ΠΡΟΣ ΤΙΜΟΘΕΟΝ Α΄ 1
Greek New Testament: Byzantine Text (Robinson–Pierpont 2018)Original language
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
Judson Burmese Bible (1840)
1παυλοσ αποστολοσ ιησου χριστου κατ επιταγην θεου σωτηροσ ημων και κυριου ιησου χριστου τησ ελπιδοσ ημων
1ငါ တို့ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် နှင့်၊ ငါ တို့မြော်လင့် ခြင်းအကြောင်းဖြစ်သော ယေရှု ခရစ် ၏ ပညတ် တော်အားဖြင့် ၊ ထိုသခင်၏ တမန်တော် ဖြစ်သော ငါပေါလု သည်
2τιμοθεω γνησιω τεκνω εν πιστει χαρισ ελεοσ ειρηνη απο θεου πατροσ ημων και χριστου ιησου του κυριου ημων
2ယုံကြည် ခြင်းအားဖြင့် ငါသား စစ် ဖြစ်သော တိမောသေ ကို ကြားလိုက်ပါ၏။ ငါ တို့သခင် ယေရှု ခရစ် နှင့် ငါတို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက် ခြင်းရှိပါစေသော။
3καθωσ παρεκαλεσα σε προσμειναι εν εφεσω πορευομενοσ εισ μακεδονιαν ινα παραγγειλησ τισιν μη ετεροδιδασκαλειν
3ခြားနားသော အယူဝါဒသစ်ကို မ သွန်သင် ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီ စကားကို နားမထောင်နှင့်ဟူ၍၎င်း၊ ယုံကြည် ခြင်း၌ တည်သော ဘုရားသခင် ၏ သာသနာ တော်ကို ပြုစု သည်ထက် ၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ပြုစုတတ်သော၊ ပြင်ဆင်၍ မ ကုန်နိုင်သော ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင် သည် အချို့သော သူတို့ကို ပညတ်ထား၍
4μηδε προσεχειν μυθοισ και γενεαλογιαισ απεραντοισ αιτινεσ ζητησεισ παρεχουσιν μαλλον η οικονομιαν θεου την εν πιστει
4ဧဖက် မြို့၌ နေရစ် စေခြင်းငှာ၊ ငါသည် မာကေဒေါနိ ပြည်သို့ သွား သောအခါ၊ တောင်းပန် သည်အတိုင်း နေရစ်လော့။
5το δε τελοσ τησ παραγγελιασ εστιν αγαπη εκ καθαρασ καρδιασ και συνειδησεωσ αγαθησ και πιστεωσ ανυποκριτου
5ထိုသို့ပညတ် ထားခြင်း၏ အချုပ်အခြာ မူကား ၊ စင်ကြယ် သော စိတ် နှလုံးနှင့် ၎င်း၊ ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင် ခြင်းနှင့်၎င်း၊ မှန် သောယုံကြည် ခြင်းနှင့် ၎င်း၊ စပ်ဆိုင် သော ချစ် ခြင်းမေတ္တာဖြစ် သတည်း။
6ων τινεσ αστοχησαντεσ εξετραπησαν εισ ματαιολογιαν
6ထိုသို့သောအကျင့်ကိုလူအချို့ တို့သည် အမြဲမကျင့်၊ အချည်းနှီး သောစကားပြောခြင်းသို့ လွှဲ သွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြော သောအရာ ကို နား မ လည်။
7θελοντεσ ειναι νομοδιδασκαλοι μη νοουντεσ μητε α λεγουσιν μητε περι τινων διαβεβαιουνται
7အဘယ်သို့ သောတရားဘက်၌ မိမိတို့ခိုင်မာစွာနေသည်ကို မ သိဘဲလျက်၊ နိဿရည်း ဆရာလုပ်ချင် ကြ သည်တကား ။
8οιδαμεν δε οτι καλοσ ο νομοσ εαν τισ αυτω νομιμωσ χρηται
8ပညတ် တရားကို တရား သဖြင့်ကျင့်သောသူ အဘို့ မ ထား ၊ မတရား သဖြင့် ကျင့်သောသူ၊ နား မထောင်သောသူ၊ ဘုရား ကိုမကိုးကွယ်သောသူ၊ အပြစ် ထင်ရှားသောသူ၊ မ သန့်ရှင်းသောသူ
9ειδωσ τουτο οτι δικαιω νομοσ ου κειται ανομοισ δε και ανυποτακτοισ ασεβεσιν και αμαρτωλοισ ανοσιοισ και βεβηλοισ πατρολωαισ και μητρολωαισ ανδροφονοισ
9ဘုရားတရားကိုမရိုမသေ ပြုသောသူ၊ မိဘ ကိုညှဉ်းဆဲသောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ယောက်ျား ချင်းမေထုန်ကိုပြုသောသူ၊ လူ ကိုခိုးသွားသောသူ၊ မုသာ စကားကိုသုံးသောသူ
10πορνοισ αρσενοκοιταισ ανδραποδισταισ ψευσταισ επιορκοισ και ει τι ετερον τη υγιαινουση διδασκαλια αντικειται
