ΠΡΟΣ ΕΦΕΣΙΟΥΣ
Chapter 4

ΠΡΟΣ ΕΦΕΣΙΟΥΣ

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΡΟΣ ΕΦΕΣΙΟΥΣ 4

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Παρακαλῶ οὖν ὑμᾶς ἐγώ, ὁ δέσμιος ἐν Κυρίῳ, ἀξίως περιπατῆσαι τῆς κλήσεως ἧς ἐκλήθητε,
1ခေါ် တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင် မည် အကြောင်း၊ သခင် ဘုရားအတွက် ကြောင့် အကျဉ်း ခံရသော ငါ သည် သင် တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
2μετὰ πάσης ταπεινοφροσύνης καὶ πρᾳότητος, μετὰ μακροθυμίας, ἀνεχόμενοι ἀλλήλων ἐν ἀγάπῃ,
2အရာရာ ၌ စိတ် နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ရှည် ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာ စိတ်နှင့် တစ်ယောက် ကို တစ်ယောက်သည်းခံ ခြင်းရှိကြ၍ ၊
3σπουδάζοντες τηρεῖν τὴν ἑνότητα τοῦ πνεύματος ἐν τῷ συνδέσμῳ τῆς εἰρήνης.
3အသင့်အတင့် ပေါင်းဖော်ခြင်း အဖွဲ့အစည်း အားဖြင့် ၊ သင်တို့သည် အချင်းချင်းစိတ် သဘော မခြားမနားတလုံးတဝတည်း ဖြစ် အံ့သောငှာကြိုးစား အားထုတ်ကြလော့။
4Ἓν σῶμα καὶ ἓν πνεῦμα, καθὼς καὶ ἐκλήθητε ἐν μιᾷ ἐλπίδι τῆς κλήσεως ὑμῶν·
4သင် တို့ကို ခေါ် တော်မူခြင်းနှင့် စပ်ဆိုင်သော မြော်လင့် ခြင်းတစ်ပါး ထဲသို့ ခေါ်သွင်း တော်မူသည်နှင့်အညီ ၊ ကိုယ် တစ် ကိုယ်၊ ဝိညာဉ် တ ဝိညာဉ်တည်းရှိ၏။
5εἷς Κύριος, μία πίστις, ἓν βάπτισμα,
5သခင် တစ်ပါး ၊ ယုံကြည် ခြင်းတစ်ပါး ၊ ဗတ္တိဇံ တစ်ပါး ၊
6εἷς Θεὸς καὶ πατὴρ πάντων, ὁ ἐπὶ πάντων, καὶ διὰ πάντων, καὶ ἐν πᾶσιν ὑμῖν.
6ခပ်သိမ်း သော ငါတို့၏အဘ ဖြစ်သော ဘုရားသခင် တဆူတည်း ရှိတော်မူ၏။ ထိုဘုရားသခင် သည် ခပ်သိမ်း သော ငါတို့၏အပေါ်မှာ ရှိတော်မူ၏။ ခပ်သိမ်း သော ငါတို့ကို နှံ့ပြား တော်မူ၏။ ခပ်သိမ်း သော ငါတို့၏အထဲ ၌လည်း ရှိတော်မူ၏။
7Ἑνὶ δὲ ἑκάστῳ ἡμῶν ἐδόθη ἡ χάρις κατὰ τὸ μέτρον τῆς δωρεᾶς τοῦ Χριστοῦ.
7သို့သော်လည်း ခရစ်တော် သည် ဆု ပေး တော်မူသည်အတိုင်း ငါ တို့သည်ကျေးဇူး တော်ကို အသီးသီး ကိုယ် စီခံရကြပြီ။
8Διὸ λέγει, Ἀναβὰς εἰς ὕψος ᾐχμαλώτευσεν αἰχμαλωσίαν, καὶ ἔδωκε δόματα τοῖς ἀνθρώποις.
8ထိုသို့ နှင့်အညီကျမ်းစာ၌လာသည်ကား၊ မြင့် သောအရပ်သို့ တက်ကြွ တော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်း သွားတော်မူ၍၊ လူ တို့အား ဆုလာဒ် များကို ပေး တော်မူသည်ဟုလာ သတည်း။
9Τὸ δέ, Ἀνέβη, τί ἐστιν εἰ μὴ ὅτι καὶ κατέβη πρῶτον εἰς τὰ κατώτερα μέρη τῆς γῆς;
9တက်ကြွ တော်မူသည်ဟုဆိုသော်၊ အစစွာမြေကြီး အောက် အရပ် သို့ ဆင်းသက် တော်မူကြောင်း ကို ရည်မှတ်၍ ဆိုသည် မဟုတ် လော။
10Ὁ καταβάς, αὐτός ἐστι καὶ ὁ ἀναβὰς ὑπεράνω πάντων τῶν οὐρανῶν, ἵνα πληρώσῃ τὰ πάντα.
