ΠΡΟΣ ΕΦΕΣΙΟΥΣ 3
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Τούτου χάριν ἐγὼ Παῦλος ὁ δέσμιος τοῦ Χριστοῦ Ἰησοῦ ὑπὲρ ὑμῶν τῶν ἐθνῶν,
1ထို အကြောင်းကြောင့် ငါ ပေါလု သည် ယေရှု ခရစ် နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်း ခံရ၏။
2εἴγε ἠκούσατε τὴν οἰκονομίαν τῆς χάριτος τοῦ Θεοῦ τῆς δοθείσης μοι εἰς ὑμᾶς,
2သင် တို့အကျိုးကို ထောက် ၍ ငါ့ အားအပ်ပေး တော်မူသောဘုရားသခင် ၏ကျေးဇူး တော်သာသနာ ကို သင်တို့ကြားသိ ရသည်နှင့်အညီ၊ တစ်ပါး အမျိုးသားဖြစ်သော သင် တို့အတွက် ကြောင့် ငါခံရ၏။
3ὅτι κατὰ ἀποκάλυψιν ἐγνώρισέ μοι τὸ μυστήριον, καθὼς προέγραψα ἐν ὀλίγῳ,
3ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား ၊ ငါသည်အထက် က အနည်းငယ် ရေးထားခဲ့သည်အတိုင်း ၊ ဘုရားသခင်သည် ဗျာဒိတ် တော်အားဖြင့် နက်နဲ သောအရာကို ငါ့ အားပြ တော်မူ၏။
4πρὸς ὃ δύνασθε ἀναγινώσκοντες νοῆσαι τὴν σύνεσίν μου ἐν τῷ μυστηρίῳ τοῦ Χριστοῦ·
4ထိုစကား ကိုဘတ်ရွတ် လျှင် ၊ ခရစ်တော် ၏ နက်နဲ သောအရာ၌ ငါ လေ့ကျက် သည်ကို သင်တို့သည် သိ ရ ကြ မည်။
5ὃ ἐν ἑτέραις γενεαῖς οὐκ ἐγνωρίσθη τοῖς υἱοῖς τῶν ἀνθρώπων, ὡς νῦν ἀπεκαλύφθη τοῖς ἁγίοις ἀποστόλοις αὐτοῦ καὶ προφήταις ἐν πνεύματι·
5ထိုနက်နဲသောအရာကိုသန့်ရှင်း သော တမန်တော် တို့နှင့် ပရောဖက် တို့အား၊ ယခု ကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ် တော်မူသည်နည်းတူ ၊ အခြား သော ကာလတို့၌ လူမျိုး တို့အား ပြ တော်မ မူ။
6εἶναι τὰ ἔθνη συγκληρονόμα καὶ σύσσωμα καὶ συμμέτοχα τῆς ἐπαγγελίας αὐτοῦ ἐν τῷ Χριστῷ, διὰ τοῦ εὐαγγελίου,
6ထိုနက်နဲသောအရာဟူကား၊ တစ်ပါး အမျိုးသားတို့သည် ဧဝံဂလိ တရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍ ၊ တစ်လုံးတစ်ဝ တစ်ကိုယ်တည်းဖြစ် လျက်၊ ခရစ်တော် နှင့် ဆိုင်သောဂတိ တော်ကို ဆက်ဆံကြရသတည်း။
7οὗ ἐγενόμην διάκονος κατὰ τὴν δωρεὰν τῆς χάριτος τοῦ Θεοῦ, τὴν δοθεῖσάν μοι κατὰ τὴν ἐνέργειαν τῆς δυνάμεως αὐτοῦ.
