ΚΑΤΑ ΜΑΡΚΟΝ 8
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Ἐν ἐκείναις ταῖς ἡμέραις, παμπόλλου ὄχλου ὄντος, καὶ μὴ ἐχόντων τί φάγωσι, προσκαλεσάμενος ὁ Ἰησοῦς τοὺς μαθητὰς αὐτοῦ λέγει αὐτοῖς,
1ထို အခါ စုဝေး သောသူအလွန် များ၍ စားစရာ မ ရှိ လျှင် ၊ ယေရှုသည် တပည့် တော်တို့ကို ခေါ် ၍၊
2Σπλαγχνίζομαι ἐπὶ τὸν ὄχλον, ὅτι ἤδη ἡμέρας τρεῖς προσμένουσί μοι, καὶ οὐκ ἔχουσι τί φάγωσι·
2ဤ လူ များကို ငါသနား ၏။ သုံး ရက် ပတ်လုံး ငါ နှင့်အတူရှိ ကြပြီ။ စားစရာ အလျှင်း မ ရှိ ။”
3καὶ ἐὰν ἀπολύσω αὐτοὺς νήστεις εἰς οἶκον αὐτῶν, ἐκλυθήσονται ἐν τῇ ὁδῷ· τινὲς γὰρ αὐτῶν μακρόθεν ἥκασι.
3“အချို့ တို့သည် အဝေး က လာ သည်ဖြစ်၍ ၊ အစာမစားမှီ သူ တို့အိမ် သို့ ငါလွှတ် လျှင် လမ်း ခရီး၌ မော ကြ လိမ့်မည် ဟု မိန့် တော်မူ၏။
4Καὶ ἀπεκρίθησαν αὐτῷ οἱ μαθηταὶ αὐτοῦ, Πόθεν τούτους δυνήσεταί τις ὧδε χορτάσαι ἄρτων ἐπ᾿ ἐρημίας;
4တပည့် တော်တို့ကလည်း ၊ ဤ တော အရပ်၌ ဤသူ တို့ကို အဘယ်သို့ ဝ စွာကျွေး နိုင် မည်နည်းဟု လျှောက် ကြသော်၊
5Καὶ ἐπηρώτα αὐτούς, Πόσους ἔχετε ἄρτους; Οἱ δὲ εἶπον, Ἑπτά.
5ကိုယ်တော်က၊ သင်တို့တွင် မုန့် ဘယ်နှစ် လုံး ရှိ ပါသနည်း ဟု မေး တော်မူလျှင် ၊ မုန့်ခုနှစ် လုံးရှိပါသည်ဟု လျှောက် ကြ၏။
6Καὶ παρήγγειλε τῷ ὄχλῳ ἀναπεσεῖν ἐπὶ τῆς γῆς· καὶ λαβὼν τοὺς ἑπτὰ ἄρτους, εὐχαριστήσας ἔκλασε καὶ ἐδίδου τοῖς μαθηταῖς αὐτοῦ, ἵνα παραθῶσι· καὶ παρέθηκαν τῷ ὄχλῳ.
6ထိုအခါ “လူ အစုအဝေးကို မြေ ပေါ်မှာ လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။ မုန့် ခုနစ် လုံးကိုလည်း ယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ လူများတို့ရှေ့၌ ထည့် စေခြင်းငှာ တပည့် တော်တို့အား ပေး တော်မူသည် အတိုင်း သူတို့သည် ထည့် ကြ၏။
7Καὶ εἶχον ἰχθύδια ὀλίγα· καὶ εὐλογήσας εἶπε παραθεῖναι καὶ αὐτά.
7အနည်းငယ် မျှသော ငါး ကောင်ကလေးလည်း ရှိ သည်ဖြစ်၍ ၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့် စေခြင်းငှာမိန့် တော်မူ၏။
8Ἔφαγον δέ, καὶ ἐχορτάσθησαν· καὶ ἦραν περισσεύματα κλασμάτων ἑπτὰ σπυρίδας.
8ထိုသူတို့သည် စား ၍ ဝ ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကို ကောက်သိမ်း ၍ ခုနစ် တောင်း အပြည့် ရကြ၏။
9Ἦσαν δὲ οἱ φαγόντες ὡς τετρακισχίλιοι· καὶ ἀπέλυσεν αὐτούς.
