ဆာလံ 3
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Vietnamese Bible (1923 translation)
1အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ရန်သူ တို့သည်၊ အလွန် တိုးပွါး၍၊ အကျွန်ုပ် တဘက် ၌ ထ သောသူတို့သည် များ ကြပါ၏။
1Đức Giê-hô-va ôi! kẻ cừu địch tôi đã thêm nhiều dường bao! Lắm kẻ dấy lên cùng tôi thay!
2သူ သည်ဘုရား သခင်ကို အမှီ ပြု၍ ချမ်းသာ မ ရဟု အကျွန်ုပ် ကို ရည်ဆောင် ၍ ပြော သောသူ အများ ရှိကြပါ၏။
2Biết bao kẻ nói về linh hồn tôi rằng: Nơi Đức Chúa Trời chẳng có sự cứu rỗi cho nó.
3သို့သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏အကွယ် အကာဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုန်း လည်းဖြစ်တော်မူ၏။ အကျွန်ုပ် ၏ဦးခေါင်း ကို ချီ ကြွသော သူလည်း ဖြစ်တော်မူ၏။
3Nhưng, hỡi Đức Giê-hô-va, Ngài là cái khiên chở che tôi; Ngài là sự vinh hiển tôi, và là Đấng làm cho tôi ngước đầu lên.
4ငါသည် ထာဝရဘုရား ထံ သို့အသံ ကိုလွှင့်၍ အော်ဟစ် သောအခါ ၊ သန့်ရှင်း သော တောင် တော်ပေါ် မှာ နားထောင် တော်မူ၏။
4Tôi lấy tiếng tôi mà kêu cầu Đức Giê-hô-va, Từ núi thánh Ngài đáp lời tôi.
5ထာဝရဘုရား သည် ငါ့ ကိုမစ တော်မူသောကြောင့် ၊ ငါ သည် အိပ် ၍ ပျော် ခြင်းအခွင့်နှင့် နိုး ခြင်း အခွင့်ရှိ၏။
5Tôi nằm xuống mà ngủ; Tôi tỉnh thức, vì Đức Giê-hô-va nâng đỡ tôi.
6ငါ့ ကိုရန်ဘက်ပြု၍ ဝန်းရံ သော သူ အထောင် အသောင်းကို ငါမ ကြောက် ဘဲနေမည်။
6Tôi sẽ không nao muôn người Vây tôi khắp bốn bên.
7အိုထာဝရဘုရား ထ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်မ တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ရန်သူ တို့၏ ပါး ရိုးကိုရိုက် ၍၊ မတရား သောသူတို့၏ သွား ကိုချိုး တော်မူ၏။
7Hỡi Đức Giê-hô-va, hãy chỗi dậy; Hỡi Đức Chúa Trời tôi, hãy cứu tôi! Vì Chúa đã vả má các kẻ thù nghịch tôi, Và bẻ gãy răng kẻ ác.
8ထာဝရ ဘုရား၏ ကျေးဇူး တော်ကြောင့် ချမ်းသာ ရပါ၏။ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ လူစု အပေါ် သို့ သက်ရောက်ပါစေသော။
8Sự cứu rỗi thuộc về Đức Giê-hô-va. Nguyện phước Ngài giáng trên dân sự Ngài!
Tip: use the ← and → keys to turn chapters.