ဧသတာ 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ထို အမှုရှိသမျှ ကို မော်ဒကဲ သိ သောအခါ ၊ မိမိ အဝတ် ကိုဆုတ် ၍ ပြာ နှင့်လူးလျက် ၊ လျှော်တေ အဝတ်ကို ဝတ် လျက် ၊ မြို့ အလယ် သို့ သွား ၍ ကြီးကျယ် သောအသံ နှင့် ငိုကြွေး လေ၏။
1เมื่อโมรเดคัยรู้ทุกอย่างที่เกิดขึ้น เขาฉีกเสื้อผ้า สวมผ้ากระสอบและโรยขี้เถ้า แล้วออกไปกลางเมือง ร้องคร่ำครวญเสียงดังด้วยความทุกข์ระทม
2လျှော်တေ အဝတ် ကိုဝတ်လျက် နန်းတော်တံခါး ထဲ သို့ အဘယ်သူ မျှမဝင် ရသောကြောင့် ၊ နန်းတော်တံခါး ရှေ့ မှာ ရပ် နေ၏။
2เขามาถึงหน้าประตูวัง แต่เข้าไปไม่ได้ เพราะไม่มีใครได้รับอนุญาตให้สวมผ้ากระสอบเข้าไปภายในประตูวัง
3ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်တို့၌ ယုဒ လူတို့သည် အလွန် ညည်းတွား ခြင်း၊ အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းကိုပြု၍၊ လူများ တို့သည် ပြာ နှင့် လျှော်တေ အဝတ်၌ အိပ် ကြ၏။
3ในทุกมณฑลที่คำสั่งและพระราชกฤษฎีกาของกษัตริย์ไปถึง ชาวยิวโศกเศร้าอย่างหนัก อดอาหาร ร้องไห้ และคร่ำครวญ หลายคนสวมผ้ากระสอบและนอนอยู่บนขี้เถ้า
4မော်ဒကဲအမှုကို ဧသတာ ၏ ကျွန် မတို့နှင့် မိန်းမစိုး တို့သည် ကြားပြော သောအခါ ၊ မိဖုရား သည် အလွန် ဝမ်းနည်း လျက် ၊ မော်ဒကဲ ဝတ်သော လျှော်တေ ကို ပယ် ၍ အခြားသောအဝတ် ကို ဝတ် စေခြင်းငှါ ပေး လိုက် သော်လည်း ၊ မော်ဒကဲသည် မ ခံ မယူဘဲနေ၏။
4หญิงสาวผู้รับใช้และขันทีของเอสเธอร์มาแจ้งเรื่องนี้ นางโศกเศร้าอย่างยิ่ง จึงส่งเสื้อผ้าไปให้โมรเดคัยเปลี่ยนแทนผ้ากระสอบ แต่เขาไม่ยอมรับ
5တဖန် ဧသတာ သည် ရှင်ဘုရင် အမိန့်တော်နှင့် ခစား သော မိန်းမစိုး ဟာတက် ကို ခေါ် ၍ ၊ အဘယ် အမှုရှိ သနည်း။ အဘယ်ကြောင့်ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေး စေခြင်းငှါ စေလွှတ် သည်အတိုင်း၊
5เอสเธอร์เรียกฮาธาค ขันทีคนหนึ่งของกษัตริย์ที่พระองค์แต่งตั้งให้รับใช้นาง แล้วสั่งให้ไปหาโมรเดคัยเพื่อถามว่าเกิดเรื่องอะไรและเป็นเพราะเหตุใด
6ဟာတက် သည် မော်ဒကဲ ရှိ ရာ နန်းတော်တံခါး ရှေ့ ၊ မြို့ တော်လမ်း သို့ သွား ၍၊
6ฮาธาคจึงออกไปพบโมรเดคัยที่ลานเมืองหน้าประตูวัง
7မော်ဒကဲ သည် မိမိ ၌ရောက် သော အမှုရှိသမျှ ကို ၎င်း၊ ဟာမန် သည် ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ငွေ မည်မျှကို ဘဏ္ဍာ တော်တိုက်ထဲ သို့ သွင်းပါမည်ဟု ဂတိ ထားကြောင်း ကို၎င်းကြားပြော လျက်၊
7โมรเดคัยเล่าทุกอย่างที่เกิดกับตนให้ฮาธาคฟัง พร้อมทั้งบอกจำนวนเงินที่แน่นอนซึ่งฮามานสัญญาว่าจะจ่ายเข้าคลังของกษัตริย์เพื่อทำลายชาวยิว
8ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ရှုရှန် နန်းတော်၌ ထုတ် သော အမိန့် တော်စာလက်ခံ ကို ဧသတာ အား ပြ ဘို့ ပေး ၍ ၊ ဧသတာသည် မိမိ လူမျိုး အဘို့ တောင်း လျှောက် ခြင်းငှါ ၊ ရှင်ဘုရင် ထံ တော်သို့ဝင် ရမည်အကြောင်း မှာ လိုက် လေ၏။
8เขายังมอบสำเนาพระราชกฤษฎีกาที่ประกาศในสุสาให้ทำลายชาวยิว เพื่อให้ฮาธาคนำไปให้เอสเธอร์ดู อธิบายให้นางฟัง และเร่งเร้าให้นางเข้าเฝ้ากษัตริย์เพื่อวิงวอนและยื่นคำขอเพื่อชนชาติของนาง
