ဆာလံ 115
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
World English Bible
1အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ အို ထာဝရဘုရား ၊ အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ ကိုယ်တော် ၏နာမ ၌ ကရုဏာ တော်နှင့် သစ္စာ တော်ကြောင့် ဘုန်း ရှိ ပါစေ သတည်း။
1Not to us, LORD, not to us, but to your name give glory, for your loving kindness, and for your truth’s sake.
2သူ တို့၏ ဘုရား သခင်သည် အဘယ် မှာရှိ သနည်းဟု တပါးအမျိုးသား တို့သည် အဘယ်ကြောင့် ဆို ရကြမည်နည်း။
2Why should the nations say, “Where is their God, now?”
3ငါ တို့၏ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ အလိုတော် ရှိသမျှ အတိုင်း ပြု တော်မူ၏။
3But our God is in the heavens. He does whatever he pleases.
4သူ တို့၏ရုပ်တု များမူကား ငွေ လည်းဖြစ်၏။ ရွှေ လည်း ဖြစ်၏။ လူ လက် ဖြင့် လုပ် သောအရာပေတည်း။
4Their idols are silver and gold, the work of men’s hands.
5ထို ရုပ်တုတို့ သည် နှုတ် ရှိ၍ စကား မ ပြောတတ်။ မျက်စိ ရှိ၍ မ မြင် တတ်။
5They have mouths, but they don’t speak. They have eyes, but they don’t see.
6နား ရှိ၍ မ ကြား တတ်။ နှာခေါင်း ရှိ၍ မ နမ်း တတ်။
6They have ears, but they don’t hear. They have noses, but they don’t smell.
7လက် ရှိ၍ မ ကိုင် တတ်။ ခြေ ရှိ၍ မ သွား တတ်။ သူ တို့လည်ချောင်း ဖြင့် အသံ မ ပြုတတ်ပါတကား။
7They have hands, but they don’t feel. They have feet, but they don’t walk, neither do they speak through their throat.
8လုပ် သောသူတို့လည်း အတူတူ ပါတကား။
8Those who make them will be like them; yes, everyone who trusts in them.
9အို ဣသရေလ အမျိုး၊ ထာဝရဘုရား ကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသောသူ၊ ကွယ်ကာ သောသူဖြစ်တော်မူ၏။
9Israel, trust in the LORD! He is their help and their shield.
10အိုအာရုန် အမျိုး အနွယ်၊ ထာဝရဘုရား ကို ကိုးစား လော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ် တော်မူ၏။
10House of Aaron, trust in the LORD! He is their help and their shield.
11ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့၊ ထိုဘုရားကို ကိုးစား ကြလော့။ ထာဝရဘုရား သည် ထိုသို့ သောသူ တို့ ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ် တော်မူ ၏။
11You who fear the LORD, trust in the LORD! He is their help and their shield.
12ထာဝရဘုရား သည် ငါ တို့ကို အောက်မေ့ တော်မူ ၏။ ကောင်းကြီး ပေးတော်မူမည်။ ဣသရေလ အမျိုး ကို ကောင်းကြီး ပေးတော်မူမည်။ အာရုန် အမျိုး အနွယ်ကို ကောင်းကြီး ပေးတော်မူမည်။
12The LORD remembers us. He will bless us. He will bless the house of Israel. He will bless the house of Aaron.
13ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ အကြီး အငယ် တို့ကို ကောင်းကြီး ပေးတော်မူမည်။
13He will bless those who fear the LORD, both small and great.
14ထာဝရဘုရား သည် သင် တို့နှင့် သင် တို့သား မြေးတို့၌ မင်္ဂလာကို တိုးပွား စေတော်မူမည်။
14May the LORD increase you more and more, you and your children.
15သင် တို့သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း သော ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူ ဖြစ်ကြ၏။
15Blessed are you by the LORD, who made heaven and earth.
16ကောင်းကင် ကား၊ ထာဝရဘုရား ၏ ကောင်းကင် ဖြစ်၏။ မြေကြီး ကိုကား လူသား တို့အား ပေး တော်မူပြီ။
16The heavens are the LORD’s heavens, but he has given the earth to the children of men.
17သေလွန် သောသူ၊ ငြိမ်း ရာထဲသို့ ဆင်း သောသူ ရှိသမျှ တို့သည် ထာဝရ ဘုရားကို မ ချီးမွမ်း ရကြ။
17The dead don’t praise the LORD, nor any who go down into silence,
18ငါ တို့မူကား ၊ ထာဝရ ဘုရားကို ယခု မှစ၍ အစဉ် အဆက် ကောင်းကြီး ပေးကြလေအံ့သတည်း။ ဟာလေလုယ။
18but we will bless the LORD, from this time forward and forever more. Praise the LORD!
Tip: use the ← and → keys to turn chapters.