ရောမ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1သူတစ်ပါး ကို စစ်ကြော စီရင်တတ်သောသူ ၊ သင်သည်ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။ အကြောင်းမူကား ၊ သင်သည်စစ်ကြောစီရင်သောအမှုကိုပင်ကိုယ်တိုင်ပြု သည်ဖြစ်၍ ၊ သူတစ်ပါး ကို စစ်ကြော စီရင်သည်တွင် ကိုယ် အပြစ်ရှိကြောင်းကို စီရင် ဆုံးဖြတ်ရာရောက်၏။
1לכן אין לך התנצלות אתה בן אדם הדן תהיה מי שתהיה כי במה שתדין את חברך תחיב את נפשך באשר אתה הדן תעשה כמעשהו׃
2ဘုရားသခင် သည် ထိုသို့ ပြု သောသူ တို့ကို စီရင် တော်မူခြင်းအရာ သည် သမ္မာတရား နှင့် ညီသည် ကို ငါတို့သိ ကြ၏။
2וידענו כי משפט אלהים כפי האמת על עשי אלה׃
3ထိုသို့သောအမှုကိုကိုယ်တိုင် ပြု လျက် ပင်၊ သူတစ်ပါးပြု သည်ကို စစ်ကြော စီရင်သောသူ ၊ သင် သည် ဘုရားသခင် စီရင် တော်မူခြင်းနှင့် လွတ် မည်ဟု ထင်မှတ် သလော။
3ואתה בן אדם הדן את אשר פעלו כאלה ועשית כמעשיהם התחשב להמלט ממשפט האלהים׃
4ဘုရားသခင် ၏ ကျေးဇူးတော်သည် သင့် ကို နောင်တ လမ်းသို့ သွေးဆောင် သည်ကို မ သိမမှတ်ဘဲ၊ ကြွယ်ဝ စွာကျေးဇူး ပြုတော်မူခြင်း၊ သည်းခံ တော်မူခြင်း၊ စိတ်ရှည် တော်မူခြင်းတို့ကို မထီမဲ့မြင် ပြုသလော။
4או התבוז לעתרת טובו ולחמלתו ולארך רוחו ולא תתבונן כי טובת האלהים תדריך אתך לתשובה׃
5ထိုသို့ပြုလျှင်စိတ် ခိုင်မာ ၍ နောင်တ မရသည်နှင့်အညီ ဒေါသ နေ့ တည်းဟူသောဘုရားသခင် ၏ တရား တော်ထင်ရှား သောနေ့၌ ကိုယ် ခံစရာဘို့ အမျက် ဒေါသကို ဆည်းပူး သလော။
5ובקשי לבבך הממאן לשוב תצבר לך עברה אל יום עברת האלהים ועת הגלות צדקת משפטו׃
6ဘုရားသခင် သည် လူအသီးသီး တို့အား မိမိ တို့အကျင့် နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့၊
6אשר ישלם לאיש כמעשהו׃
7ကောင်း သောအကျင့် ကို အမြဲ ကျင့်၍ ၊ ဘုန်း အသရေ ကို၎င်း ၊ မ ဖောက်ပြန်သောဇာတိကို၎င်း ၊ ရှာ သောသူ တို့အား ထာဝရ အသက် ကို ပေးတော်မူလတံ့၊
7למתמידים בעשות הטוב ומבקשים את הכבוד וההדר ואת אשר איננו עבד יתן את חיי העולמים׃
8ငြင်းဆန် သောသဘောရှိ၍ ၊ သမ္မာတရား ကို နား မထောင်ဘဲ မတရား သဖြင့် ကျင့်သောသူ တို့ကိုကား ၊ ပြင်းစွာသော ဒေါသ အမျက်ထွက် တော်မူလတံ့၊
8ועל בני המרי ואשר לא ישמעו לאמת כי אם לעולה שמעו חרון אף וחמה׃
9ရှေးဦးစွာ ၌ ယုဒ လူ၊ နောက် ၌ဟေလသ လူ၊ ဆိုးညစ် သောအမှုကို ပြု သောသူ ရှိသမျှ တို့သည် ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာ ကို ခံရကြလတံ့၊
9צרה ומצוקה על כל נפש אדם עשה הרע על היהודי בראשונה וכן גם על היוני׃
10ရှေးဦးစွာ ၌ယုဒ လူ၊ နောက် ၌ဟေလသ လူ၊ ကောင်း သော အကျင့်ကိုကျင့် သောသူရှိသမျှ တို့သည် ဘုန်း အသရေ ချမ်းသာ ကို ခံစားရကြလတံ့။