9စားသောသူအရေအတွက်ကား၊ လူလေးထောင် မျှလောက် ရှိ သတည်း။ ထိုသူ တို့ကို လွှတ် တော်မူပြီးမှ ၊
10Καὶ εὐθέως ἐμβὰς εἰς τὸ πλοῖον μετὰ τῶν μαθητῶν αὐτοῦ, ἦλθεν εἰς τὰ μέρη Δαλμανουθά.
10တပည့် တော်တို့နှင့်တကွ လှေ ထဲသို့ ချက်ခြင်း ဝင် ၍ ၊ ဒါလမနုသ ကျေးလက် သို့ ရောက် တော်မူ၏။
11Καὶ ἐξῆλθον οἱ Φαρισαῖοι, καὶ ἤρξαντο συζητεῖν αὐτῷ, ζητοῦντες παρ᾿ αὐτοῦ σημεῖον ἀπὸ τοῦ οὐρανοῦ, πειράζοντες αὐτόν.
11ထိုအခါ ဖာရိရှဲ တို့သည် ထွက်လာ ၍ ကိုယ်တော် နှင့် ဆွေးနွေး ငြင်းခုံသည်တွင် စုံစမ်း နှောင့်ရှက်ခြင်းငှာ၊ မိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။
12Καὶ ἀναστενάξας τῷ πνεύματι αὐτοῦ λέγει, Τί ἡ γενεὰ αὕτη σημεῖον ἐπιζητεῖ; Ἀμὴν λέγω ὑμῖν, εἰ δοθήσεται τῇ γενεᾷ ταύτῃ σημεῖον.
12ကိုယ်တော် သည် စိတ် နှလုံးညည်းတွား သံကို ပြုတော်မူလျက် ဤ လူမျိုး သည်နိမိတ် လက္ခဏာကိုအဘယ်ကြာင့် တောင်း သနည်း။ငါအမှန် ဆို သည်ကားဤ လူမျိုး အား နိမိတ် လက္ခဏာကို မ ပြ ရ ဟု မိန့် တော်မူပြီးလျှင်၊
13Καὶ ἀφεὶς αὐτούς, ἐμβὰς πάλιν εἰς τὸ πλοῖον, ἀπῆλθεν εἰς τὸ πέραν.
13ထိုသူ တို့ရှိရာမှထွက် ၍ တစ်ဖန် လှေထဲသို့ ဝင် ပြီးလျှင်ကမ်းတစ်ဘက် သို့ ပြန် တော်မူ၏။
14Καὶ ἐπελάθοντο λαβεῖν ἄρτους, καὶ εἰ μὴ ἕνα ἄρτον οὐκ εἶχον μεθ᾿ ἑαυτῶν ἐν τῷ πλοίῳ.
14တပည့်တော်တို့သည် မုန့် ကိုယူ ခြင်းငှာမေ့လျော့ ကြသဖြင့် ၊ လှေ ပေါ်မှာ သူ တို့၌ မုန့် တစ်လုံးတည်း သာ ရှိ ၏။
15Καὶ διεστέλλετο αὐτοῖς, λέγων, Ὁρᾶτε, βλέπετε ἀπὸ τῆς ζύμης τῶν Φαρισαίων καὶ τῆς ζύμης Ἡρῴδου.
15ကိုယ်တော်ကလည်း ၊ ဖာရိရှဲ တို့၏တဆေး ကို၎င်း ၊ ဟေရုဒ် ၏တဆေး ကို၎င်း၊ သတိ နှင့်ကြဉ်ရှောင် ကြ ဟု ပညတ် တော်မူ၏။
16Καὶ διελογίζοντο πρὸς ἀλλήλους, λέγοντες ὅτι Ἄρτους οὐκ ἔχομεν.
