တမန်တော် 8
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Louis Segond 1910
1သူ့ ကိုကွပ်မျက် သောအမှုကိုရှောလု သည်လည်း ဝန်ခံ လျက်ရှိ ၏။ထိုအခါ ယေရုရှလင် မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲ ခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူအပေါင်း တို့သည် ယုဒ ပြည်၊ ရှမာရိ ပြည်အရပ်ရပ် တို့၌ အနှံ့အပြားကွဲပြား ကြ၏။
1Saul avait approuvé le meurtre d’Étienne. Il y eut, ce jour-là, une grande persécution contre l’Église de Jérusalem; et tous, excepté les apôtres, se dispersèrent dans les contrées de la Judée et de la Samarie.
2တရားကိုရိုသေ သောသူ တို့သည် သတေဖန် ကို သင်္ဂြိုဟ် ၍ ပြင်းစွာ သောငိုကြွေး မြည်တမ်းခြင်းကို ပြု ကြ၏။
2Des hommes pieux ensevelirent Étienne, et le pleurèrent à grand bruit.
3ရှောလု သည် အသင်းတော် ကိုဖျက်ဆီး လေ၏။ အိမ် များသို့ ဝင် ပြီးလျှင်ယောက်ျား မိန်းမ တို့ကို ဆွဲငင် ၍ ထောင် ထဲ၌ လှောင် ထားတတ်၏။
3Saul, de son côté, ravageait l’Église; pénétrant dans les maisons, il en arrachait hommes et femmes, et les faisait jeter en prison.
4ထိုကြောင့် အရပ်ရပ်သို့ကွဲပြား သော သူ တို့သည် လှည့်လည် ၍ နှုတ်ကပတ် တော်တည်းဟူသောဧဝံဂေလိတရားကို ဟောပြော ကြ၏။
4Ceux qui avaient été dispersés allaient de lieu en lieu, annonçant la bonne nouvelle de la parole.
5ဖိလိပ္ပု သည်လည်း၊ ရှမာရိ မြို့ သို့ သွား ၍ ခရစ်တော် ၏ အကြောင်းကိုဟော လေ၏။
5Philippe, étant descendu dans la ville de Samarie, y prêcha le Christ.
6လူ အစုအဝေးတို့သည်ကြား ၍ ဖိလိပ္ပု ပြု သော နိမိတ် လက္ခဏာတို့ကို မြင် သောအခါ၊ သူ၏စကား ကို တစ် ညီတစ်ညွတ်တည်း နားထောင် ကြ ၏။
6Les foules tout entières étaient attentives à ce que disait Philippe, lorsqu’elles apprirent et virent les miracles qu’il faisait.
7အကြောင်းမူကား ၊ နတ် ဆိုး စွဲ သော သူ များတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာ သော အသံ နှင့် အော်ဟစ် လျက်ထွက်သွား ကြ၏။ ကိုယ် မလှုပ်နိုင်သောသူ၊ ခြေမစွမ်း သောသူအများ တို့သည်လည်း ပကတိ အဖြစ် သို့ရောက်ကြ၏။
7Car des esprits impurs sortirent de plusieurs démoniaques, en poussant de grands cris, et beaucoup de paralytiques et de boiteux furent guéris.
8ထို မြို့သူ မြို့သားတို့သည် အလွန် ဝမ်းမြောက် ခြင်းရှိ ကြ၏။
8Et il y eut une grande joie dans cette ville.
9ရှိမုန် အမည် ရှိသော သူ တစ် ယောက်သည်၊ ထိုမြို့ ၌ နတ် ဝိဇ္ဇာအတတ်နှင့် ပြုပြင်၍၊ ငါ သည်ထူးဆန်း သော သူ ဖြစ် သည်ဟုဆို လျက်၊ ရှမာရိ အမျိုးသား တို့ကို မိန်းမော တွေဝေစေခြင်းငှာပြု၏။
9Il y avait auparavant dans la ville un homme nommé Simon, qui, se donnant pour un personnage important, exerçait la magie et provoquait l’étonnement du peuple de la Samarie.
10လူကြီး လူငယ် ရှိသမျှတို့က လည်း၊ ဤသူ သည် ဘုရားသခင် ၏ မဟာ တန်ခိုး တော်ဖြစ် သည်ဟု ဆို လျက် ထိုသူ ၌ဆည်းကပ် ကြ၏။
10Tous, depuis le plus petit jusqu’au plus grand, l’écoutaient attentivement, et disaient: Celui-ci est la puissance de Dieu, celle qui s’appelle la grande.
