Leviticus
Chapter 4
Douay-Rheims Bible, Amer…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1And the Lord spoke to Moses, saying:
1တဖန် မောရှေ အား ထာဝရဘုရား က၊
2Say to the children of Israel: The soul that sinneth through ignorance, and doth any thing concerning any of the commandments of the Lord, which he commanded not to be done:
2သင်သည်ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊တရားကိုမသိ၊ထာဝရဘုရား ၏ပညတ် တော်ကိုလွန်ကျူးပြစ်မှား၍မပြုအပ်သောအမှုကိုပြုမိသည်အရာတွင်၊
3If the priest that is anointed shall sin, making the people to offend, he shall offer to the Lord for his sin a calf without blemish.
3ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည် လူ များကို အပြစ် ထဲ သို့ သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှား လျှင် ၊ ထို အပြစ် အတွက် အပြစ် ဖြေရာယဇ်ဘို့ အပြစ် မပါ၊ အသက်ပျို သော နွား ထီးကို၊
4And he shall bring it to the door of the testimony before the Lord, and shall put his hand upon the head thereof, and shall sacrifice it to the Lord.
4ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နား ၊ ထာဝရဘုရား ရှေ့ တော် သို့ ဆောင် ခဲ့၍ ၊ ထာဝရဘုရား အား ဆက် ရမည်။ ထိုအခါ နွား ၏ခေါင်း ပေါ်မှာ မိမိ လက် ကို တင် ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ နွား ကို သတ် ရမည်။
5He shall take also of the blood of the calf, and carry it into the tabernacle of the testimony.
5ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည်၊ နွား ၏ အသွေး ကို ယူ ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဆောင် ခဲ့ပြီးလျှင်၊
6And having dipped his finger in the blood, he shall sprinkle with it seven times before the Lord, before the veil of the sanctuary.
6မိမိ လက်ညှိုး ကို အသွေး ၌ နှစ် ၍ သန့်ရှင်း ရာဌာနတော် ကုလားကာ ရှေ့ ၊ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် ဖြန်း ရမည်။
7And he shall put some of the same blood upon the horns of the altar of the sweet incense most acceptable to the Lord, which is in the tabernacle of the testimony. And he shall pour all the rest of the blood at the foot of the altar of holocaust in the entry of the tabernacle.
7တဖန် ယဇ် ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်မှာ ရှိသောနံ့သာ ပေါင်းမွှေးကို မီးရှို့ရာ ပလ္လင် ဦးချို တို့၌ နွားအသွေး ကို ထည့် ၍ ၊ ကြွင်းသော အသွေး ကို၊ ပရိသတ် စည်းဝေး ရာ တဲ တော်တံခါး ရှေ့၌ရှိသော မီး ရှို့ရာ ယဇ်ပလ္လင်ခြေရင်း နားမှာ သွန် ရမည်။
8And he shall take off the fat of the calf for the sin offering, as well that which covereth the entrails, as all the inwards:
8မိဿဟာယ ယဇ် ပြုသောနွား ၏ဆီဥကိုယူ သကဲ့သို့ ၊ အပြစ် ဖြေရာ ယဇ်ပြုသောနွားအအူ ကို ဖုံး သော ဆီဥ ၊ အအူ နှင့် ဆိုင်သမျှ သောဆီဥ၊
9The two little kidneys, and the caul that is upon them, which is by the hanks, and the fat of the liver with the little kidneys,
9ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တည်းဟူသော၊ နွား ဆီဥ ရှိသမျှ ကို ယူ၍၊ မီးရှို့ရာယဇ် ပလ္လင် ပေါ်မှာ ရှို့ ရမည်။
10As it is taken off from the calf of the sacrifice of peace offerings, and he shall burn them upon the altar of holocaust.
10နွား ၏ခေါင်း ၊ ခြေထောက် ၊ အအူ ၊ ချေးနု နှင့်တကွအရေ ၊ အသား ရှိသမျှ တည်းဟူသော၊
11But the skin and all the flesh with the head and the feet and the bowels and the dung,
no verse 11 in this text
12And the rest of the body he shall carry forth without the camp into a clean place where the ashes are wont to be poured out, and he shall burn them upon a pile of wood, they shall be burnt in the place where the ashes are poured out.