10וכבוד והדר ושלום לכל עשה הטוב ליהודי בראשונה וכן גם ליוני׃
11ဘုရားသခင် သည် အဘယ်သူ၏မျက်နှာ ကို မျှမှတ် တော်မ မူ။
11כי אין משא פנים עם האלהים׃
12ပညတ် တရားကို မသိဘဲပြစ်မှား သော သူ တို့သည် ပညတ် တရားမဲ့ပျက်စီး ခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ် တရားကို သိလျက် ပင် ပြစ်မှား သော သူ တို့သည် ပညတ် တရား၏ စီရင် ခြင်းကို ခံရကြလိမ့်မည်။
12כי כל אלה אשר חטאו בלי תורה גם בבלי תורה יאבדו ואשר חטאו בתורה גם על פי התורה ישפטו׃
13အကြောင်းမူကား ၊ တရား နာ သောသူသည် ဘုရားသခင် ရှေ့ ၌ ဖြောင့်မတ် သည်မ ဟုတ်။ တရား ကို ကျင့် သောသူသာလျှင် ဖြောင့်မတ် ရာသို့ ရောက်လိမ့်မည်။
13כי לא שמעי התורה צדיקים לפני האלהים כי אם עשי התורה הם יצדקו׃
14သာသနာပ လူတို့သည် ပညတ် တရားတော်ကို မ သိ ဘဲ၊ ကိုယ်အလိုအလျောက် တရား တော်ကို ကျင့် သောအခါ ၊ သူ တို့သည် ပညတ် တရားတော်ကို မ သိ ဘဲ၊ ကိုယ် ကျင့်တရားကို အမှီပြု သဖြင့်၎င်း၊
14כי הגוים אשר אין להם תורה בעשותם כדברי התורה מאליהם גם באין תורה הם תורה לנפשם׃
15ကိုယ်ကိုကိုယ် သိသောစိတ်နှလုံးသည် သက်သေခံ သဖြင့် ၎င်း ၊ အချင်းချင်း ဆွေးနွေးဆင်ခြင် ၍ အပြစ်တင် လျက် ၊ လွှတ် လျက်နေသဖြင့်၎င်း၊ မိမိ တို့စိတ် နှလုံးထဲ၌ မှတ်သား သော တရား ၏အကျိုး ကို ထင်ရှား စွာ ပြကြ၏။
15בהראותם מעשה התורה כתוב על לבם ודעתם מעידה בהם ומחשבותם בקרבם מחיבות זאת את זאת או גם מזכות׃
16ငါ ဟောပြောသော ဧဝံဂေလိ တရားအတိုင်း ၊ ဘုရားသခင် သည် ယေရှု ခရစ် အားဖြင့် လူ တို့၏ မ ထင်ရှားသောအမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့ ၌ ထိုသို့စီရင်တော်မူလတံ့။
16ביום אשר ישפט האלהים את כל תעלמות בני האדם ביד ישוע המשיח כפי בשורתי׃
17သင် သည် ယုဒ လူဟု သမုတ် ခြင်းကို ခံသောသူ၊ ပညတ် တရားတော်ကို ကိုးစား သောသူ၊ ဘုရားသခင် ကို အမှီပြု ၍ ဝါကြွား သောသူ၊
17הן אתה נקרא בשם יהודי ונשענת על התורה והתהללת באלהים׃
18အလို တော်ကိုသိ သောသူ၊ ပညတ် တရားတော်ကို လေ့ကျက် သဖြင့် ခြားနား သောအရာ တို့ကို ပိုင်းခြား ထား တတ်သောသူဖြစ်သည်နှင့် ၊
18וידעת הראוי ובהיותך מלמד בתורה תבין בין טוב לרע׃
19လူကန်း တို့အား လမ်းပြ သောသူ၊ မှောင်မိုက် ၌ နေသောသူ တို့ကို လင်း စေသောသူ၊
19ובטחת בנפשך להיות מוליך העורים ואור להלכים בחשך׃
20လူမိုက် တို့ကို ဆုံးမ တတ်သောသူ၊ သူငယ် တို့ကို နည်းပေး သောသူ၊ ပညတ် တရားတော်အားဖြင့် ပညာ ကို ၎င်း ၊ သမ္မာတရား ကို၎င်းဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ် တတ်သည်မှန်လျှင်၊
20מיסר לחסרי לב ומורה הפתאים ויש לך צורת המדע והאמת בתורה׃
