Leviticus
Chapter 24
Douay-Rheims Bible, Amer…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1And the Lord spoke to Moses, saying:
1တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2Command the children of Israel, that they bring unto thee the finest and dearest oil of olives, to furnish the lamps continually,
2ပရိသတ်စည်းဝေး ရာ တဲ တော်တွင် သက်သေခံ ချက် ကုလားကာ ပြင် မှာ မီးခုံ ၌ အစဉ် မပြတ်မီး ထွန်းရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ ယူသော သံလွင် ဆီ စစ် ကို၊ ဣသရေလ အမျိုးသား တို့သည် သင့် ထံ သို့ဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။
3Without the veil of the testimony in the tabernacle of the covenant. And Aaron shall set them from evening until morning before the Lord, by a perpetual service and rite in your generations.
3အာရုန် သည်လည်း၊ ညဦး မှ သည် နံနက် တိုင်အောင် ထာဝရဘုရား ရှေ့ တော်၌ ထိုအမှုကို စီရင် ရမည်။ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။
4They shall be set upon the most pure candlestick before the Lord continually.
4စင်ကြယ် သော မီးခုံ ၌ မီးခွက် များကို၊ အာရုန်သည် ထာဝရဘုရား ရှေ့ တော်မှာ အစဉ် အမြဲပြင်ဆင် ရမည်။
5Thou shalt take also fine hour, and shalt bake twelve leaves thereof, two tenths shall be in every loaf:
5သင်သည် မုန့်ညက် ကိုယူ ၍ ၊ မုန့် တလုံး လျှင် နှစ်ဩမဲစီ၊ မုန့်ဆယ် နှစ် လုံးကို လုပ် ပြီးလျှင်၊
6And thou shalt set them six and six one against another upon the most clean table before the Lord:
6ထာဝရဘုရား ရှေ့ စင်ကြယ် သော စားပွဲ ပေါ် မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက် လုံးစီ၊ နှစ် ပုံပုံ ရမည်။
7And thou shalt put upon them the dearest frankincense, that the bread may be for a memorial of the oblation of the Lord.
7ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောအောက်မေ့ တော်မူဘို့ ရာ ဖြစ်စေ ခြင်းငှါ ထိုမုန့်နှစ်ပုံပေါ် မှာ စင်ကြယ် သော လောဗန် ကို တင် ထားရမည်။
8Every sabbath they shall be changed before the Lord, being received of the children of Israel by an everlasting covenant:
8ထာဝရဘုရား၏ပဠိညာဉ်နှင့်အညီ၊ ဣသရေလ အမျိုးသား တို့ လက်မှ ခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရား ရှေ့ တော်၌ ဥပုဃ် နေ့ တိုင်းအစဉ် အမြဲပြင်ဆင် ရမည်။
9And they shall be Aaron’s and his sons’, that they may eat them in the holy place: because it is most holy of the sacrifices of the Lord by a perpetual right.
9ထိုမုန့်ကို အာရုန် နှင့် သူ ၏သား တို့သည် ပိုင်၍၊ သန့်ရှင်း ရာ ဌာန တော်၌ စား ရကြမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရ ပညတ် တော်အတိုင်း၊ အာရုန် အဘို့ အလွန်သန့်ရှင်း သော အရာဖြစ် သည်ဟု မိန့်တော်မူ၏။
10And behold there went out the son of a woman of Israel, whom she had of an Egyptian, among the children of Israel, and fell at words in the camp with a man of Israel.
10အဲဂုတ္တု လူ နှင့် ဣသရေလ မိန်းမ ရ၍ ဣသရေလ အမျိုးသား တို့နှင့်အတူ လိုက်လာ သောသား တယောက်သည်၊ တပ် ထဲ မှာ ဣသရေလ လူ နှင့် ရန်တွေ့ သဖြင့်၊
11And when he had blasphemed the name, and had cursed it, he was brought to Moses: (now his mother was called Salumith, the daughter of Dabri, of the tribe of Dan:)
11နာမ တော်ကို ပြစ်မှား လျက် ကျိန်ဆဲ လေ၏။ ထိုသူ ၏ အမိ ကား၊ ဒန် အမျိုး ၊ ဒိဗရိ သမီး ရှေလောမိတ် ဖြစ်သတည်း။
12And they put him into prison, till they might know what the Lord would command.
