တမန်တော် 8
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1သူ့ ကိုကွပ်မျက် သောအမှုကိုရှောလု သည်လည်း ဝန်ခံ လျက်ရှိ ၏။ထိုအခါ ယေရုရှလင် မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲ ခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူအပေါင်း တို့သည် ယုဒ ပြည်၊ ရှမာရိ ပြည်အရပ်ရပ် တို့၌ အနှံ့အပြားကွဲပြား ကြ၏။
1ושאול גם הוא היה רצה בהרגתו ותהי ביום ההוא רדיפה גדולה על הקהלה אשר בירושלים ויפצו כלם בערי יהודה ושמרון לבד מן השליחים׃
2တရားကိုရိုသေ သောသူ တို့သည် သတေဖန် ကို သင်္ဂြိုဟ် ၍ ပြင်းစွာ သောငိုကြွေး မြည်တမ်းခြင်းကို ပြု ကြ၏။
2וישאו אנשים חסידים את אסטפנוס ויקברהו ויספדו עליו מספד גדול׃
3ရှောလု သည် အသင်းတော် ကိုဖျက်ဆီး လေ၏။ အိမ် များသို့ ဝင် ပြီးလျှင်ယောက်ျား မိန်းမ တို့ကို ဆွဲငင် ၍ ထောင် ထဲ၌ လှောင် ထားတတ်၏။
3ושאול החריב את הקהלה וישוטט בבתים ויסחב משם אנשים ונשים ויסגירם לכלא׃
4ထိုကြောင့် အရပ်ရပ်သို့ကွဲပြား သော သူ တို့သည် လှည့်လည် ၍ နှုတ်ကပတ် တော်တည်းဟူသောဧဝံဂေလိတရားကို ဟောပြော ကြ၏။
4והנפוצים עברו בארץ ויבשרו את הדבר׃
5ဖိလိပ္ပု သည်လည်း၊ ရှမာရိ မြို့ သို့ သွား ၍ ခရစ်တော် ၏ အကြောင်းကိုဟော လေ၏။
5ופילפוס ירד אל עיר שמרון ויכרז להם את המשיח׃
6လူ အစုအဝေးတို့သည်ကြား ၍ ဖိလိပ္ပု ပြု သော နိမိတ် လက္ခဏာတို့ကို မြင် သောအခါ၊ သူ၏စကား ကို တစ် ညီတစ်ညွတ်တည်း နားထောင် ကြ ၏။
6ויקשב המון העם בלב אחד אל אמרי פילפוס בשמעם ובראותם את האתות אשר עשה׃
7အကြောင်းမူကား ၊ နတ် ဆိုး စွဲ သော သူ များတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာ သော အသံ နှင့် အော်ဟစ် လျက်ထွက်သွား ကြ၏။ ကိုယ် မလှုပ်နိုင်သောသူ၊ ခြေမစွမ်း သောသူအများ တို့သည်လည်း ပကတိ အဖြစ် သို့ရောက်ကြ၏။
7כי רבים היו אחוזי רוחות הטמאה והרוחות יצאו מהם צעקות בקול גדול ורבים נכי אברים ופסחים וירפאו׃
8ထို မြို့သူ မြို့သားတို့သည် အလွန် ဝမ်းမြောက် ခြင်းရှိ ကြ၏။
8ותהי שמחה גדולה בעיר ההיא׃
9ရှိမုန် အမည် ရှိသော သူ တစ် ယောက်သည်၊ ထိုမြို့ ၌ နတ် ဝိဇ္ဇာအတတ်နှင့် ပြုပြင်၍၊ ငါ သည်ထူးဆန်း သော သူ ဖြစ် သည်ဟုဆို လျက်၊ ရှမာရိ အမျိုးသား တို့ကို မိန်းမော တွေဝေစေခြင်းငှာပြု၏။
9ואיש אחד ושמו שמעון היה מלפנים בעיר מכשף ומשמים את עם שמרון באמרו על נפשו כי גדול הוא׃
10လူကြီး လူငယ် ရှိသမျှတို့က လည်း၊ ဤသူ သည် ဘုရားသခင် ၏ မဟာ တန်ခိုး တော်ဖြစ် သည်ဟု ဆို လျက် ထိုသူ ၌ဆည်းကပ် ကြ၏။
10ויקשיבו אליו מקטנם ועד גדולם לאמר זה הוא גבורת האלהים הגדולה׃
11ဆည်းကပ် သည်အကြောင်း ကား၊ သူ တို့ကို မိန်းမော တွေဝေစေခြင်းငှာထိုသူသည် နတ် ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့် စွာပြုလျက်နေ၏။
