ဟေရှာယ 14
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို သနား ၍ ဣသရေလ အမျိုးကို တဖန် ရွေးကောက် သဖြင့် ၊ သူ တို့ကို နေရင်းပြည် ၌ နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူ တို့နှင့် ပေါင်းဘော် ၍ ယာကုပ် အမျိုး ၌ ဆည်းကပ် ကြ လိမ့်မည်။
1耶和华要怜恤 雅各 ,必再拣选 以色列 ,将他们安置在本地。寄居的必与他们联合,紧贴 雅各 家。
2တပါးအမျိုးသား တို့သည် သူ တို့ကို နေရင်း အရပ် သို့ ပို့ဆောင် ကြလိမ့်မည်။ ဣသရေလ အမျိုးသား တို့ သည် တပါးအမျိုးသား တို့ကို ထာဝရဘုရား ၏ ပြည် တော်တွင် ၊ ကျွန် နှင့် ကျွန်မ အရာ၌ ထား၍ စေစားကြ လိမ့်မည်။ အထက်က သိမ်း သွားဘူးသောသူတို့ ကို တဖန် သိမ်း ယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲ ဘူးသောသူတို့ ကိုလည်း အုပ်စိုး ကြလိမ့်မည်။
2外邦人必将他们带回本土; 以色列 家必在耶和华的地上得外邦人为仆婢,也要掳掠先前掳掠他们的,辖制先前欺压他们的。
3ထိုအခါ ထာဝရဘုရား သည် သင့် ကို ငြိုငြင် ခြင်း၊ စိုးရိမ် ခြင်း၊ သူတပါး စေစား၍ ဆင်းရဲ စွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော်မူလျှင်၊
3当耶和华使你脱离愁苦、烦恼,并人勉强你做的苦工,得享安息的日子,
4သင်သည် ဗာဗုလုန် ရှင်ဘုရင် ကို ရည်ဆောင်၍ ၊ ပုံ စကားကို ဤ သို့မြွက် ဆိုလိမ့်မည်။ အစိုး တရပြုသောသူသည် ဆုံး လေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီတကား။
4你必题这诗歌论 巴比伦 王说: 欺压人的何竟息灭? 强暴的何竟止息?
5လူ သတ္တဝါတို့ကို အမျက် ထွက်၍ ၊ အစဉ်မပြတ်ရိုက် ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာန စိတ်နှင့် အုပ်စိုး၍၊ အစဉ် မပြတ်ညှဉ်းဆဲ ခြင်းကို ပြုသောအဓမ္မ လူတို့၏တောင်ဝေး ကို၎င်း၊
5耶和华折断了恶人的杖, 辖制人的圭,
6ထိုသို့အစိုးရ သောသူတို့ ၏ ရာဇ လှံတံကို၎င်း၊ ထာဝရဘုရား ချိုး တော်မူပြီ။
6就是在忿怒中连连攻击众民的, 在怒气中辖制列国, 行逼迫无人阻止的。
7မြေ တပြင်လုံး သည် ငြိမ်ဝပ် ချမ်းသာ ခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်း ဆိုသံနှင့် ကြွေးကြော် ကြ၏။
7现在全地得安息,享平静; 人皆发声欢呼。
8ထင်းရှုး ပင်နှင့် လေဗနုန် အာရဇ် ပင်တို့က၊ သင်တို့သည် လဲ ပြီးသည်နောက်၊ ငါ တို့ကို ခုတ်လှဲ သောသူသည်မ တက် မလာရဟု သင့် ကို ရည်ဆောင်၍ ဝမ်းမြောက် ကြ၏။
8松树和 黎巴嫩 的香柏树 都因你欢乐, 说 : 自从你仆倒, 再无人上来砍伐我们。
9သင် သည် ရောက် လာသောအခါ၊ အောက် အရပ် မရဏာ နိုင်ငံသည် ကြိုဆို အံ့သောငှါ လှုပ် လေ၏။ သင်္ချိုင်း သားများနှင့် လောကီ မင်း များအပေါင်း တို့ကို သင့် အတွက် ကြောင့် နှိုးဆော် လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်း တို့ကို ရာဇပလ္လင် တို့မှ ထ စေ၏။
9你下到阴间, 阴间就因你震动来迎接你, 又因你惊动在世曾为首领的阴魂, 并使那曾为列国君王的, 都离位站起。
10ထိုသူ အပေါင်း တို့က၊ သင် သည်လည်း ငါ တို့ကဲ့သို့ အားနည်း ပါသည်တကား။ ငါ နှင့် တူ ပါသည် တကား။
10他们都要发言对你说: 你也变为软弱像我们一样吗? 你也成了我们的样子吗?
