ရောမ 7
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ပညတ် တရားကို သိ သောညီအစ်ကို တို့၊ ပညတ် တရားသည် လူ ကို အသက် ထက်ဆုံးမျှသာ ပိုင် သည်ကို မ သိကြသလော။
1או הלא ידעתם אחי ולידעי התורה אנכי מדבר כי התורה תשלט על האדם כל ימי חייו׃
2ဥပမာကား ၊ လင် ရှိသောမိန်းမ သည် လင် မ သေမှီတိုင်အောင် ၊ ပညတ် တရားအားဖြင့်လင်၌ချည်နှောင် လျက်ရှိ၏။ လင် သေ လျှင် မူကား လင် ဝတ် နှင့် လွတ် ၏။
2כי אשה בעלת בעל קשורה היא באישה כפי התורה בחייו ובמות הבעל פטורה היא מתורת בעלה׃
3ထိုကြောင့် ၊ မိမိလင် မသေမှီအခြား သော သူ ၏ မယားဖြစ် လျှင် ၊ မျောက်မထား သောမိန်းမဟု ခေါ် ထိုက် ၏။ လင် သေ လျှင် မူကား ၊ ထို တရား နှင့် လွတ် သည်ဖြစ် ၍၊ အခြား သောသူ၏ မယား ဖြစ် သော်လည်း၊ မျောက်မထား သောမိန်းမဟု ခေါ်စရာအကြောင်းမ ရှိ
3והנה אם תחיה לאיש אחר בחיי בעלה נאפת יקרא לה אבל אחרי מות בעלה פטורה היא מן התורה ואיננה נאפת בהיותה לאיש אחר׃
4ထိုနည်းတူ၊ ငါ ညီအစ်ကို တို့၊ သင် တို့သည် အခြား သောသူတည်းဟူသော၊ သေ ခြင်းမှ ထမြောက် တော်မူသောသူ ၏မယားဖြစ် ၍၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီတိုးပွား မည်အကြောင်း ၊ ခရစ်တော် ၏ ကိုယ်ခန္ဓါ အားဖြင့် သေ ၍ ပညတ် တရားနှင့်ကွာကြ၏။
4לכן אחי הומתם גם אתם לתורה בגוית המשיח להיותכם לאחר לאשר נעור מן המתים למען נעשה פרי לאלהים׃
5ငါတို့သည် ဇာတိ ပကတိ၌ ကျင်လည် သောအခါ ၊ အပြစ် နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ် တရား အားဖြင့် ပေါက်၍ သေ ခြင်းတရား၏အလို နှင့်အညီ တိုးပွား မည်အကြောင်း ၊ ငါ တို့၏ကိုယ်အင်္ဂါ များ၌ ပြုပြင် ကြ၏။
5כי בעת היותנו בבשר תשוקות החטא אשר התעוררו על ידי התורה היו פעלות באברינו לעשות פרי למות׃
6ယခု မူကား ၊ ကျမ်းစာ၌ပါသော တရား ဟောင်း ကို မ မှီဘဲ၊ ဝိညာဉ် တော်တရားသစ် ကို မှီ ၍ အမှု ဆောင်ရွက်ခြင်းအလိုငှာ ၊ ငါတို့သည် အသေ သဖြင့် အုပ်ချုပ် သောပညတ် တရား၏လက်မှ လွတ် ခြင်းသို့ ရောက်ကြပြီ။
6אבל עתה נפטרנו מן התורה כי מתנו לאשר היינו אסורים בו למען נעבד מעתה לפי התחדשות הרוח ולא לפי ישן הכתב׃
7သို့ဖြစ်၍ အဘယ်သို့ ပြော ရမည်နည်း။ ပညတ် တရား၌ အပြစ် ရှိသလော။ အပြစ်မ ရှိ နိုင်ရာ။ သို့ရာတွင် ပညတ် တရားအားဖြင့် သာ အပြစ် သဘောကို ငါသိ ရ၏။ အဘယ်သို့နည်းဟူမူကား ၊ လောဘ စိတ်မ ရှိစေနှင့်ဟု ပညတ် တရားမ ဆို လျှင် ၊ လောဘ သဘောကိုငါမ သိ
