ΠΡΟΣ ΘΕΣΣΑΛΟΝΙΚΕΙΣ Β 2
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Ἐρωτῶμεν δὲ ὑμᾶς, ἀδελφοί, ὑπὲρ τῆς παρουσίας τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ, καὶ ἡμῶν ἐπισυναγωγῆς ἐπ᾿ αὐτόν,
1ညီအစ်ကို တို့၊ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူ၍ ၊ ငါ တို့သည်အထံ တော်၌ စည်းဝေး ခြင်းအရာမှာ၊ သခင် ဘုရား၏ နေ့ရက် သည် ချက်ခြင်းရောက် မည်ဟူ၍စိတ်ဝိညာဉ် အားဖြင့် ဖြစ်စေ၊ နှုတ်ထွက်စကား အားဖြင့် ဖြစ်စေ၊ ငါ တို့စာ ကဲ့သို့သော စာအားဖြင့် ဖြစ်စေ၊
2εἰς τὸ μὴ ταχέως σαλευθῆναι ὑμᾶς ἀπὸ τοῦ νοός, μήτε θροεῖσθαι, μήτε διὰ πνεύματος, μήτε διὰ λόγου, μήτε δι᾿ ἐπιστολῆς ὡς δι᾿ ἡμῶν, ὡς ὅτι ἐνέστηκεν ἡ ἡμέρα τοῦ Χριστοῦ·
2သင် တို့သည် စိတ် ရွေ့လျော့ ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း၊ အလျင်တဆော မ ရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။
3μή τις ὑμᾶς ἐξαπατήσῃ κατὰ μηδένα τρόπον· ὅτι ἐὰν μὴ ἔλθῃ ἡ ἀποστασία πρῶτον, καὶ ἀποκαλυφθῇ ὁ ἄνθρωπος τῆς ἁμαρτίας, ὁ υἱὸς τῆς ἀπωλείας,
3အဘယ်သူ မျှသင် တို့ကို အဘယ်သို့ သောအားဖြင့် မ လှည့်ဖြား စေနှင့်၊ ထိုနေ့ရက်မ ရောက် မှီ ဖောက်ပြန် သင်းခွဲသည့်အရင် ဖြစ်၍၊ ဒုစရိုက် လူ တည်းဟူသောပျက်စီး ခြင်း၏ သား သည်ပေါ်လာ ရလိမ့်မည်။
4ὁ ἀντικείμενος καὶ ὑπεραιρόμενος ἐπὶ πάντα λεγόμενον θεὸν ἢ σέβασμα, ὥστε αὐτὸν εἰς τὸν ναὸν τοῦ Θεοῦ ὡς Θεὸν καθίσαι, ἀποδεικνύντα ἑαυτὸν ὅτι ἐστὶ Θεός.
4ထိုသူ သည် ဘုရားသခင်ဟူ၍၎င်း ၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ် သမျှ သောအရာတို့ကို ရန်ဘက် ပြု၍၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင် ၏ ဗိမာန် တော်၌ ဘုရားသခင် ကဲ့သို့ ထိုင် ၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ် ကိုပြ သောသူဖြစ် သတည်း။
5Οὐ μνημονεύετε ὅτι ἔτι ὢν πρὸς ὑμᾶς, ταῦτα ἔλεγον ὑμῖν;
5ငါသည် သင် တို့နှင့်အတူ ရှိ စဉ်အခါ ၊ ထို အကြောင်းအရာများကို ပြော ပြီဟုသင် တို့သည် သတိ မ ရ ကြသလော။
6Καὶ νῦν τὸ κατέχον οἴδατε, εἰς τὸ ἀποκαλυφθῆναι αὐτὸν ἐν τῷ ἑαυτοῦ καιρῷ.
6ထိုသူ သည် မိမိ ကာလ အချိန်၌ ထင်ရှား စေခြင်းငှာ၊ ယခု ဆီးတား သောအကြောင်း ကိုလည်း သင်တို့ သိ ကြ၏။
7Τὸ γὰρ μυστήριον ἤδη ἐνεργεῖται τῆς ἀνομίας· μόνον ὁ κατέχων ἄρτι, ἕως ἐκ μέσου γένηται,
7အဘယ်သို့ နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မ အရာသည် ယခုပင် ပြုပြင် ဆဲရှိ၏။ သို့သော်လည်းဆီးတားသောသူ သည် ပယ်ရှင်းခြင်းသို့ မ ရောက်မှီတိုင်အောင်ဆီးတား လိမ့်မည်။
8καὶ τότε ἀποκαλυφθήσεται ὁ ἄνομος, ὃν ὁ Κύριος ἀναλώσει τῷ πνεύματι τοῦ στόματος αὐτοῦ, καὶ καταργήσει τῇ ἐπιφανείᾳ τῆς παρουσίας αὐτοῦ·
8ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထို အဓမ္မ လူသည် ထင်ရှား လိမ့်မည်။ ထိုအဓမ္မ လူကို သခင် ယေရှု သည် နှုတ်ထွက် ဝိညာဉ် တော်အားဖြင့် ဖျက်ဆီး ၍၊ ကြွလာ တော်မူခြင်း၏ ရောင်ခြည် အားဖြင့် ပယ်ရှား တော်မူလိမ့်မည်။
9οὗ ἐστὶν ἡ παρουσία κατ᾿ ἐνέργειαν τοῦ Σατανᾶ ἐν πάσῃ δυνάμει καὶ σημείοις καὶ τέρασι ψεύδους,
9ထိုအဓမ္မ လူ၏ လာ ခြင်းအကြောင်း ဟူမူကား၊ စာတန် ပြုပြင် သောအားဖြင့် မုသာ နှင့် စပ်ဆိုင်သော ထူးဆန်း သောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုအမျိုးမျိုး နှင့် ၎င်း ၊
10καὶ ἐν πάσῃ ἀπάτῃ τῆς ἀδικίας ἐν τοῖς ἀπολλυμένοις, ἀνθ᾿ ὧν τὴν ἀγάπην τῆς ἀληθείας οὐκ ἐδέξαντο εἰς τὸ σωθῆναι αὐτούς.