21သူတစ်ပါး ကိုဆုံးမ လျက်ပင်ကိုယ် ကို မ ဆုံးမ သလော။ သူ့ဥစ္စာကို မ ခိုး နှင့်ဟုတရား ဟောလျက်ပင် ကိုယ်တိုင်ခိုး သလော။
21ואתה אשר תורה אחרים את נפשך לא תורה אמרת לא תגנב והנך גנב׃
22သူ့ မယားကို မ ပြစ်မှားနှင့်ဟုဆို လျက်ပင် ကိုယ်တိုင်ပြစ်မှား သလော။ ရုပ်တု ကိုစက်ဆုပ် ရွံ့ရှာလျက် ပင် ဗိမာန် တော်ကို လုယူဖျက်ဆီးသလော။
22אמרת לא תנאף ואתה נאף תשקץ את האלילים ואתה גזל את הקדש׃
23ပညတ် တရားတော်ကိုအမှီပြု ၍ဝါကြွား လျက်ပင် ထိုတရား ကို လွန်ကျူး ၍ ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို ရှုတ်ချ သလော။
23תתהלל בתורה ותנבל את האלהים בעברך את התורה׃
24အကြောင်းမူကား ၊ ကျမ်းစာ၌ လာ သည်နှင့်အညီ၊ တစ်ပါး အမျိုးသားတို့သည် သင် တို့အကျင့်ကို ထောက် ၍ဘုရားသခင် ၏နာမ တော်ကို ကဲ့ရဲ့ တတ်ကြ၏။
24כי שם האלהים בגללכם מחלל בגוים כאשר כתוב׃
25သင် သည်ပညတ် တရားကို ကျင့်လျှင် ၊ အရေဖျားလှီး ခြင်းအားဖြင့် အကျိုး ရှိ၏။ ပညတ် တရားကို လွန်ကျူး လျှင် ၊ သင် ၏အရေဖျားလှီး ခြင်းသည် အရေဖျား မလှီးဘဲဖြစ် ပြန်၏။
25הן המילה מועילה אם תשמר את התורה אבל אם עבר אתה את התורה אז מילתך היתה לך לערלה׃
26ထိုမှတစ်ပါး ၊ အရေဖျားလှီး ခြင်းကို မခံသောသူ သည်တရား ၌ ပါသောပညတ် တို့ကို စောင့်ရှောက် လျှင် ၊ ထိုသူ ၏အရေဖျား မလှီးဘဲ အဖြစ်ကို အရေဖျားလှီး ခြင်းအဖြစ်ကဲ့သို့မှတ် ရသည်မ ဟုတ်လော။
26לכן אם ישמר הערל את משפטי התורה הלא תחשב לו ערלתו למילה׃
27အရေဖျားလှီး ခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ် တရားကို ကျင့် လျှင် ၊ ကျမ်းစာ နှင့် အရေဖျားလှီး ခြင်းရှိလျက်ပင်ပညတ် တရားကို လွန်ကျူး သောသင် ကို တရား တွေ့၍ အရှုံးခံစေမည် မဟုတ်လော။
27והערל מלדה המקים את התורה הלא הוא ידין אתך אשר יש לך הכתב והמילה ועברת את התורה׃
28အကြောင်းမူကား ၊ အပြင် အားဖြင့်သာ ယုဒ လူဖြစ် သောသူ သည်ယုဒလူမှန်မ ဟုတ်။ အပြင် အားဖြင့်သာကိုယ်အသား အရေဖျားလှီး ခြင်းသည် အရေဖျားလှီးခြင်းအမှန် မ ဟုတ်။
28כי לא הנראה מחוץ הוא היהודי ולא הנראה מחוץ בבשר היא המילה׃
29အတွင်း အားဖြင့်ယုဒ လူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီး ခြင်းလည်း ကျမ်းဟောင်းတရား အားဖြင့်မ ဟုတ်ဘဲ၊ ဝိညာဉ် တော်တရားအားဖြင့် စိတ် နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့ အရေဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်း သည် လူ အလိုနှင့် မ ဆိုင်၊ ဘုရားသခင့် အလိုတော်နှင့်ဆိုင်သတည်း။
29כי אם אשר בפנים הוא יהודי ומילה היא אשר בלב כפי הרוח ולא כפי הכתב אשר לא מבני אדם תהלתו כי אם מאת האלהים׃
Tip: use the ← and → keys to turn chapters.