သုတ္တံကျမ်း။

Old Testament

Chapter 10

သုတ္တံကျမ်း။

Judson Burmese Bible (18…
vs King James Version…
Aa
Text size
Line width
Verse numbers

သုတ္တံကျမ်း။ 10

Judson Burmese Bible (1840)
King James Version with Apocrypha
1ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊ ပညာ ရှိ သောသား သည် အဘ ဝမ်းမြောက် ခြင်းအကြောင်း၊ မိုက် သောသား မူကား ၊ အမိ ဝမ်းနည်း ခြင်းအကြောင်းကို ဖြစ်စေတတ်၏။
1The proverbs of Solomon. A wise son maketh a glad father: but a foolish son is the heaviness of his mother.
2မ တရားသောဥစ္စာဘဏ္ဍာ သည် အကျိုး မ ရှိ။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ် ၏။
2Treasures of wickedness profit nothing: but righteousness delivereth from death.
3ဖြောင့်မတ် သော သူကိုငတ် ၍ သေစေခြင်းငှါ၊ ထာဝရဘုရား သည် အခွင့်ပေးတော်မ မူ။ မ တရားသောသူတို့ ၏ အဓမ္မ အမှုကိုကား ဖျက်ဆီး တော်မူ၏။
3The LORD will not suffer the soul of the righteous to famish: but he casteth away the substance of the wicked.
4ပျင်းရိ သောသူသည် ဆင်းရဲ ခြင်း၊ လုံ့လ ဝိရိယ ရှိသောသူသည် ကြွယ်ဝ ခြင်းသို့ ရောက်တတ်၏။
4He becometh poor that dealeth with a slack hand: but the hand of the diligent maketh rich.
5အသီး သီးသောအချိန်၌ သိမ်းယူ သောသူသည် ပညာ ရှိသောသား ဖြစ်၏။ စပါး ရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက် ခွဲတတ်သောသား ဖြစ်၏။
5He that gathereth in summer is a wise son: but he that sleepeth in harvest is a son that causeth shame.
6တရား သောသူ၏ခေါင်း ပေါ် မှာ မင်္ဂလာ သက်ရောက် တတ်၏။ မ တရားသောသူ၏နှုတ် ကိုကား ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။
6Blessings are upon the head of the just: but violence covereth the mouth of the wicked.
7တရား သောသူကို အောက်မေ့ သောအခါ ကောင်းကြီး ပေးတတ်၏။ မ တရားသောသူ၏နာမ မူကား ပုပ်ပျက် တတ်၏။
7The memory of the just is blessed: but the name of the wicked shall rot.
8လိမ္မာ သောသူသည် ပညတ် တရားကိုခံ တတ်၏။
8The wise in heart will receive commandments: but a prating fool shall fall.
9ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောသူသည် အနင်း မှန် လိမ့်မည်။ ကောက် သောလမ်း သို့လိုက်သော သူမူကား ၊ သဘော ထင်ရှားလိမ့်မည်။
9He that walketh uprightly walketh surely: but he that perverteth his ways shall be known.
10မျက်စိ မှိတ် သောသူသည် စိတ် ကိုပူစေတတ်၏။ စကား များသော လူမိုက် မူကား ဆုံးရှုံး တတ်၏။
10He that winketh with the eye causeth sorrow: but a prating fool shall fall.
11ဖြောင့်မတ် သောသူ၏နှုတ် သည် အသက် ရေတွင်း ဖြစ်၏။ မ တရားသောသူ၏ နှုတ် ကိုကား ၊ ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။
11The mouth of a righteous man is a well of life: but violence covereth the mouth of the wicked.
12မုန်း သောစိတ်သည် ရန်တွေ့ ရာသို့ တိုက်တွန်း တတ်၏။ ချစ် သောစိတ် မူကား ၊ ခပ်သိမ်း သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။
12Hatred stirreth up strifes: but love covereth all sins.
13ဉာဏ် ကောင်းသောသူသည် ပညာ စကား ကို ပြော တတ်၏။ ဉာဏ် မဲ့ သောသူ၏ကျော အဘို့ မူကား ကြိမ်လုံး ရှိ၏။
13In the lips of him that hath understanding wisdom is found: but a rod is for the back of him that is void of understanding.
14ပညာရှိ သောသူတို့သည် ကြားသိ သောအရာကို သိမ်း ထားတတ်၏။ မိုက် သောသူ၏နှုတ် မူကား ၊ အကျိုးနည်း ခြင်းနှင့်နီးစပ် ၏။
14Wise men lay up knowledge: but the mouth of the foolish is near destruction.
15ငွေ ရတတ်သောသူ၏ စည်းစိမ် သည် သူ ၏ခိုင်ခံ့ သောမြို့ ဖြစ်၏။ ဆင်းရဲသား တို့၏ဆင်းရဲ ခြင်းမူကား၊ သူ တို့၏ အကျိုးနည်း ကြောင်းဖြစ်၏။
15The rich man’s wealth is his strong city: the destruction of the poor is their poverty.
16ဖြောင့်မတ် သောသူ၏အလုပ် အကိုင်သည် အသက် နှင့်၎င်း၊ မ တရားသောသူ၏ အကျိုး စီးပွါးသည် အပြစ် နှင့်၎င်း ယှဉ်၏။
