ယေဇကျေလ 27
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
1Et factum est verbum Domini ad me, dicens:
2အချင်းလူသား ၊ တုရု မြို့အတွက် မြည်တမ်း ခြင်း ကိုပြု ၍၊ တုရု မြို့အား ဆင့်ဆို ရမည်မှာ၊
2Tu ergo, fili hominis, assume super Tyrum lamentum:
3အိုပင်လယ် ဝ ၌ တည် သောမြို့၊ များစွာ သော ကျွန်းသူ ကျွန်းသားတို့အဘို့ ကုန်သွယ် တတ်သောမြို့၊ သင့် ကို အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုတုရု မြို့၊ သင် က၊ ငါ ၏တင့်တယ် ခြင်းစုံလင် ပြီဟု ဆို တတ်၏။
3et dices Tyro, quæ habitat in introitu maris, negotiationi populorum ad insulas multas: [Hæc dicit Dominus Deus: O Tyre, tu dixisti: Perfecti decoris ego sum,
4သင် ၏နံပါး တို့သည် ပင်လယ် ထဲမှာ ရှိ၏။ သင် ၏ဗိသုကာ တို့သည် သင့် ကိုစုံလင် စွာ တင့်တယ် စေခြင်းငှါပြုကြပြီ။
4et in corde maris sita. Finitimi tui qui te ædificaverunt, impleverunt decorem tuum:
5သင်၏ပျဉ်ပြား ရှိသမျှ တို့ကို စေနိရ ထင်းရူး သစ်သားဖြင့် လုပ် ၍၊ ရွက်တိုင် ဘို့ လေဗနုန် အာရဇ် ပင် တို့ကို ယူ ကြပြီ။
5abietibus de Sanir exstruxerunt te cum omnibus tabulatis maris: cedrum de Libano tulerunt ut facerent tibi malum.
6ဗာရှန် သပိတ် သစ်သားဖြင့် တက် တို့ကို၎င်း၊ ခိတ္တိမ် ကျွန်း တို့မှ ယူခဲ့၍ ဆင်စွယ် နှင့် စီချယ် သော တာရှုရ သစ်သားဖြင့် ကန့် တို့ကို၎င်းလုပ် ကြပြီ။
6Quercus de Basan dolaverunt in remos tuos, et transtra tua fecerunt tibi ex ebore indico, et prætoriola de insulis Italiæ.
7အဲဂုတ္တု ပြည်၌ ချယ်လှယ် သော ပိတ်ချောရွက် တို့ကို ဖြန့် ၍၊ ဧလိရှ ကျွန်း တို့မှ ယူခဲ့သော အထည် ပြာ ၊ အထည်မောင်း ဖြင့် လုပ်သောမျက်နှာကြက် နှင့် ပြည့်စုံ၏။
7Byssus varia de Ægypto texta est tibi in velum ut poneretur in malo: hyacinthus et purpura de insulis Elisa facta sunt operimentum tuum.
8ဇိဒုန် မြို့သား ၊ အာဝဒ် မြို့သားတို့သည် သင်္ဘောသား ဖြစ် ၍၊ တုရု ပညာရှိ တို့သည်လမ်းပြ မာလိန်ဖြစ် ကြ၏။
8Habitatores Sidonis et Aradii fuerunt remiges tui: sapientes tui, Tyre, facti sunt gubernatores tui.
9ဂေဗလ လူကြီး ၊ ပညာရှိ တို့သည် သင့် ကို ပြုပြင် လျက်လိုက်ကြ၏။ ပင်လယ်ကူး တတ်သော သင်္ဘောရှိသမျှ ၊ သင်္ဘောသား တို့နှင့်တကွသင် နှင့် ဖောက်ကား ရောင်းဝယ်ခြင်းငှါပါ ကြ၏။
9Senes Giblii et prudentes ejus habuerunt nautas ad ministerium variæ supellectilis tuæ: omnes naves maris, et nautæ earum, fuerunt in populo negotiationis tuæ.
10ပေရသိ လူ၊ လုဒ လူ၊ ဖုတ လူတို့သည် သင် ၏ တပ်သား ၊ စစ်သူရဲ လုပ် ကြ၏။ ဒိုင်း ၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင် ၍၊ သင်၏ဂုဏ် အသရေကို ထင်ရှား စေကြ၏။
10Persæ, et Lydii, et Libyes erant in exercitu tuo viri bellatores tui: clypeum et galeam suspenderunt in te pro ornatu tuo.
