ΘΕΣΣΑΛΟΝΙΚΕΙΣ Β΄
Chapter 2

ΘΕΣΣΑΛΟΝΙΚΕΙΣ Β΄

Greek New Testament: Byz…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΘΕΣΣΑΛΟΝΙΚΕΙΣ Β΄ 2

Greek New Testament: Byzantine Text (Robinson–Pierpont 2018)
Judson Burmese Bible (1840)
1ερωτωμεν δε υμασ αδελφοι υπερ τησ παρουσιασ του κυριου ημων ιησου χριστου και ημων επισυναγωγησ επ αυτον
1ညီအစ်ကို တို့၊ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူ၍ ၊ ငါ တို့သည်အထံ တော်၌ စည်းဝေး ခြင်းအရာမှာ၊ သခင် ဘုရား၏ နေ့ရက် သည် ချက်ခြင်းရောက် မည်ဟူ၍စိတ်ဝိညာဉ် အားဖြင့် ဖြစ်စေ၊ နှုတ်ထွက်စကား အားဖြင့် ဖြစ်စေ၊ ငါ တို့စာ ကဲ့သို့သော စာအားဖြင့် ဖြစ်စေ၊
2εισ το μη ταχεωσ σαλευθηναι υμασ απο του νοοσ μητε θροεισθαι μητε δια πνευματοσ μητε δια λογου μητε δι επιστολησ ωσ δι ημων ωσ οτι ενεστηκεν η ημερα του χριστου
2သင် တို့သည် စိတ် ရွေ့လျော့ ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း၊ အလျင်တဆော မ ရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။
3μη τισ υμασ εξαπατηση κατα μηδενα τροπον οτι εαν μη ελθη η αποστασια πρωτον και αποκαλυφθη ο ανθρωποσ τησ αμαρτιασ ο υιοσ τησ απωλειασ
3အဘယ်သူ မျှသင် တို့ကို အဘယ်သို့ သောအားဖြင့် မ လှည့်ဖြား စေနှင့်၊ ထိုနေ့ရက်မ ရောက် မှီ ဖောက်ပြန် သင်းခွဲသည့်အရင် ဖြစ်၍၊ ဒုစရိုက် လူ တည်းဟူသောပျက်စီး ခြင်း၏ သား သည်ပေါ်လာ ရလိမ့်မည်။
4ο αντικειμενοσ και υπεραιρομενοσ επι παντα λεγομενον θεον η σεβασμα ωστε αυτον εισ τον ναον του θεου ωσ θεον καθισαι αποδεικνυντα εαυτον οτι εστιν θεοσ
4ထိုသူ သည် ဘုရားသခင်ဟူ၍၎င်း ၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ် သမျှ သောအရာတို့ကို ရန်ဘက် ပြု၍၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင် ၏ ဗိမာန် တော်၌ ဘုရားသခင် ကဲ့သို့ ထိုင် ၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ် ကိုပြ သောသူဖြစ် သတည်း။
5ου μνημονευετε οτι ετι ων προσ υμασ ταυτα ελεγον υμιν
5ငါသည် သင် တို့နှင့်အတူ ရှိ စဉ်အခါ ၊ ထို အကြောင်းအရာများကို ပြော ပြီဟုသင် တို့သည် သတိ မ ရ ကြသလော။
6και νυν το κατεχον οιδατε εισ το αποκαλυφθηναι αυτον εν τω εαυτου καιρω
6ထိုသူ သည် မိမိ ကာလ အချိန်၌ ထင်ရှား စေခြင်းငှာ၊ ယခု ဆီးတား သောအကြောင်း ကိုလည်း သင်တို့ သိ ကြ၏။
7το γαρ μυστηριον ηδη ενεργειται τησ ανομιασ μονον ο κατεχων αρτι εωσ εκ μεσου γενηται
7အဘယ်သို့ နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မ အရာသည် ယခုပင် ပြုပြင် ဆဲရှိ၏။ သို့သော်လည်းဆီးတားသောသူ သည် ပယ်ရှင်းခြင်းသို့ မ ရောက်မှီတိုင်အောင်ဆီးတား လိမ့်မည်။
8και τοτε αποκαλυφθησεται ο ανομοσ ον ο κυριοσ αναλωσει τω πνευματι του στοματοσ αυτου και καταργησει τη επιφανεια τησ παρουσιασ αυτου
8ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထို အဓမ္မ လူသည် ထင်ရှား လိမ့်မည်။ ထိုအဓမ္မ လူကို သခင် ယေရှု သည် နှုတ်ထွက် ဝိညာဉ် တော်အားဖြင့် ဖျက်ဆီး ၍၊ ကြွလာ တော်မူခြင်း၏ ရောင်ခြည် အားဖြင့် ပယ်ရှား တော်မူလိမ့်မည်။
