ရောမ 9
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ငါ့ ကိုယ်ကိုကိုယ်သိ သော စိတ်သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်တကွ ငါ့ ဘက်၌ သက်သေခံ လျက်၊ ငါသည်မုသာ မ ပါ၊ ခရစ်တော် ရှေ့၌ မှန်ကန် စွာ ပြော သည်ကား၊
1Veritatem dico in Christo, non mentior: testimonium mihi perhibente conscientia mea in Spiritu Sancto:
2ငါ သည် အလွန် ဝမ်းနည်း ခြင်းရှိ ၏။ စိတ် နှလုံး ထဲ၌ မခြားမလပ် ပူပန် ခြင်းဝေဒနာရှိ၏။
2quoniam tristitia mihi magna est, et continuus dolor cordi meo.
3အကြောင်းမူကား ၊ ဇာတိ အားဖြင့် ငါ့ အမျိုးသား ချင်းဖြစ်သော ငါ့ ညီအစ်ကို တို့အတွက် ၊ ငါ သည်ကိုယ်တိုင် ခရစ်တော် နှင့် ခွာ ၍ ကျိန် ခြင်းကိုခံချင်လောက်အောင် စိတ် ရှိ၏။
3Optabam enim ego ipse anathema esse a Christo pro fratribus meis, qui sunt cognati mei secundum carnem,
4ထိုသူ တို့သည် ဣသရေလ လူဖြစ် ၍၊ သား အရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း ၊ ဘုန်း အာနုဘော်တော်နှင့်၎င်း ၊ ပဋိညာဉ် တရားတို့နှင့်၎င်း ၊ ပညတ် တရားထားခြင်းနှင့် ၎င်း ၊ ဝတ်ပြု ခြင်းနှင့်၎င်း ၊ ဂတိ တော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။
4qui sunt Israëlitæ, quorum adoptio est filiorum, et gloria, et testamentum, et legislatio, et obsequium, et promissa:
5ဘိုးဘေး များတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ၊ ဇာတိ အမျိုးအားဖြင့် ထိုသူ တို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော် သည်လည်း ခပ်သိမ်း သောအရာတို့ကို အစိုးရ တော်မူ၍ ထာဝရ မင်္ဂလာ ရှိ တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင်
5quorum patres, et ex quibus est Christus secundum carnem, qui est super omnia Deus benedictus in sæcula. Amen.
6ထိုသို့ဆိုသော်ဘုရားသခင် ၏ ဂတိ တော်မ တည် ဟု ငါမဆိုလို။ အကြောင်းမူကား ၊ ဣသရေလ နှင့် ဆက်နွယ်သော သူ အပေါင်း တို့သည် ဣသရေလ လူမှန်မ ဟုတ်။
6Non autem quod exciderit verbum Dei. Non enim omnes qui ex Israël sunt, ii sunt Israëlitæ:
7ထိုနည်းတူအာဗြဟံ ၏ အမျိုးအနွယ် ဖြစ် သော သူအပေါင်း တို့သည် အာဗြဟံ၏သား မှန်မ ဟုတ်။ ဣဇာက် ၌ သာ သင် ၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ် တော်ရှိ၏။
7neque qui semen sunt Abrahæ, omnes filii: sed in Isaac vocabitur tibi semen:
8ထိုကြောင့်၊ ဇာတိ အမျိုးသားတို့သည် ဘုရားသခင် ၏သား မှန်မ ဟုတ်။ ဂတိ တော်နှင့်ဆိုင်သော သား တို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ် တော်မူ၏။
8id est, non qui filii carnis, hi filii Dei: sed qui filii sunt promissionis, æstimantur in semine.
9ဂတိ တော်အချက် ဟူမူကား ၊ ယခု မှစ၍ကာလ အချိန်စေ့သောအခါ ၊ ငါလာ ၍ စာရာ သည် သား ကို ရ လိမ့်မည်ဟု လာသတည်း။
9Promissionis enim verbum hoc est: Secundum hoc tempus veniam: et erit Saræ filius.
10ထိုမျှမက ၊ ရေဗက္ကာ သည် ငါ တို့ အဘ ဣဇာက် နှင့် စုံဘက် ၍ ပဋိသန္ဓေစွဲယူ သောအခါ ၊
10Non solum autem illa: sed et Rebecca ex uno concubitu habens, Isaac patris nostri.
