Psalms
Chapter 140
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Psalms 140

World English Bible
Judson Burmese Bible (1840)
1Deliver me, LORD, from evil men. Preserve me from violent men:
1အိုထာဝရဘုရား ၊ ဆိုး သောသူ ၏လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ ကြမ်းတမ်း သောသူ ၏လက်မှ အကျွန်ုပ် ကို ကွယ်ကာ စောင့်မတော်မူပါ။
2those who devise mischief in their hearts. They continually gather themselves together for war.
2ထိုသူတို့သည်နှလုံး ထဲမှာ မ ကောင်းသော အကြံ အစည် ရှိ၍ ၊ စစ်မှု ကို အစဉ် နှိုးဆော် ကြပါ၏။
3They have sharpened their tongues like a serpent. Viper’s poison is under their lips. Selah.
3သူတို့သည်မြွေ ကဲ့သို့ မိမိ တို့လျှာ ကို သွေး တတ် ကြပါ၏။ သူ တို့နှုတ်ခမ်း အထဲ မှာ မြွေဆိုး အဆိပ် အတောက်ရှိပါ၏။
4LORD, keep me from the hands of the wicked. Preserve me from the violent men who have determined to trip my feet.
4အိုထာဝရဘုရား ၊ မ တရားသောသူ၏ လက် မှ အကျွန်ုပ် ကိုကွယ်ကာ စောင့်မတော်မူပါ။ ကြမ်းတမ်း သောသူ ၏လက်မှ ကွယ်ကာ စောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ် ကိုလှဲ ခြင်းငှါ ကြံစည် ကြပါ၏။
5The proud have hidden a snare for me, they have spread the cords of a net by the path. They have set traps for me. Selah.
5မာနကြီး သောသူတို့သည် အကျွန်ုပ် ဘို့ ကျော့ကွင်း နှင့် ကြိုး သေးများကို ဝှက်ထား ကြပါ၏။ အကျွန်ုပ် သွားရာလမ်း ၌ ကွန် ရွက်ကိုဖြန့် ၍ ညွှတ် များကို ထား ကြပါ ၏။
6I said to the LORD, “You are my God.” Listen to the cry of my petitions, LORD.
6ကိုယ်တော် သည်အကျွန်ုပ် ၏ ဘုရား သခင်ဖြစ် တော်မူ၏ဟု ထာဝရဘုရား အား လျှောက် ထားပါ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် ဆုတောင်း သောစကား ကို နားထောင် တော်မူပါ။
7LORD, the Lord, the strength of my salvation, you have covered my head in the day of battle.
7အိုဘုရား ရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ကယ်တင် ခြင်းအစွမ်း သတ္တိဖြစ်တော်မူ၏။ စစ်တိုက် ရသောနေ့ ၌ အကျွန်ုပ် ၏ဦးခေါင်း ကို ဖုံးအုပ် တော်မူ၏။
8LORD, don’t grant the desires of the wicked. Don’t let their evil plans succeed, or they will become proud. Selah.
8အိုထာဝရဘုရား ၊ မ တရားသောသူ၏ အလို ပြည့်စုံရသောအခွင့်၊ သူ ၏အကြံ ထမြောက် ရသောအခွင့် ရှိစေတော်မ မူပါနှင့်။
9As for the head of those who surround me, let the mischief of their own lips cover them.
9ထိုသို့သောသူတို့သည် အကျွန်ုပ် ပတ်လည် ၌၊ မိမိတို့ဦးခေါင်း ကို မချီးမြှောက်ရဘဲ၊ မိမိ တို့မြွက်ဆို သော မ ကောင်းကျိုးသည် မိမိ တို့ကို လွှမ်းမိုး ပါစေသော။
10Let burning coals fall on them. Let them be thrown into the fire, into miry pits, from where they never rise.
10မီးခဲ တို့သည် ထိုသူ တို့အပေါ် သို့ ကျ ရောက်ကြ ပါစေသော။ မီး ထဲသို့ ၎င်း၊ နက် သောတွင်းထဲသို့ ၎င်း ကျ ကြ ပါစေသော။ တဖန်မ ထ ကြပါစေနှင့်။
11An evil speaker won’t be established on the earth. Evil will hunt the violent man to overthrow him.
11ကဲ့ရဲ့ တတ်သောသူ သည် မြေ ပေါ် မှာ နေရာ မ မြဲ ပါစေနှင့်။ ကြမ်းတမ်း သောသူ ကိုလည်း ဖျက်ဆီး သည် တိုင်အောင် ဘေးဥပဒ် သည် လိုက် ပါစေသော။
12I know that the LORD will maintain the cause of the afflicted, and justice for the needy.
12ထာဝရဘုရား သည်ဆင်းရဲ သောသူ ၏အမှု ကို စောင့် ၍၊ ငတ်မွတ် သောသူဘက်၌ တရား စီရင်တော်မူမည် ဟု ငါသိ ၏။
13Surely the righteous will give thanks to your name. The upright will dwell in your presence.
13အကယ် စင်စစ်တရား သောသူတို့သည် နာမတော် ကို ချီးမွမ်း ကြပါလိမ့်မည်။ သဘော ဖြောင့်သောသူတို့ သည် အထံ တော်၌ နေ ရကြပါလိမ့်မည်။

Tip: use the ← and → keys to turn chapters.