ဆာလံ 34
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
World English Bible
1ငါ သည် ခပ်သိမ်း သောကာလ တို့၌ ထာဝရဘုရား ကို ကောင်းကြီး ပေးမည်။ ဂုဏ် ကျေးဇူးတော်ကို အစဉ် မပြတ်မြွက် ဆိုမည်။
1I will bless the LORD at all times. His praise will always be in my mouth.
2ငါ့ ဝိညာဉ် သည် ထာဝရဘုရား ကို အမှီပြု ၍ ဝါကြွား ခြင်းကို ပြုမည်။ နှိမ့်ချ လျက်ရှိသောသူတို့ သည် ကြားသိ ၍ ၊ ဝမ်းမြောက် ကြပါစေသော။
2My soul shall boast in the LORD. The humble shall hear of it and be glad.
3ငါ နှင့်အတူ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ နာမတော် ကို တညီ တညွတ်တည်းချီးမြှောက် ကြကုန်အံ့။
3Oh magnify the LORD with me. Let’s exalt his name together.
4ငါ သည် ထာဝရဘုရား ကိုရှာ သောအခါ နားထောင် တော်မူ၏။ ကြောက်မက် ဘွယ်သောအကြောင်းအလုံးစုံ တို့အထဲ က ငါ့ ကို ကယ်နှုတ် တော်မူ၏။
4I sought the LORD, and he answered me, and delivered me from all my fears.
5ထာဝရ ဘုရားကို မျှော်ကြည့် ကြလော့။ အလင်း ကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။
5They looked to him, and were radiant. Their faces shall never be covered with shame.
6ဤ ဆင်းရဲ သောသူ၏ အော်ဟစ် ခြင်းအသံကို ထာဝရဘုရား သည် နားထောင် ၍ ၊ ခပ်သိမ်း သောဆင်းရဲ ထဲ က ကယ်လွှတ် တော်မူ၏။
6This poor man cried, and the LORD heard him, and saved him out of all his troubles.
7ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ ပတ်လည် ၌ ကောင်းကင် တမန်တော်တို့သည် တပ်ချ ၍ ကယ် လွှတ် တတ်ကြ၏။
7The LORD’s angel encamps around those who fear him, and delivers them.
8ထာဝရဘုရား သည် ကောင်းမြတ် တော်မူသည် အကြောင်း ကို မြည်းစမ်း ၍ သိ မှတ်ကြလော့။ ကိုယ်တော် ကို ခိုလှုံ သောသူ သည် မင်္ဂလာ ရှိ၏။
8Oh taste and see that the LORD is good. Blessed is the man who takes refuge in him.
9ထာဝရ ဘုရား၏ သန့်ရှင်း သူတို့၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြလော့။ ကြောက်ရွံ့ သောသူတို့၌ ဆင်းရဲ ခြင်းမ ရှိရာ။
9Oh fear the LORD, you his saints, for there is no lack with those who fear him.
10ခြင်္သေ့ တို့သည် ဆင်းရဲ ၍ ငတ်မွတ် ခြင်းကို ခံရသော်လည်း ၊ ထာဝရဘုရား ကို ရှာ သောသူတို့၌ ကောင်း သောအရာတစုံ တခုမျှ မ လို ရာ။
10The young lions do lack, and suffer hunger, but those who seek the LORD shall not lack any good thing.
11အချင်းသူငယ် တို့လာ ကြလော့။ ငါ့ စကားကို နားထောင် ကြလော့။ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း တရားကို သင် တို့အား ငါသွန် သင်မည်။
11Come, you children, listen to me. I will teach you the fear of the LORD.
12ကောင်းမွန် သောအရာကို တွေ့မြင် မည် အကြောင်း ၊ အသက် ရှင်ခြင်းနှင့်တကွနေ့ရက် ကာလကို တောင့် တလိုချင်သော သူမည်သည်ကား၊
12Who is someone who desires life, and loves many days, that he may see good?
13ကိုယ် လျှာ ကို မ ကောင်းသောအရာနှင့် ကင်း စေလော့။ နှုတ်ခမ်း လည်း မုသာ စကားကို မပြော စေနှင့်။
13Keep your tongue from evil, and your lips from speaking lies.
14ဒုစရိုက် ကို လွှဲ ရှောင်၍ သု စရိုက်ကိုပြု လော့။ သူတပါးနှင့်အသင့် အတင့်နေခြင်းကို ရှာ ၍ မှီအောင်လိုက် လော့။
14Depart from evil, and do good. Seek peace, and pursue it.
15ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ကို ကြည့်ရှု တော်မူ၏။ သူ တို့ အော်ဟစ် သံကို လည်း နားထောင် တော်မူ၏။
15The LORD’s eyes are toward the righteous. His ears listen to their cry.
16ဒုစရိုက် ကိုပြု သောသူတို့ကား၊ မြေကြီး ပေါ် မှာ အောက်မေ့ စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်း မည် အကြောင်း ၊ ထာဝရဘုရား သည် မျက်နှာ ထားတော်မူ၏။
16The LORD’s face is against those who do evil, to cut off their memory from the earth.
17ဖြောင့်မတ်သောသူတို့သည် အော်ဟစ် သောအခါ ၊ ထာဝရဘုရား သည် နားထောင် ၍ ၊ သူ တို့ကို ခပ်သိမ်း သော ဆင်းရဲ ထဲ က ကယ် လွှတ်တော်မူ၏။
17The righteous cry, and the LORD hears, and delivers them out of all their troubles.
18ထာဝရဘုရား သည် ကျိုးပဲ့ သောစိတ် ရှိသောသူတို့ နှင့် နှလုံးကြေကွဲသောသူတို့ကို နီး တော်မူ၏။ နောင်တ ရှိ၍ စိတ် နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။
18The LORD is near to those who have a broken heart, and saves those who have a crushed spirit.
19ဖြောင့်မတ် သောသူသည်များစွာ သော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း ၊ ထာဝရဘုရား သည် ခပ်သိမ်း သောဒုက္ခ ဆင်းရဲထဲ က ကယ် လွှတ်တော်မူ၏။
19Many are the afflictions of the righteous, but the LORD delivers him out of them all.
20သူ ၏အရိုး ရှိသမျှ တို့ကို စောင့်ရှောက် တော်မူသည် ဖြစ်၍၊ တ ချောင်းမျှမ ကျိုး မပဲ့ရ။
20He protects all of his bones. Not one of them is broken.
21မတရား သောသူမူကား၊ ဘေး ဖြင့် အသက် ဆုံး ခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ် သောသူကို မုန်း သောသူတို့ သည် အပြစ် စီရင်ခြင်းကိုခံရကြမည်။
21Evil shall kill the wicked. Those who hate the righteous shall be condemned.
22ထာဝရဘုရား သည် မိမိ ကျွန် တို့၏ အသက် ဝိညာဉ်ကို ရွေးနှုတ် တော်မူသည်ဖြစ်၍ ၊ ကိုယ်တော် ကို ခိုလှုံ သောသူတစုံ တယောက်မျှ အပြစ် စီရင်ခြင်းကို မ ခံရ။
22The LORD redeems the soul of his servants. None of those who take refuge in him shall be condemned.
Tip: use the ← and → keys to turn chapters.