11ဘုရားသခင် ရွေးကောက် တော်မူခြင်းနှင့် ယှဉ်သောအကြံ တော်သည် အကျင့်အားဖြင့် မ တည် ၊ ခေါ် တော်မူသော သူ ၏အလိုတော်အားဖြင့် တည်မည် အကြောင်း ၊ သားမ ဘွား မှီ ၊ ထိုသားတို့သည် ကောင်း သောအကျင့်၊ မ ကောင်းသောအကျင့်ကိုမကျင့် မှီ၊
11Cum enim nondum nati fuissent, aut aliquid boni egissent, aut mali (ut secundum electionem propositum Dei maneret),
12သားအကြီး သည် သားအငယ် ၌ ကျွန် ခံရလိမ့်မည်ဟု ထိုမိန်းမ အားဗျာဒိတ် ပေးတော်မူ၏။
12non ex operibus, sed ex vocante dictum est ei quia major serviet minori,
13ထိုသို့နှင့်အညီ၊ ယာကုပ် ကိုငါချစ် ၏။ ဧသော ကို မုန်း ၏ဟု ကျမ်းစာ လာသတည်း။
13sicut scriptum est: Jacob dilexi, Esau autem odio habui.
14သို့ဖြစ်၍ ၊ အဘယ်သို့ ပြော ရမည်နည်း။ ဘုရားသခင် သည် မတရား သောအမှုကို ပြုတော်မူသလော။ ထိုသို့မ ပြောရ
14Quid ergo dicemus? numquid iniquitas apud Deum? Absit.
15ဘုရားသခင်က၊ ငါသည်ကျေးဇူး ပြုလိုသောသူ ကိုကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်ဟု မောရှေ ကို မိန့် တော်မူ၏။
15Moysi enim dicit: Miserebor cujus misereor: et misericordiam præstabo cujus miserebor.
16ထိုကြောင့် ၊ လိုချင် သောသူ သည် တတ်နိုင်သည် မ ဟုတ်။ ပြေး သောသူ သည်လည်း တတ်နိုင်သည်မ ဟုတ်။ ကျေးဇူး ပြုတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။
16Igitur non volentis, neque currentis, sed miserentis est Dei.
17ကျမ်းစာ ၌ ဖာရော ဘုရင်ကိုဆိုသည်ကား၊ ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှာ ၎င်း ၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေခြင်းငှာ ၎င်း၊ သင့် ကို ချီးမြှောက် ခဲ့ပြီဟု ဆို သတည်း။
17Dicit enim Scriptura Pharaoni: Quia in hoc ipsum excitavi te, ut ostendam in te virtutem meam: et ut annuntietur nomen meum in universa terra.
18ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလို သောသူ ကို ကျေးဇူး ပြုတော်မူ၏။ ခိုင်မာစေလို သောသူ ကိုလည်း ခိုင်မာ စေတော်မူ၏။
18Ergo cujus vult miseretur, et quem vult indurat.
19သို့ဖြစ်လျှင် ၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင် တော်မူသေး သနည်း။ အဘယ်သူ သည် အလို တော်ကို ဆီးတား ဘူးသနည်းဟု ဆို မည်လော။
19Dicis itaque mihi: Quid adhuc queritur? voluntati enim ejus quis resistit?
20ဘုရားသခင် ကို ငြင်းဆန် သော အချင်း လူ ၊ သင် သည်ကား အဘယ်သူ နည်း။ လုပ်အပ် သော အရာ သည် လုပ် တတ်သောသူ အား၊ အဘယ်ကြောင့် ငါ့ ကို ဤသို့ လုပ် သနည်းဟု ဆို ရမည်လော။
20O homo, tu quis es, qui respondeas Deo? numquid dicit figmentum ei qui se finxit: Quid me fecisti sic?
21အိုးထိန်း သမားသည် အိုးမြေကို ပိုင် သည် မ ဟုတ်လော။ အိုး မြေတပုံ တည်း နှင့် အိုး မြတ် ၊ အိုးယုတ် ကို လုပ် ပိုင်သည်မဟုတ်လော။
21an non habet potestatem figulus luti ex eadem massa facere aliud quidem vas in honorem, aliud vero in contumeliam?
22ဘုရားသခင် သည် မိမိ အမျက် တော်ကိုပြ ၍ ၊ တန်ခိုး တော်ကို ထင်ရှား စေခြင်းငှာအလို တော်ရှိလျက်၊ ပျက်စီး ခြင်းအဘို့ ပြင်ဆင် သော အမျက် ရာအိုး များတို့ကို အလွန် သည်းခံ ခြင်းခန္တီနှင့်သည်းခံ တော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။
22Quod si Deus volens ostendere iram, et notum facere potentiam suam, sustinuit in multa patientia vasa iræ, apta in interitum,
23ချီးမြှောက် ခြင်းအဘို့ ပြင်ဆင် တော်မူနှင့်သော ကရုဏာ ခံရာ အိုး များတည်းဟူသော၊
23ut ostenderet divitias gloriæ suæ in vasa misericordiæ, quæ præparavit in gloriam.