11အာဝဒ် အမျိုးသား တို့သည် သင်၏တပ်သား တို့ နှင့်တကွမြို့ရိုး ပတ်လည် ၌ စီးကြ၏။ ဂမ္မဒိမ် လူတို့သည် ပြအိုး တို့ကိုစောင့်၍၊ မြို့ရိုး ပတ်လည် ၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင် ၏တင့်တယ် ခြင်းကို စုံလင် စေကြ ၏။
11Filii Aradii cum exercitu tuo erant super muros tuos in circuitu: sed et Pigmæi qui erant in turribus tuis, pharetras suas suspenderunt in muris tuis per gyrum: ipsi compleverunt pulchritudinem tuam.
12သင် ၌ကုန်သွယ် ရန် ဥစ္စာ များ သောကြောင့် ၊ တာရှု မြို့သည်ငွေ ၊ သံ ၊ သံဖြူ ၊ ခဲ တို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင် နှင့်ကုန်သွယ် ခြင်းကို ပြုလေ၏။
12Carthaginenses negotiatores tui, a multitudine cunctarum divitiarum, argento, ferro, stanno, plumboque repleverunt nundinas tuas.
13ယာဝန် မြို့၊ တုဗလ မြို့၊ မေရှက် မြို့တို့သည် သင် နှင့်ကုန်သွယ် ၍၊ လူ ကျွန်တို့နှင့် ကြေးနီ ဖလား တို့ကို သင့် ဈေး ၌ ရောင်း ကြ၏။
13Græcia, Thubal, et Mosoch, ipsi institores tui: mancipia, et vasa ærea advexerunt populo tuo.
14တောဂါမ အမျိုးသား တို့သည်မြင်း ၊ မြင်းစီး သူ၊ လား တို့ကို သင့် ဝိုင်း ၌ သွင်း ကြ၏။
14De domo Thogorma, equos, et equites, et mulos adduxerunt ad forum tuum.
15ဒေဒန် မြို့သား တို့သည်လည်း သင် နှင့်ကုန်သွယ် ကြ၏။ များစွာ သော တကျွန်း တနိုင်ငံအရပ်သားတို့သည် သင် လုပ် သော ဥစ္စာ ကိုဝယ်၍၊ ဦးချို ၊ ဆင်စွယ် ၊ သစ်သားနက် ကို ပြန်ပေး ကြ၏။
15Filii Dedan negotiatores tui; insulæ multæ, negotiatio manus tuæ: dentes eburneos et hebeninos commutaverunt in pretio tuo.
16သင် လုပ်သော ဥစ္စာ များ သောကြောင့် ရှုရိ ပြည်သည် သင် နှင့်ကုန်သွယ် ၍၊ နပက်ကျောက် ၊ ပြာ သောအထည်၊ ချယ်လှယ် သောအဝတ်၊ ပိတ်ချော ၊ သန္တာ ၊ ကျောက်နီ တို့ကို သင့် ဝိုင်း ၌ သွင်း ကြ၏။
16Syrus negotiator tuus propter multitudinem operum tuorum: gemmam, et purpuram, et scutulata, et byssum, et sericum, et chodchod proposuerunt in mercatu tuo.
17ယုဒ ပြည်နှင့် ဣသရေလ ပြည် သည် သင် နှင့်ကုန်သွယ် ၍၊ ဂျုံ စပါး၊ မုရန်စေး၊ ပနက်စေး ၊ ဗာလစံစေး ၊ ဆီ ၊ ပျားရည် တို့ကို သင့် ဈေး ၌ သွင်း ကြ၏။
17Juda et terra Israël, ipsi institores tui in frumento primo: balsamum, et mel, et oleum, et resinam proposuerunt in nundinis tuis.
18ဒမာသက် မြို့သည် သင် လုပ်သော ဥစ္စာ များ၊ စည်းစိမ် များပြား သောကြောင့် ၊ ဟေလဗုန် စပျစ်ရည် ၊ ဖြူ သောသိုးမွေး ကို ဖယ်လှယ် လျက် ဖေါက်ကားတတ်၏။
18Damascenus negotiator tuus in multitudine operum tuorum, in multitudine diversarum opum, in vino pingui, in lanis coloris optimi.
