ဆာလံ 135
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
World English Bible
1ထာဝရဘုရား ၏ နာမတော် ကို ချီးမွမ်း ကြလော့။
1Praise the LORD! Praise the LORD’s name! Praise him, you servants of the LORD,
2ထာဝရဘုရား ၏ အိမ် တော်၊ ငါ တို့ ဘုရား သခင် ၏ အိမ် တော်တန်တိုင်း တွင် အမှု စောင့်သော ထာဝရဘုရား ၏ ကျွန် တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။
2you who stand in the LORD’s house, in the courts of our God’s house.
3ထာဝရဘုရား သည် ကောင်းမြတ် တော်မူသောကြောင့် ၊ ထာဝရ ဘုရားကို ချီးမွမ်း ကြလော့။ နာမ တော်ကို ထောမနာသီချင်း ဆိုကြလော့။ ထိုသို့ သော အမှုသည် တင့်တယ် လျောက်ပတ်ပေ၏။
3Praise the LORD, for the LORD is good. Sing praises to his name, for that is pleasant.
4အကြောင်း မူကား၊ ထာဝရ ဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော် အဘို့ ၎င်း၊ ဣသရေလ အမျိုးကို ဘဏ္ဍာ တော်ဖြစ် စေခြင်းငှါ၎င်း ရွေးကောက် တော်မူပြီ။
4For the LORD has chosen Jacob for himself, Israel for his own possession.
5ထာဝရဘုရား သည် ကြီး တော်မူကြောင်း ၊ ငါ တို့ ၏ဘုရား ရှင်သည် ဘုရား တကာ တို့ထက် မြတ်တော်မူ ကြောင်း ကို ငါ သိ ၏။
5For I know that the LORD is great, that our Lord is above all gods.
6ထာဝရဘုရား သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ နက်နဲ ရာအရပ်ရပ်တို့၌ အလိုတော် ရှိသမျှ တို့ကို ပြု တော်မူ၏။
6Whatever the LORD pleased, that he has done, in heaven and in earth, in the seas and in all deeps.
7မြေကြီး စွန်း မှ မိုဃ်းတိမ် တို့ကို တက် စေတော်မူ ၏။ မိုဃ်း နှင့်တကွ လျှပ်စစ် ကို ဖန်ဆင်း တော်မူ၏။ ဘဏ္ဍာ တော်တိုက်ထဲက လေ ကို ထုတ် တော်မူ၏။
7He causes the clouds to rise from the ends of the earth. He makes lightnings with the rain. He brings the wind out of his treasuries.
8အဲဂုတ္တု ပြည်၌ လူ မှစ၍ တိရစ္ဆာန် တိုင်အောင် သားဦး ရှိသမျှတို့ကို ဒဏ်ခတ် တော်မူ၏။
8He struck the firstborn of Egypt, both of man and animal.
9အို အဲဂုတ္တု ပြည်၊ သင် ၏ အထဲ မှာ ဖာရော မင်းမှစ၍ ၊ သူ ၏ကျွန် အပေါင်း တို့၏အပေါ် သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ် သောအမှုတို့ကို စေလွှတ် တော်မူ၏။
9He sent signs and wonders into the middle of you, Egypt, on Pharaoh, and on all his servants.
10အာမောရိ ပြည်ကို အစိုး ရသောရှိဟုန် မင်း၊
10He struck many nations, and killed mighty kings—
11ဗာရှန် ပြည်ကို အစိုးရ သော ဩဃ မင်းနှင့်တကွ ၊ ဘုန်းကြီး သော ရှင် ဘုရင်များကို ကွပ်မျက် ၍ ၊ များပြား သော လူမျိုး နှင့်တကွ ၊ ခါနာန် တိုင်း နိုင်ငံအပေါင်း တို့ကို လုပ်ကြံ သဖြင့်၊
11Sihon king of the Amorites, Og king of Bashan, and all the kingdoms of Canaan—
12သူ တို့နေရာ မြေ ကိုလွှဲ ၍ ၊ မိမိ လူ ဣသရေလ အမျိုးအား အမွေ ကို ပေးချတော်မူ၏။
12and gave their land for a heritage, a heritage to Israel, his people.
13အိုထာဝရဘုရား ၊ ကိုယ်တော် ၏ အမည် သည် နိစ္စ ထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား ၊ ဘွဲ့ နာမတော်သည် ကာလ အစဉ်အဆက် တည်ပါ၏။1
13Your name, LORD, endures forever; your renown, LORD, throughout all generations.
14ထာဝရဘုရား သည် မိမိ ကျွန် တို့၏ အတွက် နောင်တ ရ၍ ၊ မိမိ လူစု ဘက်မှ တရား စီရင်တော်မူ၏။
14For the LORD will judge his people and have compassion on his servants.
15သာသနာပ လူတို့ ကိုးကွယ်သော ရုပ်တု တို့ကား ငွေ လည်းဖြစ်၏။ ရွှေ လည်းဖြစ်၏။ လူ လက် ဖြင့် လုပ် သော အရာပေတည်း။
15The idols of the nations are silver and gold, the work of men’s hands.
16ထို ရုပ်တုတို့သည် နှုတ် ရှိ၍ စကား မ ပြောတတ်။ မျက်စိ ရှိ၍ မ မြင် တတ်။
16They have mouths, but they can’t speak. They have eyes, but they can’t see.
17နား ရှိ၍ မ ကြား တတ်။ သူ တို့ပစပ် ၌ လည်း ထွက် သက်ဝင်သက် မ ရှိ ပါတကား။
17They have ears, but they can’t hear, neither is there any breath in their mouths.
18လုပ် သောသူတို့ လည်း အတူတူ ၊ ကိုးစား သော သူ အပေါင်း တို့လည်း အတူတူပါ တကား။
18Those who make them will be like them, yes, everyone who trusts in them.
19အိုဣသရေလ အမျိုး ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ အိုအာရုန် အမျိုးအနွယ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။
19House of Israel, praise the LORD! House of Aaron, praise the LORD!
20အိုလေဝိ အမျိုးအနွယ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
20House of Levi, praise the LORD! You who fear the LORD, praise the LORD!
21ယေရုရှလင် မြို့မှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား သည် ဇိအုန် တောင်ပေါ် မှာ မင်္ဂလာ ရှိတော်မူ စေသတည်း။ ဟာလေလုယ။
21Blessed be the LORD from Zion, who dwells in Jerusalem. Praise the LORD!
Tip: use the ← and → keys to turn chapters.