ဟောရှေ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1သင် တို့ညီအစ်ကို များကို ငါ ၏လူ ဟူ၍၎င်း ၊ သင် တို့နှမ များကို သနား စုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ် ကြလော့။
1เรียกพี่น้องชายของพวกเจ้าว่า ‘คนของเรา!’ และเรียกพี่น้องหญิงว่า ‘ผู้เป็นที่รักของเรา!’
2သင် တို့အမိ နှင့် ဆွေးနွှေး ကြလော့။ သူ သည် ငါ့ မယား မ ဟုတ်၊ ငါ သည်လည်း သူ့ လင် မ ဟုတ်ကြောင်း ကို ဆွေးနွှေး ကြလော့။ ပြည်တန်ဆာ မျက်နှာကို ပယ် ၍ မှားယွင်း ခြင်းအမှုကို ရှောင်စေ။
2กล่าวโทษแม่ของพวกเจ้า! กล่าวโทษเธอ เพราะเธอไม่ใช่ภรรยาของเรา และเราไม่ใช่สามีของเธอ ให้เธอขจัดการค้าประเวณีออกจากใบหน้า และขจัดการเป็นชู้ออกจากระหว่างอก
3မ ရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ် ၍ ၊ သူ ဘွား သောနေ့ ၌ အဝတ်မရှိသကဲ့သို့အဝတ် မပါ၊ ပြင်၌ ထုတ် ထားမည်။ လွင်ပြင် ကဲ့သို့ သုတ်သင် မည်။ သွေ့ခြောက် သော မြေ ကဲ့သို့ ဖြစ်စေ လျက် ရေ အငတ်ထား၍ သေ စေမည်။
3มิฉะนั้น เราจะเปลื้องผ้าเธอจนเปลือย ให้เธอล่อนจ้อนเหมือนวันที่เกิดมา จะทำให้เธอเป็นเหมือนถิ่นกันดาร เป็นเหมือนผืนดินแห้งแล้ง และจะให้เธอตายเพราะกระหาย
4သူ ၏သားသမီး တို့သည် သူ မျောက်မထား ၍ ရသောသားသမီး ဖြစ်သောကြောင့် သူတို့ကို ငါမ သနား မစုံမက်ဘဲ နေမည်။
4เราจะไม่เมตตาลูกของเธอ เพราะพวกเขาเป็นลูกแห่งความไม่ซื่อสัตย์
5သူ တို့အမိ သည် ပြည်တန်ဆာ ဖြစ်၏။ သူ တို့ကို ပဋိသန္ဓေ ယူ သောသူသည် ရှက်ဘွယ် သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့ မုန့် ၊ ငါ့ ရေ ၊ ငါ့ သိုးမွှေး ၊ ငါ့ ပိုက်ဆန် ၊ ငါ့ ဆီ ၊ ငါ သောက် သောအရည်တို့ကိုပေး တတ်သော ငါ့ ရည်းစား များ နောက် သို့ ငါလိုက် မည်ဟုဆို ပြီ။
5แม่ของพวกเขาค้าประเวณี หญิงที่อุ้มท้องพวกเขาทำสิ่งน่าอับอาย เธอพูดว่า ‘ฉันจะตามคนรักของฉันไป พวกเขาให้ขนมปังและน้ำแก่ฉัน ให้ขนแกะและป่าน ให้น้ำมันและเครื่องดื่ม’
6သို့ဖြစ်၍ ၊ သူ့ ကိုဆူး စောင်ရန်းနှင့် ကာ ထားမည်။ ထွက် စရာမ ရှိစေခြင်းငှါ သူ့ ပတ်လည် ၌ ကျောက်ရိုး ကိုလည်း တည် မည်။
6ดังนั้น ดูสิ เราจะเอาหนามกั้นทางของเจ้า และสร้างกำแพงขวางเธอไว้ จนเธอหาทางไปไม่ได้
7သူ သည် ရည်းစား တို့ကို လိုက် သော်လည်း မ မှီ ၊ ရှာ သော်လည်း မ တွေ့ ဘဲ နေရသောအခါ၊ လင် ဟောင်းထံသို့ ငါပြန် သွားမည်။ ယခု နေရာထက် အရင် နေရာသာ၍ ကောင်း သည်ဟု ဆို လိမ့်မည်။
7เธอจะตามคนรักไป แต่ตามไม่ทัน จะตามหา แต่หาไม่พบ แล้วเธอจะพูดว่า ‘ฉันจะกลับไปหาสามีคนแรก เพราะตอนนั้นฉันอยู่ดีกว่าตอนนี้’
8ဆန် စပါး၊ စပျစ်ရည် ၊ ဆီ တို့ကို ငါ ပေး သနား သည်ဟူ၍၎င်း ၊ ဗာလ ဘုရားအား ပူဇော် သောရွှေ နှင့် ငွေ ကို သူ ၌ ငါများပြား စေသည်ဟူ၍၎င်း သူသည် မ အောက်မေ့ ပါတကား။
