ဟောရှေ

Old Testament

Chapter 12

ဟောရှေ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဟောရှေ 12

1ဧဖရိမ် သည် လေ ကို ကျက်စား တတ်၏။ အရှေ့ လေကို လိုက် တတ်၏။ နေ့ တိုင်း မုသာ စကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြား စေတတ်၏။ အာရှုရိ လူတို့ နှင့် မိဿဟာယ ဖွဲ့လျက် နှင့်ပင်၊ အဲဂုတ္တု ပြည်သို့ ဆီ ကို ယူ သွားတတ်၏။

2ထာဝရဘုရား သည် ယုဒ အမျိုးနှင့် လည်း တရား တွေ့မှုရှိတော်မူ၏။ ယာကုပ် ၏အကျင့် တို့ကို စစ်ကြော ၍ သူ ပြုမူ သည်နှင့်အညီ အပြစ် ပေးတော်မူမည်။

3ယာကုပ်သည် အမိဝမ်း ၌ အစ်ကို ၏ ဖနှောင့် ကို ကိုင်၏။ ခွန်အား ကြီး၍ ဘုရား သခင်နှင့် ပြိုင် လေ၏။

4ကောင်းကင် တမန်နှင့် ပြိုင် ၍ နိုင် လေ၏။ ငို ၍ တောင်းပန် နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင် ထာဝရဘုရား ကို ဗေသလ မြို့မှာ ဖူးတွေ့ ၍ ၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကိုခံ လေ၏။

5ထာဝရဘုရား တည်းဟူသောနာမ သည်ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။

6သို့ဖြစ်၍ ၊ သင် ၏ဘုရား သခင့်ထံ တော်သို့ ပြန်လာ လော့။ ကရုဏာ တရား၊ ဖြောင့်မတ်ခြင်းတရား ကို စောင့်ရှောက် ၍ ၊ သင် ၏ဘုရား သခင်ကို အစဉ် မပြတ်မြော်လင့် လော့။

7သူသည် ကုန်သည် ဖြစ်၏။ စဉ်းလဲ သော ချိန်ခွင် ကို ကိုင် တတ်၏။ သူတပါးကို ညှဉ်းဆဲ ခြင်းငှါ အလိုရှိ ၏။

8သို့ရာတွင် ၊ ဧဖရိမ် က၊ ငါသည် ရတတ် ၏။ ဘဏ္ဍာ ကို သိုထား ပြီ။ ကြိုးစား သမျှတို့၌ အပြစ် ပါသော လွန်ကျူး ခြင်းကို ရှာ၍ မ တွေ့ ရာဟု ဆို လိမ့်မည်။

9ငါ ထာဝရဘုရား သည် သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်သောသင် ၏ဘုရား သခင်ဖြစ်၏။ ဓမ္မပွဲ ခံစဉ်တွင် နေတတ်သကဲ့သို့ တဖန် တဲ တို့၌ နေ စေမည်။

10ငါသည် ပရောဖက် တို့၌ ဗျာဒိတ် ပေးပြီ။ များစွာ သော ရူပါရုံ တို့ကို ပြပြီ။ ပရောဖက် များအားဖြင့် ပုံပမာ တို့ကို ထားပြီ။

11ဂိလဒ် ပြည်၌ အပြစ် ရှိ၏။ ပြည်သူပြည်သားတို့ သည် အကျိုးနည်း ရှိ ကြပြီ။ ဂိလဂါလ မြို့၌ နွား တို့ကို ယဇ် ပူဇော်၍ ၊ ယဇ် ပလ္လင်တို့သည် ထွန်ကြောင်း တွင် မြေ အပုံပုံ ရှိသကဲ့သို့ များကြ၏။

12ယာကုပ် သည် ရှုရိ ပြည် သို့ ပြေး ၏။ ဣသရေလ သည် မယား ကိုရခြင်းငှါ အစေ ကျွန်ခံ၍ သိုးစုကို ထိန်း ရလေ၏။

13ထာဝရဘုရား သည် ပရောဖက် အားဖြင့် ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်မှ ကယ်နှုတ် ၍ ၊ ပရောဖက် အားဖြင့် လည်း စောင့်မ တော်မူ၏။

14ဧဖရိမ် သည် အမျက် တော်ကို အလွန်နှိုးဆော်လေပြီ။ ထိုကြောင့်၊ လူအသက်ကိုသတ် သော အပြစ် သည် သူ ၌ ရောက် လိမ့်မည်။ သူ ကဲ့ရဲ့ ခြင်း အပြစ်ကို သူ ၏သခင် သည် ပြန် ပေးလိမ့်မည်။

Tip: use the ← and → keys to turn chapters.