7אם כן מה נאמר הכי התורה חטא היא חלילה אלא לא ידעתי את החטא בלתי על ידי התורה כי לא הייתי יודע החמוד לולי אמרה התורה לא תחמד׃
8အပြစ် တရားသည် ပညတ် တရားအားဖြင့် အခွင့် ရ ၍၊ ငါ ၌ အမျိုးမျိုး သော လောဘ တို့ကို ဖြစ် စေ၏။ ပညတ် တရားမ ရှိလျှင် ၊ အပြစ် တရားသေ ၏။
8וימצא החטא סבה לו במצוה לעורר בקרבי כל חמוד כי מבלעדי התורה החטא מת הוא׃
9အထက် ကပညတ် တရားမ ရှိသဖြင့် ၊ ငါ သည် အသက် ရှင်၏။ ပညတ် တရားပေါ် သောအခါအပြစ် တရားသည် ရှင်ပြန် ၏။ ငါ လည်း သေ ၏။
9ואני חייתי מלפנים בלא תורה וכאשר באה המצוה ויחי החטא׃
10အသက် ရှင်ခြင်းနှင့်ဆိုင်သော ပညတ် တရား သည် သေ ခြင်းနှင့် ဆိုင်သည်ကို ငါ တွေ့ ၏။
10ואני מתי והמצוה אשר נתנה לחיים היא נמצאה לי למות׃
11အပြစ် တရားသည်ပညတ် တရားအားဖြင့် အခွင့် ရ လျှင်၊ ငါ့ ကို လှည့်ဖြား ၍ ထိုတရား အားဖြင့် ငါ့ကို သတ် လေ၏။
11כי מצא החטא סבה במצוה להתעות אתי ויהרגני על ידה׃
12ထိုကြောင့် ၊ တရား တော်သည်သန့်ရှင်း ခြင်းရှိ၏။ ပညတ် တရားလည်း သန့်ရှင်း ခြင်း၊ ဖြောင့်မတ် ခြင်း၊ ကောင်းမြတ် ခြင်းရှိ၏။
12ובכן התורה היא קדושה והמצוה קדושה וישרה וטובה׃
13သို့ဖြစ်လျှင် ကောင်းမြတ် သောအရာသည် ငါ ၌သေ ခြင်းအကြောင်း ဖြစ် သလော။ မ ဖြစ် နိုင်ရာ။ အပြစ် တရားသည် မိမိသဘောကို ထင်ရှား စေခြင်းငှာ ကောင်းမြတ် သောအရာအားဖြင့် ငါ ၌သေ ခြင်းကို ပြု ၍ သေ ခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ် တရားသည် ပညတ် တော်အားဖြင့် အလွန် အပြစ် နှင့်ပြည့်စုံခြင်းရှိ သတည်း။
13הכי הטובה היתה לי למות חלילה אלא החטא למען יראה כי חטא הוא הביא לי על ידי הטובה את המות למען אשר יהיה החטא לחטאה יתרה על ידי המצוה׃
14ထိုမှတပါး၊ပညတ် တရားသည် ဝိညာဉ် ပကတိနှင့် စပ်ဆိုင် သည်ကို ငါတို့သိ ကြ၏။ ငါ မူကား ဇာတိ ပကတိရှိ ၏။ အပြစ် တရားလက် ၌ ကျေးကျွန်ဖြစ်၏။
14כי ידעים אנחנו שהתורה היא רוחנית ואני של בשר ונמכר תחת יד החטא׃
15အကြောင်းမူကား ၊ ငါသည်ကိုယ်ကျင့် သော အကျင့်ကို မ နှစ်သက် ။ ကျင့်ချင် သော အကျင့် ကိုမ ကျင့် ၊ ရွံ့ရှာ သော အကျင့် ကို ကျင့် ၏။
15כי את אשר אני פעל לא ידעתי כי אינני עשה את אשר אני רצה בו כי אם אשר שנאתי אתו אני עשה׃
16ထိုသို့ ငါသည် မ ကျင့်ချင် သောအကျင့် ကို ကျင့် လျှင် ၊ ပညတ် တရားဖြောင့် သည်ဟု ငါဝန်ခံ ၏။