7တန်ခိုး တော်ပြုပြင် သောအားဖြင့် ငါ့ အားပေး သနားတော်မူသော ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ သည်နှင့်အညီ ၊ ထိုတရားကို ဟောပြောသောဆရာ ၏ အဖြစ်သို့ ငါရောက် ရပြီ။
8Ἐμοὶ τῷ ἐλαχιστοτέρῳ πάντων τῶν ἁγίων ἐδόθη ἡ χάρις αὕτη, ἐν τοῖς ἔθνεσιν εὐαγγελίσασθαι τὸν ἀνεξιχνίαστον πλοῦτον τοῦ Χριστοῦ,
8စစ် ၍မကုန်နိုင်သော ခရစ်တော် ၏ ကြွယ်ဝ ပြည့်စုံခြင်း၏ ဧဝံဂေလိ တရားကို တစ်ပါး အမျိုးသားတို့အား ဟောပြောခြင်းငှာ၎င်း၊ အလုံးစုံ တို့ကို ယေရှု ခရစ်အားဖြင့် ဖန်ဆင်း တော်မူသောဘုရားသခင် ၌ ရှေး ကပ်ကာလပတ်လုံးဝှက်ထား လျက်ရှိသော ထို နက်နဲ သောအရာနှင့် စပ်ဆိုင်သော သာသနာ သည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ၎င်း ၊
9καὶ φωτίσαι πάντας τίς ἡ κοινωνία τοῦ μυστηρίου τοῦ ἀποκεκρυμμένου ἀπὸ τῶν αἰώνων ἐν τῷ Θεῷ τῷ τὰ πάντα κτίσαντι διὰ Ἰησοῦ Χριστοῦ,
9သန့်ရှင်း သူအပေါင်း တို့တွင် အငယ်ဆုံးသော သူထက်သာ၍ငယ် သော ငါ အားထို ကျေးဇူး တော်ကို ပေး တော်မူပြီ။
10ἵνα γνωρισθῇ νῦν ταῖς ἀρχαῖς καὶ ταῖς ἐξουσίαις ἐν τοῖς ἐπουρανίοις διὰ τῆς ἐκκλησίας ἡ πολυποίκιλος σοφία τοῦ Θεοῦ,
10အဘယ်ကြောင့်နည်းဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ကို အကြောင်း ပြု၍ ထာဝရ အကြံ တော် ရှိသည်နှင့်အညီ ၊
11κατὰ πρόθεσιν τῶν αἰώνων ἣν ἐποίησεν ἐν Χριστῷ Ἰησοῦ τῷ Κυρίῳ ἡμῶν·
11ကောင်းကင် အရပ်တို့၌ အထွဋ်အမြတ် အာဏာစက် တို့သည်၊ ဘုရားသခင် ၏ထူးဆန်း သော ပညတ် တော်ကို အသင်းတော် အားဖြင့် ယခု သိ ကြရမည် အကြောင်း တည်း။
12ἐν ᾧ ἔχομεν τὴν παρρησίαν καὶ τὴν προσαγωγὴν ἐν πεποιθήσει διὰ τῆς πίστεως αὐτοῦ.
12ထိုသခင် ကိုယုံကြည် ခြင်းအားဖြင့် ငါတို့သည် ရဲရင့် သောစိတ်နှင့် တိုးဝင် ၍ အသနားတော်ခံရသော အခွင့် ကိုရ ကြပြီ။
13Διὸ αἰτοῦμαι μὴ ἐκκακεῖν ἐν ταῖς θλίψεσί μου ὑπὲρ ὑμῶν, ἥτις ἐστὶ δόξα ὑμῶν.
