ရောမ 7
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
King James Version with Apocrypha
1ပညတ် တရားကို သိ သောညီအစ်ကို တို့၊ ပညတ် တရားသည် လူ ကို အသက် ထက်ဆုံးမျှသာ ပိုင် သည်ကို မ သိကြသလော။
1Know ye not, brethren, (for I speak to them that know the law,) how that the law hath dominion over a man as long as he liveth?
2ဥပမာကား ၊ လင် ရှိသောမိန်းမ သည် လင် မ သေမှီတိုင်အောင် ၊ ပညတ် တရားအားဖြင့်လင်၌ချည်နှောင် လျက်ရှိ၏။ လင် သေ လျှင် မူကား လင် ဝတ် နှင့် လွတ် ၏။
2For the woman which hath an husband is bound by the law to her husband so long as he liveth; but if the husband be dead, she is loosed from the law of her husband.
3ထိုကြောင့် ၊ မိမိလင် မသေမှီအခြား သော သူ ၏ မယားဖြစ် လျှင် ၊ မျောက်မထား သောမိန်းမဟု ခေါ် ထိုက် ၏။ လင် သေ လျှင် မူကား ၊ ထို တရား နှင့် လွတ် သည်ဖြစ် ၍၊ အခြား သောသူ၏ မယား ဖြစ် သော်လည်း၊ မျောက်မထား သောမိန်းမဟု ခေါ်စရာအကြောင်းမ ရှိ
3So then if, while her husband liveth, she be married to another man, she shall be called an adulteress: but if her husband be dead, she is free from that law; so that she is no adulteress, though she be married to another man.
4ထိုနည်းတူ၊ ငါ ညီအစ်ကို တို့၊ သင် တို့သည် အခြား သောသူတည်းဟူသော၊ သေ ခြင်းမှ ထမြောက် တော်မူသောသူ ၏မယားဖြစ် ၍၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီတိုးပွား မည်အကြောင်း ၊ ခရစ်တော် ၏ ကိုယ်ခန္ဓါ အားဖြင့် သေ ၍ ပညတ် တရားနှင့်ကွာကြ၏။
4Wherefore, my brethren, ye also are become dead to the law by the body of Christ; that ye should be married to another, even to him who is raised from the dead, that we should bring forth fruit unto God.
5ငါတို့သည် ဇာတိ ပကတိ၌ ကျင်လည် သောအခါ ၊ အပြစ် နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ် တရား အားဖြင့် ပေါက်၍ သေ ခြင်းတရား၏အလို နှင့်အညီ တိုးပွား မည်အကြောင်း ၊ ငါ တို့၏ကိုယ်အင်္ဂါ များ၌ ပြုပြင် ကြ၏။
5For when we were in the flesh, the motions of sins, which were by the law, did work in our members to bring forth fruit unto death.
6ယခု မူကား ၊ ကျမ်းစာ၌ပါသော တရား ဟောင်း ကို မ မှီဘဲ၊ ဝိညာဉ် တော်တရားသစ် ကို မှီ ၍ အမှု ဆောင်ရွက်ခြင်းအလိုငှာ ၊ ငါတို့သည် အသေ သဖြင့် အုပ်ချုပ် သောပညတ် တရား၏လက်မှ လွတ် ခြင်းသို့ ရောက်ကြပြီ။
6But now we are delivered from the law, that being dead wherein we were held; that we should serve in newness of spirit, and not in the oldness of the letter.
7သို့ဖြစ်၍ အဘယ်သို့ ပြော ရမည်နည်း။ ပညတ် တရား၌ အပြစ် ရှိသလော။ အပြစ်မ ရှိ နိုင်ရာ။ သို့ရာတွင် ပညတ် တရားအားဖြင့် သာ အပြစ် သဘောကို ငါသိ ရ၏။ အဘယ်သို့နည်းဟူမူကား ၊ လောဘ စိတ်မ ရှိစေနှင့်ဟု ပညတ် တရားမ ဆို လျှင် ၊ လောဘ သဘောကိုငါမ သိ
7What shall we say then? Is the law sin? God forbid. Nay, I had not known sin, but by the law: for I had not known lust, except the law had said, Thou shalt not covet.