9ου εστιν η παρουσια κατ ενεργειαν του σατανα εν παση δυναμει και σημειοισ και τερασιν ψευδουσ
9ထိုအဓမ္မ လူ၏ လာ ခြင်းအကြောင်း ဟူမူကား၊ စာတန် ပြုပြင် သောအားဖြင့် မုသာ နှင့် စပ်ဆိုင်သော ထူးဆန်း သောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုအမျိုးမျိုး နှင့် ၎င်း ၊
10και εν παση απατη τησ αδικιασ εν τοισ απολλυμενοισ ανθ ων την αγαπην τησ αληθειασ ουκ εδεξαντο εισ το σωθηναι αυτουσ
10ပျက်စီး ခြင်းသို့ရောက်သော သူ တို့တွင်၊ မတရား သော လှည့်ဖြား ခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား ၊ ထိုသူ တို့သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား ၌ မွေ့လျော် သော စိတ်ကို မ ခံ မယူကြ။
11και δια τουτο πεμψει αυτοισ ο θεοσ ενεργειαν πλανησ εισ το πιστευσαι αυτουσ τω ψευδει
11ထိုကြောင့် ၊ သမ္မာတရား ကို မ ယုံ ဘဲ၊ မတရား သောအမှု၌ မွေ့လျော် သောသူ အပေါင်း တို့သည်။
12ινα κριθωσιν παντεσ οι μη πιστευσαντεσ τη αληθεια αλλ ευδοκησαντεσ εν τη αδικια
12တရား ရှုံးခြင်းသို့ရောက်မည်အကြောင်း ၊ မုသာ စကားကို ယုံ စိမ့်သောငှာ၊ မိစ္ဆာဒိဌိ ပြုပြင်အားထုတ်ခြင်းအခွင့်ကိုသူ တို့၌ ဘုရားသခင် လွှတ် တော်မူလိမ့်မည်။
13ημεισ δε οφειλομεν ευχαριστειν τω θεω παντοτε περι υμων αδελφοι ηγαπημενοι υπο κυριου οτι ειλετο υμασ ο θεοσ απ αρχησ εισ σωτηριαν εν αγιασμω πνευματοσ και πιστει αληθειασ
13သို့သော်လည်း ၊ သခင် ဘုရား ချစ် တော်မူသော ညီအစ်ကို တို့၊ သင်တို့သည် စိတ် သန့်ရှင်း ခြင်း၊ သမ္မာတရား ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင် ခြင်းသို့ရောက်စိမ့်သောငှာ ၊ ဘုရားသခင် သည် ရှေ့ဦးစွာ ပင်သင် တို့ကို ရွေးကောက် တော်မူသည်ဖြစ်၍ ၊ ငါ တို့သည် သင် တို့ကြောင့် ဘုရားသခင် ၏ ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။
14εισ ο εκαλεσεν υμασ δια του ευαγγελιου ημων εισ περιποιησιν δοξησ του κυριου ημων ιησου χριστου
14ထိုသို့အလိုငှာ ငါ တို့ဧဝံဂေလိ တရားအားဖြင့် သင် တို့ကိုခေါ် တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ ဘုန်း ကို ပိုင်ရ မည်အကြောင်း တည်း။
15αρα ουν αδελφοι στηκετε και κρατειτε τασ παραδοσεισ ασ εδιδαχθητε ειτε δια λογου ειτε δι επιστολησ ημων
15ထိုကြောင့် ၊ ညီအစ်ကို တို့၊ ငါ တို့နှုတ်ထွက်စကား အားဖြင့် ဖြစ်စေ ၊ စာ အားဖြင့် ဖြစ်စေ ၊ သင်တို့သည် သင် ခဲ့ပြီးသော နည်း ဥပဒေသများကို တည်ကြည် လျက် ကိုင်ယူ စွဲလမ်းကြလော့။
16αυτοσ δε ο κυριοσ ημων ιησουσ χριστοσ και ο θεοσ και πατηρ ημων ο αγαπησασ ημασ και δουσ παρακλησιν αιωνιαν και ελπιδα αγαθην εν χαριτι
16ငါ တို့ကိုချစ် တော်မူ၍ ၊ ထာဝရ သက်သာ ခြင်းအကြောင်းကို၎င်း ၊
17παρακαλεσαι υμων τασ καρδιασ και στηριξαι υμασ εν παντι λογω και εργω αγαθω
17ကျေးဇူး တော်အားဖြင့် ကောင်း သော မြော်လင့် ခြင်းအကြောင်းကို၎င်း ပေး တော်မူသောငါ တို့အဘ တည်းဟူသောဘုရားသခင် နှင့်၊ ငါ တို့သခင် ယေရှု ခရစ် သည် ကိုယ်တော် တိုင်၊ သင် တို့စိတ် နှလုံးကို သက်သာ စေ၍ ၊ ကောင်း သောစကား ၊ ကောင်းသောအမှု အမျိုးမျိုး ၌ သင်တို့ကို မြဲမြံ စေတော်မူပါစေသော။

Tip: use the ← and → keys to turn chapters.