11သင် ၏ ဘုန်း အသရေနှင့် သင် ၏ တုရိယာ မျိုး အသံ ဗလံတို့ကို မရဏ နိုင်ငံတွင် ရှုတ်ချ လေပြီတကား။ သင့် အောက် ၌ ပိုး ကောင်များကို ခင်း လျက် ၊ သင့် အပေါ်၌ တီ ကောင်များကို ခြုံ လျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက် ၍ ပြော ဆိုကြလိမ့်မည်။
11你的威势和你琴瑟的声音都下到阴间。 你下铺的是虫,上盖的是蛆。
12အိုနံနက် သား ၊ မိုဃ်းသောက် ကြယ်၊ သင်သည် ကောင်းကင် က ကျ လေပြီတကား။ အပြည် ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေ တိုင်အောင် ခုတ်လှဲ ခြင်းကို ခံရလေပြီတကား။
12明亮之星,早晨之子啊, 你何竟从天坠落? 你这攻败列国的何竟被砍倒在地上?
13သင် ကလည်း ၊ ကောင်းကင် ပေါ် သို့ ငါ တက် မည်။ ဘုရား သခင်၏ ကြယ် တို့အပေါ် မှာ ငါ့ ပလ္လင် ကို ငါချီးမြှောက် မည်။ မြောက် မျက်နှာဘက်၊ ဗျာဒိတ်တော် တောင် ပေါ် မှာ ငါထိုင် မည်။
13你心里曾说: 我要升到天上; 我要高举我的宝座在 神众星以上; 我要坐在聚会的山上,在北方的极处。
14မိုဃ်းတိမ် ထိပ် ပေါ် သို့ ငါတက် မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ငါနေ မည်ဟုစိတ် အကြံရှိ လေပြီ။
14我要升到高云之上; 我要与至上者同等。
15သို့ သော်လည်း၊ သင်သည်မရဏာ နိုင်ငံ၊ သင်္ချိုင်း တွင်း ထဲသို့ နှိမ့်ချ ခြင်းကို ခံရလေပြီ။
15然而,你必坠落阴间, 到坑中极深之处。
16သင့် ကိုမြင် သောသူတို့သည် စေ့စေ့ကြည့်ရှု ၍ ဆင်ခြင် ပြီးလျှင်၊ မြေကြီး ကို တုန်လှုပ် စေ၍၊ တိုင်း နိုင်ငံများ ကို လှုပ် ချောက်သောသူကား ဤသူလော။
16凡看见你的都要定睛看你, 留意看你, 说 : 使大地战抖, 使列国震动,
17လောကီ နိုင်ငံကို တော ကဲ့သို့ ဖြစ်စေ၍၊ မြို့ များကို ဖျက်ဆီး သောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မ လွှတ် သောသူကား ဤသူလော။
17使世界如同荒野, 使城邑倾覆, 不释放被掳的人归家, 是这个人吗?
18အပြည်ပြည် သောရှင်ဘုရင် အပေါင်း တို့သည် အသီးအသီး မိမိ တို့စေတီ ၌ ဘုန်း အသရေနှင့် အိပ် ကြ၏။
18列国的君王 俱各在自己阴宅的荣耀中安睡。
19သင့် ကိုမူကား ၊ ရွံရှာ ဘွယ်သော သစ်ခက် ကဲ့သို့ သင်္ချိုင်း ထဲ ကထုတ်ပစ် ရ၏။ ကွပ်မျက် သောသူ၊ ထား ဖြင့်ထိုး သောသူ၊ သင်္ချိုင်းတွင်း ၌ ကျောက်စု ထဲသို့ ချ သောသူများနှင့် ဖုံးအုပ် လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင် ဖြစ်လေ၏။
19惟独你被抛弃, 不得入你的坟墓, 好像可憎的枝子, 以被杀的人为衣, 就是被刀刺透, 坠落坑中石头那里的; 你又像被践踏的尸首一样。
20သူတပါးတို့နှင့်ရောနှော ၍ သင်္ဂြိုလ် ခြင်းကိုမ ခံရ။ အကြောင်း မူကား၊ မိမိ ပြည် ကို ဖျက်ဆီး ပြီ။ မိမိ အမျိုးသား ချင်းတို့ကိုသတ် လေပြီ။ အဓမ္မ ပြုသောသူတို့ ၏အနွယ် သည် ဂုဏ် အသရေအလျှင်းမ ရှိရဟု ပြောဆိုကြလိမ့်မည်။
20你不得与君王同葬; 因为你败坏你的国,杀戮你的民。 恶人后裔的名,必永不提说。
21သူ ၏ သား မြေးတို့သည်မ ထ ၊ မြေကြီး ကိုမပိုင် ၊ မြေ တပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင် မည် အကြောင်း၊ သူ တို့အဘို့ ဘိုးဘေး တို့၏ အပြစ် ကြောင့် ကွပ်မျက် ခြင်းကို ပြင် ကြလော့။
21先人既有罪孽, 就要预备杀戮他的子孙, 免得他们兴起来,得了遍地, 在世上修满城邑。
22ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည်သူ တို့တဘက် ၌ ထ ၍ ဗာဗုလုန် မြို့၏နာမ နှင့် အကြွင်း အကျန်ကို၎င်း ၊ သား မြေးတို့ကို၎င်းပယ် ဖြတ်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
22万军之耶和华说: 我必兴起攻击他们, 将 巴比伦 的名号和所余剩的人, 连子带孙一并剪除。 这是耶和华说的。
23တဖန်လည်း၊ ငါသည် ထိုမြို့ ကို ဖြူ ကောင်များနေရာ ၊ ရေ လွှမ်းမိုး ရာအရပ်ဖြစ် စေမည်။ ဖျက်ဆီး ခြင်း၏ တန်မြက်စည်း ဖြင့် လှည်း မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
23我必使 巴比伦 为箭猪所得, 又变为水池; 我要用灭亡的扫帚扫净它。 这是万军之耶和华说的。
24ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကျိန်ဆို ၍ မိန့် တော်မူသည်ကား၊
24万军之耶和华起誓说: 我怎样思想,必照样成就; 我怎样定意,必照样成立,
25ငါ ၏ မြေ ပေါ် မှာ အာရှုရိ မင်းကို ငါနှိပ်စက် မည်။ ငါ ၏ တောင် ရိုးပေါ် မှာ ခြေဖြင့် ကျော်နင်း မည်ဟု ငါကြံစည် သည် အတိုင်း ဖြစ် ၍၊ ငါစီရင် ချက်လည်း တည် ရ လိမ့်မည်။ ထိုအခါ သူ ၏ ထမ်းဘိုး ကို သူ တပါးအပေါ် က ရွှေ့ ၍၊ သူ တို့ပခုံး ပေါ် မှာ တင်သောဝန် ကိုချ ရသော အခွင့်ရှိ လိမ့်မည်။
25就是在我地上打折 亚述 人, 在我山上将他践踏。 他加的轭必离开 以色列 人; 他加的重担必离开他们的肩头。
26မြေ တပြင်လုံး တွင် ထိုသို့ကြံစည် တော်မူ၏။ ခပ်သိမ်း သော ပြည် တို့အပေါ် မှာ ထို သို့လက် တော်ကို ဆန့် လျက်ရှိ၏။
26这是向全地所定的旨意; 这是向万国所伸出的手。
27ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အကြံ တော်ကို အဘယ်သူ ဖျက် လိမ့်မည်နည်း။ ဆန့် တော်မူ သောလက် တော်ကို အဘယ်သူ လှန် လိမ့်မည်နည်း။
27万军之耶和华既然定意,谁能废弃呢? 他的手已经伸出,谁能转回呢?
28အာခတ် မင်းကြီး အနိစ္စ ရောက်သောနှစ် တွင် ခံရ သောဗျာဒိတ် တော် ဟူမူကား၊
28亚哈斯 王崩的那年,就有以下的默示:
29အိုဖိလိတ္တိ ပြည်လုံး ၊ သင့် ကိုရိုက် သောကြိမ်လုံး ကျိုး သည်ကို ထောက်၍၊ ဝမ်း မ မြောက်နှင့်။ ထိုမြွေအမျိုး ထဲကမြွေ ဆိုးပေါက်လိမ့်မည်။ သူ ၏အနွှယ် သည်လည်း ပျံ တတ် သော မီးမြွေ ဖြစ်လိမ့်မည်။
29非利士 全地啊, 不要因击打你的杖折断就喜乐。 因为从蛇的根必生出毒蛇; 它所生的是火焰的飞龙。
30အတိုင်းထက်အလွန် ဆင်းရဲ သောသူတို့သည် စား ရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ် ရကြလိမ့်မည်။ ငါသည်သင် ၏အမြစ် ကို သွေ့ ခြောက်ခြင်းအားဖြင့် သတ် ၍ ၊ သင် ၏ အကြွင်း ကိုလည်း မြွေဆိုးသည်ကွပ်မျက် လိမ့်မည်။
30贫寒人的长子必有所食; 穷乏人必安然躺卧。 我必以饥荒治死你的根; 你所余剩的人必被杀戮。
31အိုတံခါး ၊ ညည်းတွား လော့။ အိုမြို့ ၊ ငိုကြွေး မြည်တမ်း လော့။ အိုဖိလိတ္တိ ပြည်လုံး ၊ သင်သည်မှိုင်တွေ လျက်ရှိ ၏။ မြောက် မျက်နှာမှ မီးခိုး ထွက် လာ၏။ ထိုအလုံးအရင်း ၌ တယောက် တခြားစီနေသောသူမ ရှိ။
31门哪,应当哀号! 城啊,应当呼喊! 非利士 全地啊,你都消化了! 因为有烟从北方出来, 他行伍中并无乱队的。
32တပြည် တနိုင်ငံမှ ရောက်လာသောသံတမန် တို့ အား အဘယ်သို့ ပြန်ပြော ရမည်နည်းဟူမူကား ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် တော်မူသည် ဖြစ်၍ ၊ ကိုယ်တော် ၏ ဆင်းရဲသား တို့သည် ထိုမြို့ ၌ ကိုးစား ကြ၏။
32可怎样回答外邦的使者呢? 必说:耶和华建立了 锡安 ; 他百姓中的困苦人必投奔在其中。
Tip: use the ← and → keys to turn chapters.