8အပြစ် တရားသည် ပညတ် တရားအားဖြင့် အခွင့် ရ ၍၊ ငါ ၌ အမျိုးမျိုး သော လောဘ တို့ကို ဖြစ် စေ၏။ ပညတ် တရားမ ရှိလျှင် ၊ အပြစ် တရားသေ ၏။
8But sin, taking occasion by the commandment, wrought in me all manner of concupiscence. For without the law sin was dead.
9အထက် ကပညတ် တရားမ ရှိသဖြင့် ၊ ငါ သည် အသက် ရှင်၏။ ပညတ် တရားပေါ် သောအခါအပြစ် တရားသည် ရှင်ပြန် ၏။ ငါ လည်း သေ ၏။
9For I was alive without the law once: but when the commandment came, sin revived, and I died.
10အသက် ရှင်ခြင်းနှင့်ဆိုင်သော ပညတ် တရား သည် သေ ခြင်းနှင့် ဆိုင်သည်ကို ငါ တွေ့ ၏။
10And the commandment, which was ordained to life, I found to be unto death.
11အပြစ် တရားသည်ပညတ် တရားအားဖြင့် အခွင့် ရ လျှင်၊ ငါ့ ကို လှည့်ဖြား ၍ ထိုတရား အားဖြင့် ငါ့ကို သတ် လေ၏။
11For sin, taking occasion by the commandment, deceived me, and by it slew me .
12ထိုကြောင့် ၊ တရား တော်သည်သန့်ရှင်း ခြင်းရှိ၏။ ပညတ် တရားလည်း သန့်ရှင်း ခြင်း၊ ဖြောင့်မတ် ခြင်း၊ ကောင်းမြတ် ခြင်းရှိ၏။
12Wherefore the law is holy, and the commandment holy, and just, and good.
13သို့ဖြစ်လျှင် ကောင်းမြတ် သောအရာသည် ငါ ၌သေ ခြင်းအကြောင်း ဖြစ် သလော။ မ ဖြစ် နိုင်ရာ။ အပြစ် တရားသည် မိမိသဘောကို ထင်ရှား စေခြင်းငှာ ကောင်းမြတ် သောအရာအားဖြင့် ငါ ၌သေ ခြင်းကို ပြု ၍ သေ ခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ် တရားသည် ပညတ် တော်အားဖြင့် အလွန် အပြစ် နှင့်ပြည့်စုံခြင်းရှိ သတည်း။
13Was then that which is good made death unto me? God forbid. But sin, that it might appear sin, working death in me by that which is good; that sin by the commandment might become exceeding sinful.
14ထိုမှတပါး၊ပညတ် တရားသည် ဝိညာဉ် ပကတိနှင့် စပ်ဆိုင် သည်ကို ငါတို့သိ ကြ၏။ ငါ မူကား ဇာတိ ပကတိရှိ ၏။ အပြစ် တရားလက် ၌ ကျေးကျွန်ဖြစ်၏။
14For we know that the law is spiritual: but I am carnal, sold under sin.
15အကြောင်းမူကား ၊ ငါသည်ကိုယ်ကျင့် သော အကျင့်ကို မ နှစ်သက် ။ ကျင့်ချင် သော အကျင့် ကိုမ ကျင့် ၊ ရွံ့ရှာ သော အကျင့် ကို ကျင့် ၏။
15For that which I do I allow not: for what I would, that do I not; but what I hate, that do I.
16ထိုသို့ ငါသည် မ ကျင့်ချင် သောအကျင့် ကို ကျင့် လျှင် ၊ ပညတ် တရားဖြောင့် သည်ဟု ငါဝန်ခံ ၏။
16If then I do that which I would not, I consent unto the law that it is good.