9ဟာတက် သည်လည်းလာ ၍ မော်ဒကဲ စကား ကို ဧသတာ အား ပြန်ပြော ၏။
9ฮาธาคกลับมาบอกเอสเธอร์ตามที่โมรเดคัยกล่าว
10တဖန် ဧသတာ သည် ဟာတက် အားဖြင့် ၊ မော်ဒကဲ ကို မှာ လိုက်သည်ကား၊
10เอสเธอร์จึงฝากคำตอบให้ฮาธาคนำไปบอกโมรเดคัยว่า
11ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ရှင်ဘုရင်ခေါ် တော်မ မူဘဲ အတွင်း တန်တိုင်း ၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မိသောသူ သည် အသက် ချမ်းသာရမည်အကြောင်း ၊ ရွှေ ရာဇ လှံတံကို ကမ်း တော်မမူလျှင်၊ အမှန်သေ ရမည် အကြောင်း အမိန့် တော်ရှိသည်ကို၊ ရှင်ဘုရင် ၏ ကျွန် တော်မျိုးများနှင့် နိုင်ငံ တော်ပြည်သူ ပြည်သားများအပေါင်း တို့ သည် သိ ကြ၏။ အကျွန်ုပ် ကိုကား အရက် သုံးဆယ် ပတ်လုံး၊ ရှင်ဘုရင် ထံ တော်သို့ ခေါ် တော်မ မူဟု၊
11“ผู้รับใช้ของกษัตริย์ทุกคนและประชาชนในมณฑลต่าง ๆ รู้ว่า ไม่ว่าชายหรือหญิง หากเข้าไปหากษัตริย์ในลานชั้นในโดยไม่ได้รับเรียก โทษตามกฎหมายสำหรับผู้นั้นมีเพียงอย่างเดียว คือประหารชีวิต เว้นแต่กษัตริย์จะยื่นคทาทองคำให้ผู้นั้น จึงจะมีชีวิตอยู่ได้ แต่ข้าพเจ้าไม่ได้รับเรียกให้เข้าเฝ้ามาสามสิบวันแล้ว”
12ဧသတာ စကား ကို မော်ဒကဲ အား ပြန်ပြော သောအခါ ၊ မော်ဒကဲ က၊ အခြားသော ယုဒ လူ အသက်မလွတ် လျှင်၊
12พวกเขานำคำพูดของเอสเธอร์ไปบอกโมรเดคัย
13နန်းတော် ၌နေသော်လည်းသင့်အသက်လွတ် မည်ဟု မ ထင် နှင့်။
13โมรเดคัยจึงให้พวกเขานำคำตอบกลับไปบอกเอสเธอร์ว่า “อย่าคิดว่าอยู่ในพระราชวังแล้ว เธอจะรอดต่างจากชาวยิวคนอื่น ๆ
14ယခု ကာလ သင်သည်တိတ်ဆိတ် စွာနေလျှင် ၊ သင် နှင့် သင် ၏ အဆွေ အမျိုးသည် ပျက်စီး ၍ ၊ ယုဒ လူတို့ အသက်ရှင်ခြင်း၊ ကယ်တင် ခြင်း အကြောင်းတစုံတခုပေါ် လိမ့်မည်။ ယခု အမှုကိုဆောင်ဘို့ရာသင်သည် မိဖုရား အရာကိုရ သည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာ အား ပြန် ပြောစေခြင်းငှါ မှာ လိုက်၏။
14หากเธอเงียบอยู่ในเวลานี้ ความช่วยเหลือและการกอบกู้จะมาถึงชาวยิวจากที่อื่น แต่เธอกับครอบครัวของบิดาจะพินาศ ใครจะรู้ เธออาจได้เป็นราชินีเพื่อเวลาเช่นนี้ก็ได้?”
15ဧသတာ ကလည်း ၊ ရှုရှန် မြို့၌ ရှိသောယုဒ လူအပေါင်း တို့ကို စုဝေး စေခြင်းငှါသွား ပါ။
15เอสเธอร์ให้พวกเขานำคำตอบไปบอกโมรเดคัยว่า
16နေ့ ညဉ့် မပြတ် သုံး ရက် ပတ်လုံးမ စား မ သောက် ဘဲနေ၍၊ အကျွန်ုပ် အဘို့ အစာရှောင် ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ် သည် လည်း ကျွန် မတို့နှင့်တကွ အစာရှောင် ခြင်းအကျင့်ကို ကျင့်ပါမည်။
16“จงไปรวบรวมชาวยิวทุกคนในสุสา ให้อดอาหารเพื่อข้าพเจ้า อย่ากินหรือดื่มอะไรเลยตลอดสามวัน ทั้งกลางคืนและกลางวัน ข้าพเจ้ากับหญิงสาวผู้รับใช้จะอดอาหารเช่นเดียวกัน แล้วข้าพเจ้าจะเข้าเฝ้ากษัตริย์ แม้จะผิดกฎหมาย หากข้าพเจ้าต้องตาย ก็ยอมตาย”
17ထိုနောက်အာဏာ တော်ကို ဆန်ရသော်လည်း၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မည်။ သေ လျှင် အသေခံ ပါမည်ဟု မော်ဒကဲ အား ပြန် ပြောစေခြင်းငှါ မှာ လိုက် သမျှ အတိုင်း ၊ မော်ဒကဲ သည် သွား ၍ ပြု လေ၏။
17โมรเดคัยจึงออกไปทำทุกอย่างตามที่เอสเธอร์สั่ง
Tip: use the ← and → keys to turn chapters.