ရောမ

Old Testament

Chapter 6
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ရောမ 6

Judson Burmese Bible (1840)
Modern Hebrew Bible
1ထိုသို့ မှန်လျှင်၊ အဘယ်သို့ ပြော ရမည်နည်း။ ကျေးဇူး တော်ပွားများ စေခြင်းငှာ အပြစ် တရားကို ကျင့် ၍ နေရမည်လော။
1אם כן מה נאמר הנעמד בחטא למען ירבה החסד׃
2ထိုသို့မ နေ ရ။ အပြစ် တရားမှ စုတေ့ သောသူ တို့ သည် ထိုတရား ၌ အဘယ်သို့ ရှင် ရဦး မည်နည်း။
2חלילה לנו כי מתנו לחטא ואיך נוסיף לחיות בו׃
3ယေရှု ခရစ် ၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကိုခံကြသည်ဟု သင်တို့ မ သိသလော။
3או האינכם ידעים כי כלנו הנטבלים למשיח ישוע למותו נטבלנו׃
4ထိုကြောင့် ၊ အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကို ခံသောအားဖြင့် ၊ ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော် သည် ခမည်းတော် ၏ ဘုန်း တန်ခိုးအားဖြင့် သေခြင်းမှ ထမြောက် တော်မူသည်နည်းတူ ၊ ငါ တို့သည်လည်း အသစ် သောအသက် ၌ ကျင်လည် ရကြသတည်း။
4לכן נקברנו אתו בטבילה למות למען כאשר נעור המשיח מן המתים בכבוד האב כן נתהלך גם אנחנו בחיים מחדשים׃
5တနည်းကား ၊ အသေခံ တော်မူခြင်း၏ ပုံ သဏ္ဌာန်ကိုဆောင် ၍၊ ထိုသခင်နှင့်အတူငါတို့သည် စိုက်ပျိုး လျက်ရှိသည် မှန်လျှင် ၊ ထမြောက် တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုး လျက်ရှိကြလိမ့်မည်။
5כי אם נדבקנו בדמיון מותו אכן גם נהיה דבוקים לתחיתו׃
6ထိုမှတပါး၊ ငါ တို့၏လူ ဟောင်း သည် ထို သခင်နှင့်အတူလက်ဝါးကပ်တိုင် မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိ ကြ၏။ အကြောင်းမူကား၊ ငါ တို့သည် နောက်မှအပြစ် တရား၏အစေ ကို မ ခံစေခြင်းငှာ၊ အပြစ် တရား၏ ကိုယ် ကို ဖျက်ဆီး မည်အကြောင်း တည်း။
6באשר ידעים אנחנו כי נצלב אתו האדם הישן אשר בנו למען תבטל גוית החטא לבלתי היותנו עוד עבדים לחטא׃
7သေ သောသူ သည်အပြစ် တရား၏ လက်မှ လွတ် လျက်ရှိ၏။
7כי אשר מת הוא נקה מן החטא׃
8ခရစ်တော် သည် သေ ခြင်းမှထမြောက်သောအခါ ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။
8והנה אם מתנו עם המשיח נאמין כי גם נחיה עמו׃
9သေ ခြင်းတရားသည် နောက်တဖန်ကိုယ်တော် ကို မ အုပ်စိုး ရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော် နှင့်အတူသေ လျှင်၊ ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟုသဘော ရှိကြ၏။
9באשר ידענו כי המשיח אחרי אשר נעור מן המתים לא ימות עוד והמות לא ישלט בו עוד׃
10ခရစ်တော်သည် အသေခံ တော်မူရာမှာ၊ အပြစ် တရားကြောင့် တကြိမ် သာခံ တော်မူ၏။ အသက် ရှင်တော်မူရမှာ၊ ဘုရားသခင့် အဘို့ ရှင် တော်မူ၏။
10כי אשר מת מת לחטא פעם אחת ואשר חי חי הוא לאלהים׃
11ထိုနည်းတူ သင် တို့သည် အပြစ် တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေ ဖြစ်သည်ဟူ၍၎င်း၊ ဘုရားသခင် နှင့်ဆိုင်သောအရာ၌ကား၊ ငါတို့သခင် ယေရှု ခရစ် အားဖြင့် အသက် ရှင်သည်ဟူ၍၎င်း၊ ကိုယ်ကိုကိုယ် ထင်မှတ် ကြလော့။
11וכן גם אתם חשבו אתכם מתים לחטא וחיים לאלהים במשיח ישוע אדנינו׃
12ထိုကြောင့် ၊ သင် တို့၏သေ တတ်သော ကိုယ်ခန္ဓါ ၏တပ်မက် ခြင်းအလိုသို့ လိုက် ရသည်တိုင်အောင်၊ အပြစ် တရားသည် ထိုကိုယ်ခန္ဓါ ၌ အစိုး မ ရစေနှင့်။
12אם כן אפוא אל תמלך החטאת בגופכם אשר ימות לנטות אחריה בתאותיו׃