10ပျက်စီး ခြင်းသို့ရောက်သော သူ တို့တွင်၊ မတရား သော လှည့်ဖြား ခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား ၊ ထိုသူ တို့သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား ၌ မွေ့လျော် သော စိတ်ကို မ ခံ မယူကြ။
11Καὶ διὰ τοῦτο πέμψει αὐτοῖς ὁ Θεὸς ἐνέργειαν πλάνης, εἰς τὸ πιστεῦσαι αὐτοὺς τῷ ψεύδει·
11ထိုကြောင့် ၊ သမ္မာတရား ကို မ ယုံ ဘဲ၊ မတရား သောအမှု၌ မွေ့လျော် သောသူ အပေါင်း တို့သည်။
12ἵνα κριθῶσι πάντες οἱ μὴ πιστεύσαντες τῇ ἀληθείᾳ, ἀλλ᾿ εὐδοκήσαντες ἐν τῇ ἀδικίᾳ.
12တရား ရှုံးခြင်းသို့ရောက်မည်အကြောင်း ၊ မုသာ စကားကို ယုံ စိမ့်သောငှာ၊ မိစ္ဆာဒိဌိ ပြုပြင်အားထုတ်ခြင်းအခွင့်ကိုသူ တို့၌ ဘုရားသခင် လွှတ် တော်မူလိမ့်မည်။
13Ἡμεῖς δὲ ὀφείλομεν εὐχαριστεῖν τῷ Θεῷ πάντοτε περὶ ὑμῶν, ἀδελφοὶ ἠγαπημένοι ὑπὸ Κυρίου, ὅτι εἵλετο ὑμᾶς ὁ Θεὸς ἀπ᾿ ἀρχῆς εἰς σωτηρίαν ἐν ἁγιασμῷ πνεύματος, καὶ πίστει ἀληθείας·
13သို့သော်လည်း ၊ သခင် ဘုရား ချစ် တော်မူသော ညီအစ်ကို တို့၊ သင်တို့သည် စိတ် သန့်ရှင်း ခြင်း၊ သမ္မာတရား ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင် ခြင်းသို့ရောက်စိမ့်သောငှာ ၊ ဘုရားသခင် သည် ရှေ့ဦးစွာ ပင်သင် တို့ကို ရွေးကောက် တော်မူသည်ဖြစ်၍ ၊ ငါ တို့သည် သင် တို့ကြောင့် ဘုရားသခင် ၏ ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။
14εἰς ὃ ἐκάλεσεν ὑμᾶς διὰ τοῦ εὐαγγελίου ἡμῶν, εἰς περιποίησιν δόξης τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ.
14ထိုသို့အလိုငှာ ငါ တို့ဧဝံဂေလိ တရားအားဖြင့် သင် တို့ကိုခေါ် တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ ဘုန်း ကို ပိုင်ရ မည်အကြောင်း တည်း။
15Ἄρα οὖν, ἀδελφοί, στήκετε, καὶ κρατεῖτε τὰς παραδόσεις ἃς ἐδιδάχθητε, εἴτε διὰ λόγου, εἴτε δι᾿ ἐπιστολῆς ἡμῶν.
15ထိုကြောင့် ၊ ညီအစ်ကို တို့၊ ငါ တို့နှုတ်ထွက်စကား အားဖြင့် ဖြစ်စေ ၊ စာ အားဖြင့် ဖြစ်စေ ၊ သင်တို့သည် သင် ခဲ့ပြီးသော နည်း ဥပဒေသများကို တည်ကြည် လျက် ကိုင်ယူ စွဲလမ်းကြလော့။
16Αὐτὸς δὲ ὁ Κύριος ἡμῶν Ἰησοῦς Χριστός, καὶ ὁ Θεὸς καὶ πατὴρ ἡμῶν ὁ ἀγαπήσας ἡμᾶς, καὶ δοὺς παράκλησιν αἰωνίαν καὶ ἐλπίδα ἀγαθὴν ἐν χάριτι,
16ငါ တို့ကိုချစ် တော်မူ၍ ၊ ထာဝရ သက်သာ ခြင်းအကြောင်းကို၎င်း ၊
17παρακαλέσαι ὑμῶν τὰς καρδίας, καὶ στηρίξαι ὑμᾶς ἐν παντὶ λόγῳ καὶ ἔργῳ ἀγαθῷ.
17ကျေးဇူး တော်အားဖြင့် ကောင်း သော မြော်လင့် ခြင်းအကြောင်းကို၎င်း ပေး တော်မူသောငါ တို့အဘ တည်းဟူသောဘုရားသခင် နှင့်၊ ငါ တို့သခင် ယေရှု ခရစ် သည် ကိုယ်တော် တိုင်၊ သင် တို့စိတ် နှလုံးကို သက်သာ စေ၍ ၊ ကောင်း သောစကား ၊ ကောင်းသောအမှု အမျိုးမျိုး ၌ သင်တို့ကို မြဲမြံ စေတော်မူပါစေသော။
Tip: use the ← and → keys to turn chapters.