ဆာလံ

Old Testament

Chapter 124
Judson Burmese Bible (18…
vs World English Bible
Aa
Text size
Line width
Verse numbers

ဆာလံ 124

Judson Burmese Bible (1840)
World English Bible
1ထာဝရဘုရား သည် ငါ တို့ဘက်မှာ ရှိ တော်မ မူလျှင်ဟူသောစကား နှင့် ချီ၍၊ ဣသရေလ အမျိုးဆိုရ သောစကား ဟူမူကား၊
1If it had not been the LORD who was on our side, let Israel now say,
2ထာဝရဘုရား သည် ငါ တို့ဘက် မှာ ရှိ တော်မ မူလျှင်၊ လူ တို့သည် ငါ တို့ရန်ဘက် ၌ နေကြသောအခါ၊
2if it had not been the LORD who was on our side, when men rose up against us,
3အမျက် ထွက် ၍ ငါ တို့ကို အသက် နှင့်တကွ မျို ကြပြီတကား။
3then they would have swallowed us up alive, when their wrath was kindled against us,
4ထိုအခါ ငါ တို့ကို ရေ သည်၊ လွှမ်းမိုး ၍ စီး သော ရေသည် ငါ တို့အသက် ဝိညာဉ်အပေါ် မှာ ကျော် သွားပြီ တကား။
4then the waters would have overwhelmed us, the stream would have gone over our soul.
5စော်ကား သော ရေ တို့သည် ငါ တို့အသက် ဝိညာဉ်အပေါ် မှာ ကျော်သွား ကြပြီတကား။
5Then the proud waters would have gone over our soul.
6သူ တို့သွား နှင့် ကိုက် ခဲရာဘို့ ငါ တို့ကို အပ် တော် မ မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။
6Blessed be the LORD, who has not given us as a prey to their teeth.
7ငှက် သည် မုဆိုး တို့၏ ကျော့ကွင်း ထဲက လွတ် သကဲ့သို့ ၊ ငါ တို့အသက် သည် လွတ်လျက်ရှိ၏။ ကျော့ကွင်း ပြတ် ၍ ငါ တို့သည် လွတ် ကြပြီ။
7Our soul has escaped like a bird out of the fowler’s snare. The snare is broken, and we have escaped.
8ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ သောထာဝရဘုရား ၏ နာမ တော်အားဖြင့် ၊ ငါ တို့သည် မစ ခြင်းကျေးဇူးကိုခံရကြသတည်း။
8Our help is in the LORD’s name, who made heaven and earth.

Tip: use the ← and → keys to turn chapters.