ΠΡΟΣ ΤΙΜΟΘΕΟΝ Α
Chapter 3

ΠΡΟΣ ΤΙΜΟΘΕΟΝ Α

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΡΟΣ ΤΙΜΟΘΕΟΝ Α 3

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Πιστὸς ὁ λόγος· εἴ τις ἐπισκοπῆς ὀρέγεται, καλοῦ ἔργου ἐπιθυμεῖ.
1သင်းအုပ် အရာကို တောင့်တ သောသူ သည် ကောင်း သော အမှုအရာ ကို တောင့်တ သည်ဟုသော စကားသည် မှန် သောစကား ဖြစ် ၏။
2Δεῖ οὖν τὸν ἐπίσκοπον ἀνεπίληπτον εἶναι, μιᾶς γυναικὸς ἄνδρα, νηφάλιον, σώφρονα, κόσμιον, φιλόξενον, διδακτικόν·
2ထိုကြောင့် ၊ သင်းအုပ် သည် အပြစ်တင် ခွင့်နှင့် ကင်းလွတ်သောသူ၊ မယား တစ်ယောက်တည်း ရှိသောသူ၊ သမ္မာ သတိရှိသောသူ၊ ဣန္ဒြေ စောင့်သောသူ၊ လျောက်ပတ် စွာ ကျင့်သောသူ၊ ဧည့်သည် ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမ ဩဝါဒပေးတတ်သောသူ ဖြစ် ရ မည်။
3μὴ πάροινον, μὴ πλήκτην, μὴ αἰσχροκερδῆ, ἀλλ᾿ ἐπιεικῆ, ἄμαχον, ἀφιλάργυρον·
3စပျစ်ရည် နှင့်ပျော်မွေ့ခြင်း၊ သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မ စင်ကြယ်သော စီးပွားကိုတပ်မက်ခြင်းမ ရှိ၊ စိတ် ဖြည်းညှင်းသောသူ၊ ရန် မတွေ့တတ်သောသူ၊ ငွေ ကို မတပ်မက်သောသူဖြစ်ရမည်။
4τοῦ ἰδίου οἴκου καλῶς προϊστάμενον, τέκνα ἔχοντα ἐν ὑποταγῇ μετὰ πάσης σεμνότητος.
4မိမိ အိမ် ကိုကောင်းမွန် စွာ အုပ်စိုး ၍ သမ္မာ သမာဓိရှိ သည်နှင့် ၊ မိမိ သားသမီး ကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။
5Εἰ δέ τις τοῦ ἰδίου οἴκου προστῆναι οὐκ οἶδε, πῶς ἐκκλησίας Θεοῦ ἐπιμελήσεται;
5မိမိ အိမ် ကိုမ အုပ်စိုး တတ်လျှင် ၊ ဘုရားသခင် ၏ အသင်းတော် ကို အဘယ်သို့ ပြုစု လိမ့်မည်နည်း။
6Μὴ νεόφυτον, ἵνα μὴ τυφωθεὶς εἰς κρίμα ἐμπέσῃ τοῦ διαβόλου.
6မာန နှင့်ယစ်မူးလျက်၊ မာရ်နတ် ၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာ ရှိ၍၊ ဘာသာဝင် လူသစ် မ ဖြစ်ရ။
7Δεῖ δὲ αὐτὸν καὶ μαρτυρίαν καλὴν ἔχειν ἀπὸ τῶν ἔξωθεν, ἵνα μὴ εἰς ὀνειδισμὸν ἐμπέσῃ καὶ παγίδα τοῦ διαβόλου.
7ကဲ့ရဲ့ ပြစ်တင်ခြင်း၊ မာရ်နတ် ဘမ်းမိ ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ပြင်ပ လူတို့တွင် အသရေရှိ သောသူ ဖြစ်ရ မည်။
8Διακόνους ὡσαύτως σεμνούς, μὴ διλόγους, μὴ οἴνῳ πολλῷ προσέχοντας, μὴ αἰσχροκερδεῖς,
8ထိုနည်းတူ ၊ သင်းထောက် တို့သည် တည်ကြည် သောသူ ဖြစ်ရကြမည်။ လျှာ နှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည် ကိုသောက်ကြူးသောသူ၊ မ စင်ကြယ်သော စီးပွားကို တပ်မက်သောသူ မ ဖြစ်ရကြ။
9ἔχοντας τὸ μυστήριον τῆς πίστεως ἐν καθαρᾷ συνειδήσει.
