ဟောရှေ

Old Testament

Chapter 11

ဟောရှေ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဟောရှေ 11

1ဣသရေလ သည် အသက် ငယ်သောအခါ ငါသည် ချစ် ၍ ငါ့ သား ကို အဲဂုတ္တု ပြည်မှ ခေါ် ခဲ့ပြီ။

2သူ တို့ကို ခေါ် သောသူတို့ ထံမှ ထွက်သွား ကြ၏။ ဗာလ ဘုရားတို့အား ယဇ် ပူဇော်၍ ရုပ်တု ဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ ကြ၏။

3ငါ သည် သွား တတ်သော အတတ်ကို ဧဖရိမ် အား လက် ဆွဲ ၍ သွန်သင်၏။ သို့သော်လည်း ၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မ သိ ဘဲ နေ၏။

4လူ ကို ဆွဲတတ်သော ကြိုး တည်းဟူသော မေတ္တာ ကြိုး နှင့် ငါဆွဲငင် ၏။ ပါးရိုး အနား သို့ ထမ်းဘိုး ကို ရွှေ့ ၍ ဖြည်းညှင်းစွာ ကျွေး ၏။

5အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့် ၊ အဲဂုတ္တု ပြည် သို့ ပြန် ၍မ သွားရ။ အာရှုရိ မင်းသည် သူ တို့ကို အုပ်စိုးရလိမ့်မည်။

6ထား ဘေးသည် သူ့ နေရာမြို့ တို့ အပေါ် သို့ ရောက် ၍ မင်း တို့ကို ဖျက်ဆီး လိမ့်မည်။ သူ တို့ ကြံစည် ခြင်း အားဖြင့် ပင် သုတ်သင် ပယ်ရှင်းလိမ့်မည်။

7ငါ ၏လူ တို့သည် ငါ့ ထံမှလွှဲမြဲ လွှဲကြ၏။ အမြင့်ဆုံး သော ဘုရားထံသို့ ခေါ် သော်လည်း ၊ ထို ဘုရားကို အဘယ်သူမျှမ ချီးမြှောက် လို။

8အိုဧဖရိမ် ၊ ငါသည် သင့် ကို အဘယ် သို့စွန့် နိုင် မည်နည်း။ အိုဣသရေလ ၊ သင့် ကို အဘယ်သို့ အပ်နှံ နိုင် မည်နည်း။ သင့်ကို အာဒမာ မြို့ကဲ့သို့ အဘယ်သို့ဖြစ်စေ နိုင်မည်နည်း။ ဇေဘိုင် မြို့အရာ၌ အဘယ်သို့ခန့်ထား နိုင် မည်နည်း။ ငါ သည် နှလုံး ပြောင်းလဲ ၍ အလွန် ကြင်နာသောစိတ် ရှိ၏။

9ပြင်းစွာ အမျက် ထွက်သည်အတိုင်း မ ပြု လို။ ဧဖရိမ် ကို အထပ်ထပ်မ ဖျက်ဆီး လို။ ငါ သည် လူ မ ဟုတ်၊ ဘုရား သခင်ဖြစ်၏။ မြို့ထဲမှာနေသောမြို့သားမဟုတ် သော်လည်း၊ သင် တို့တွင် နေ၍ သန့်ရှင်း သော ဘုရား ဖြစ်၏။

10သူတို့သည် ထာဝရဘုရား ၏နောက် တော်သို့ လိုက် ကြလိမ့်မည်။ ခြင်္သေ့ ကဲ့သို့ ဟောက် တော်မူမည်။ ဟောက် တော်မူသောအခါ သားသမီး တို့သည် အနောက် မျက်နှာမှ အလျင် အမြန် ပြေးကြလိမ့်မည်။

11စာငှက် ကဲ့သို့ အဲဂုတ္တု ပြည်မှ ၎င်း ၊ ချိုး ကဲ့သို့ အာရှုရိ ပြည် မှ ၎င်း အလျင် အမြန်ပြေးကြ၍၊ သူ တို့ကို နေရင်း အရပ်၌ ငါနေရာ ချမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

12ဧဖရိမ် သည် မုသာ စကားနှင့် ၎င်း ၊ ဣသရေလ သည် လှည့်စား ခြင်းနှင့် ၎င်း ငါ့ ကို နှောင့်ရှက် တတ်၏။ ယုဒ သည်လည်း ဘုရား သခင့်ထံ ၊ သန့်ရှင်း ၍ သစ္စာ စောင့်တော်မူသောဘုရားသခင့်ထံမှလွှဲ၍ လှည့်လည် တတ်၏။

Tip: use the ← and → keys to turn chapters.