8เธอไม่รู้ว่าเราเป็นผู้ให้ธัญพืช เหล้าองุ่นใหม่ และน้ำมันแก่เธอ เราให้เงินทองแก่เธอมากมาย แต่พวกเขากลับนำไปใช้เพื่อบาอัล
9သို့ဖြစ်၍ ၊ စပါးရိတ် ရာကာလ ၌ ငါ့ စပါး ကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့ စပျစ်ရည် ကို၎င်း ၊ သူ ၏ ကိုယ်ကိုဖုံးလွှမ်း စေရာ ငါ့ သိုးမွှေး နှင့် ပိုက်ဆန် ကို၎င်းငါသိမ်းယူ မည်။
9ดังนั้น เราจะเอาธัญพืชของเราคืนเมื่อถึงเวลา เอาเหล้าองุ่นใหม่ของเราคืนเมื่อถึงฤดู และจะริบขนแกะกับป่านของเรา ที่มีไว้ปกปิดร่างเปลือยของเธอ
10ယခုပင် သူ ၏ ရည်းစား များရှေ့ ၌ သူ့ အဝတ် ကို ငါလှစ်လှန်၍ အရှက် ခွဲမည်။ ငါ့ လက် မှ အဘယ်သူ မျှသူ့ ကိုမ နှုတ် ရ။
10บัดนี้เราจะเปิดโปงความลามกของเธอต่อหน้าคนรักของเธอ ไม่มีใครช่วยเธอให้พ้นจากมือเราได้
11သူ ရွှင်လန်း စရာအကြောင်းရှိသမျှ နှင့် ပွဲခံ ခြင်း၊ လဆန်း နေ့၊ ဥပုသ် နေ့စောင့်ခြင်း၊ ပရိသတ် စည်းဝေးခြင်း အလုံးစုံ တို့ကို ငါပြတ် စေမည်။
11เราจะยุติงานฉลองทั้งหมดของเธอ ทั้งเทศกาล วันขึ้นเดือนใหม่ วันสะบาโต และการประชุมในพิธีตามกำหนดทั้งหมด
12ဤသည်ကား၊ ငါ့ ရည်းစား ပေး သော ဆု လက်ဆောင်ဖြစ်သည်ဟု သူဆို ရာ စပျစ် ဥယျာဉ်၊ သင်္ဘော သဖန်း ဥယျာဉ်တို့ကို ငါသုတ်သင် ပယ်ရှင်း၍ ၊ လွင်ပြင် ဖြစ်စေ သဖြင့် တော သားရဲ တို့သည် ကိုက်စား ကြလိမ့်မည်။
12เราจะทำลายเถาองุ่นและต้นมะเดื่อของเธอ ที่เธอเคยพูดถึงว่า ‘นี่คือค่าจ้างที่คนรักให้ฉัน’ เราจะทำให้กลายเป็นป่ารก และสัตว์ในท้องทุ่งจะมากิน
13ဗာလဘုရားတို့အားနံ့သာပေါင်းကို မီးရှို့ ၍ နှာခေါင်း ဆွဲနှင့် လည်ဆွဲ တန်ဆာ ကို ဆင်လျက် ရည်စား များ နောက် သို့လိုက် သဖြင့် ၊ ငါ့ ကို မေ့လျော့ ၍ ဗာလ ဘုရား တို့ လက်ထက် ၌ ပြုမိသောအပြစ်နှင့်အလျောက်ငါစီရင် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
13เราจะลงโทษเธอสำหรับวันทั้งหลายที่เธอบูชาเทพบาอัล เผาเครื่องหอมถวายเทพเหล่านั้น ประดับตัวด้วยต่างหูและเครื่องเพชรพลอย ตามคนรักไป และลืมเรา” พระยาห์เวห์กล่าว
14သို့ရာတွင် ၊ သူ့ ကို တဖန်ငါ ဖြားယောင်း မည်။ တော လမ်းဖြင့် ပို့ဆောင် သော်လည်း ၊ နှစ်သိမ့် စေသော စကားကိုပြော မည်။
14“เพราะฉะนั้น ดูสิ เราจะโน้มน้าวใจเธอ พาเธอไปในถิ่นกันดาร และพูดกับเธออย่างอ่อนโยน
15တော တဘက်၌ စပျစ် ဥယျာဉ်တို့ကို၎င်း၊ အာခေါ် ချိုင့် ၌ မြော်လင့် ရာတံခါး ကို၎င်းငါပေး မည်။ သူ သည် အသက် ငယ် စဉ်ကာလ ၊ အဲဂုတ္တု ပြည် မှ ထွက် လာသောအခါ ၊ သီချင်းဆိုသကဲ့သို့၊ တော တဘက်သို့ ရောက်သောအခါ သီချင်း ဆိုရလိမ့်မည်။
15จากที่นั่น เราจะให้สวนองุ่นแก่เธอ และให้หุบเขาอาโคร์เป็นประตูแห่งความหวัง ที่นั่นเธอจะตอบ เหมือนในวัยสาว เหมือนวันที่เธอขึ้นมาจากแผ่นดินอียิปต์
16ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ သင်သည်ငါ့ ကို သခင် ဟူ၍မ ခေါ် ရ၊ ခင်ပွန်း ဟူ၍ခေါ် ရမည်။
16วันนั้น” พระยาห์เวห์กล่าว “เธอจะเรียกเราว่า ‘สามีของฉัน’ และจะไม่เรียกว่า ‘นายของฉัน’ อีก
17အခြားတပါးသော သခင်တို့၏ ဘွဲ့နာမ များကို သူ ၏ နှုတ် မှ ငါပယ် ၍ ၊ ထို ဘွဲ့နာမ များကို နောက် တဖန် မ မှတ်မိ မမြွက်ဆိုရ။
17เราจะเอาชื่อเทพบาอัลทั้งหลายออกจากปากเธอ จะไม่มีใครเอ่ยชื่อเทพเหล่านั้นอีก
18ထိုကာလ ၌ ငါသည်သူ တို့အတွက် ၊ တော သားရဲ ၊ မိုဃ်း ကောင်းကင်ငှက် ၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန်များနှင့် မိဿဟာယ ဖွဲ့၍ ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်တို့ကို မြေ ပေါ်က ပယ်ရှား သဖြင့် သူ တို့သည် စိုးရိမ် ခြင်းမရှိဘဲ အိပ် ရကြလိမ့်မည်။
18วันนั้น เพื่อพวกเขา เราจะทำพันธสัญญากับสัตว์ในท้องทุ่ง กับนกในท้องฟ้า และสัตว์ที่เลื้อยคลานบนพื้นดิน เราจะหักคันธนู ทำลายดาบ และยุติการสู้รบในแผ่นดิน ให้พวกเขานอนพักอย่างปลอดภัย
19ငါသည် ကိုယ် အဘို့ သင့် ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ် ခြင်း၊ တရားသဖြင့် စီရင် ခြင်း၊ ချစ် သနား စုံမက်ခြင်းနှင့်အညီ ကိုယ် အဘို့ သင့် ကို သိမ်းယူ မည်။
19เราจะหมั้นหมายเธอไว้กับเราตลอดไป เราจะหมั้นหมายเธอไว้กับเรา ด้วยความชอบธรรม ความยุติธรรม ความรักมั่นคง และความสงสาร
20သစ္စာ စောင့်ခြင်းနှင့်အညီ သိမ်းယူ ၍ ၊ သင်သည် ထာဝရဘုရား ကို သိ ရလိမ့်မည်။
20เราจะหมั้นหมายเธอไว้กับเราด้วยความซื่อสัตย์ และเธอจะรู้จักพระยาห์เวห์
21ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် နားထောင် မည်။ မိုဃ်း ကောင်းကင်စကားကို နားထောင် ၍ ၊ သူ သည် မြေကြီး စကားကို နားထောင် မည်။
21วันนั้นเราจะตอบ” พระยาห์เวห์กล่าว “เราจะตอบฟ้าสวรรค์ และฟ้าสวรรค์จะตอบแผ่นดิน
22မြေကြီး သည်လည်း ဆန် စပါး၊ စပျစ်ရည် ၊ ဆီ တို့ ၏ စကားကို နားထောင် ၍ ၊ သူ တို့သည်လည်း ယေဇရေလ စကားကို နားထောင် ကြလိမ့်မည်။
22แผ่นดินจะตอบธัญพืช เหล้าองุ่นใหม่ และน้ำมัน และสิ่งเหล่านี้จะตอบยิสเรเอล
23ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့မြေ ၌ ကိုယ် အဘို့ ငါကြဲ မည်။ မ သနား မစုံမက်အပ်သော သတို့သမီးကို ငါသနား စုံမက်မည်။ ငါ၏ လူ မဟုတ်သော သူကိုလည်း၊ သင်သည်ငါ ၏လူ ဖြစ်သည်ဟု ငါဆို မည်။ သူ ကလည်း ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ သည်ဟု၊ လျှောက် လိမ့်မည်ဟုမိန့်တော်မူ၏။
23เราจะหว่านเธอลงในดินให้เป็นของเรา จะเมตตาหญิงที่ไม่ได้รับความเมตตา และจะบอกผู้ที่ไม่ใช่คนของเราว่า ‘พวกเจ้าเป็นคนของเรา’ แล้วพวกเขาจะพูดว่า ‘พระองค์เป็นพระเจ้าของพวกเรา!’”
Tip: use the ← and → keys to turn chapters.