9ကိုယ်ကိုကိုယ် သိသောစိတ် စင်ကြယ် သည်နှင့် ၊ ယုံကြည် ခြင်း၏ နက်နဲ သောအရာကို စွဲလမ်း သောသူ ဖြစ်ရကြမည်။
10Καὶ οὗτοι δὲ δοκιμαζέσθωσαν πρῶτον, εἶτα διακονείτωσαν, ἀνέγκλητοι ὄντες.
10သူ တို့သည်လည်း ရှေ့မဆွ ကစုံစမ်း ခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင် ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ် ကြစေ။
11Γυναῖκας ὡσαύτως σεμνάς, μὴ διαβόλους, νηφαλίους, πιστὰς ἐν πᾶσι.
11ထိုနည်းတူ ၊ မိန်းမ တို့သည် တည်ကြည် သောသူဖြစ်ရမည်။ ချောစား တတ်သောသူမ ဟုတ်။ သမ္မာ သတိရှိသောသူ၊ အရာရာ ၌ သစ္စာရှိ သောသူဖြစ်ရကြမည်။
12Διάκονοι ἔστωσαν μιᾶς γυναικὸς ἄνδρες, τέκνων καλῶς προϊστάμενοι καὶ τῶν ἰδίων οἴκων.
12သင်းထောက် သည် မယား တစ်ယောက်တည်း ရှိ ရမည်။ မိမိ သားသမီး နှင့် အိမ်သူ အိမ်သားတို့ကို ကောင်းမွန် စွာ အုပ်ချုပ် သောသူဖြစ်ရမည်။
13Οἱ γὰρ καλῶς διακονήσαντες βαθμὸν ἑαυτοῖς καλὸν περιποιοῦνται, καὶ πολλὴν παρρησίαν ἐν πίστει τῇ ἐν Χριστῷ Ἰησοῦ.
13အကြောင်းမူကား ၊ သင်းထောက်အမှုကို ကောင်း စွာရွက်ဆောင် သော သူ တို့သည် မိမိ တို့အဘို့ ကောင်း သောအရာကို၎င်း၊ ယေရှု ခရစ် ၏ ယုံကြည် ခြင်း၌ ရဲရင့် ခြင်းသတ္တိကို၎င်း အမြတ်ရကြ၏။
14Ταῦτά σοι γράφω, ἐλπίζων ἐλθεῖν πρός σε τάχιον·
14သင် ရှိရာသို့ ငါမြန်မြန် လာ မည်ဟု မြော်လင့် ခြင်းရှိသော်လည်း တာရှည် စွာနေလျှင် ၊ သင်သည် ဘုရားသခင် ၏အိမ် တော်၌ အဘယ်သို့ ကျင့်ကြံ ပြုမူရမည်ကို သိ စေခြင်းငှာ ဤသို့ငါရေး ၍ ပေးလိုက်၏။ ထိုအိမ် တော်ကား၊ အသက် ရှင်တော်မူသောဘုရားသခင် ၏အသင်းတော် ဖြစ် ၏။
15ἐὰν δὲ βραδύνω, ἵνα εἰδῇς πῶς δεῖ ἐν οἴκῳ Θεοῦ ἀναστρέφεσθαι, ἥτις ἐστὶν ἐκκλησία Θεοῦ ζῶντος, στύλος καὶ ἑδραίωμα τῆς ἀληθείας.
15ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲ ဖြစ်၏။ သမ္မာတရား ၏တည် ရာလည်း ဖြစ်၏။
16Καὶ ὁμολογουμένως μέγα ἐστὶ τὸ τῆς εὐσεβείας μυστήριον· Θεὸς ἐφανερώθη ἐν σαρκί, ἐδικαιώθη ἐν πνεύματι, ὤφθη ἀγγέλοις, ἐκηρύχθη ἐν ἔθνεσιν, ἐπιστεύθη ἐν κόσμῳ, ἀνελήφθη ἐν δόξῃ.
16မှန် သောကိုးကွယ်ခြင်း၏ နက်နဲ သောအရာသည် ကြီးစွာ သောအရာဖြစ် သည်ဟု ငြင်းခုံ ရန်မရှိ။ ဘုရားသခင် သည် ကိုယ်ခန္ဓါ ၌ ပေါ်ထွန်း တော်မူပြီ။ ဟုတ်မှန် တော်မူခြင်းအကြောင်းသည် ဝိညာဉ် တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန် တို့သည် ကိုယ်တော်ကို ရှုမြင် ရကြပြီ။ တစ်ပါး အမျိုးသားတို့သည် သိတင်းတော်ကို ကြား ရကြပြီ။ လောကီသား တို့သည် ယုံကြည် ရကြပြီ။ ဘုန်း အသရေနှင့်တကွ အထက် သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။

Tip: use the ← and → keys to turn chapters.