ယေဇကျေလ 8
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1သက္ကရာဇ် ခြောက် ခု၊ ဆဌမ လ ၊ ငါး ရက်နေ့တွင် ၊ ငါ သည်ကိုယ် အိမ် ၌ ထိုင် ၍ ၊ ယုဒ အမျိုးအသက်ကြီး သူတို့ သည် ငါ ရှေ့ မှာ ထိုင် ကြစဉ်၊ အရှင် ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ် သို့ သက်ရောက် လေ၏။
1Et factum est in anno sexto, in sexto mense, in quinta mensis, ego sedebam in domo mea, et senes Juda sedebant coram me, et cecidit ibi super me manus Domini Dei.
2ထိုအခါ ငါကြည့်ရှု ၍ ၊ မီး အရောင် ကဲ့သို့သော ပုံ သဏ္ဍာန်သည် ထင်ရှား ၏။ ခါး သဏ္ဍာန် မှ သည်အောက် ပိုင်း၌ မီး အရောင်ကဲ့သို့၎င်း ၊ အထက် ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့ ၎င်း ထင်ရှား ၏။
2Et vidi: et ecce similitudo quasi aspectus ignis: ab aspectu lumborum ejus et deorsum, ignis: et a lumbis ejus et sursum, quasi aspectus splendoris, ut visio electri.
3လက် သဏ္ဍာန် ကိုဆန့် ၍ ငါ ၏ဆံပင် တစုကို ကိုင် လျက် ၊ ဝိညာဉ် တော်သည် ငါ့ ကိုမြေ နှင့် မိုဃ်း ကောင်းကင် ကြား မှာ ချီကြွ ၍ ၊ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ပလ္လင်ရှိရာ ယေရုရှလင် မြို့မြောက် မျက်နှာ အတွင်း တံခါးဝ သို့ ၊ ဘုရားသခင် ၏ဗျာဒိတ် တော်ရူပါရုံအားဖြင့် ငါ့ ကိုဆောင်သွား ၏။
3Et emissa similitudo manus apprehendit me in cincinno capitis mei, et elevavit me spiritus inter terram et cælum: et adduxit me in Jerusalem, in visione Dei, juxta ostium interius quod respiciebat ad aquilonem, ubi erat statutum idolum zeli ad provocandam æmulationem.
4လွင်ပြင် ၌ အရင်ငါမြင် ဘူးသော ဗျာဒိတ် ရူပါရုံ ကဲ့သို့ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် ထင်ရှား ၏။
4Et ecce ibi gloria Dei Israël, secundum visionem quam videram in campo.
5အချင်းလူသား ၊ မြောက် လမ်း သို့ မျှော်ကြည့် လော့ဟု မိန့် တော်မူသည်အတိုင်း ၊ မြောက် လမ်း သို့ ငါမျှော် ကြည့်၍ ၊ မြောက် မျက်နှာ၊ ယဇ် ပလ္လင်တံခါးဝ ၌ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ရှိ၏။
5Et dixit ad me: Fili hominis, leva oculos tuos ad viam aquilonis. Et levavi oculos meos ad viam aquilonis, et ecce ab aquilone portæ altaris idolum zeli in ipso introitu.
6တဖန်တုံ ၊ အချင်းလူသား ၊ ငါ သည် ငါ ၏ သန့်ရှင်း ရာဌာနနှင့် ဝေး စွာသွားစေခြင်းငှါ သူ တို့ပြု ကြ သောအမှု ၊ ဤ အရပ်၌ ဣသရေလ အမျိုး ပြု သော၊ အလွန် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကို မြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ သာ၍ ကြီး သော ရွံရှာဘွယ် အမှု တို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက်၊
6Et dixit ad me: Fili hominis, putasne vides tu quid isti faciunt, abominationes magnas quas domus Israël facit hic, ut procul recedam a sanctuario meo? et adhuc conversus videbis abominationes majores.
7တန်တိုင်း တံခါးဝ သို့ ငါ့ ကိုဆောင်သွား ၍ ငါ ကြည့်ရှု သောအခါ ၊ တန်တိုင်း ရိုး၌ အပေါက် ကို မြင် လေ ၏။
7Et introduxit me ad ostium atrii, et vidi, et ecce foramen unum in pariete.
8တဖန်တုံ အချင်းလူသား ၊ တန်တိုင်း ရိုးကို တူး လော့ဟု မိန့် တော်မူသည်အတိုင်း ၊ ငါသည်တူး ပြီးမှ တံခါးဝ ကို မြင် လေ၏။
8Et dixit ad me: Fili hominis, fode parietem. Et cum fodissem parietem, apparuit ostium unum.