11ויקשיבו אליו על היותו משמים אותם בכשפיו ימים רבים׃
12ဖိလိပ္ပု သည် ဘုရားသခင် ၏နိုင်ငံ တော်၌၎င်း၊ ယေရှု ခရစ် ၏ နာမ တော်နှင့် ၎င်း စပ်ဆိုင် သော ဧဝံဂေလိ တရားကို ဟောပြော၍ ထိုသူ တို့သည် ယုံကြည် သောအခါ ၊ ယောက်ျား မိန်းမ တို့သည် ဗတ္တိဇံ ကို ခံကြ၏။
12ויהי כאשר האמינו לפילפוס בבשרו את מלכות האלהים ואת שם ישוע המשיח ויטבלו אנשים ונשים׃
13ရှိမုန် သည်လည်း ကိုယ်တိုင် ယုံကြည် သည်ဖြစ်၍ ဗတ္တိဇံ ကို ခံပြီးမှ ဖိလိပ္ပု ထံ၌မှီဝဲ ဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုး ကြီး သော နိမိတ် လက္ခဏာများကို မြင် ၍ မိန်းမော တွေဝေလျက်ရှိ လေ၏။
13ויאמן שמעון גם הוא ויטבל וידבק בפילפוס וירא את האתות והמפתים הגדלים אשר נעשו וישתומם׃
14ရှမာရိ မြို့သားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ခံယူ ကြပြီဟု ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့သည် သိတင်း ကြား လျှင် ၊ ပေတရု နှင့် ယောဟန် တို့ကို စေလွှတ် ကြ၏။
14וישמעו השליחים אשר בירושלים כי קבלה שמרון את דבר האלהים וישלחו אליהם את פטרוס ואת יוחנן׃
15ထိုမြို့သူမြို့သားတို့သည် သခင် ယေရှု ၏နာမ ၌ ဗတ္တိဇံ ကို ခံရုံ မျှသာ ရှိ သဖြင့် ၊
15וירדו שמה ויתפללו בעדם אשר יקבלו את רוח הקדש׃
16တစ်စုံတစ်ယောက် သောသူ အပေါ် ၌သန့်ရှင်း သော ဝိညာဉ်တော်သည် သက်ရောက် တော် မ မူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ် တော် ကိုခံရ မည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း ၍၊
16כי הרוח לא צלחה עד עתה על אחד מהם והם רק נטבלים בשם האדון ישוע׃
17ထိုသူ တို့အပေါ် ၌လက် ကိုတင် သောအားဖြင့်သူတို့သည် သန့်ရှင်း သောဝိညာဉ် တော်ကိုခံရ ကြ၏။
17ויסמכו את ידיהם עליהם ויקבלו את רוח הקדש׃
18တမန်တော် တို့လက် ကိုတင် သောအားဖြင့် သန့်ရှင်းသော ဝိညာဉ် တော်သက်ရောက် သည်ကို ရှိမုန် မြင် လျှင်၊ ငွေ ကိုယူဆောင် ခဲ့၍၊
18ויהי בראות שמעון כי בסמיכות ידי השליחים נתן רוח הקדש ויבא לפניהם כסף׃
19အကျွန်ုပ် ၏ လက် တင် ခြင်းကိုခံရသောသူ သည် သန့်ရှင်း သော ဝိညာဉ် တော်ကိုခံ စေမည်အကြောင်း အကျွန်ုပ် အား အခွင့် ပေး ပါဟု တောင်း သော်၊
19ויאמר תנו נא גם לי את היכלת הזאת אשר יקבל את רוח הקדש כל אשר אשים עליו את ידי׃
20ပေတရု က၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ငွေ နှင့်ဝယ်ယူ မည် ဟု အကြံရှိ သောကြောင့် ၊ သင် နှင့်တကွ သင် ၏ ငွေ သည်ပျက်စီး ခြင်းသို့ ရောက် ပါစေ။
20ויאמר אליו פטרוס כספך יהי אתך לאבדון יען חשבת לקנות במחיר את מתת האלהים׃
21သင် သည်ဤ အမှုအရာ နှင့် မ ဆက်ဆံ သော သူဖြစ် ၏။ အကြောင်းမူကား ၊ သင် ၏စိတ် နှလုံးသည် ဘုရားသခင့် ရှေ့ တော်၌ ဖြောင့်မတ် ခြင်းမ ရှိ ။