19ဝေဒန် မြို့နှင့် ယာဝန် ပြည် ဥဇာလ မြို့သည် လည်း သံ ပြောင် ကို သင့် ဝိုင်း သို့ ယူ ခဲ့၍၊ သင့် ဈေး ၌ သစ်ကြံပိုး နှင့် ကြံ လည်းရှိ ၏။
19Dan, et Græcia, et Mosel, in nundinis tuis proposuerunt ferrum fabrefactum: stacte et calamus in negotiatione tua.
20ဒေဒန် မြို့သည် မြင်းစီး သူရဲ သုံးစရာချော သော အထည် မျိုးကို ရောင်း၍သင် နှင့်ကုန်သွယ် ၏။
20Dedan institores tui in tapetibus ad sedendum.
21အာရပ် ပြည်နှင့် ကေဒါ မင်း အပေါင်း တို့သည် သင် လုပ်သော ဥစ္စာကိုရခြင်းငှါသိုးသငယ် ၊ သိုးထီး ၊ ဆိတ် များတို့နှင့် ဖယ်လှယ် ၍ ကုန်သွယ်ကြ၏။
21Arabia et universi principes Cedar, ipsi negotiatores manus tuæ: cum agnis, et arietibus, et hædis, venerunt ad te negotiatores tui.
22ရှေဘ ကုန်သည် ၊ ရာဂမ ကုန်သည်တို့သည် သင် နှင့် ကုန်သွယ် ၍ အမြတ်ဆုံး သော နံ့သာမျိုး ၊ အဘိုးကြီး သော ကျောက် မျိုး၊ ရွှေ မျိုးကိုသင့် ဝိုင်း ၌ သွင်း ကြ၏။
22Venditores Saba et Reema, ipsi negotiatores tui: cum universis primis aromatibus, et lapide pretioso, et auro, quod proposuerunt in mercatu tuo.
23ခါရန် မြို့သား၊ ကန္နေ မြို့သား၊ ဧဒင် မြို့သား၊ ရှေဘ ကုန်သည် ၊ အာရှုရိ ကုန်သည်၊ ခိလမဒ် ကုန်သည်တို့ လည်း၊ သင် နှင့်ကုန်သွယ် ၍၊
23Haran, et Chene, et Eden, negotiatores tui; Saba, Assur, et Chelmad venditores tui.
24ထူးဆန်း သော ဥစ္စာ၊ ပြာ သောအထည် ၊ ချယ်လှယ် သောအထည်၊ အဘိုးထိုက် သော အဝတ် တန်ဆာပါ၍၊ ကြိုး နှင့်ပတ်ရစ် သော အာရဇ် သေတ္တာတို့ကို သင် ၏ ကုန် ထဲသို့ သွင်းကြ၏။
24Ipsi negotiatores tui multifariam, involucris hyacinthi, et polymitorum, gazarumque pretiosarum, quæ obvolutæ et astrictæ erant funibus: cedros quoque habebant in negotiationibus tuis.
25တာရှု သင်္ဘော တို့သည် သင် ၏ကုန် ကို ဆောင် လျက်သွား လာသဖြင့် ၊ သင်သည် ပင်လယ် အလယ် ၌ ကြွယ်ဝ ၍ အလွန် ဘုန်းကြီး လေ၏။
25Naves maris, principes tui in negotiatione tua: et repleta es, et glorificata nimis in corde maris.]
26ယခုမူကား၊ သင် ၏တက်ခတ်သား တို့သည် သင့် ကိုကြီးစွာ သော ရေ ထဲသို့ ဆောင်သွား ၍၊ အရှေ့ လေ သည်လည်း ပင်လယ် အလယ် ၌ ချိုး လေပြီ ။
26[In aquis multis adduxerunt te remiges tui: ventus auster contrivit te in corde maris.