13ထိုကြောင့် သင် တို့၏အသရေ ကို ပြုစု ၍ သင် တို့အတွက် ကြောင့် ငါ ခံရသော ဆင်းရဲ ခြင်းကို မြင်လျှင်၊ ရွေ့လျော့ သော စိတ်မ ရှိကြပါစေနှင့်။
14Τούτου χάριν κάμπτω τὰ γόνατά μου πρὸς τὸν πατέρα τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ,
14အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင် ၊ မြေကြီး ပေါ်မှာ ရှိသော တစ် အိမ်ထောင်လုံး တည်းဟူသောသားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊
15ἐξ οὗ πᾶσα πατριὰ ἐν οὐρανοῖς καὶ ἐπὶ γῆς ὀνομάζεται,
15ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့ မှာ ငါ သည် ဒူး ထောက် ၍ ဆုတောင်းလေ့ရှိ၏။
16ἵνα δῴη ὑμῖν, κατὰ τὸν πλοῦτον τῆς δόξης αὐτοῦ, δυνάμει κραταιωθῆναι διὰ τοῦ πνεύματος αὐτοῦ εἰς τὸν ἔσω ἄνθρωπον,
16ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ် တော်အားဖြင့် သင်တို့၏အတွင်း လူ ကို ခွန်အား နှင့် မြဲမြံ ခိုင်ခံ့စေ၍၊
17κατοικῆσαι τὸν Χριστὸν διὰ τῆς πίστεως ἐν ταῖς καρδίαις ὑμῶν·
17ယုံကြည် ခြင်းအားဖြင့် ခရစ်တော် သည် သင် တို့၏ စိတ် နှလုံးအထဲ ၌ ကျိန်းဝပ် တော်မူမည်အကြောင်း၊ ဘုန်း တော်ကြွယ်ဝ ပြည်စုံခြင်းနှင့် ညီလျော်စွာ သင် တို့အား ပေး တော်မူ၍၊ မေတ္တာ ၌ စိုက်ပျိုး ခြင်း၊ တိုက်မြစ်လည်းကျတည် ခြင်းရှိသဖြင့် ၊
18ἐν ἀγάπῃ ἐρριζωμένοι καὶ τεθεμελιωμένοι ἵνα ἐξισχύσητε καταλαβέσθαι σὺν πᾶσι τοῖς ἁγίοις τί τὸ πλάτος καὶ μῆκος καὶ βάθος καὶ ὕψος,
18သင် တို့သည်သန့်ရှင်း သူအပေါင်း တို့၏ နည်းတူ ၊ အနံ အလျား အနက် အမြင့် တို့ကို ပိုင်းခြား ၍ သိခြင်းငှာ ၎င်း၊
19γνῶναί τε τὴν ὑπερβάλλουσαν τῆς γνώσεως ἀγάπην τοῦ Χριστοῦ, ἵνα πληρωθῆτε εἰς πᾶν τὸ πλήρωμα τοῦ Θεοῦ.
19ကိုယ်ဉာဏ် နှင့် မသိနိုင်သော ခရစ်တော် ၏ မေတ္တာ တော်ကို သိ နားလည်ခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင် ၏ ပြည်စုံ တော်မူခြင်းရှိသမျှ နှင့်အညီပြည့်စုံ ကြပါမည်အကြောင်း ၊ ငါသည် ဆုတောင်းလေ့ရှိ၏။
20Τῷ δὲ δυναμένῳ ὑπὲρ πάντα ποιῆσαι ὑπὲρ ἐκπερισσοῦ ὧν αἰτούμεθα ἢ νοοῦμεν, κατὰ τὴν δύναμιν τὴν ἐνεργουμένην ἐν ἡμῖν,
20ငါ တို့၌ ပြုပြင်သောတန်ခိုး တော်အတိုင်း ၊ ငါတို့တောင်းပန် ကြံစည် သမျှ ထက် အလွန် ထူးခြား စွာ ပြု ခြင်းငှာတတ်နိုင် တော်မူသော ဘုရားသခင် သည်၊
21αὐτῷ ἡ δόξα ἐν τῇ ἐκκλησίᾳ ἐν Χριστῷ Ἰησοῦ, εἰς πάσας τὰς γενεὰς τοῦ αἰῶνος τῶν αἰώνων. Ἀμήν.
21ယေရှု ခရစ် အားဖြင့် အသင်းတော် ၌ ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။
Tip: use the ← and → keys to turn chapters.