10မ ဟုတ်မမှန်ဘဲကျိန်ဆိုသောသူမှစ၍ ၊ စင်ကြယ် သောဩဝါဒ နှင့် ဆန့်ကျင်ဘက် ဖြစ်သမျှတို့အဘို့ ပညတ် တရားကို ထားသည်ဟု သိမှတ် ၍၊ ထိုတရားကိုတရားသဖြင့်သုံး သောသူ ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိ ကြ၏။
11κατα το ευαγγελιον τησ δοξησ του μακαριου θεου ο επιστευθην εγω
11ထိုသို့ဆိုသော်၊ မင်္ဂလာ ရှိတော်မူသော ဘုရားသခင် ၏ဘုန်းကြီး သော ဧဝံဂေလိ တရားနှင့်ညီသတည်း။
12και χαριν εχω τω ενδυναμωσαντι με χριστω ιησου τω κυριω ημων οτι πιστον με ηγησατο θεμενοσ εισ διακονιαν
12ထိုတရား ကို ငါ ၌အပ်ပေး တော်မူသည်ဖြစ်၍၊ ငါ့ ကိုခွန်အား နှင့် ပြည့်စုံစေတော်မူသော ငါ တို့သခင် ယေရှု ခရစ် ၏ကျေးဇူး တော်ကို ငါချီးမွမ်း၏။
13τον προτερον οντα βλασφημον και διωκτην και υβριστην αλλα ηλεηθην οτι αγνοων εποιησα εν απιστια
13ငါ သည်ကဲ့ရဲ့ သောသူ၊ ညဉ်းဆဲ သောသူ၊ ကြမ်းကြုတ် သောသူဖြစ်ဘူးသော်လည်း ၊ သစ္စာ ရှိသောသူဟု ထိုသခင်သည် မှတ် ၍၊ ဓမ္မဆရာ အရာ၌ ခန့်ထား တော်မူ၏။ ထိုသို့ငါပြု သောအခါယုံ ခြင်းမရှိ ၊ အမှန်မ သိဘဲ ပြုသောကြောင့် ၊ ကရုဏာ တော်ကိုငါခံရပြီ။
14υπερεπλεονασεν δε η χαρισ του κυριου ημων μετα πιστεωσ και αγαπησ τησ εν χριστω ιησου
14ငါ တို့သခင် ဘုရား၏ ကျေးဇူး တော်သည်လည်း ယေရှု ခရစ် ၌ ယုံကြည် ခြင်း၊ ချစ် ခြင်းနှင့်တကွ ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ။
15πιστοσ ο λογοσ και πασησ αποδοχησ αξιοσ οτι χριστοσ ιησουσ ηλθεν εισ τον κοσμον αμαρτωλουσ σωσαι ων πρωτοσ ειμι εγω
15ယေရှု ခရစ် သည် အပြစ် ရှိသောသူတို့ကို ကယ်တင် ခြင်းငှာ၊ ဤလောက သို့ ကြွလာ တော်မူသည် ဟူသော စကားသည် သစ္စာ စကားဖြစ် ၏။ အကြွင်းမဲ့ ခံယူ အပ် သောစကား လည်း ဖြစ်၏။ အပြစ်ရှိသော သူ တို့တွင် ငါ သည် အကြီးဆုံးဖြစ် ၏။
16αλλα δια τουτο ηλεηθην ινα εν εμοι πρωτω ενδειξηται ιησουσ χριστοσ την πασαν μακροθυμιαν προσ υποτυπωσιν των μελλοντων πιστευειν επ αυτω εισ ζωην αιωνιον
16သို့သော်လည်း ၊ ထာဝရ အသက် အလိုငှာ ယုံကြည် လတံ့သော သူ တို့လိုက်စရာ ပုံ သက်သေဖြစ်စေခြင်းငှာ၊ အကြီးဆုံး သောအပြစ်ရှိသော ငါ ၌ ၊ ယေရှု ခရစ် သည် ခပ်သိမ်း သောခန္တီ တော်ကို ပြ တော်မူမည် အကြောင်း ၊ ငါ့ကိုသနား တော်မူပြီ။
17τω δε βασιλει των αιωνων αφθαρτω αορατω μονω σοφω θεω τιμη και δοξα εισ τουσ αιωνασ των αιωνων αμην
17လောက ဓါတ်တို့၏ ဘုရင် တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူသော၊ မျက်မြင် မရ၊ အရူပဖြစ်တော်မူသော၊ တဆူတည်း သောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဂုဏ် အသရေ၊ ဘုန်း အာနုဘော်ရှိတော်မူစေသတည်း။ အာမင် ။
18ταυτην την παραγγελιαν παρατιθεμαι σοι τεκνον τιμοθεε κατα τασ προαγουσασ επι σε προφητειασ ινα στρατευη εν αυταισ την καλην στρατειαν
18ငါ့သား တိမောသေ ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိ စကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်း သောစစ် ကို တိုက်စေခြင်းငှာ ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။
19εχων πιστιν και αγαθην συνειδησιν ην τινεσ απωσαμενοι περι την πιστιν εναυαγησαν
19ထိုယုံကြည် ခြင်းမှစသည်တို့ကို အချို့ သောသူ တို့သည် ပယ် ပြီးလျှင်၊ ယုံကြည် ခြင်းသင်္ဘော ပျက်၍ ဆုံးရှုံးကြပြီ။
20ων εστιν υμεναιοσ και αλεξανδροσ ουσ παρεδωκα τω σατανα ινα παιδευθωσιν μη βλασφημειν
20ထိုသူ တို့တွင် ဟုမေနဲ နှင့် အာလေဇန္ဒြု ပါ သတည်း။ ထိုသူ တို့သည် ကဲ့ရဲ့ သောစကားကို ကြဉ်ရှောင်ခြင်းငှာသင် ရမည်အကြောင်း ၊ စာတန် ၏ လက်သို့ငါအပ် လိုက်ခဲ့ပြီ။
Tip: use the ← and → keys to turn chapters.