11ဆည်းကပ် သည်အကြောင်း ကား၊ သူ တို့ကို မိန်းမော တွေဝေစေခြင်းငှာထိုသူသည် နတ် ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့် စွာပြုလျက်နေ၏။
11Ils l’écoutaient attentivement, parce qu’il les avait longtemps étonnés par ses actes de magie.
12ဖိလိပ္ပု သည် ဘုရားသခင် ၏နိုင်ငံ တော်၌၎င်း၊ ယေရှု ခရစ် ၏ နာမ တော်နှင့် ၎င်း စပ်ဆိုင် သော ဧဝံဂေလိ တရားကို ဟောပြော၍ ထိုသူ တို့သည် ယုံကြည် သောအခါ ၊ ယောက်ျား မိန်းမ တို့သည် ဗတ္တိဇံ ကို ခံကြ၏။
12Mais, quand ils eurent cru à Philippe, qui leur annonçait la bonne nouvelle du royaume de Dieu et du nom de Jésus-Christ, hommes et femmes se firent baptiser.
13ရှိမုန် သည်လည်း ကိုယ်တိုင် ယုံကြည် သည်ဖြစ်၍ ဗတ္တိဇံ ကို ခံပြီးမှ ဖိလိပ္ပု ထံ၌မှီဝဲ ဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုး ကြီး သော နိမိတ် လက္ခဏာများကို မြင် ၍ မိန်းမော တွေဝေလျက်ရှိ လေ၏။
13Simon lui-même crut, et, après avoir été baptisé, il ne quittait plus Philippe, et il voyait avec étonnement les miracles et les grands prodiges qui s’opéraient.
14ရှမာရိ မြို့သားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ခံယူ ကြပြီဟု ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့သည် သိတင်း ကြား လျှင် ၊ ပေတရု နှင့် ယောဟန် တို့ကို စေလွှတ် ကြ၏။
14Les apôtres, qui étaient à Jérusalem, ayant appris que la Samarie avait reçu la parole de Dieu, y envoyèrent Pierre et Jean.
15ထိုမြို့သူမြို့သားတို့သည် သခင် ယေရှု ၏နာမ ၌ ဗတ္တိဇံ ကို ခံရုံ မျှသာ ရှိ သဖြင့် ၊
15Ceux-ci, arrivés chez les Samaritains, prièrent pour eux, afin qu’ils reçussent le Saint-Esprit.
16တစ်စုံတစ်ယောက် သောသူ အပေါ် ၌သန့်ရှင်း သော ဝိညာဉ်တော်သည် သက်ရောက် တော် မ မူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ် တော် ကိုခံရ မည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း ၍၊
16Car il n’était encore descendu sur aucun d’eux; ils avaient seulement été baptisés au nom du Seigneur Jésus.
17ထိုသူ တို့အပေါ် ၌လက် ကိုတင် သောအားဖြင့်သူတို့သည် သန့်ရှင်း သောဝိညာဉ် တော်ကိုခံရ ကြ၏။
17Alors Pierre et Jean leur imposèrent les mains, et ils reçurent le Saint-Esprit.
18တမန်တော် တို့လက် ကိုတင် သောအားဖြင့် သန့်ရှင်းသော ဝိညာဉ် တော်သက်ရောက် သည်ကို ရှိမုန် မြင် လျှင်၊ ငွေ ကိုယူဆောင် ခဲ့၍၊
18Lorsque Simon vit que le Saint-Esprit était donné par l’imposition des mains des apôtres, il leur offrit de l’argent,
19အကျွန်ုပ် ၏ လက် တင် ခြင်းကိုခံရသောသူ သည် သန့်ရှင်း သော ဝိညာဉ် တော်ကိုခံ စေမည်အကြောင်း အကျွန်ုပ် အား အခွင့် ပေး ပါဟု တောင်း သော်၊
19en disant: Accordez-moi aussi ce pouvoir, afin que celui à qui j’imposerai les mains reçoive le Saint-Esprit.
20ပေတရု က၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ငွေ နှင့်ဝယ်ယူ မည် ဟု အကြံရှိ သောကြောင့် ၊ သင် နှင့်တကွ သင် ၏ ငွေ သည်ပျက်စီး ခြင်းသို့ ရောက် ပါစေ။
20Mais Pierre lui dit: Que ton argent périsse avec toi, puisque tu as cru que le don de Dieu s’acquérait à prix d’argent!
21သင် သည်ဤ အမှုအရာ နှင့် မ ဆက်ဆံ သော သူဖြစ် ၏။ အကြောင်းမူကား ၊ သင် ၏စိတ် နှလုံးသည် ဘုရားသခင့် ရှေ့ တော်၌ ဖြောင့်မတ် ခြင်းမ ရှိ ။
21Il n’y a pour toi ni part ni lot dans cette affaire, car ton cœur n’est pas droit devant Dieu.