16တပည့်တော်တို့ကိုလည်း ၊ ငါတို့၌ မုန့် မ ပါ သောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေး ပြောဆိုကြ၏။
17Καὶ γνοὺς ὁ Ἰησοῦς λέγει αὐτοῖς, Τί διαλογίζεσθε ὅτι ἄρτους οὐκ ἔχετε; Οὔπω νοεῖτε, οὐδὲ συνίετε; Ἔτι πεπωρωμένην ἔχετε τὴν καρδίαν ὑμῶν;
17ယေရှုသည် သိ တော်မူလျှင် ၊ သင်တို့၌ မုန့် မ ပါ သည်ကိုထောက် ၍ အဘယ်ကြောင့် အချင်းချင်းဆွေးနွေး ပြောဆိုကြသနည်း။ ယခုတိုင်အောင်နှလုံး မ သွင်း၊ နား မ လည်ကြသလော။ သင် တို့ စိတ် နှလုံးမိုက် သေး သလော။”
18Ὀφθαλμοὺς ἔχοντες οὐ βλέπετε; Καὶ ὦτα ἔχοντες οὐκ ἀκούετε; Καὶ οὐ μνημονεύετε;
18မျက်စိ ရှိ လျက်ပင်မ မြင် ၊ နား ရှိ လျက်ပင် မ ကြား ၊ စိတ်မ အောက်မေ့ ဘဲနေကြသလော။”
19Ὅτε τοὺς πέντε ἄρτους ἔκλασα εἰς τοὺς πεντακισχιλίους, πόσους κοφίνους πλήρεις κλασμάτων ἤρατε; Λέγουσιν αὐτῷ, Δώδεκα.
19မုန့် ငါး လုံးကို လူငါးထောင် အား ငါဖဲ့ သောအခါ အကျိုးအပဲ့ ဘယ်နှစ် တောင်း ကောက်သိမ်း သနည်း ဟု မေး တော်မူလျှင်၊ တစ်ဆယ့်နှစ် တောင်းကောက်သိမ်းပါသည်ဟု လျှောက် ကြ၏။
20Ὅτε δὲ τοὺς ἑπτὰ εἰς τοὺς τετρακισχιλίους, πόσων σπυρίδων πληρώματα κλασμάτων ἤρατε; Οἱ δὲ εἶπον, Ἑπτά.
20“မုန့်ခုနစ် လုံးကို လူလေးထောင် အား ငါဖဲ့သောအခါ အကျိုးအပဲ့ ဘယ်နှစ် တောင်း ကောက်သိမ်း သနည်း ဟု မေးတော်မူလျှင်၊ ခုနစ် တောင်းကောက်သိမ်းပါသည်ဟု လျှောက် ကြ၏။
21Καὶ ἔλεγεν αὐτοῖς, Πῶς οὐ συνίετε;
21.သို့ဖြစ်လျှင် ၊ သင် တို့သည် နားမ လည်ဘဲ အဘယ်သို့နေကြသနည်း” ဟု မိန့် တော်မူ၏။
22Καὶ ἔρχεται εἰς Βηθσαϊδάν. Καὶ φέρουσιν αὐτῷ τυφλόν, καὶ παρακαλοῦσιν αὐτὸν ἵνα αὐτοῦ ἅψηται.
22ဗက်ဇဲဒ မြို့သို့ ရောက် တော်မူလျှင် ၊ လူကန်း တစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ၍ ၊ ထိုသူ ကို တို့ တော်မူမည်အကြောင်း တောင်းပန် ကြ၏။
23Καὶ ἐπιλαβόμενος τῆς χειρὸς τοῦ τυφλοῦ, ἐξήγαγεν αὐτὸν ἔξω τῆς κώμης· καὶ πτύσας εἰς τὰ ὄμματα αὐτοῦ, ἐπιθεὶς τὰς χεῖρας αὐτῷ, ἐπηρώτα αὐτὸν εἴ τι βλέπει.
23ကိုယ်တော်သည် လူကန်း ကိုလက် ဆွဲ ၍ မြို့ ပြင် သို့ ထွက် ပြီးမှ ၊ သူ၏ မျက်စိ ကို တံထွေးနှင့်ထွေး ၍ သူ့ အပေါ်မှာလက် တော်ကိုတင် လျက်၊ သင်သည် တစ်စုံတစ်ခု ကို မြင်သလော ဟု မေး တော်မူ၏။
24Καὶ ἀναβλέψας ἔλεγε, Βλέπω τοὺς ἀνθρώπους, ὅτι ὡς δένδρα ὁρῶ περιπατοῦντας.
