρχισυναγώγου, λέγοντες ὅτι Ἡ θυγάτηρ σου ἀπέθανε· τί ἔτι σκύλλεις τὸν διδάσκαλον;
35ထိုသို့ မိန့် တော်မူစဉ် တွင်တရားစရပ်မှူး အိမ် မှ လူလာ ၍ ၊ ကိုယ်တော် ၏သမီး သေ ပါပြီ။ အဘယ်ကြောင့် ဆရာ ကို နှောင့်ရှက် သေး သနည်းဟု ဆို ကြ၏။
36Ὁ δὲ Ἰησοῦς εὐθέως ἀκούσας τὸν λόγον λαλούμενον λέγει τῷ ἀρχισυναγώγῳ, Μὴ φοβοῦ· μόνον πίστευε.
36ထို စကား ကို ယေရှု သည်ကြား လျှင်၊ မ ကြောက် ကြနှင့်။ ယုံကြည် ခြင်းစိတ်တခုသာ ရှိစေလော့ ဟု တရားစရပ်မှူး အား ချက်ခြင်းမိန့် တော်မူ၏။
37Καὶ οὐκ ἀφῆκεν οὐδένα αὐτῷ συνακολουθῆσαι, εἰ μὴ Πέτρον καὶ Ἰάκωβον καὶ Ἰωάννην τὸν ἀδελφὸν Ἰακώβου.
37ပေတရု ၊ ယာကုပ် ၊ ယာကုပ် ၏ညီ ယောဟန် မှတစ်ပါး အဘယ်သူ ကိုမျှမ လိုက် စေ ဘဲ၊
38Καὶ ἔρχεται εἰς τὸν οἶκον τοῦ ἀρχισυναγώγου, καὶ θεωρεῖ θόρυβον, κλαίοντας καὶ ἀλαλάζοντας πολλά.
38တရားစရပ်မှူး အိမ် သို့ ရောက် ၍ အုန်းအုန်းသဲသဲ ပြုကြသည်ကို၎င်း မြင် တော်မူလျှင် ၊
39Καὶ εἰσελθὼν λέγει αὐτοῖς, Τί θορυβεῖσθε καὶ κλαίετε; Τὸ παιδίον οὐκ ἀπέθανεν, ἀλλὰ καθεύδει.
39အတွင်းသို့ဝင် ၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲ ပြု၍ ငိုကြွေး ကြသနည်း။ သူငယ် သေ သည်မ ဟုတ်အိပ်ပျော် သည်” ဟု မိန့် တော်မူသော်၊
40Καὶ κατεγέλων αὐτοῦ. Ὁ δέ, ἐκβαλὼν ἅπαντας, παραλαμβάνει τὸν πατέρα τοῦ παιδίου καὶ τὴν μητέρα καὶ τοὺς μετ᾿ αὐτοῦ, καὶ εἰσπορεύεται ὅπου ἦν τὸ παιδίον ἀνακείμενον.
40ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။ ထိုသူ ရှိသမျှ တို့ကို ပြင်သို့ ထွက် စေပြီးမှသူငယ် ၏ မိဘ တို့ကို၎င်း ၊ ကိုယ်တော် နှင့် ပါသောသူ တို့ကို၎င်း ခေါ် ပြီးလျှင် ၊ သူငယ် လျောင်း ရာအရပ် သို့ ဝင် ၍ ၊
41Καὶ κρατήσας τῆς χειρὸς τοῦ παιδίου, λέγει αὐτῇ, Ταλιθά, κοῦμι· ὅ ἐστι μεθερμηνευόμενον, Τὸ κοράσιον, σοὶ λέγω, ἔγειραι.
41သူငယ် ၏လက် ကို ကိုင် တော်မူလျှက် ၊ တလိသ ကုမိ ဟု မိန့် တော်မူ၏။ အနက် ကား၊ မိန်းမငယ် ထ လော့ ငါဆို ၏ဟု ဆိုလို သတည်း။
42Καὶ εὐθέως ἀνέστη τὸ κοράσιον καὶ περιεπάτει, ἦν γὰρ ἐτῶν δώδεκα· καὶ ἐξέστησαν ἐκστάσει μεγάλῃ.
42ထိုခဏခြင်း တွင် မိန်းမငယ် သည် ထ ၍ လှမ်းသွား ၏။ သူသည် တစ်ဆယ့်နှစ် နှစ် အရွယ်ရှိ ၏။ ထိုသူတို့ သည် အလွန် မိန်းမော တွေဝေခြင်းသို့ ရောက်ကြ၏။
43Καὶ διεστείλατο αὐτοῖς πολλὰ ἵνα μηδεὶς γνῷ τοῦτο· καὶ εἶπε δοθῆναι αὐτῇ φαγεῖν.
43ထို အမူအရာကို အဘယ်သူ မျှမသိ စေမည်အကြောင်း ၊ ထိုသူ တို့ကို ကျပ်တည်း စွာ ပညတ် တော်မူ၍ ၊ “ သူ့ အား စားစရာ ပေး လော့ ဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.