22ထိုကြောင့် သင် ၌ ယခု ဆိုးညစ် သောအမှု ကို နောင်တရ လော့။ သင် ၏စိတ် နှလုံး၌ကြံစည် ခြင်းအပြစ်ကို လွှတ်ကောင်း လွှတ် လိမ့်မည်ဖြစ်၍၊ ဘုရားသခင် ကို တောင်းပန် လော့။
22Repens-toi donc de ta méchanceté, et prie le Seigneur pour que la pensée de ton cœur te soit pardonnée, s’il est possible;
23သင် သည်ခါး စွာသောသည်းခြေ စွဲသည်ဖြစ်၍ ၊ ဒုစရိုက် အနှောင်အဖွဲ့ နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို ၏။
23car je vois que tu es dans un fiel amer et dans les liens de l’iniquité.
24ရှိမုန် ကလည်း၊ မိန့် တော်မူသောအရာ တစ်စုံတစ်ခု မျှ အကျွန်ုပ် အပေါ်သို့ မရောက် ပါမည် အကြောင်း ၊ ထာဝရ ဘုရားကို ကျွန်ုပ် အဘို့ အလိုငှာ ဆုတောင်း တော်မူကြပါဟု ပြန်ပြော ၏။
24Simon répondit: Priez vous-mêmes le Seigneur pour moi, afin qu’il ne m’arrive rien de ce que vous avez dit.
25တမန်တော် တို့သည် သက်သေခံ ၍ သခင်ဘုရား ၏နှုတ်ကပတ် တရားတော်ကိုဟော ပြီးမှ၊ ယေရုရှလင် မြို့ သို့ ပြန်သွား ရာ၊ ရှမာရိ ရွာ များ တို့၌လည်း ဧဝံဂေလိတရားကို ဟောပြော ကြ၏။
25Après avoir rendu témoignage à la parole du Seigneur, et après l’avoir prêchée, Pierre et Jean retournèrent à Jérusalem, en annonçant la bonne nouvelle dans plusieurs villages des Samaritains.
26တဖန် ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပု အား ၊ သင်ထ ၍ ယေရုရှလင် မြို့မှ ဂါဇ မြို့ သို့ သွား ရာ တော လမ်း တွင် တောင် မျက်နှာသို့ သွား လော့ ဟု ဆို သည်အတိုင်း ၊ ဖိလိပ္ပုသည်ထ ၍ သွား လေ၏။
26Un ange du Seigneur, s’adressant à Philippe, lui dit: Lève-toi, et va du côté du midi, sur le chemin qui descend de Jérusalem à Gaza, celui qui est désert.
27ထိုအခါ အဲသယောပိ ပြည်ကိုအစိုးရ သော မိဖုရား ကန္ဒက် ထံ၌ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာ တော်ရှိသမျှ ကို အုပ်စိုး ရသော အဲသယောပိ ပြည်သားတစ်ယောက်သည် ကိုးကွယ် ခြင်းငှာယေရုရှလင် မြို့ သို့ သွား ၍၊
27Il se leva, et partit. Et voici, un Éthiopien, un eunuque, ministre de Candace, reine d’Éthiopie, et surintendant de tous ses trésors, venu à Jérusalem pour adorer,
28ပြန် စဉ်တွင် မိမိ ရထား ပေါ်၌ ထိုင် လျက် ပရောဖက် ဟေရှာယ ၏ ကျမ်းစာကိုဖတ် လေ၏။
28s’en retournait, assis sur son char, et lisait le prophète Ésaïe.
29ဝိညာဉ် တော်ကလည်း၊ ထို ရထား သို့ ချဉ်းကပ် ၍ မှီဝဲ လော့ဟု ဖိလိပ္ပု အား ဗျာဒိတ် ပေးတော်မူသဖြင့်၊
29L’Esprit dit à Philippe: Avance, et approche-toi de ce char.
30ဖိလိပ္ပု သည် ရထားသို့ပြေး ၍ ပရောဖက် ဟေရှာယ ၏ ကျမ်းစာ၌ ဘတ် သည်ကိုကြား လျှင်၊ ဘတ် သောအရာ ကို နားလည် ပါ၏ လောဟု မေးမြန်း ၏။
30Philippe accourut, et entendit l’Éthiopien qui lisait le prophète Ésaïe. Il lui dit: Comprends-tu ce que tu lis?