16ובעשותי את אשר לא רציתי בו הנני מודה בזאת כי התורה טובה היא׃
17သို့ဖြစ်လျှင် ၊ ထို မကောင်းသောအကျင့်ကို ငါ့ ကိုယ်တိုင်ကျင့် သည်မ ဟုတ်။ ငါ့ အထဲ ၌နေ သော အပြစ် တရားသည် ကျင့်၏။
17ועתה לא אנכי עוד הפעל אתו כי אם החטא הישב בי׃
18ငါ့ အထဲ မှာ ငါ့ ဇာတိ ပကတိ၌ ကောင်း သော အရာတစ်စုံတစ်ခုမျှ မ တည် သည်ကို ငါသိ ၏။ အကြောင်းမူကား ၊ ငါ သည်ကျင့်ချင်သော စိတ် ရှိ သော်လည်း ၊ ကောင်း စွာကျင့် တတ်သောအခွင့်ကိုရှာ၍ မ တွေ့နိုင်။
18כי ידעתי אשר בי בבשרי לא ישב טוב הן הרצון יש עמדי אבל עשות הטוב לא מצאתי׃
19ငါသည် ကျင့် ချင် သော အကျင့်ကောင်း ကို မ ကျင့်။ မ ကျင့်ချင် သော အကျင့်ဆိုး ကိုကျင့် ၏။
19כי אינני עשה הטוב אשר אני רצה בו כי אם הרע אשר אינני רצה בו אותו אני עשה׃
20ထိုသို့ ငါ သည်မ ကျင့်ချင် သောအကျင့်ကို ကျင့် လျှင် ၊ ငါ ကိုယ်တိုင်ကျင့် သည်မ ဟုတ်။ ငါ့ အထဲ ၌နေ သော အပြစ် တရားသည်ကျင့်၏။
20ואם את אשר לא רציתי בו אני עשה לא עוד אנכי הפעל כי החטא הישב בקרבי׃
21ထိုသို့ ကောင်း သော အကျင့်ကိုငါ ကျင့် ချင်သောအခါ၊ မကောင်း သောအကျင့်ကို ကျင့် စေတတ်သော တရား ကို ငါတွေ့ ၏။
21ובכן מצא אני בי זה החק אנכי רצה לעשות הטוב ודבק בי הרע׃
22ငါသည် အတွင်း လူ အားဖြင့် ဘုရားသခင် ၏ ပညတ် တရားတော်တို့ နှစ်သက်၏
22כי לפי האדם הפנימי חפצתי בתורת אלהים׃
23သို့သော်လည်း ငါ့ ကိုယ်အင်္ဂါ များ၌ ရှိသော တရား တစ်ပါးသည် စိတ် ဝိညာဉ်တရား ကို ပြိုင်ဆိုင် တိုက်လှန်သဖြင့် ၊ ငါ့ ကိုယ်အင်္ဂါ များ၌ ရှိ သော အပြစ် တရား လက် သို့ ငါ့ ကိုဘမ်း သွားအပ်နှံသည်ကို ငါမြင် ၏။
23אך ראה אני באברי חק אחר הלחם לחק שכלי ויוליכני שבי לתורת החטא אשר באברי׃
24ငါသည်ငြိုငြင် သောသူ ဖြစ် ပါသည်တကား၊ ဤ အသေ ကောင် မှ ငါ့ ကို အဘယ်သူ ကယ်လွှတ် မည်နည်း။
24אוי לי האדם העני מי יצילני מגוף המות הזה׃
25ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်လွှတ်တော်မူသောဘုရားသခင် ၏ကျေးဇူး တော်ကြီးလှပေ၏။ ထိုသို့စိတ် ဝိညာဉ်အားဖြင့် ဘုရားသခင် ၏ တရား တော် အလိုသို့၎င်း၊ ဇာတိ ပကတိအားဖြင့် အပြစ် တရား အလိုသို့၎င်း၊ ငါ လိုက် တတ်၏။
25אודה לאלהים בישוע המשיח אדנינו׃ [ (Romans 7:26) לכן בשכלי הנני עבד לתורת האלהים ובבשרי אני עבד לתורת החטא׃ ]
Tip: use the ← and → keys to turn chapters.