1 Timothy
Chapter 3

1 Timothy

World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

1 Timothy 3

World English Bible
Judson Burmese Bible (1840)
1This is a faithful saying: someone who seeks to be an overseer desires a good work.
1သင်းအုပ် အရာကို တောင့်တ သောသူ သည် ကောင်း သော အမှုအရာ ကို တောင့်တ သည်ဟုသော စကားသည် မှန် သောစကား ဖြစ် ၏။
2The overseer therefore must be without reproach, the husband of one wife, temperate, sensible, modest, hospitable, good at teaching;
2ထိုကြောင့် ၊ သင်းအုပ် သည် အပြစ်တင် ခွင့်နှင့် ကင်းလွတ်သောသူ၊ မယား တစ်ယောက်တည်း ရှိသောသူ၊ သမ္မာ သတိရှိသောသူ၊ ဣန္ဒြေ စောင့်သောသူ၊ လျောက်ပတ် စွာ ကျင့်သောသူ၊ ဧည့်သည် ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမ ဩဝါဒပေးတတ်သောသူ ဖြစ် ရ မည်။
3not a drinker, not violent, not greedy for money, but gentle, not quarrelsome, not covetous;
3စပျစ်ရည် နှင့်ပျော်မွေ့ခြင်း၊ သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မ စင်ကြယ်သော စီးပွားကိုတပ်မက်ခြင်းမ ရှိ၊ စိတ် ဖြည်းညှင်းသောသူ၊ ရန် မတွေ့တတ်သောသူ၊ ငွေ ကို မတပ်မက်သောသူဖြစ်ရမည်။
4one who rules his own house well, having children in subjection with all reverence;
4မိမိ အိမ် ကိုကောင်းမွန် စွာ အုပ်စိုး ၍ သမ္မာ သမာဓိရှိ သည်နှင့် ၊ မိမိ သားသမီး ကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။
5(for how could someone who doesn’t know how to rule his own house take care of God’s assembly?)
5မိမိ အိမ် ကိုမ အုပ်စိုး တတ်လျှင် ၊ ဘုရားသခင် ၏ အသင်းတော် ကို အဘယ်သို့ ပြုစု လိမ့်မည်နည်း။
6not a new convert, lest being puffed up he fall into the same condemnation as the devil.
6မာန နှင့်ယစ်မူးလျက်၊ မာရ်နတ် ၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာ ရှိ၍၊ ဘာသာဝင် လူသစ် မ ဖြစ်ရ။
7Moreover he must have good testimony from those who are outside, to avoid falling into reproach and the snare of the devil.
7ကဲ့ရဲ့ ပြစ်တင်ခြင်း၊ မာရ်နတ် ဘမ်းမိ ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ပြင်ပ လူတို့တွင် အသရေရှိ သောသူ ဖြစ်ရ မည်။
8Servants, in the same way, must be reverent, not double-tongued, not addicted to much wine, not greedy for money,
8ထိုနည်းတူ ၊ သင်းထောက် တို့သည် တည်ကြည် သောသူ ဖြစ်ရကြမည်။ လျှာ နှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည် ကိုသောက်ကြူးသောသူ၊ မ စင်ကြယ်သော စီးပွားကို တပ်မက်သောသူ မ ဖြစ်ရကြ။
9holding the mystery of the faith in a pure conscience.
9ကိုယ်ကိုကိုယ် သိသောစိတ် စင်ကြယ် သည်နှင့် ၊ ယုံကြည် ခြင်း၏ နက်နဲ သောအရာကို စွဲလမ်း သောသူ ဖြစ်ရကြမည်။
10Let them also first be tested; then let them serve if they are blameless.
10သူ တို့သည်လည်း ရှေ့မဆွ ကစုံစမ်း ခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင် ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ် ကြစေ။
11Their wives in the same way must be reverent, not slanderers, temperate, and faithful in all things.
11ထိုနည်းတူ ၊ မိန်းမ တို့သည် တည်ကြည် သောသူဖြစ်ရမည်။ ချောစား တတ်သောသူမ ဟုတ်။ သမ္မာ သတိရှိသောသူ၊ အရာရာ ၌ သစ္စာရှိ သောသူဖြစ်ရကြမည်။
12Let servants be husbands of one wife, ruling their children and their own houses well.
12သင်းထောက် သည် မယား တစ်ယောက်တည်း ရှိ ရမည်။ မိမိ သားသမီး နှင့် အိမ်သူ အိမ်သားတို့ကို ကောင်းမွန် စွာ အုပ်ချုပ် သောသူဖြစ်ရမည်။
13For those who have served well gain for themselves a good standing and great boldness in the faith which is in Christ Jesus.
13အကြောင်းမူကား ၊ သင်းထောက်အမှုကို ကောင်း စွာရွက်ဆောင် သော သူ တို့သည် မိမိ တို့အဘို့ ကောင်း သောအရာကို၎င်း၊ ယေရှု ခရစ် ၏ ယုံကြည် ခြင်း၌ ရဲရင့် ခြင်းသတ္တိကို၎င်း အမြတ်ရကြ၏။
14These things I write to you, hoping to come to you shortly,
14သင် ရှိရာသို့ ငါမြန်မြန် လာ မည်ဟု မြော်လင့် ခြင်းရှိသော်လည်း တာရှည် စွာနေလျှင် ၊ သင်သည် ဘုရားသခင် ၏အိမ် တော်၌ အဘယ်သို့ ကျင့်ကြံ ပြုမူရမည်ကို သိ စေခြင်းငှာ ဤသို့ငါရေး ၍ ပေးလိုက်၏။ ထိုအိမ် တော်ကား၊ အသက် ရှင်တော်မူသောဘုရားသခင် ၏အသင်းတော် ဖြစ် ၏။
15but if I wait long, that you may know how men ought to behave themselves in God’s house, which is the assembly of the living God, the pillar and ground of the truth.
15ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲ ဖြစ်၏။ သမ္မာတရား ၏တည် ရာလည်း ဖြစ်၏။
16Without controversy, the mystery of godliness is great: God was revealed in the flesh, justified in the spirit, seen by angels, preached among the nations, believed on in the world, and received up in glory.
16မှန် သောကိုးကွယ်ခြင်း၏ နက်နဲ သောအရာသည် ကြီးစွာ သောအရာဖြစ် သည်ဟု ငြင်းခုံ ရန်မရှိ။ ဘုရားသခင် သည် ကိုယ်ခန္ဓါ ၌ ပေါ်ထွန်း တော်မူပြီ။ ဟုတ်မှန် တော်မူခြင်းအကြောင်းသည် ဝိညာဉ် တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန် တို့သည် ကိုယ်တော်ကို ရှုမြင် ရကြပြီ။ တစ်ပါး အမျိုးသားတို့သည် သိတင်းတော်ကို ကြား ရကြပြီ။ လောကီသား တို့သည် ယုံကြည် ရကြပြီ။ ဘုန်း အသရေနှင့်တကွ အထက် သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။

Tip: use the ← and → keys to turn chapters.