12နွား တကောင်လုံး ကို၊ တပ် ပြင် မှာ ပြာ သွန် ထားရာ ရှင်းလင်း သော အရပ် သို့ ယူ သွား၍ ထင်း အပေါ် ၌ မီး ရှို့ရမည်။ ပြာ သွန် ၍ ထားရာအရပ်၌ မီး ရှို့ ရမည်။
13And if all the multitude of Israel shall be ignorant, and through ignorance shall do that which is against the commandment of the Lord,
13ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား၍ မ ပြု အပ်သောအမူကို ပြု မိသဖြင့် အပြစ်ရောက် လျှင်၊
14And afterwards shall understand their sin, they shall offer for their sin a calf, and shall bring it to the door of the tabernacle.
14ထိုသို့ ပြစ်မှား မိသော အပြစ် ကိုသိ သောအခါ ၊ ထိုအပြစ် အတွက် ပရိသတ် တို့သည် အသက်ပျို သော နွား ထီးကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့၍ ဆက် ရမည်။
15And the ancients of the people shall put their hands upon the head thereof before the Lord. And the calf being immolated in the sight of the Lord,
15ပရိသတ် တွင် အသက် ကြီးသောသူတို့ သည်၊ ထာဝရဘုရား ရှေ့ တော်၌ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ၍ ၊ ထိုနွား ကို ရှေ့ တော်၌ သတ် ရကြမည်။
16The priest that is anointed shall carry of the blood into the tabernacle of the testimony.
16ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည် နွား အသွေး ကို ပရိသတ် စည်းဝေး ရာ တဲ တော်သို့ ဆောင် ခဲ့ ပြီးလျှင် ၊
17And shall dip his finger in it and sprinkle it seven times before the veil.
17မိမိ လက်ညှိုး ကို အသွေး ၌ နှစ် ၍ ၊ ကုလားကာ ရှေ့ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် ဖြန်း ရမည်။
18And he shall put of the same blood on the horns of the altar that is before the Lord, in the tabernacle of the testimony: and the rest of the blood he shall pour at the foot of the altar of holocaust, which is at the door of the tabernacle of the testimony.
18တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်မှာ ရှိသောပလ္လင် ဦးချို တို့၌ အသွေး ကို ထည့် ၍ ၊ ကြွင်းသောအသွေး ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့၌ရှိသော မီး ရှို့ရာယဇ်ပလ္လင်ခြေရင်း နားမှာ သွန် ရမည်။
19And all the fat thereof he shall take off, and shall burn it upon the altar:
19နွားဆီဥ ရှိသမျှ ကို ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။
20Doing so with this calf, as he did also with that before: and the priest praying for them, the Lord will be merciful unto them.
20အပြစ် ဖြေရာ ယဇ်ပြုသောနွား ကို ပြု သကဲ့သို့ ၊ ထိုနည်းတူဤနွား ကို ပြု သဖြင့် ၊ ယဇ် ပုရောဟိတ်သည် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ တို့အပြစ် လွတ် လိမ့်မည်။
21But the calf itself he shall carry forth without the camp, and shall burn it as he did the former calf: because it is for the sin of the multitude.
21ထိုနောက်မှနွား ကို တပ် ပြင် သို့ ဆောင် သွား၍ ၊ အရင် နွား ကို မီး ရှို့သကဲ့သို့ ရှို့ ရမည်။ ပရိသတ် အဘို့ အပြစ် ဖြေစရာ ယဇ်ဖြစ်သတည်း။
22If a prince shall sin, and through ignorance do any one of the things that the law of the Lord forbiddeth,
22မင်း သည်လည်း တရားကိုမသိ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား၍ မ ပြု အပ်သော အမှုကို ပြု မိသဖြင့် အပြစ် ရောက်လျှင် ၊
23And afterwards shall come to know his sin, he shall offer a buck goat without blemish, a sacrifice to the Lord.
