ယေဇကျေလ

Old Testament

Chapter 7
Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

ယေဇကျေလ 7

Judson Burmese Bible (1840)
Clementine Vulgate, 1598
1နောက် တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော် သည် ငါ့ ဆီသို့ ရောက် လာ၍၊
1Et factus est sermo Domini ad me, dicens:
2အချင်းလူသား ၊ အရှင် ထာဝရဘုရား သည် ဣသရေလ ပြည်သား တို့ကို ရည်မှတ်၍ မိန့် တော်မူသည်ကား ၊ ပြည် လေး ထောင့် တို့သည် ဆုံး ခြင်းသို့ ရောက် ကြ၏။
2Et tu, fili hominis, hæc dicit Dominus Deus terræ Israël: [Finis venit: venit finis super quatuor plagas terræ.
3သင် သည် ဆုံး ခြင်းသို့ရောက်၍ သင့် အပေါ် သို့ ငါ ၏အမျက် ကို ငါလွှတ် လိုက်မည်။ သင် ၏အကျင့် နှင့် အလျောက်ငါစီရင် မည်။ သင် ပြုမိသမျှ သော ရွံ့ရှာဘွယ် အမှုတို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။
3Nunc finis super te, et immittam furorem meum in te: et judicabo te juxta vias tuas, et ponam contra te omnes abominationes tuas.
4ငါသည် နှမြောစုံမက်ခြင်းမ ရှိဘဲ သင့် အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ သင် ပြုမိသော ရွံ့ရှာဘွယ် အမှုတို့သည် သင် ၏အလယ် ၌ တည် ကြလိမ့်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကိုသင်သိ ရလိမ့်မည်။
4Et non parcet oculus meus super te, et non miserebor: sed vias tuas ponam super te, et abominationes tuæ in medio tui erunt, et scietis quia ego Dominus.
5အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဘေး တခု နောက်တခု ရောက် လာ၏။
5Hæc dicit Dominus Deus: Afflictio una, afflictio ecce venit.
6ဆုံး ခြင်းဘေးရောက် လာ၏။ ဆုံး ခြင်းဘေး ရောက် လာ၏။ သင့် ကို စောင့် လျက် ရောက် လာ၏။
6Finis venit, venit finis: evigilavit adversum te, ecce venit.
7အိုပြည် တော်သား၊ သင်သည် အလှည့်ခံရသောအချိန်ရောက်လာ၏။ အချိန် စေ့ ပြီ။ ရွှင်လန်းစွာ ကြွေးကြော် ခြင်းမရှိရဘဲ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသောနေ့ နီး ပြီ။
7Venit contritio super te, qui habitas in terra: venit tempus, prope est dies occisionis, et non gloriæ montium.
8ငါသည် မ ကြာမမြင့်မှီသင် ၏ အပေါ် သို့ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်း မည်။ သင်၌ ငါ့ အမျက် အလိုကို ပြည့်စုံ စေမည်။ သင် ၏အကျင့် အတိုင်း စီရင် မည်။ သင် ပြုမိသမျှ သော ရွံ့ရှာဘွယ် အမှုတို့၏အကျိုး အပြစ်ကိုဆပ် ပေးမည်။
8Nunc de propinquo effundam iram meam super te, et complebo furorem meum in te: et judicabo te juxta vias tuas, et imponam tibi omnia scelera tua,
9နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သင့် အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ သင် ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင် ၏အလယ် ၌ တည် ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် ဒဏ် ပေးကြောင်း ကို သိ ရကြ လိမ့်မည်။
9et non parcet oculus meus, nec miserebor: sed vias tuas imponam tibi, et abominationes tuæ in medio tui erunt, et scietis quia ego sum Dominus percutiens.
10နေ့ရက် ရောက် လာ၏။ ရောက် လာ၏။ အလှည့် ခံရချိန်စေ့ ပြီ။ တံဖျာ ပွင့် ပြီ။ မာန ကြီးပွား ပြီ။