31ထိုအမတ်ကလည်း၊ သွန်သင် ပဲ့ပြင်သော သူ မ ရှိလျှင် အဘယ်သို့ နားလည်နိုင် မည်နည်းဟု ဆို ပြီးမှ မိမိ နှင့်အတူ ဖိလိပ္ပု တက် ၍ထိုင် နေ ပါမည်အကြောင်း တောင်းပန် ၏။
31Il répondit: Comment le pourrais-je, si quelqu’un ne me guide? Et il invita Philippe à monter et à s’asseoir avec lui.
32ကျမ်းစာ ၌ ဘတ် သောအချက် ဟူမူကား၊ အသေ သတ် ခြင်းငှာ ဆောင်သွားသော သိုး ကဲ့သို့ သူ့ကို ဆောင်သွား ၍ ၊ သိုးသငယ် သည် အမွေးညှပ် သောသူ ရှေ့ မှာ မ မြည်ဘဲ နေသကဲ့သို့ သူ သည်နှုတ် ကိုမ ဖွင့် ဘဲနေ၏။
32Le passage de l’Écriture qu’il lisait était celui-ci: Il a été mené comme une brebis à la boucherie; Et, comme un agneau muet devant celui qui le tond, Il n’a point ouvert la bouche.
33နှိမ့်ချ ခြင်းကိုခံစဉ်တွင်သူတစ်ပါးတို့သည် ထိုသူ ကို မတရား သဖြင့်စီရင် ကြ၏။ ထိုသူ ၏အသက် ကို မြေကြီး ကသိမ်းရုပ် သည်ဖြစ်၍ ၊ သူ ၏အမျိုးအနွယ် ကို အဘယ်သူ ပြညွှန် မည်နည်းဟု ကျမ်းစာလာသတည်း။
33Dans son humiliation, son jugement a été levé. Et sa postérité, qui la dépeindra? Car sa vie a été retranchée de la terre.
34ထိုအမတ်ကလည်း၊ ပရောဖက် သည် အဘယ်သူ ကို ရည်မှတ် ၍ ဤသို့ ဆို ပါသနည်း။ ကိုယ် ကိုတည်း ဆိုလို သလော။ သူတစ်ပါး ကိုတည်း ဆိုလို သလောဟု တောင်းပန် လျက်၊
34L’eunuque dit à Philippe: Je te prie, de qui le prophète parle-t-il ainsi? Est-ce de lui-même, ou de quelque autre?
35ဖိလိပ္ပု အား မေးမြန်း လျှင်၊ ဖိလိပ္ပု သည် မိမိ နှုတ် ကိုဖွင့် ၍ ထို ကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု ၏အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟောလေ၏။
35Alors Philippe, ouvrant la bouche et commençant par ce passage, lui annonça la bonne nouvelle de Jésus.
36ထိုသို့ လမ်း ၌သွား ကြစဉ် ရေ ရှိရာသို့ ရောက် ၍၊ အမတ် ကလည်း ဤအရပ်တွင်ရေ ရှိပါ၏။ အကျွန်ုပ် ကို ဗတ္တိဇံ မခံစေခြင်းငှာမည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆို လျှင် ၊
36Comme ils continuaient leur chemin, ils rencontrèrent de l’eau. Et l’eunuque dit: Voici de l’eau; qu’est-ce qui empêche que je sois baptisé?
37ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
37Philippe dit: Si tu crois de tout ton cœur, cela est possible. L’eunuque répondit: Je crois que Jésus-Christ est le Fils de Dieu.
38ရထား ကိုရပ် စေခြင်းငှာစီရင် ပြီးမှ ၊ ဖိလိပ္ပု သည် ထိုအမတ် နှင့်တကွ ရေ ထဲသို့ ဆင်း ၍ ဗတ္တိဇံ ကိုပေး၏။
38Il fit arrêter le char; Philippe et l’eunuque descendirent tous deux dans l’eau, et Philippe baptisa l’eunuque.
39ရေ ထဲက တက် ကြလျှင် ၊ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ဖိလိပ္ပု ကိုဆောင်ယူ တော်မူ၍ ၊ အမတ် သည် ဖိလိပ္ပု ကို နောက်တဖန်မ တွေ့ မမြင်ရ။ ဝမ်းမြောက် ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်း ကို သွား လေ၏။
39Quand ils furent sortis de l’eau, l’Esprit du Seigneur enleva Philippe, et l’eunuque ne le vit plus. Tandis que, joyeux, il poursuivait sa route,
40ဖိလိပ္ပု သည်လည်း အာဇုတ် မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင်မြို့ ရွာအစဉ်အတိုင်း ရှောက်သွား ၍ ဧဝံဂေလိ တရားကို ဟောလေ၏။
40Philippe se trouva dans Azot, d’où il alla jusqu’à Césarée, en évangélisant toutes les villes par lesquelles il passait.
Tip: use the ← and → keys to turn chapters.