16The labour of the righteous tendeth to life: the fruit of the wicked to sin.
17နည်း ဥပဒေသကို စောင့်ရှောက် သောသူသည် အသက် လမ်း သို့ လိုက်တတ်၏။ ဆုံးမ ခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲ တတ်၏။
17He is in the way of life that keepeth instruction: but he that refuseth reproof erreth.
18အငြိုး ဖွဲ့သောသဘောကို မုသာ နှုတ်ခမ်း ဖြင့် ဖုံး ထားသောသူ၊ သူ့အသရေ ပျက်အောင် ပြောတတ်သောသူ သည် မိုက် သောသဘောရှိ၏။
18He that hideth hatred with lying lips, and he that uttereth a slander, is a fool.
19စကား များ သောအားဖြင့် အပြစ် ပါ တတ်၏။ မိမိ နှုတ် ကို ချုပ်တည်း သော သူမူကား ပညာ ရှိ၏။
19In the multitude of words there wanteth not sin: but he that refraineth his lips is wise.
20ဖြောင့်မတ် သောသူ၏လျှာ သည် ငွေစင် နှင့် တူ ၏။ ဆိုး သောသူ ၏ နှလုံး မူကား အဘိုး မထိုက်။
20The tongue of the just is as choice silver: the heart of the wicked is little worth.
21ဖြောင့်မတ် သောသူ ၏နှုတ်ခမ်း တို့သည် လူအများ ကို ကျွေး တတ်၏။ မိုက် သောသူတို့မူကား ၊ ဉာဏ် မ ရှိသောကြောင့် သေ ကြလိမ့်မည်။
21The lips of the righteous feed many: but fools die for want of wisdom.
22ထာဝရဘုရား ၏ ကောင်းကြီး မင်္ဂလာသည် စည်းစိမ် ကိုဖြစ်စေတတ်၏။ ထို စည်းစိမ်နှင့် လည်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ရောနှော တော်မ မူ။
22The blessing of the LORD , it maketh rich, and he addeth no sorrow with it.
23မိုက် သောသူသည် အပြစ် ပြု ရာ၌ ပျော်မွေ့ တတ်၏။ ဉာဏ် ကောင်းသောသူ မူကား ဆင်ခြင် တတ်၏။
23It is as sport to a fool to do mischief: but a man of understanding hath wisdom.
24မ တရားသောသူကြောက် တတ်သော အမှုသည် သူ့ အပေါ်သို့ ရောက် လိမ့်မည်။ ဖြောင့်မတ် သောသူ တောင့်တ သော အကျိုးကိုကား ၊ ဘုရားသခင်ပေး တော်မူမည်။
24The fear of the wicked, it shall come upon him: but the desire of the righteous shall be granted.
25မ တရားသောသူသည် လွန် သွားသော လေဘွေ ကဲ့သို့ ပျောက် တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မြဲမြံ သော တိုက်မြစ် ဖြစ်၏။
25As the whirlwind passeth, so is the wicked no more: but the righteous is an everlasting foundation.
26ပုံးရည် သည်သွား ၌ ၎င်း ၊ မီးခိုး သည် မျက်စိ ၌ ၎င်း ဖြစ်သကဲ့သို့ ၊ ပျင်းရိ သောသူသည် စေလွှတ် သောသူ ၌ ဖြစ် ၏။
26As vinegar to the teeth, and as smoke to the eyes, so is the sluggard to them that send him.
27ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် အသက် တာကို ရှည် စေတတ်၏။ မ တရားသောသူ ၏ နှစ် ပေါင်းကာလမူကား တို တတ်၏။
27The fear of the LORD prolongeth days: but the years of the wicked shall be shortened.
28ဖြောင့်မတ် သောသူ၏ မြော်လင့် ခြင်းသည် ဝမ်းမြောက် စရာအကြောင်းဖြစ်၏။ ဆိုး သောသူ၏ မြော်လင့် ခြင်းမူကား ပျောက်ပျက် လိမ့်မည်။
28The hope of the righteous shall be gladness: but the expectation of the wicked shall perish.
29ထာဝရဘုရား ၏ တရားလမ်း သည် ဖြောင့်မတ် သောသူ ခိုင်ခံ့ ခြင်းအကြောင်း ဖြစ်၏။ မ တရားသဖြင့် ကျင့် သောသူတို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။
29The way of the LORD is strength to the upright: but destruction shall be to the workers of iniquity.
30ဖြောင့်မတ် သောသူသည် အစဉ် မပြတ်နေရာမှ မ ရွေ့ ရ။ မ တရားသောသူမူကား ၊ မြေ ပေါ်မှာ အတည် မ ကျရ။
30The righteous shall never be removed: but the wicked shall not inhabit the earth.
31ဖြောင့်မတ် သောသူ၏ နှုတ် မှပညာ စကား ထွက် တတ်၏။ ကောက်လိမ် သော လျှာ မူကား ၊ အဖြတ် ခံရလိမ့်မည်။
31The mouth of the just bringeth forth wisdom: but the froward tongue shall be cut out.
32ဖြောင့်မတ် သောသူ၏ နှုတ်ခမ်း တို့သည် နှစ်သက် ဘွယ်သော အရာကို သိကျွမ်း တတ်၏။ မ တရား သောသူတို့ မူကား ၊ ဆန့်ကျင် သော စကား ကို ပြောတတ် ကြ၏။
32The lips of the righteous know what is acceptable: but the mouth of the wicked speaketh frowardness.

Tip: use the ← and → keys to turn chapters.