သုတ္တံကျမ်း။

Old Testament

Chapter 23

သုတ္တံကျမ်း။

Judson Burmese Bible (18…
vs King James Version…
Aa
Text size
Line width
Verse numbers

သုတ္တံကျမ်း။ 23

Judson Burmese Bible (1840)
King James Version with Apocrypha
1မင်း နှင့်အတူ ထိုင် ၍ စားသောက် သောအခါ သင့် ရှေ့ မှာ အဘယ် သူရှိသည်ကို စေ့စေ့ဆင်ခြင် လော့။
1When thou sittest to eat with a ruler, consider diligently what is before thee:
2သင် သည် စားကြူး တတ်သောသူ ဖြစ်လျှင် ၊ သင် ၏လည်ချောင်း ကို ထား နှင့် ရွယ် လော့။
2And put a knife to thy throat, if thou be a man given to appetite.
3ထိုမင်း ၏ခဲဘွယ် စားဘွယ်တို့ကို အလို မ ရှိနှင့်။ လှည့်စား တတ်သော အစာ ဖြစ်၏။
3Be not desirous of his dainties: for they are deceitful meat.
4ငွေ ရတတ် ခြင်းငှါ မ ကြိုးစား နှင့်။ ကိုယ် ဉာဏ် ကို အမှီ မပြုနှင့်။
4Labour not to be rich: cease from thine own wisdom.
5ပျောက် တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ် စင်စစ်ရွှေလင်းတ သည် မိုဃ်း ကောင်းကင်သို့ ပျံတတ်သကဲ့သို့ ၊ ထို အရာသည် အတောင် တို့ကို လုပ် ၍ ပျံ သွားတတ်၏။
5Wilt thou set thine eyes upon that which is not? for riches certainly make themselves wings; they fly away as an eagle toward heaven.
6မနာလို သောသူ၏ အစာ ကိုမ စား နှင့်။ သူ ၏ ခဲဘွယ် စားဘွယ်ကို အလို မ ရှိနှင့်။
6Eat thou not the bread of him that hath an evil eye, neither desire thou his dainty meats:
7သူ သည် စိတ် ထင် သည်အတိုင်း ဖြစ်၏။ စား သောက် တော့ဟု ဆို သော်လည်း စေတနာစိတ် မ ရှိ။
7For as he thinketh in his heart, so is he: Eat and drink, saith he to thee; but his heart is not with thee.
8သင် သည် စား သောအစာ ကို တဖန်အန် ရ လိမ့်မည်။ သင် ချို သော စကား လည်း ယိုယွင်း လိမ့်မည်။
8The morsel which thou hast eaten shalt thou vomit up, and lose thy sweet words.
9မိုက် သောသူကြား အောင် စကားမ ပြော နှင့်။ သင် ၏စကား ၌ ပါသောပညာ ကို မထီမဲ့မြင် ပြုလိမ့်မည်။
9Speak not in the ears of a fool: for he will despise the wisdom of thy words.
10အရင် စိုက်သော မြေ မှတ်တိုင်ကိုမ ရွှေ့ နှင့်။ မိဘ မရှိသောသူတို့ ၏ လယ် ကို မ သိမ်း နှင့်။
10Remove not the old landmark; and enter not into the fields of the fatherless:
11အကြောင်း မူကား၊ ထိုသူ တို့ကို ရွေး တော်မူသောသူသည် တန်ခိုး ကြီး၍၊ သင့် တဘက် ၌ သူ တို့အမှု ကို စောင့် တော်မူလိမ့်မည်။
11For their redeemer is mighty; he shall plead their cause with thee.
12ဆုံးမ ဩဝါဒ၌ စိတ် နှလုံးစွဲလမ်း ၍ ၊ ပညာ အတတ် စကား ကို နားခံ လော့။
12Apply thine heart unto instruction, and thine ears to the words of knowledge.
13သူငယ် ကို မ ဆုံးမဘဲမ နေနှင့်။ ကြိမ်လုံး နှင့် ရိုက် သော်လည်း သူသည် မ သေ။
13Withhold not correction from the child: for if thou beatest him with the rod, he shall not die.
14ကြိမ်လုံး နှင့် ရိုက် ၍ သူ ၏အသက် ဝိညာဉ်ကို မရဏာ နိုင်ငံမှ ကယ်နှုတ် ရမည်။
14Thou shalt beat him with the rod, and shalt deliver his soul from hell.
15ငါ့ သား ၊ သင့် နှလုံး ၌ပညာ ရှိလျှင် ငါ့ နှလုံး နှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက် လိမ့်မည်။
15My son, if thine heart be wise, my heart shall rejoice, even mine.
16သင့် နှုတ် သည် မှန် သောစကားကို ပြော သောအခါ ၊ ငါ့ ကျောက်ကပ် ရွှင်လန်း လိမ့်မည်။
16Yea, my reins shall rejoice, when thy lips speak right things.
17အပြစ် ထင်ရှားသောသူတို့ ကို ငြူစူ သောစိတ် မ ရှိစေနှင့်။ တနေ့လုံး ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
17Let not thine heart envy sinners: but be thou in the fear of the LORD all the day long.
18အကယ် စင်စစ်အမှု ဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့် မြော်လင့် ခြင်းအကြောင်းမ ပျက် ရာ။
18For surely there is an end; and thine expectation shall not be cut off.
19ငါ့ သား ၊ ငါ့စကားကို နားထောင် ၍ ပညာ ရှိသဖြင့် ၊ ကိုယ် စိတ် နှလုံးကို လမ်းမ ၌ ပဲ့ပြင် လော့။