17သို့ဖြစ်လျှင် ၊ ထို မကောင်းသောအကျင့်ကို ငါ့ ကိုယ်တိုင်ကျင့် သည်မ ဟုတ်။ ငါ့ အထဲ ၌နေ သော အပြစ် တရားသည် ကျင့်၏။
17Now then it is no more I that do it, but sin that dwelleth in me.
18ငါ့ အထဲ မှာ ငါ့ ဇာတိ ပကတိ၌ ကောင်း သော အရာတစ်စုံတစ်ခုမျှ မ တည် သည်ကို ငါသိ ၏။ အကြောင်းမူကား ၊ ငါ သည်ကျင့်ချင်သော စိတ် ရှိ သော်လည်း ၊ ကောင်း စွာကျင့် တတ်သောအခွင့်ကိုရှာ၍ မ တွေ့နိုင်။
18For I know that in me (that is, in my flesh,) dwelleth no good thing: for to will is present with me; but how to perform that which is good I find not.
19ငါသည် ကျင့် ချင် သော အကျင့်ကောင်း ကို မ ကျင့်။ မ ကျင့်ချင် သော အကျင့်ဆိုး ကိုကျင့် ၏။
19For the good that I would I do not: but the evil which I would not, that I do.
20ထိုသို့ ငါ သည်မ ကျင့်ချင် သောအကျင့်ကို ကျင့် လျှင် ၊ ငါ ကိုယ်တိုင်ကျင့် သည်မ ဟုတ်။ ငါ့ အထဲ ၌နေ သော အပြစ် တရားသည်ကျင့်၏။
20Now if I do that I would not, it is no more I that do it, but sin that dwelleth in me.
21ထိုသို့ ကောင်း သော အကျင့်ကိုငါ ကျင့် ချင်သောအခါ၊ မကောင်း သောအကျင့်ကို ကျင့် စေတတ်သော တရား ကို ငါတွေ့ ၏။
21I find then a law, that, when I would do good, evil is present with me.
22ငါသည် အတွင်း လူ အားဖြင့် ဘုရားသခင် ၏ ပညတ် တရားတော်တို့ နှစ်သက်၏
22For I delight in the law of God after the inward man:
23သို့သော်လည်း ငါ့ ကိုယ်အင်္ဂါ များ၌ ရှိသော တရား တစ်ပါးသည် စိတ် ဝိညာဉ်တရား ကို ပြိုင်ဆိုင် တိုက်လှန်သဖြင့် ၊ ငါ့ ကိုယ်အင်္ဂါ များ၌ ရှိ သော အပြစ် တရား လက် သို့ ငါ့ ကိုဘမ်း သွားအပ်နှံသည်ကို ငါမြင် ၏။
23But I see another law in my members, warring against the law of my mind, and bringing me into captivity to the law of sin which is in my members.
24ငါသည်ငြိုငြင် သောသူ ဖြစ် ပါသည်တကား၊ ဤ အသေ ကောင် မှ ငါ့ ကို အဘယ်သူ ကယ်လွှတ် မည်နည်း။
24O wretched man that I am! who shall deliver me from the body of this death?
25ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်လွှတ်တော်မူသောဘုရားသခင် ၏ကျေးဇူး တော်ကြီးလှပေ၏။ ထိုသို့စိတ် ဝိညာဉ်အားဖြင့် ဘုရားသခင် ၏ တရား တော် အလိုသို့၎င်း၊ ဇာတိ ပကတိအားဖြင့် အပြစ် တရား အလိုသို့၎င်း၊ ငါ လိုက် တတ်၏။
25I thank God through Jesus Christ our Lord. So then with the mind I myself serve the law of God; but with the flesh the law of sin.
Tip: use the ← and → keys to turn chapters.