10ဆင်းသက် တော်မူသောသူ သည်အခြားသောသူမဟုတ်၊ အလုံးစုံ တို့ကို ပြည့်စုံ စေခြင်းငှာ ၊ ခပ်သိမ်း သော ကောင်းကင် တို့၏အထွဋ် ကို လွန်၍ တက်ကြွ တော်မူသော သူ ဖြစ် သတည်း။
11Καὶ αὐτὸς ἔδωκε τοὺς μὲν ἀποστόλους, τοὺς δὲ προφήτας, τοὺς δὲ εὐαγγελιστάς, τοὺς δὲ ποιμένας καὶ διδασκάλους,
11ခရစ်တော် ၏ကိုယ် တော်ကို တည်ဆောက် ၍ ဓမ္မဆရာ ၏အမှု ကို ပြုတတ်မည်အကြောင်း၊
12πρὸς τὸν καταρτισμὸν τῶν ἁγίων, εἰς ἔργον διακονίας, εἰς οἰκοδομὴν τοῦ σώματος τοῦ Χριστοῦ·
12သန့်ရှင်း သူတို့ကို ပြင်ဆင် ခြင်းအလိုငှာ၊ ထိုသခင် သည် လူအချို့တို့ကို တမန်တော် အရာ၌၎င်း ၊ အချို့ ကို ပရောဖက် အရာ၌၎င်း၊ အချို့ ကို သာသနာပြု အရာ၌၎င်း ၊ အချို့ တို့ကို သင်းအုပ် ဆရာ၊ ဆရာ အရာ၌၎င်း၊ ခန့်ထား တော်မူ၏။
13μέχρι καταντήσωμεν οἱ πάντες εἰς τὴν ἑνότητα τῆς πίστεως καὶ τῆς ἐπιγνώσεως τοῦ υἱοῦ τοῦ Θεοῦ, εἰς ἄνδρα τέλειον, εἰς μέτρον ἡλικίας τοῦ πληρώματος τοῦ Χριστοῦ·
13ငါတို့ရှိသမျှ သည် ယုံကြည် ခြင်းသို့ ၎င်း၊ ဘုရားသခင် ၏သား တော်ကို သိကျွမ်း ခြင်းသို့ ၎င်း၊ တစ်ညီတစ်ညွတ် တည်းရောက်၍ ခရစ်တော် ၏ပြည့်စုံ ခြင်းပမာဏ အရပ် တည်းဟူသောကြီးရင့် သော လူ တို့၏ အဖြစ်သို့ ရောက် ကြသည်တိုင်အောင် ဖြစ်သတည်း။
14ἵνα μηκέτι ὦμεν νήπιοι, κλυδωνιζόμενοι καὶ περιφερόμενοι παντὶ ἀνέμῳ τῆς διδασκαλίας, ἐν τῇ κυβείᾳ τῶν ἀνθρώπων, ἐν πανουργίᾳ πρὸς τὴν μεθοδείαν τῆς πλάνης·
14အကြောင်းမူကား ၊ သူတစ်ပါးတို့သည် လူ ပရိယာယ် နှင့် အပြစ်သို့ သွေးဆောင် ခြင်းငှာ လှည့်ဖြား ပြောဆို သဖြင့် ၊ ငါ တို့သည်နောက်တဖန်ခပ်သိမ်း သော ဩဝါဒ လေ တိုက် ၍ ဖရိုဖရဲ လွင့်သွားသော သူငယ် မ ဖြစ်ဘဲလျက်၊
15ἀληθεύοντες δὲ ἐν ἀγάπῃ αὐξήσωμεν εἰς αὐτὸν τὰ πάντα, ὅς ἐστιν ἡ κεφαλή, ὁ Χριστός,
15မေတ္တာ စိတ်နှင့် သမ္မာတရား ကို ဟောပြောသဖြင့် ၊ ဦးခေါင်း တည်းဟူသော ခရစ်တော် မှာ အရာရာ တို့၌ ကြီးပွား ကြမည် အကြောင်း တည်း။
16ἐξ οὗ πᾶν τὸ σῶμα συναρμολογούμενον καὶ συμβιβαζόμενον διὰ πάσης ἁφῆς τῆς ἐπιχορηγίας, κατ᾿ ἐνέργειαν ἐν μέτρῳ ἑνὸς ἑκάστου μέρους, τὴν αὔξησιν τοῦ σώματος ποιεῖται εἰς οἰκοδομὴν ἑαυτοῦ ἐν ἀγάπῃ.