21אין לך חלק וגורל בדבר הזה כי לבבך איננו ישר לפני האלהים׃
22ထိုကြောင့် သင် ၌ ယခု ဆိုးညစ် သောအမှု ကို နောင်တရ လော့။ သင် ၏စိတ် နှလုံး၌ကြံစည် ခြင်းအပြစ်ကို လွှတ်ကောင်း လွှတ် လိမ့်မည်ဖြစ်၍၊ ဘုရားသခင် ကို တောင်းပန် လော့။
22ועתה שוב מרעתך זאת והתחנן אל האלהים אולי תסלח לך מזמת לבבך׃
23သင် သည်ခါး စွာသောသည်းခြေ စွဲသည်ဖြစ်၍ ၊ ဒုစရိုက် အနှောင်အဖွဲ့ နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို ၏။
23כי ראה אנכי כי באת לידי מרורת רוש וחרצבות רשע׃
24ရှိမုန် ကလည်း၊ မိန့် တော်မူသောအရာ တစ်စုံတစ်ခု မျှ အကျွန်ုပ် အပေါ်သို့ မရောက် ပါမည် အကြောင်း ၊ ထာဝရ ဘုရားကို ကျွန်ုပ် အဘို့ အလိုငှာ ဆုတောင်း တော်မူကြပါဟု ပြန်ပြော ၏။
24ויען שמעון ויאמר העתירו אתם בעדי אל יהוה לבלתי בוא עלי דבר מכל אשר אמריתם׃
25တမန်တော် တို့သည် သက်သေခံ ၍ သခင်ဘုရား ၏နှုတ်ကပတ် တရားတော်ကိုဟော ပြီးမှ၊ ယေရုရှလင် မြို့ သို့ ပြန်သွား ရာ၊ ရှမာရိ ရွာ များ တို့၌လည်း ဧဝံဂေလိတရားကို ဟောပြော ကြ၏။
25והמה אחרי אשר העידה ודברו את דבר יהוה שבו ירושלים ויבשרו את הבשורה בכפרים רבים אשר לשמרונים׃
26တဖန် ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပု အား ၊ သင်ထ ၍ ယေရုရှလင် မြို့မှ ဂါဇ မြို့ သို့ သွား ရာ တော လမ်း တွင် တောင် မျက်နှာသို့ သွား လော့ ဟု ဆို သည်အတိုင်း ၊ ဖိလိပ္ပုသည်ထ ၍ သွား လေ၏။
26וידבר מלאך יהוה אל פילפוס לאמר קום לך הנגבה על הדרך הירדת מירושלים עזתה והיא חרבה׃
27ထိုအခါ အဲသယောပိ ပြည်ကိုအစိုးရ သော မိဖုရား ကန္ဒက် ထံ၌ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာ တော်ရှိသမျှ ကို အုပ်စိုး ရသော အဲသယောပိ ပြည်သားတစ်ယောက်သည် ကိုးကွယ် ခြင်းငှာယေရုရှလင် မြို့ သို့ သွား ၍၊
27ויקם וילך והנה איש כושי והוא סריס ושליט לקנדק מלכת כוש וממנה על כל גנזיה אשר עלה אל ירושלים להשתחות׃
28ပြန် စဉ်တွင် မိမိ ရထား ပေါ်၌ ထိုင် လျက် ပရောဖက် ဟေရှာယ ၏ ကျမ်းစာကိုဖတ် လေ၏။
28ויהי בשובו והוא ישב על מרכבתו וקרא בספר ישעיה הנביא׃
29ဝိညာဉ် တော်ကလည်း၊ ထို ရထား သို့ ချဉ်းကပ် ၍ မှီဝဲ လော့ဟု ဖိလိပ္ပု အား ဗျာဒိတ် ပေးတော်မူသဖြင့်၊
29ויאמר הרוח אל פילפוס גשה והלוה על המרכבה הזאת׃
30ဖိလိပ္ပု သည် ရထားသို့ပြေး ၍ ပရောဖက် ဟေရှာယ ၏ ကျမ်းစာ၌ ဘတ် သည်ကိုကြား လျှင်၊ ဘတ် သောအရာ ကို နားလည် ပါ၏ လောဟု မေးမြန်း ၏။
30וירץ פילפוס אליה וישמע אתו קרא בספר ישעיה הנביא ויאמר הגם תבין את אשר אתה קורא׃
31ထိုအမတ်ကလည်း၊ သွန်သင် ပဲ့ပြင်သော သူ မ ရှိလျှင် အဘယ်သို့ နားလည်နိုင် မည်နည်းဟု ဆို ပြီးမှ မိမိ နှင့်အတူ ဖိလိပ္ပု တက် ၍ထိုင် နေ ပါမည်အကြောင်း တောင်းပန် ၏။