24ထိုသူသည် ကြည့်မျှော် လျှင် ၊ လူ တို့သည် သစ်ပင် ကဲ့သို့ ဖြစ်၍ လှမ်းသွား သည်ကို အကျွန်ုပ်မြင် ပါသည် ဟု လျှောက် ၏။
25Εἶτα πάλιν ἐπέθηκε τὰς χεῖρας ἐπὶ τοὺς ὀφθαλμοὺς αὐτοῦ, καὶ ἐποίησεν αὐτὸν ἀναβλέψαι. Καὶ ἀποκατεστάθη, καὶ ἐνέβλεψε τηλαυγῶς ἅπαντας.
25နောက်တစ်ဖန် သူ၏ မျက်စိ ပေါ်မှာ လက် တော်ကိုတင် ၍ ကြည့်မျှော် စေတော်မူလျှင် ၊ သူသည် ပကတိ အဖြစ်သို့ ရောက်၍ အလုံးစုံ တို့ကို ရှင်းလင်း စွာမြင် လေ၏။
26Καὶ ἀπέστειλεν αὐτὸν εἰς τὸν οἶκον αὐτοῦ, λέγων, Μηδὲ εἰς τὴν κώμην εἰσέλθῃς, μηδὲ εἴπῃς τινὶ ἐν τῇ κώμῃ.
26ကိုယ်တော်ကလည်း၊ မြို့ ထဲသို့ မ ဝင် နှင့်။ မြို့၌ အဘယ်သူကိုမျှမပြောနှင့် ဟု မိန့် တော်မူ၍ သူ့ ကို မိမိ နေရာ သို့ လွှတ် လိုက်လေ၏။
27Καὶ ἐξῆλθεν ὁ Ἰησοῦς καὶ οἱ μαθηταὶ αὐτοῦ εἰς τὰς κώμας Καισαρείας τῆς Φιλίππου· καὶ ἐν τῇ ὁδῷ ἐπηρώτα τοὺς μαθητὰς αὐτοῦ, λέγων αὐτοῖς, Τίνα με λέγουσιν οἱ ἄνθρωποι εἶναι;
27ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ တပည့် တော်တို့နှင့်တကွ ကြွ တော်မူစဉ် ၊ လမ်း ခရီး၌ လူ များတို့သည် ငါ့ ကို အဘယ်သူ ဖြစ် သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊
28Οἱ δὲ ἀπεκρίθησαν, Ἰωάννην τὸν βαπτιστήν· καὶ ἄλλοι Ἠλίαν· ἄλλοι δὲ ἕνα τῶν προφητῶν.
28လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က ဧလိယ ဖြစ်သည် ဟူ၍၎င်း ၊ အချို့ က ပရောဖက် တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆို ကြပါ၏ဟု လျှောက် ကြသော်၊
29Καὶ αὐτὸς λέγει αὐτοῖς, Ὑμεῖς δὲ τίνα με λέγετε εἶναι; Ἀποκριθεὶς δὲ ὁ Πέτρος λέγει αὐτῷ, Σὺ εἶ ὁ Χριστός.
29သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည် ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊ ပေတရု က၊ ကိုယ်တော် သည် ခရစ်တော် ဖြစ် တော်မူသည်ဟု လျှောက် လေ၏။
30Καὶ ἐπετίμησεν αὐτοῖς, ἵνα μηδενὶ λέγωσι περὶ αὐτοῦ.
30ကိုယ်တော် ၏အကြောင်း ကို အဘယ်သူ အားမျှမပြော စိမ့်သောငှာတပည့် တော်တို့ကို ပညတ် တော်မူ၏။
31Καὶ ἤρξατο διδάσκειν αὐτούς, ὅτι δεῖ τὸν υἱὸν τοῦ ἀνθρώπου πολλὰ παθεῖν, καὶ ἀποδοκιμασθῆναι ἀπὸ τῶν πρεσβυτέρων καὶ ἀρχιερέων καὶ γραμματέων, καὶ ἀποκτανθῆναι, καὶ μετὰ τρεῖς ἡμέρας ἀναστῆναι·
31ထိုမှတစ်ပါး၊ လူ သား သည်များစွာ ခံရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့၏ ငြင်းပယ် ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။ သုံး ရက်မြောက် သောနေ့ ၌ ထမြောက် လိမ့်မည် ဟူသော အကြောင်းများကို တပည့် တော်တို့အား ပြ စ ပြုတော်မူ၏။
32καὶ παρρησίᾳ τὸν λόγον ἐλάλει. Καὶ προσλαβόμενος αὐτὸν ὁ Πέτρος ἤρξατο ἐπιτιμᾷν αὐτῷ.