27သင် သည် လဲပျက် သောအခါ သင် ၏ဥစ္စာ ၊ ဝိုင်း ၊ ကုန် ၊ သင်္ဘောသား ၊ လမ်းပြ မာလိန်၊ ပြုပြင် သူ၊ ကုန်သည် ၊ စစ်သူရဲ အလုံးအရင်း ပါသမျှ တို့သည် ပင်လယ် အလယ် ၌ ကျ ရကြလိမ့်မည်။
27Divitiæ tuæ, et thesauri tui, et multiplex instrumentum tuum: nautæ tui et gubernatores tui, qui tenebant supellectilem tuam, et populo tuo præerant: viri quoque bellatores tui, qui erant in te, cum universa multitudine tua quæ est in medio tui, cadent in corde maris in die ruinæ tuæ:
28သင် ၏လမ်းပြ မာလိန်တို့ အော်ဟစ် သံ ကြောင့် ၊ ပတ်ဝန်းကျင် အရပ်တို့သည် လှုပ်ရှား ကြလိမ့်မည်။
28a sonitu clamoris gubernatorum tuorum conturbabuntur classes.
29တက်ခတ် သော သူအပေါင်း တို့သည် သင်္ဘော မှ ဆင်း ၍၊ သင်္ဘောသား များနှင့် ပင်လယ် လမ်းပြ မာလိန် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် လျက်၊
29Et descendent de navibus suis omnes qui tenebant remum: nautæ et universi gubernatores maris in terra stabunt.
30သင့် အဘို့ အော်ဟစ် ၍ ပြင်းစွာ ငိုကြွေး ကြ လိမ့်မည်။ မြေမှုန့် ကို မိမိ တို့ခေါင်း ပေါ်မှာ ပစ်တင် ၍ပြာ ၌ လူး ကြလိမ့်မည်။
30Et ejulabunt super te voce magna: et clamabunt amare, et superjacient pulverem capitibus suis, et cinere conspergentur.
31ဆံပင် ကိုလည်း ဖြတ်၍လျှော်တေ အဝတ်ကို ဝတ်စည်း လျက်၊ ညှိုးငယ် သောစိတ် နှင့် သင့် အဘို့ ပြင်းစွာ ငိုကြွေး မြည်တမ်း ရသည်ကား၊
31Et radent super te calvitium, et accingentur ciliciis: et plorabunt te in amaritudine animæ, ploratu amarissimo.
32ပင်လယ် အလယ် ၌ ဆုံး သောမြို့တည်းဟူသောတုရု မြို့နှင့် အဘယ် မြို့တူ သနည်း။
32Et assument super te carmen lugubre, et plangent te: Quæ est ut Tyrus, quæ obmutuit in medio maris?
33သင် ၏ဥစ္စာ တို့သည် ပင်လယ် လမ်းဖြင့် ထွက်သွား သောအခါ ၊ လူမျိုး များ တို့ကို ရောင့်ရဲ စေ၍၊ များပြား သောဥစ္စာ ၊ ကုန်စလယ် တို့ဖြင့် လောကီ ရှင်ဘုရင် တို့ကို ကြွယ်ဝ စေတတ်၏။
33Quæ in exitu negotiationum tuarum de mari implesti populos multos: in multitudine divitiarum tuarum, et populorum tuorum, ditasti reges terræ.
34ယခု မူကား၊ သင်သည် ပင်လယ် ၌၎င်း ၊ သင့် ကုန်သွယ် ရန် ဥစ္စာတို့သည် လှိုင်းတံပိုး အလယ် ၌ ၎င်း ကျိုးပဲ့ ၍ ၊ သင် နှင့်ပါ သောသူအပေါင်း တို့သည် ဆုံးရှုံး ကြပြီ။
34Nunc contrita es a mari: in profundis aquarum opes tuæ, et omnis multitudo tua quæ erat in medio tui, ceciderunt.
35ကျွန်းသူ ကျွန်းသားအပေါင်း တို့သည် သင့် အမှုကြောင့် မိန်းမော တွေဝေ၍၊ ရှင်ဘုရင် တို့သည် မျက်နှာ ပျက် လျက် ကြက်သီး မွေးညှင်းထကြ၏။
35Universi habitatores insularum obstupuerunt super te, et reges earum omnes tempestate perculsi mutaverunt vultus.
36အမျိုးမျိုးသောကုန်သည် တို့သည် သင့် အား ကဲ့ရဲ့ သံကို ပြုကြ၏။ သင်သည် ကြောက်မက် ဘွယ်ဖြစ် လေပြီတကား။ နောက် တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေး မြည်တမ်း ကြလိမ့်မည်ဟု မိန့်တော်မူ၏။
36Negotiatores populorum sibilaverunt super te: ad nihilum deducta es, et non eris usque in perpetuum.]
Tip: use the ← and → keys to turn chapters.