10Ecce dies, ecce venit: egressa est contritio, floruit virga, germinavit superbia,
11ညှဉ်းဆဲ ခြင်းအမြစ်မှ အပြစ် တံဖျာ ပေါက် လေပြီ။ သူ တို့အစည်း အဝေး၊ သူ တို့ပရိသတ် တစုံတယောက်မျှ မ ကျန်ကြွင်းရ။ သူ တို့အဘို့ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုရ။
11iniquitas surrexit in virga impietatis: non ex eis, et non ex populo, neque ex sonitu eorum: et non erit requies in eis.
12အချိန် စေ့ ပြီ။ နေ့ရက် နီး ပြီ။ ဝယ် သောသူသည် ဝမ်း မ မြောက်စေနှင့်။ ရောင်း သောသူသည် စိတ်မသာ၊ မ ညည်းတွား စေနှင့်။ အကြောင်း မူကား၊ ထိုလူ အစုအဝေးအပေါင်း တို့အပေါ် မှာ အမျက် တော်သည် တည်လျက် ရှိ၏။
12Venit tempus, appropinquavit dies: qui emit, non lætetur, et qui vendit, non lugeat: quia ira super omnem populum ejus.
13ရောင်း သောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်း သော မြေသို့ ပြန် ၍ မ လာရ။ ထို လူ အစုအဝေးအပေါင်း တို့နှင့်ဆိုင် သော ဗျာဒိတ် ရူပါရုံ သည် မပြည့်စုံဘဲမနေရ။ မ တရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမ တည် နိုင်ရ။
13Quia qui vendit, ad id quod vendidit non revertetur: et adhuc in viventibus vita eorum: visio enim ad omnem multitudinem ejus non regredietur, et vir in iniquitate vitæ suæ non confortabitur.]
14စစ် ခင်းကျင်းစေခြင်းငှါတံပိုး ကို မှုတ် ကြသော်လည်း ၊ အဘယ်သူမျှ စစ်ချီ ၍ မသွား ။ အကြောင်း မူကား၊ ငါ့ အမျက် သည် ထို လူ အစုအဝေးအပေါင်း တို့အပေါ် မှာ တည်လျက်ရှိ၏။
14[Canite tuba, præparentur omnes: et non est qui vadat ad prælium: ira enim mea super universum populum ejus.
15ပြင် ၌ ကား ထား ရှိ၏။ အတွင်း ၌ ကားနာ ခြင်း၊ မွတ်သိပ် ခြင်းရှိ၏။ လယ်ပြင် တွင် ရှိသော သူ သည် ထား ဖြင့် သေ လိမ့်မည်။ မြို့ ထဲ တွင်ရှိသောသူ သည် လည်း နာ ခြင်း၊ မွတ်သိပ် ခြင်း အားဖြင့် ဆုံး လိမ့်မည်။
15Gladium foris, et pestis et fames intrinsecus: qui in agro est, gladio morietur, et qui in civitate, pestilentia et fame devorabuntur.
16သို့ရာတွင် လွတ် သောသူတို့သည် လွတ် သောအခါ ၊ အသီးအသီး မိမိ တို့အပြစ် ကြောင့် စိတ် မသာ ညည်းတွားလျက် ၊ ချိုင့် သားချိုး ကဲ့သို့ တောင် ပေါ် မှာ ရှိ ကြ လိမ့်မည်။
16Et salvabuntur qui fugerint ex eis: et erunt in montibus quasi columbæ convallium omnes trepidi, unusquisque in iniquitate sua.
17ထိုသူရှိသမျှ တို့သည် လက် အားလျော့ ၍ ၊ ဒူး သည်လည်း အရည် ဖြစ် လိမ့်မည်။
17Omnes manus dissolventur, et omnia genua fluent aquis.
18သူတို့သည်လည်း လျှော်တေ အဝတ်ကို ဝတ် စည်းလျက် ၊ ပြင်းစွာသော ထိတ်လန့် ခြင်းနှင့် ကိုယ် ကို ခြုံ လျက်၊ တယောက်မျှမကြွင်း၊ မျက်နှာ ရှက်ကြောက် လျက် ၊ ဆံပင် ဖြတ်လျက် ရှိကြလိမ့်မည်။
18Et accingent se ciliciis, et operiet eos formido: et in omni facie confusio, et in universis capitibus eorum calvitium.
19သူ တို့ငွေ ကို လမ်း သို့ ပစ် ၍ ၊ ရွှေ ကိုညစ်ညူး သော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက်ထွက် တော်မူသောကာလ ၌၊ သူ တို့ ရွှေ ငွေ သည် သူ တို့ကို ကယ်တင် ခြင်းငှါ မ တတ်နိုင် ။ သူ တို့အလို ဆန္ဒကို မ ဖြေ နိုင်။ ဝ စွာမ ကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူ တို့ထိမိ ၍မှားယွင်းခြင်းအကြောင်း ဖြစ် သတည်း။
