ဟောရှေ

Old Testament

Chapter 6

ဟောရှေ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဟောရှေ 6

1လာ ကြ။ ထာဝရဘုရား ထံ တော်သို့ ပြန် ကြကုန်အံ့။ ကိုယ်တော် သည် ကိုက်ဖြတ် သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ် သော်လည်း အနာကို စည်း တော်မူမည်။

2နှစ် ရက်လွန်ပြီးမှ ငါ တို့ကို အသက်ရှင် စေ၍၊ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် စေတော်မူသဖြင့် ၊ အထံ တော်၌ ငါတို့သည် အသက်ရှင် ကြလိမ့်မည်။

3ပညာ ကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရား ကို သိ ခြင်းငှါ လိုက် ရှာကြလိမ့်မည်။ ထွက် တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ် လိမ့်မည်။ ရွာသောမိုဃ်း နှင့် မြေ အပေါ်သို့ ရွာ သော နောက် မိုဃ်းကဲ့သို့ သက်ရောက် တော်မူလိမ့်မည်။

4အိုဧဖရိမ် ၊ သင် ၌ အဘယ် သို့ငါပြု ရမည်နည်း။ အိုယုဒ ၊ သင် ၌ အဘယ် သို့ငါပြု ရမည်နည်း။ သင် တို့ကြည်ညို သောစိတ် သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ဖြစ်၏။

5ထိုကြောင့် သူတို့ကို ပရောဖက် များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ် ရပြီ။ ငါ့ နှုတ်ထွက် စကား အားဖြင့် သတ် ရပြီ။ ငါ့စီရင် ချက်တို့သည်လည်း ထွန်းလင်းသော အလင်း ကဲ့သို့ဖြစ် ကြပြီ။

6ယဇ် ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာ အကျင့်ကို၎င်း၊ မီးရှို့ ရာယဇ်ပူဇော်ခြင်းထက် ဘုရား သခင်နှင့် ကျွမ်းဝင် ခြင်းကို၎င်းငါနှစ်သက် ၏။

7သူ တို့သည် အာဒံ ကဲ့သို့ ပဋိညာဉ် ကို လွန်ကျူး ကြပြီ။ နေရင်း အရပ်၌ ငါ့ သစ္စာ ကို ဖျက်ကြပြီ။

8ဂိလဒ် မြို့ သည် အဓမ္မ ပြု သောသူတို့ နေရာ ဖြစ်၍၊ လူအသွေး နှင့် စွန်း သော ခြေရာများ၏။

9ထားပြ အလုံးအရင်းသည် ခရီးသွားသောသူ ကို ချောင်း ၍ ကြည့်သကဲ့သို့ ၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင် မြို့သို့ သွားသော လမ်း ၌ ပင် အသက် ကိုသတ် တတ်ကြ၏။

10အကယ်စင်စစ်အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက် ဘွယ်သောအမှုကို ဣသရေလ အမျိုး ၌ ငါမြင် ပြီ။ ထို အမျိုး၌ ဧဖရိမ် သည် မှားယွင်း တတ်၏။ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။

11ထို မှတပါး၊ အိုယုဒ အမျိုး၊ သိမ်း သွားသော ငါ ၏လူ တို့ကို ငါ ဆောင်ခဲ့ ပြန်သောအခါ ၊ စပါး ရိတ်ရာကာလသည် သင့် အဖို့ ခန့်ထား လျက်ရှိ၏။

Tip: use the ← and → keys to turn chapters.