23မိမိ ပြစ်မှား မိသော အပြစ် ကို သိ သောအခါ ၊ အပြစ် မပါသော ဆိတ် သငယ် အထီး ကို ပူဇော် သက္ကာဘို့ ဆောင် ခဲ့ရမည်။
24And he shall put his hand upon the head thereof: and when he hath immolated it in the place where the holocaust is wont to be slain before the Lord, because it is for sin,
24ဆိတ် ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ ထာဝရဘုရား ရှေ့ တော်၌ မီး ရှို့ရာယဇ်ကောင်သတ် ရာအရပ် တွင် သတ် ရမည်။ အပြစ် ဖြေရာ ယဇ်ဖြစ်သတည်း။
25The priest shall dip his finger in the blood of the victim for sin, touching therewith the horns of the altar of holocaust, and pouring out the rest at the foot thereof.
25ယဇ် ပုရောဟိတ်သည် ထိုအပြစ် ဖြေရာယဇ်၏ အသွေး ကို လက်ညှိုး နှင့် ယူ ၍ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ၊ ကြွင်းသော အသွေး ကို ထိုပလ္လင် ခြေရင်း နား၌ သွန် ရမည်။
26But the fat he shall burn upon it, as is wont to be done with the victims of peace offerings: and the priest shall pray for him, and for his sin, and it shall be forgiven him.
26မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပြုသကဲ့သို့ ဆီဥ ရှိသမျှ ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် မင်း ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
27And if any one of the people of the land shall sin through ignorance, doing any of those things that by the law of the Lord are forbidden, and offending,
27ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ၊ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား ၍ ၊ မပြု အပ်သော အမှုကို ပြု မိသဖြင့် အပြစ် ရောက်လျှင်၊
28And shall come to know his sin, he shall offer a she goat without blemish.
28မိမိ ပြစ်မှား မိသော အပြစ် ကို သိ သောအခါ ၊ ထိုအပြစ် အတွက် ပူဇော် သက္ကာဘို့ အပြစ် မပါသော ဆိတ် သငယ် အမ ကို ဆောင် ခဲ့ရမည်။
29And he shall put his hand upon the head of the victim that is for sin, and shall immolate it in the place of the holocaust.
29အပြစ် ဖြေရာ ယဇ်ပြုသောဆိတ်ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၌ ထိုဆိတ်ကိုသတ် ရမည်။
30And the priest shall take of the blood with his finger, and shall touch the horns of the altar of holocaust, and shall pour out the rest at the foot thereof.
30ယဇ် ပုရောဟိတ်သည် အသွေး ကို လက်ညှိုး နှင့် ယူ ၍ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ရမည်။
31But taking off all the fat, as is wont to be taken away of the victims of peace offerings, he shall burn it upon the altar, for a sweet savour to the Lord: and he shall pray for him, and it shall be forgiven him.
31မိဿဟာယ ယဇ် ကောင်ဆီဥ ကို ယူ သကဲ့သို့ ၊ ဆီဥ ရှိသမျှ ကို ယူ ၍ ထာဝရဘုရား အား မွှေးကြိုင် စရာ ဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
32But if he offer of the flock a victim for his sin, to wit, an ewe without blemish:
32သိုးသငယ် ကို အပြစ် ဖြေရာယဇ် ပြုလိုလျှင် ၊ အပြစ် မပါသော အမ ကို ဆောင် ခဲ့ရမည်။
33He shall put his hand upon the head thereof, and shall immolate it in the place where the victims of holocausts are wont to be slain.
33အပြစ် ဖြေရာ ယဇ်ပြုသောသိုးခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၌ အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါသတ် ရမည်။
34And the priest shall take of the blood thereof with his finger, and shall touch the horns of the altar of holocaust, and the rest he shall pour out at the foot thereof.
34ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် ကောင် အသွေး ကို လက်ညှိုး နှင့် ယူ ၍ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ဖြန်းသော အသွေး ကို ထိုပလ္လင် ခြေရင်း နား၌ သွန် ရမည်။
35All the fat also he shall take off, as the fat of the ram that is offered for peace offerings is wont to be taken away: and shall burn it upon the altar, for a burnt sacrifice of the Lord: and he shall pray for him and for his sin, and it shall be forgiven him.
35မိဿဟာယ ယဇ် ကောင် သိုးသငယ် ဆီဥ ကို ပြုသကဲ့သို့ ၊ ဆီဥ ရှိသမျှ ကို ယူ၍ ၊ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာနှင့်အတူယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။

Tip: use the ← and → keys to turn chapters.