9ဝင် လော့။ ဤ အရပ်၌ ပြု ကြသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုဆိုး တို့ကို ကြည့်ရှု လော့ဟု မိန့် တော်မူသည်အတိုင်း ၊
9Et dixit ad me: Ingredere, et vide abominationes pessimas quas isti faciunt hic.
10ငါသည် ဝင် ၍ ကြည့်ရှု သောအခါ ၊ တန်တိုင်း ရိုး အတွင်းပတ်လည်၌၊ တွား တတ်သော အကောင်မှစ၍ ရွံ့ရှာဘွယ် သော တိရစ္ဆာန် အမျိုးမျိုး နှင့် ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။
10Et ingressus vidi, et ecce omnis similitudo reptilium et animalium, abominatio, et universa idola domus Israël, depicta erant in pariete in circuitu per totum:
11သူ တို့ရှေ့ မှာ ဣသရေလ အမျိုး အသက်ကြီး သူ ခုနှစ် ကျိပ်တို့နှင့်တကွ ၊ ယာဇညာ သား ရှာဖန် သည် သူ တို့ အလယ် ၌ ရပ် ၍ ၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်း ကို ကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက် လေ၏။
11et septuaginta viri de senioribus domus Israël: et Jezonias filius Saphan stabat in medio eorum stantium ante picturas: et unusquisque habebat thuribulum in manu sua, et vapor nebulæ de thure consurgebat.
12တဖန်တုံ ၊ အချင်းလူသား ၊ ဣသရေလ အမျိုး အသက်ကြီး သူ အသီးအသီး တို့သည် မှောင်မိုက် ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ်လေပြီဟု ဆိုကြ၏။
12Et dixit ad me: Certe vides, fili hominis, quæ seniores domus Israël faciunt in tenebris, unusquisque in abscondito cubiculi sui: dicunt enim: Non videt Dominus nos; dereliquit Dominus terram.
13တဖန် လှည့် ၍ သွားဦးလော့။ သူ တို့ပြု သောအမှုတို့တွင် သာ၍ကြီးစွာ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက် ၊
13Et dixit ad me: Adhuc conversus videbis abominationes majores, quas isti faciunt.
14ဗိမာန် တော်မြောက် တံခါးဝ သို့ ဆောင်သွား ၍ ၊ ထို အရပ်၌ မိန်းမ တို့သည် တမ္မုဇနတ် အဘို့ ငိုကြွေး လျက် ထိုင် ကြ၏။
14Et introduxit me per ostium portæ domus Domini quod respiciebat ad aquilonem, et ecce ibi mulieres sedebant plangentes Adonidem.
15အချင်းလူသား ၊ ထို အမှုကိုမြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို မြင် လိမ့်မည်ဟု မိန့်တော်မူလျက်၊
15Et dixit ad me: Certe vidisti, fili hominis: adhuc conversus videbis abominationes majores his.
16ထာဝရဘုရား ၏အိမ် တော်အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား ၍ ၊ ဗိမာန် တော်တံခါး ၊ ဗိမာန် တော်ဦးနှင့် ယဇ် ပလ္လင်ကြား မှာ၊ လူ နှစ်ကျိပ် ငါး ယောက်တို့သည် ဗိမာန် တော်ကို ကျောခိုင်း လျက် ၊ အရှေ့ သို့ မျက်နှာ ပြုလျက် ၊ အရှေ့ မျက်နှာ၌ နေ ကို ကိုးကွယ် ကြ၏။
16Et introduxit me in atrium domus Domini interius, et ecce in ostio templi Domini, inter vestibulum et altare, quasi viginti quinque viri dorsa habentes contra templum Domini, et facies ad orientem: et adorabant ad ortum solis.
17တဖန်တုံ ၊ အချင်းလူသား ၊ ထိုအမှုကို မြင် ပြီ လော ။ ယုဒ အမျိုး သည် ဤ အရပ်၌ စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို ပြု သောအပြစ်ပေါ့ သလော ။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံး ကို ပြည့် စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက် ကိုလည်း မိမိ တို့နှာခေါင်းဝ ၌ ကပ် ၍ကိုင်ကြ၏။
17Et dixit ad me: Certe vidisti, fili hominis: numquid leve est hoc domui Juda, ut facerent abominationes istas quas fecerunt hic, quia replentes terram iniquitate, conversi sunt ad irritandum me? et ecce applicant ramum ad nares suas.
18ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ ငါ ၏အမျက် ကို လွှတ် လိုက်မည်။ သူတို့သည် ကျယ် သော အသံ နှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နား မ ထောင်ဟု မိန့်တော်မူ၏။
18Ergo et ego faciam in furore: non parcet oculus meus, nec miserebor: et cum clamaverint ad aures meas voce magna, non exaudiam eos.
Tip: use the ← and → keys to turn chapters.