12ပြစ်မှားသောသူကို မောရှေ ထံ သို့ ဆောင် ယူခဲ့၍ ၊ ထာဝရဘုရား ၏ အလို တော်ကို မသိမှီတိုင်အောင်ချုပ် ထား ကြ၏။
13And the Lord spoke to Moses,
13ထာဝရဘုရား ကလည်း ၊ ကျိန်ဆဲ သောသူကို တပ် ပြင် သို့ ဆောင် သွား၍၊
14Saying: Bring forth the blasphemer without the camp, and let them that heard him, put their hands upon his head, and let all the people stone him.
14သူ၏စကားကို ကြား သော သူအပေါင်း တို့သည် သူ ၏ခေါင်း ပေါ် မှာ လက် ကိုတင် ပြီးမှ ၊ ပရိသတ် အပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြစေ။
15And thou shalt speak to the children of Israel: the man that curseth his God, shall bear his sin:
15သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ ၊ မိမိ ဘုရား သခင်ကို ကျိန်ဆဲ သောသူသည် မိမိ အပြစ် ကိုခံရ မည်။
16And he that blasphemeth the name of the Lord, dying let him die: all the multitude shall stone him, whether he be a native or a stranger. He that blasphemeth the name of the Lord, dying let him die.
16ထာဝရဘုရား ၏ နာမ တော်ကို ပြစ်မှား သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်း တို့သည်၊ ထိုသူ ကို အမှန် ကျောက်ခဲ နှင့် ပစ်ရကြမည်။ အမျိုးသား ချင်းဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ၊ နာမ တော်ကို ပြစ်မှား လျှင် အသေ သတ်ခြင်းကိုခံရမည်။
17He that striketh and killeth a man, dying let him die.
17လူ အသက် ကိုသတ် သောသူ သည်လည်း အသေ သတ်ခြင်းကို အမှန်ခံရမည်။
18He that killeth a beast, shall make it good, that is to say, shall give beast for beast.
18တိရစ္ဆာန် အသက် ကိုသတ် သောသူသည်လည်း ဥစ္စာရှင်အား တကောင် အတွက် တကောင် ကို လျော် ရမည်။
19He that giveth a blemish to any of his neighbours: as he hath done, so shall it be done to him:
19လူ သည် အိမ်နီးချင်း ကို နာ အောင်ပြု လျှင် ၊ သူ့ ကို ပြု သည်အတိုင်း ကိုယ်ခံရ မည်။
20Breach for breach, eye for eye, tooth for tooth, shall he restore. What blemish he gave, the like shall he be compelled to suffer.
20အရိုးကို ချိုး သည်အတွက် အရိုးချိုး ခြင်းကို၎င်း၊ မျက်စိ ကိုဖျက်သည့်အတွက် ၊ မျက်စိ ဖျက်ခြင်းကို၎င်း၊ သွား ကိုချိုးသည်အတွက် ၊ သွား ချိုးခြင်းကို၎င်း၊ သူ့ကို နာကျင် စွာပြု သည်အတိုင်း ၊ ကိုယ်တိုင် နာကျင် စွာ ခံရမည်။
21He that striketh a beast, shall render another. He that striketh a man shall be punished.
21တိရစ္ဆာန် အသက်ကိုသတ် သောသူသည်၊ တကောင်အတွက် တကောင်ကို ပြန်ပေး ရမည်။ လူ အသက် ကိုသတ် သောသူသည် အသေ သတ်ခြင်းကိုခံရမည်။
22Let there be equal judgment among you, whether he be a stranger, or a native that offends: because I am the Lord your God.
22ကိုယ်အမျိုးသား ဖြစ်စေ၊ သူတပါး အမျိုးသားဖြစ်စေ၊ တပါး တည်းသောတရား နှင့်သာ စီရင်ခြင်းကိုခံရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မောရှေ အား မိန့် တော်မူ၏။
23And Moses spoke to the children of Israel: and they brought forth him that had blasphemed, without the camp, and they stoned him. And the children of Israel did as the Lord had commanded Moses.
23ဣသရေလ အမျိုးသား တို့သည်၊ ကျိန်ဆဲ သောသူကို တပ် ပြင် သို့ ဆောင် သွား၍ ၊ ကျောက်ခဲ နှင့် ပစ်ရမည် အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍၊ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည် အတိုင်း သူတို့သည် ပြု ကြ၏။

Tip: use the ← and → keys to turn chapters.