16ထို ဦးခေါင်းမှ ၊ အဆစ် အပိုင်းများ တို့သည် အားဖြည့် သဖြင့် ၊ တစ်ကိုယ် လုံး သည် စေ့စပ် ထုံးဖွဲ့ လျက် ၊ အသီးအသီး အင်္ဂါ များကိုယ်ငန်းကိုယ်တာ အတိုင်း ပြုပြင် သည်နှင့်အညီ၊ မိမိ ကိုယ်ကို မေတ္တာ ၌ တည်ဆောက် ခြင်းငှာ ကြီးပွား စေ တတ်၏။
17Τοῦτο οὖν λέγω καὶ μαρτύρομαι ἐν Κυρίῳ, μηκέτι ὑμᾶς περιπατεῖν, καθὼς καὶ τὰ λοιπὰ ἔθνη περιπατεῖ ἐν ματαιότητι τοῦ νοὸς αὐτῶν,
17ထိုကြောင့် ကြွင်းသောတစ်ပါး အမျိုးသားတို့သည် လျှပ်ပေါ် သောစိတ် နှင့် ကျင့် သည်နည်းတူ ၊ သင် တို့သည် နောက်တစ်ဖန် မကျင့် မည်အကြောင်း သခင် ဘုရားအခွင့် နှင့် ငါမှာ လိုက်၏။
18ἐσκοτισμένοι τῇ διανοίᾳ, ὄντες ἀπηλλοτριωμένοι τῆς ζωῆς τοῦ Θεοῦ διὰ τὴν ἄγνοιαν τὴν οὖσαν ἐν αὐτοῖς, διὰ τὴν πώρωσιν τῆς καρδίας αὐτῶν·
18ထိုသူ တို့သည် ဉာဏ် အလင်းကွယ် သည်ဖြစ် ၍၊ စိတ် နှလုံး မိုက်မဲ သောအားဖြင့် အလျှင်းမ သိသောကြောင့် ၊ ဘုရားသခင် ၏အသက် နှင့် ကွာရှင်း လျက်ရှိကြ၏။
19οἵτινες ἀπηλγηκότες ἑαυτοὺς παρέδωκαν τῇ ἀσελγείᾳ, εἰς ἐργασίαν ἀκαθαρσίας πάσης ἐν πλεονεξίᾳ.
19ထိုသူ တို့သည် ရှက်ကြောက် ခြင်းမရှိ၊ တပ်မက် ခြင်းအလွန်ပြင်းသည်နှင့် ညစ်ညူး သောအကျင့်အမျိုးမျိုး ကို ကြိုးစား၍ ကျင့်လိုသောငှာ၊ မိမိ တို့ကို ကိလေသာ လက်သို့ အပ် လိုက်ကြ၏။
20Ὑμεῖς δὲ οὐχ οὕτως ἐμάθετε τὸν Χριστόν,
20ထိုသို့ ဖြစ်စေခြင်းငှာသင် တို့သည် ခရစ်တော် တရားကို သင် ကြပြီမ ဟုတ်ဘဲ၊
21εἴγε αὐτὸν ἠκούσατε καὶ ἐν αὐτῷ ἐδιδάχθητε, καθώς ἐστιν ἀλήθεια ἐν τῷ Ἰησοῦ·
21အထက် ကကျင်လည်ကြသည်အရာမှာ လှည့်ဖြား တတ်သောလောဘ စိတ်တို့ဖြင့် ပုပ်ပျက်သောလူ အဟောင်း ကိုချွတ်ပယ် ၍၊
22ἀποθέσθαι ὑμᾶς, κατὰ τὴν προτέραν ἀναστροφήν, τὸν παλαιὸν ἄνθρωπον, τὸν φθειρόμενον κατὰ τὰς ἐπιθυμίας τῆς ἀπάτης·
22စိတ် နှလုံး သဘောသစ် ကိုရပြီးလျှင် ၊ မှန်သောဖြောင့်မတ်ခြင်း၊
23ἀνανεοῦσθαι δὲ τῷ πνεύματι τοῦ νοὸς ὑμῶν,
23သန့်ရှင်း ခြင်းပါရမီ အားဖြင့် ဘုရားသခင် နှင့်အတူ အမျှ ဖန်ဆင်း သော လူ သစ် ကို ယူတင်ဝတ်ဆောင် မည်အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ဖြစ်၍၊
24καὶ ἐνδύσασθαι τὸν καινὸν ἄνθρωπον, τὸν κατὰ Θεὸν κτισθέντα ἐν δικαιοσύνῃ καὶ ὁσιότητι τῆς ἀληθείας.