19Argentum eorum foras projicietur, et aurum eorum in sterquilinium erit: argentum eorum et aurum eorum non valebit liberare eos in die furoris Domini: animam suam non saturabunt, et ventres eorum non implebuntur, quia scandalum iniquitatis eorum factum est.
20သူ တို့၌ တင့်တယ် သောတန်ဆာ အားဖြင့်သူတို့ မာန ကို တိုးပွါးစေ၍၊ သူ တို့၌ စက်ဆုပ် ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း ၊ ရွံ့ရှာဘွယ် သော အရာတို့ကို၎င်းလုပ် ကြသောကြောင့် ၊ ထိုတန်ဆာကို ညစ်ညူး သောအရာ ဖြစ်စေ ခြင်းငှါငါစီရင် မည်။
20Et ornamentum monilium suorum in superbiam posuerunt, et imagines abominationum suarum et simulacrorum fecerunt ex eo: propter hoc dedi eis illud in immunditiam.
21တပါး အမျိုးသားတည်းဟူသောအဓမ္မ လူတို့ သည် လုယူ ဖျက်ဆီးစေခြင်းငှါ သူတို့လက် သို့ ငါအပ် သဖြင့် ၊ သူတို့သည် ညစ်ညူး စေကြလိမ့်မည်။
21Et dabo illud in manus alienorum ad diripiendum, et impiis terræ in prædam, et contaminabunt illud.
22ငါ လည်း မျက်နှာ လွှဲ သည်ဖြစ်၍ ၊ သူတို့သည် ငါ ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြ တို့သည် ဝင် ၍ ညစ်ညူး စေကြလိမ့်မည်။
22Et avertam faciem meam ab eis, et violabunt arcanum meum: et introibunt in illud emissarii, et contaminabunt illud.
23သံကြိုး ကိုလုပ် လော့။ အကြောင်း မူကား၊ ပြည် သည် လူအသက် ကို သတ်ခြင်းအပြစ်နှင့်ပြည့် ၏။ မြို့ သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့် ၏။
23Fac conclusionem, quoniam terra plena est judicio sanguinum, et civitas plena iniquitate.
24ထိုကြောင့် ၊ ကြမ်းကြုတ် သော လူမျိုး တို့ကို ငါဆောင် ခဲ့၍ ၊ သူ တို့သည် အိမ် များကို သိမ်းယူ ကြလိမ့် မည်။ ခွန်အားကြီး သောသူတို့၏ မာန ကို ငါငြိမ်း စေမည်။ သူ တို့သန့်ရှင်း သောအရပ်တို့သည် ညစ်ညူး ခြင်း ရှိကြလိမ့်မည်။
24Et adducam pessimos de gentibus, et possidebunt domos eorum: et quiescere faciam superbiam potentium, et possidebunt sanctuaria eorum.
25ပျက်စီး ခြင်းဘေးလာ ၏။ သူတို့သည် ငြိမ်ဝပ် ခြင်း ကို ရှာ ၍ မ တွေ့ရကြ။
25Angustia superveniente, requirent pacem, et non erit.
26ဘေး တခုနောက်တခု၊ သိတင်း တခုနောက်တခု ပေါ် လာလိမ့်မည်။ ပရောဖက် ထံမှာ ဗျာဒိတ် ရူပါရုံကို ရှာ သော်လည်း မရကြ။ ယဇ် ပုရောဟိတ်တို့သည် တရား ဟော သောအခွင့်၊ အသက်ကြီး သောသူတို့ သည် အကြံ ပေးသောအခွင့်ကို မ ရဘဲနေ ကြလိမ့်မည်။
26Conturbatio super conturbationem veniet, et auditus super auditum: et quærent visionem de propheta, et lex peribit a sacerdote, et consilium a senioribus.
27ရှင် ဘုရင်သည် ညည်းတွား မြည်တမ်းလိမ့်မည်။ မင်းသား သည် မှိုင်တွေ ခြင်းအဝတ် ကို ဝတ်ရ လိမ့်မည်။ ပြည်သူ ပြည်သားတို့၏ လက် တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူ တို့ကျင့် ကြသည်အတိုင်း သူ တို့၌ ငါပြု မည်။ သူ တို့စီရင် ကြသည်အတိုင်း ငါပြန် ၍ စီရင်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
27Rex lugebit, et princeps induetur mœrore, et manus populi terræ conturbabuntur: secundum viam eorum faciam eis, et secundum judicia eorum judicabo eos, et scient quia ego Dominus.]

Tip: use the ← and → keys to turn chapters.