24ယုဒ အမျိုးသားတို့အထဲ မှသာ မ ဟုတ်၊ တစ်ပါး အမျိုးသားတို့အထဲ မှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ် တော်မူသောငါတို့၌ ဘုန်း အာနုဘော်တော် ကြွယ်ဝ ခြင်းကို ထင်ရှား စေခြင်းငှာ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ်ရှိအံ့နည်း။
24Quos et vocavit nos non solum ex Judæis, sed etiam in gentibus,
25ဟောရှေ ၏ ကျမ်းစာ၌ လာ သည်ကား၊ ငါ ၏ လူ မ ဟုတ်သော သူ ကိုငါ ၏လူ ဟူ၍ငါခေါ် မည်။ မ ချစ် သော သတို့သမီး ကိုလည်း အချစ် ဟူ၍ငါခေါ်မည်။
25sicut in Osee dicit: Vocabo non plebem meam, plebem meam: et non dilectam, dilectam: et non misericordiam consecutam, misericordiam consecutam.
26သင်တို့သည်ငါ ၏လူ မ ဟုတ် ဟုပြောဆို ရာ အရပ် ၌ နေ သောသူ တို့သည်၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏သား ဟု ခေါ်ဝေါ် ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။
26Et erit: in loco, ubi dictum est eis: Non plebs mea vos: ibi vocabuntur filii Dei vivi.
27ပရောဖက်ဟေရှာယ သည်လည်း ၊ ဣသရေလ အမျိုးကို ရည်မှတ် ၍ ကြွေးကြော် သည်ကား၊ ဣသရေလ အမျိုးသား တို့သည် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ သော်လည်း ၊ ကြွင်း သောသူ တို့သာလျှင်ကယ်တင် တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။
27Isaias autem clamat pro Israël: Si fuerit numerus filiorum Israël tamquam arena maris, reliquiæ salvæ fient.
28အမှု တော်ကို တရားသဖြင့် ပြီးစီး စေခြင်းငှာဆုံးဖြတ်တော်မူမည်။ ထာဝရ ဘုရားသည်မြေ ပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။
28Verbum enim consummans, et abbrevians in æquitate: quia verbum breviatum faciet Dominus super terram:
29ထိုသို့ နှင့်အညီ၊ ဟေရှာယ သည် အထက် က ဆိုပြန်သည်ကား၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါ တို့၌ မျိုးစေ့ ကို ကြွင်း စေတော်မ မူလျှင် ၊ ငါတို့သည်သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ ဂေါမောရ မြို့နှင့် တူ ကြပြီ။
29et sicut prædixit Isaias: Nisi Dominus Sabaoth reliquisset nobis semen, sicut Sodoma facti essemus, et sicut Gomorrha similes fuissemus.
30ထိုကြောင့် ၊ အဘယ်သို့ ပြော ရမည်နည်းဟူမူကား ၊ ဖြောင့်မတ် ခြင်းကို မှီအောင် မ လိုက် သောတစ်ပါး အမျိုးသားတို့သည် ဖြောင့်မတ် ခြင်းကို မှီ ကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည် ခြင်းအားဖြင့် မှီ သောဖြောင့်မတ် ခြင်းကို ဆိုလိုသတည်း။
30Quid ergo dicemus? Quod gentes, quæ non sectabantur justitiam, apprehenderunt justitiam: justitiam autem, quæ ex fide est.
31ဖြောင့်မတ် ခြင်းတရား ကိုမှီအောင်လိုက် သော ဣသရေလ လူတို့မူကား၊ ဖြောင့်မတ်ခြင်းတရား ကို မ မှီ ကြ။
31Israël vero sectando legem justitiæ, in legem justitiæ non pervenit.
32အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည် ခြင်း အားဖြင့် မ လိုက်၊ ပညတ်တရား၏ အကျင့် အားဖြင့် သာ လိုက်ကြ သတည်း။
32Quare? Quia non ex fide, sed quasi ex operibus: offenderunt enim in lapidem offensionis,
33ကျမ်းစာ၌လာ သည်ကား ၊ ထိမိ ၍ လဲစရာ ကျောက် ၊ မှားယွင်း စရာကျောက် ကို ဇိအုန် တောင်ပေါ်မှာ ငါချထား ၏။ ထိုကျောက် ကို အမှီပြု သောသူ မည်သည်ကား၊ ရှက်ကြောက် ခြင်းမ ရှိ နိုင်ရာဟုလာသည်နှင့်အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။
33sicut scriptum est: Ecce pono in Sion lapidem offensionis, et petram scandali: et omnis qui credit in eum, non confundetur.
Tip: use the ← and → keys to turn chapters.