32ထိုသို့အတည့်အလင်း ပြတော်မူသောကြောင့် ပေတရု သည် ကိုယ်တော် ကို မိမိ နှင့်အတူခေါ် ၍ အပြစ်တင် သောစကား ကို လျှောက် သော် ၊
33Ὁ δὲ ἐπιστραφείς, καὶ ἰδὼν τοὺς μαθητὰς αὐτοῦ, ἐπετίμησε τῷ Πέτρῳ, λέγων, Ὕπαγε ὀπίσω μου, Σατανᾶ· ὅτι οὐ φρονεῖς τὰ τοῦ Θεοῦ, ἀλλὰ τὰ τῶν ἀνθρώπων.
33ကိုယ်တော်သည် မျက်နှာတော်ကိုလှည့် ၍ တပည့် တော်တို့ကိုကြည့်ရှု လျက်၊ အချင်းရန်သူ ၊ ငါ့ နောက် သို့ ဆုတ် လော့။ သင်သည် ဘုရားသခင် ၏အရာ ကို စိတ်မ စွဲလမ်း ၊ လူ တို့၏အရာ ကိုသာ စွဲလမ်းသည် ဟူ၍ပေတရု ကို ဆုံးမ တော်မူ၏။
34Καὶ προσκαλεσάμενος τὸν ὄχλον σὺν τοῖς μαθηταῖς αὐτοῦ, εἶπεν αὐτοῖς, Ὅστις θέλει ὀπίσω μου ἐλθεῖν, ἀπαρνησάσθω ἑαυτόν, καὶ ἀράτω τὸν σταυρὸν αὐτοῦ, καὶ ἀκολουθείτω μοι.
34ထိုအခါ တပည့် တော်တို့နှင့် ပရိသတ် များကို ခေါ် တော်မူပြီးလျှင်၊ အကြင်သူ သည် ငါ ၌ဆည်းကပ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက်သို့ လိုက် ရမည်။”
35Ὃς γὰρ ἂν θέλῃ τὴν ψυχὴν αὐτοῦ σῶσαι, ἀπολέσει αὐτήν· ὃς δ᾿ ἂν ἀπολέσῃ τὴν ψυχὴν αὐτοῦ ἕνεκεν ἐμοῦ καὶ τοῦ εὐαγγελίου, οὗτος σώσει αὐτήν.
35အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် ၎င်း ၊ ဧဝံဂေလိ တရားကြောင့်၎င်း အသက် ရှုံး ၏။ ထိုသူသည် မိမိ အသက် ကို ကယ်ဆယ် လိမ့်မည်။”
36Τί γὰρ ὠφελήσει ἄνθρωπον, ἐὰν κερδήσῃ τὸν κόσμον ὅλον, καὶ ζημιωθῇ τὴν ψυχὴν αὐτοῦ;
36လူ သည်ဤ စကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။”
37Ἢ τί δώσει ἄνθρωπος ἀντάλλαγμα τῆς ψυχῆς αὐτοῦ;
37မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့် ရွေး နိုင်သနည်း။”
38Ὃς γὰρ ἂν ἐπαισχυνθῇ με καὶ τοὺς ἐμοὺς λόγους ἐν τῇ γενεᾷ ταύτῃ τῇ μοιχαλίδι καὶ ἁμαρτωλῷ, καὶ ὁ υἱὸς τοῦ ἀνθρώπου ἐπαισχυνθήσεται αὐτόν, ὅταν ἔλθῃ ἐν τῇ δόξῃ τοῦ πατρὸς αὐτοῦ μετὰ τῶν ἀγγέλων τῶν ἁγίων.
38“မျောက်မထား သော ဤ လူမျိုး ဆိုး တွင် အကြင်သူ သည် ငါ့ ကို၎င်း ၊ ငါ့ စကား ကို၎င်းရှက် ၏။ လူ သား သည် မိမိ အဘခမည်းတော် ၏ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်း သော ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ သောအခါ ထိုသူ ကို ရှက် တော်မူလတံ့။
Tip: use the ← and → keys to turn chapters.