Psalms
Chapter 30
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Psalms 30

World English Bible
Judson Burmese Bible (1840)
1I will extol you, LORD, for you have raised me up, and have not made my foes to rejoice over me.
1အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ချီးမွမ်း ပါမည်။ အကျွန်ုပ် ကိုဆယ်နှုတ် တော်မူ၏။ ရန်သူ တို့ သည် အကျွန်ုပ် အကြောင်း ကြောင့်၊ ဝမ်းမြောက် ရသောအခွင့်ကိုပေး တော်မ မူ။
2LORD my God, I cried to you, and you have healed me.
2အိုအကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ကို အော်ဟစ် ၍ ၊ ကိုယ်တော်သည် ချမ်းသာ ပေးတော်မူ၏။
3LORD, you have brought up my soul from Sheol. You have kept me alive, that I should not go down to the pit.
3အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏာ နိုင်ငံထဲက နှုတ် ယူတော်မူပြီ။ သင်္ချိုင်း တွင်း ထဲသို့ မဆင်း စေဘဲ၊ အကျွန်ုပ် ကို အသက် ချမ်းသာပေးတော်မူပြီ။
4Sing praise to the LORD, you saints of his. Give thanks to his holy name.
4ထာဝရဘုရား ၏ သန့်ရှင်း သူ တို့၊ ထာဝရ ဘုရား ကို ထောမနာသီချင်း ဆိုကြလော့။ သန့်ရှင်း သောနာမ တော်ကို ချီးမွမ်း ကြလော့။
5For his anger is but for a moment. His favor is for a lifetime. Weeping may stay for the night, but joy comes in the morning.
5အမျက် တော်သည် ခဏ ထွက်၏။ ကျေးဇူး တော်မူကား၊ တသက်လုံး တည်၏။ ညဦး ယံ၌ ငိုကြွေး ခြင်းသည် လာ၍တည်းခို ၏။ နံနက် ယံ၌ ကား ၊ သီချင်း ဆိုရသော အခွင့် ရှိ၏။
6As for me, I said in my prosperity, “I shall never be moved.”
6ငါသည် လှုပ်ရှား ခြင်းနှင့် အစဉ် ကင်းလွတ် လိမ့်မည် ဟု ကောင်းစား စဉ်အခါ အကျွန်ုပ်အောက်မေ့ ပါ၏။
7You, LORD, when you favored me, made my mountain stand strong; but when you hid your face, I was troubled.
7အိုထာဝရဘုရား ၊ ကျေးဇူး တော်အားဖြင့် သာ အကျွန်ုပ် ၏တောင် သည် ခိုင်ခံ မြဲမြံပါ၏။ မျက်နှာ လွှဲ တော်မူ သောအခါ ဆင်းရဲ ခြင်းသို့ ရောက် ပါ၏။
8I cried to you, LORD. I made supplication to the Lord:
8အိုထာဝရဘုရား ၊ အကျွန်ုပ် သည် အသက် ဆုံး၍၊
9“What profit is there in my destruction, if I go down to the pit? Shall the dust praise you? Shall it declare your truth?
9သင်္ချိုင်း တွင်းထဲ သို့ဆင်း လျှင် အဘယ် အကျိုး ရှိပါ အံ့နည်း။
10Hear, LORD, and have mercy on me. LORD, be my helper.”
10မြေမှုန့် သည် ကိုယ်တော် ကို ချီးမွမ်း ပါမည် လော။ သစ္စာ တော်ကို ဘော် ပြပါမည်လော။ အိုထာဝရ ဘုရား ၊ နားထောင် ၍ ကယ် မသနားတော်မူပါ။ အိုထာဝရ ဘုရား ၊ အကျွန်ုပ် ကိုစောင့်မ တော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ၍ ၊ ထာဝရ ဘုရားကို တောင်း လျှောက်ပါ၏။
11You have turned my mourning into dancing for me. You have removed my sackcloth, and clothed me with gladness,
11ထိုအခါ အကျွန်ုပ် ညည်းတွား မြည်တမ်းခြင်းကို ကခုန် ခြင်းဖြစ်စေ တော်မူ၏။ အကျွန်ုပ် ဝတ်သော လျှော်တေ အဝတ်ကိုချွတ် ၍ ၊ ဝမ်းမြောက် ခြင်း ခါးပန်းနှင့် စည်း တော်မူ၏။
12to the end that my heart may sing praise to you, and not be silent. LORD my God, I will give thanks to you forever!
12သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ် သည် တိတ်ဆိတ် စွာမ နေ။ ကိုယ်တော် ကို သီချင်း ဆိုပါမည်။ အိုအကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကျေးဇူးတော် ကို အစဉ် အမြဲချီးမွမ်း ပါမည်။

Tip: use the ← and → keys to turn chapters.