19Hear thou, my son, and be wise, and guide thine heart in the way.
20စပျစ်ရည် သောက်ကြူး သောသူ၊ အမဲသား စားကြူး သောသူတို့ ကို အပေါင်းအဘော်မ လုပ် နှင့်။
20Be not among winebibbers; among riotous eaters of flesh:
21သောက်ကြူး သောသူနှင့် စားကြူး သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူး သော သဘောသည် လူကိုအဝတ် စုတ်နှင့် ခြုံတတ်၏။
21For the drunkard and the glutton shall come to poverty: and drowsiness shall clothe a man with rags.
22သင့် ကိုဖြစ်ဘွား စေသောအဘ ၏ စကားကို နားထောင် လော့။ အသက်ကြီး သော အမိ ကို မထီမဲ့မြင် မ ပြုနှင့်။
22Hearken unto thy father that begat thee, and despise not thy mother when she is old.
23သမ္မာ တရားကို ဝယ် လော့။ မ ရောင်း နှင့်။ ပညာ ကို၎င်း ၊ ဆုံးမ ဩဝါဒကို၎င်း ၊ ဉာဏ် သတ္တိကို၎င်း ထိုအတူ ပြုလော့။
23Buy the truth, and sell it not; also wisdom, and instruction, and understanding.
24ဖြောင့်မတ် သောသူ၏အဘ သည် အလွန်ဝမ်းမြောက် လိမ့်မည်။ ပညာ ရှိသော သားကို ဖြစ်ဘွား စေသောသူသည် ထို သား၌ အားရဝမ်းမြောက် လိမ့်မည်။
24The father of the righteous shall greatly rejoice: and he that begetteth a wise child shall have joy of him.
25သင်၏မိဘ တို့သည်ဝမ်းမြောက် ၍ ၊ သင့် ကို မွေးဘွား သောသူသည် ရွှင်လန်း လိမ့်မည်။
25Thy father and thy mother shall be glad, and she that bare thee shall rejoice.
26ငါ့ သား ၊ သင့် နှလုံး ကို ငါ့ အား ပေး လော့။ သင့် မျက်စိ တို့သည် ငါ သွားသောလမ်း ကို ကြည့်မှတ် ပါစေ။
26My son, give me thine heart, and let thine eyes observe my ways.
27ပြည်တန်ဆာမ သည် နက် သောကျုံး ကဲ့သို့၎င်း၊ အမျိုး ပျက်သော မိန်းမသည် ကျဉ်း သော မြေတွင်း ကဲ့သို့၎င်း ဖြစ်၏။
27For a whore is a deep ditch; and a strange woman is a narrow pit.
28သူ သည် ထားပြ ကဲ့သို့ ချောင်း ကြည့်တတ်၏။ လွန်ကျူး သော ယောက်ျား များပြား စေခြင်းငှါ ပြုတတ်၏။
28She also lieth in wait as for a prey, and increaseth the transgressors among men.
29အဘယ်သူ သည် ဝမ်းနည်း ခြင်းရှိသနည်း။ အဘယ်သူ သည် ညည်းတွား ခြင်းရှိသနည်း။ အဘယ်သူ သည် ရန်တွေ့ ခြင်းရှိသနည်း။ အဘယ်သူ သည် မြည်တမ်း ခြင်းရှိသနည်း။ အဘယ်သူ သည် အကျိုး အကြောင်းမရှိ၊ ထိခိုက် ၍ နာခြင်းရှိသနည်း။ အဘယ်သူ သည် မျက်စိ နီ ခြင်းရှိသနည်း ဟူမူကား၊
29Who hath woe? who hath sorrow? who hath contentions? who hath babbling? who hath wounds without cause? who hath redness of eyes?
30စပျစ်ရည် ကို ကြာမြင့် စွာ သောက်လျက်နေ သောသူ၊ ဆေး နှင့်ရောသော စပျစ်ရည်ကို ရှာ တတ်သောသူတို့ သည် ထိုသို့သော လက္ခဏာ ရှိကြ၏။
30They that tarry long at the wine; they that go to seek mixed wine.
31ဖလား ၌ နီ လျက် ၊ အရောင် တောက်လျက် ၊ အချို အမြိန်ဝင် လျက်ရှိသောစပျစ်ရည် ကို မ ကြည့် မရှုနှင့်။
31Look not thou upon the wine when it is red, when it giveth his colour in the cup, when it moveth itself aright.
32နောက်ဆုံး ၌ မြွေ ကဲ့သို့ ကိုက် တတ်၏။ မြွေဆိုး ကဲ့သို့ နာ စေတတ်၏။
32At the last it biteth like a serpent, and stingeth like an adder.
33သင့် မျက်စိ တို့သည် အမျိုး ပျက်သောမိန်းမတို့ကို ကြည့်ရှု ၍ ၊ သင့် နှလုံး သည်လည်း ကောက် သော စကားကို မြွက်ဆို လိမ့်မည်။
33Thine eyes shall behold strange women, and thine heart shall utter perverse things.
34အကယ် စင်စစ်သင်သည် ပင်လယ် အလယ် ၌ အိပ် သောသူ၊ သင်္ဘော ရွက်တိုင်ဖျား ပေါ် မှာ အိပ် သော သူကဲ့သို့ ဖြစ် လိမ့်မည်။
34Yea, thou shalt be as he that lieth down in the midst of the sea, or as he that lieth upon the top of a mast.
35သူတို့သည် ငါ့ ကိုရိုက် ကြပြီ။ သို့သော်လည်းငါမ နာ။ ငါ့ ကိုထိုး ကြသော်လည်းငါမ သိ။ အဘယ် အချိန် မှ ငါနိုး ရမည်နည်း။ တဖန် ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။
35They have stricken me, shalt thou say, and I was not sick; they have beaten me, and I felt it not: when shall I awake? I will seek it yet again.

Tip: use the ← and → keys to turn chapters.