24ယေရှု ၌ သမ္မာတရား ရှိ သည်နှင့်အညီ ၊ ထိုသခင် ထံ၌ နည်းခံ ကြပြီသတည်း။
25Διὸ ἀποθέμενοι τὸ ψεῦδος λαλεῖτε ἀλήθειαν ἕκαστος μετὰ τοῦ πλησίον αὐτοῦ· ὅτι ἐσμὲν ἀλλήλων μέλη.
25ထိုကြောင့် မုသား စကားကိုပယ်ရှား ၍၊ မှန် သောစကားကိုသာ အချင်းချင်း တစ်ယောက် နှင့် တစ်ယောက် ပြော ကြလော့။ အကြောင်းမူကား ၊ ငါတို့သည် အချင်းချင်း အင်္ဂါ ချင်းဖြစ် ကြ၏။
26Ὀργίζεσθε καὶ μὴ ἁμαρτάνετε· ὁ ἥλιος μὴ ἐπιδυέτω ἐπὶ τῷ παροργισμῷ ὑμῶν·
26အမျက်ထွက် ရာတွင် အပြစ် မ ရှိစေနှင့်။
27μήτε δίδοτε τόπον τῷ διαβόλῳ.
27အမျက် မပြေဘဲ နေ မ ဝင် စေနှင့်။ မာရ်နတ် ကို အခွင့် မ ပေး ကြနှင့်။
28Ὁ κλέπτων μηκέτι κλεπτέτω· μᾶλλον δὲ κοπιάτω, ἐργαζόμενος τὸ ἀγαθὸν ταῖς χερσίν, ἵνα ἔχῃ μεταδιδόναι τῷ χρείαν ἔχοντι.
28ခိုး တတ်သောသူ သည်နောက်တဖန်မ ခိုး ဘဲ၊ ဆင်းရဲသောသူ အားပေးကမ်း ဝေငှရန် ရှိ စေခြင်းငှာ ၊ မိမိ လက် နှင့် ကောင်း သောအလုပ် ကို လုပ်ဆောင် အားထုတ် စေ။
29Πᾶς λόγος σαπρὸς ἐκ τοῦ στόματος ὑμῶν μὴ ἐκπορευέσθω, ἀλλ᾿ εἴ τις ἀγαθὸς πρὸς οἰκοδομὴν τῆς χρείας, ἵνα δῷ χάριν τοῖς ἀκούουσι.
29ညစ်ညူး သောစကား တစ် ခွန်းကိုမျှ သင် တို့နှုတ် ထဲက မ ထွက် စေနှင့်။ ကြားနာ သော သူ တို့၏အကျိုး ကို ပြုစုစေခြင်းငှာ ၊ တည်ဆောက် စရာဘို့ ကောင်း သော စကားကိုသာ သုံးဆောင်ကြလော့။
30Καὶ μὴ λυπεῖτε τὸ πνεῦμα τὸ ἅγιον τοῦ Θεοῦ, ἐν ᾧ ἐσφραγίσθητε εἰς ἡμέραν ἀπολυτρώσεως.
30ရွေးနှုတ် ခြင်းနေ့ရက် တိုင်အောင် သင် တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင် ၏သန့်ရှင်း သော ဝိညာဉ် တော်ကို စိတ် မ နာစေကြနှင့်။
31Πᾶσα πικρία καὶ θυμὸς καὶ ὀργὴ καὶ κραυγὴ καὶ βλασφημία ἀρθήτω ἀφ᾿ ὑμῶν, σὺν πάσῃ κακίᾳ·
31ခပ်သိမ်း သော စိတ်တို ခြင်း၊ စိတ်ဆိုး ခြင်း၊ အမျက်ထွက် ခြင်း၊ အော်ဟစ် ငေါက်ငေါ်ခြင်း၊ သူ့ အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်း သော မနာလို ခြင်းကို၎င်း၊ သင် တို့မှ ပယ်ရှား ကြလော့။
32γίνεσθε δὲ εἰς ἀλλήλους χρηστοί, εὔσπλαγχνοι, χαριζόμενοι ἑαυτοῖς, καθὼς καὶ ὁ Θεὸς ἐν Χριστῷ ἐχαρίσατο ὑμῖν.
32အချင်းချင်း ကျေးဇူး ပြုခြင်း၊ သနားစုံမက် ခြင်း၊ ဘုရားသခင် သည် ခရစ်တော် ကြောင့် သင် တို့၏အပြစ်ကို လွှတ် တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ် ခြင်း ရှိကြလော့။

Tip: use the ← and → keys to turn chapters.