31ויאמר ואיככה אוכל אם אין איש אשר יורני ויבקש מאת פילפוס לעלות ולשבת אצלו׃
32ကျမ်းစာ ၌ ဘတ် သောအချက် ဟူမူကား၊ အသေ သတ် ခြင်းငှာ ဆောင်သွားသော သိုး ကဲ့သို့ သူ့ကို ဆောင်သွား ၍ ၊ သိုးသငယ် သည် အမွေးညှပ် သောသူ ရှေ့ မှာ မ မြည်ဘဲ နေသကဲ့သို့ သူ သည်နှုတ် ကိုမ ဖွင့် ဘဲနေ၏။
32וענין הכתוב אשר קרא זה הוא כשה לטבח יובל וכרחל לפני גוזזיה נאלמה ולא יפתח פיו׃
33နှိမ့်ချ ခြင်းကိုခံစဉ်တွင်သူတစ်ပါးတို့သည် ထိုသူ ကို မတရား သဖြင့်စီရင် ကြ၏။ ထိုသူ ၏အသက် ကို မြေကြီး ကသိမ်းရုပ် သည်ဖြစ်၍ ၊ သူ ၏အမျိုးအနွယ် ကို အဘယ်သူ ပြညွှန် မည်နည်းဟု ကျမ်းစာလာသတည်း။
33בעצר משפטו לקח ואת דורו מי ישוחח כי נגזרו מארץ חייו׃
34ထိုအမတ်ကလည်း၊ ပရောဖက် သည် အဘယ်သူ ကို ရည်မှတ် ၍ ဤသို့ ဆို ပါသနည်း။ ကိုယ် ကိုတည်း ဆိုလို သလော။ သူတစ်ပါး ကိုတည်း ဆိုလို သလောဟု တောင်းပန် လျက်၊
34ויען הסריס ויאמר אל פילפוס אשאלה ממך על מי הנביא מדבר את זאת על נפשו או על איש אחר׃
35ဖိလိပ္ပု အား မေးမြန်း လျှင်၊ ဖိလိပ္ပု သည် မိမိ နှုတ် ကိုဖွင့် ၍ ထို ကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု ၏အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟောလေ၏။
35ויפתח פילפוס את פיו ויחל מן הכתוב הזה ויבשר אותו את ישוע׃
36ထိုသို့ လမ်း ၌သွား ကြစဉ် ရေ ရှိရာသို့ ရောက် ၍၊ အမတ် ကလည်း ဤအရပ်တွင်ရေ ရှိပါ၏။ အကျွန်ုပ် ကို ဗတ္တိဇံ မခံစေခြင်းငှာမည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆို လျှင် ၊
36ויהי בעברם בדרך ויבאו אל מקום מים ויאמר הסריס הנה מים מה ימנעני מהטבל׃
37ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
37ויאמר פילפוס אם מאמין אתה בכל לבבך מתר לך ויען ויאמר אני מאמין כי ישוע המשיח בן האלהים הוא׃
38ရထား ကိုရပ် စေခြင်းငှာစီရင် ပြီးမှ ၊ ဖိလိပ္ပု သည် ထိုအမတ် နှင့်တကွ ရေ ထဲသို့ ဆင်း ၍ ဗတ္တိဇံ ကိုပေး၏။
38ויצו להעמיד את המרכבה וירדו שניהם אל תוך המים פילפוס והסריס ויטבל אותו׃
39ရေ ထဲက တက် ကြလျှင် ၊ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ဖိလိပ္ပု ကိုဆောင်ယူ တော်မူ၍ ၊ အမတ် သည် ဖိလိပ္ပု ကို နောက်တဖန်မ တွေ့ မမြင်ရ။ ဝမ်းမြောက် ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်း ကို သွား လေ၏။
39ויהי כי עלו מן המים וישא רוח יהוה את פילפוס ולא יסף הסריס לראותו כי הלך לדרכו שמח׃
40ဖိလိပ္ပု သည်လည်း အာဇုတ် မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင်မြို့ ရွာအစဉ်အတိုင်း ရှောက်သွား ၍ ဧဝံဂေလိ တရားကို ဟောလေ၏။
40ופילפוס נמצא באשדוד ויעבר ויבשר בכל הערים עד באו לקסרין׃
Tip: use the ← and → keys to turn chapters.