13သင် တို့၏ကိုယ်အင်္ဂါ များကို ဒုစရိုက် လက်နက် ဖြစ်စေ၍၊ အပြစ် တရားအား မ ဆက် ကြနှင့်။ သေ ခြင်းမှ ထမြောက်၍ အသက် ရှင်သောသူကဲ့သို့ ၊ ဘုရားသခင် အား ကိုယ်ကိုကိုယ် ဆက် ကြလော့။
13]31-21[ גם אל תכינו את אבריכם להיות כלי עול לחטא אך תכינו את נפשכם לאלהים כחיים מעם המתים ואבריכם כלי צדקה לאלהים כי החטא לא יוכל למשל עוד בכם יען אינכם תחת יד התורה כי אם תחת יד החסד׃
14ကိုယ်အင်္ဂါ များကိုလည်း သုစရိုက် လက်နက် ဖြစ်စေ၍၊ ဘုရားသခင် အားဆက်ကြလော့။ သင်တို့သည် ပညတ် တရားလက် ၌မ ရှိ ၊ ကျေးဇူး တရားလက် ၌ရှိသောကြောင့် အပြစ် တရားသည် သင် တို့ကို မ အုပ်စိုး ရ။
14]31-21[׃
15ထိုသို့ဖြစ်လျှင် အဘယ်သို့ နည်း၊ ငါတို့သည် ပညတ် တရားလက် ၌မရှိ ကျေးဇူး တရားလက် ၌ရှိသောကြောင့် ၊ ဒုစရိုက် ကို ပြုရမည် လော။ ထိုသို့မ ပြု ရ။
15ועתה מה הנחטא יען איננו תחת יד התורה כי אם תחת יד החסד חלילה׃
16အကြင်သူ၏အထံ၌ အစေခံ ကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင် ၍ အစေခံ၏၊ ထိုသူသည်သေ ခြင်းနှင့် ယှဉ်သော အပြစ် တရားဖြစ်စေ၊ ဖြောင့်မတ် ရာသို့ ရောက်ခြင်းနှင့် ယှဉ်သော နားထောင် ခြင်းတရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မ သိ ကြသလော။
16הלא ידעתם כי לאשר תתנו את נפשכם להיות עבדיו לסור למשמעתו הן עבדים אתם לאשר תשמעו לו אם לחטא אלי מות אם למשמעת אלי צדקה׃
17သင်တို့သည် အပြစ် တရား၏ ကျွန် ဖြစ် ဘူးသော်လည်း ၊ ယခုတွင်ခံ ခဲ့ပြီးသော ဩဝါဒ နည်း ဥပဒေသစကားကို စေတနာစိတ် နှင့် နားထောင် ကြသည်ဖြစ်၍၊ ဘုရားသခင် ၏ကျေးဇူး တော်ကြီးလှပေ၏။
17אבל תודת לאלהים כי הייתם עבדי החטא ואחר שמעתם בכל לבבכם אל תכונת הלקח אשר נמסרתם לו׃
18သင်တို့သည် အပြစ် တရား၏ လက်မှ လွတ် ကြပြီဖြစ်၍ ၊ ဖြောင့်မတ် ခြင်းတရား၏ ကျွန် ဖြစ်ကြ၏။
18שחררתם מידי החטא לכן השתעבדתם לצדקה׃
19ထိုသို့ ငါဆိုသော်၊ သင် တို့ဇာတိ ပကတိအတိုင်း ဉာဏ်နည်း သောကြောင့် ၊ လောကီ ဝေါဟာရအားဖြင့်ဆို သတည်း။ သင်တို့သည် မိမိ တို့ ကိုယ်အင်္ဂါ များကို အဓမ္မ အလိုငှာ ညစ်ညူး ခြင်းတရား၊ အဓမ္မ တရား၌ သွင်း ၍ ကျွန် ခံစေဘူးသည်နည်းတူ ၊ ယခု မှာ ကိုယ်အင်္ဂါ များကိုသန့်ရှင်း ခြင်းအလိုငှာ ဖြောင့်မတ် ခြင်းတရား၌သွင်း ၍ကျွန် ခံစေကြလော့။
19כדרך בני אדם אני מדבר מפני רפיון בשרכם כי כאשר לפנים הכינותם את אבריכם לעבודת החטאה והרשע להרשיע כן עתה הכינו את אבריכם לעבודת הצדקה להתקדש׃
20သင်တို့သည် အပြစ် တရား၏ ကျွန် ဖြစ် စဉ် ကာလ ၊ ဖြောင့်မတ် ခြင်းတရား၏လက်မှ လွတ် ကြ၏။
20כי בעת היותכם עבדי החטא חפשים הייתם מן הצדקה׃
21ယခု သင်တို့ရှက်ကြောက် သော ထိုအကျင့် တို့ကို ကျင့်စဉ်အခါ၊ အဘယ် အကျိုး ကိုရ ကြသနည်း။ ထိုသို့သောအကျင့်သည် သေ ခြင်း၌ လမ်းဆုံး သတည်း။
21ומה אפוא הפרי שהיה לכם אז מן המעשים אשר עתה תבשו מהם כי אחריתם המות׃
22ယခု မူကား ၊ သင်တို့သည် အပြစ် တရား၏ လက်မှ လွှတ် ၍၊ ဘုရားသခင် ၏ ကျွန် ဖြစ်ကြသည်နှင့်အညီ၊ သန့်ရှင်း ခြင်းအကျိုး ကိုရ ကြ၏။ အဆုံး ၌ လည်း ထာဝရ အသက် ကို ရကြလိမ့်မည်။
22אכן עתה בהיותכם משחררים מידי החטא ומשעבדים לאלהים יש לכם פריכם לקדשה ואחריתו חיי עולם׃
23အပြစ် တရား၏ အခ ကား သေ ခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆု ကျေးဇူးတော်ကား ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ထာဝရ အသက် ပေတည်း။
23כי שכר החטא הוא המות ומתנת חסד אלהים היא חיי העולם במשיח ישוע אדנינו׃

Tip: use the ← and → keys to turn chapters.