တမန်တော် 17
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ထိုနောက်၊ အံဖိပေါလိ မြို့၊ အာပေါလောနိ မြို့ကို ရှောက်သွား ၍ သက်သာလောနိတ် မြို့သို့ ရောက် ကြ၏။ ထို မြို့မှာယုဒ တရားစရပ် ရှိ ၏။
1ויהי אחרי עברם באמפפוליס ובאפלוינא ויבאו אל תסלוניקי אשר שם בית כנסת היהודים׃
2ပေါလု သည် မိမိထုံးစံ ရှိသည်အတိုင်း ထိုစရပ် သို့ ဝင် ၍ ၊ ဥပုသ်နေ့ သုံး ရက်တွင် ကျမ်းစာ ကိုအမှီပြု ၍ ထိုသူ တို့နှင့် ဆွေးနွေး နှီးနှောသဖြင့်၊
2ופולוס נכנס אליהם כמשפטו ושלש שבתות דבר עמהם בדברי הכתובים׃
3ခရစ်တော် သည် အသေခံ ရ မည်။ သေ ခြင်းမှ ထမြောက် ရမည်။ ငါ ဟောပြော သောယေရှု သည် ခရစ်တော် ဖြစ် သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြ လေ၏။
3פתוח והוכח להם כי צריך היה אשר יענה המשיח ויקום מן המתים וכי זה הוא המשיח ישוע אשר אני מגיד לכם׃
4ထိုသူ အချို့ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ ၊ ပေါလု ၊ သိလ တို့နှင့် ပေါင်းဘော် ကြ၏။ ဘုရား ကို ကိုးကွယ်သော ဟေလသ လူ အပေါင်း တို့နှင့် ထင်ရှား သော မိန်းမ များ တို့လည်း ယုံကြည်ကြ၏။
4ויאמינו מקצתם ויספחו על פולוס וסילא וגם יראי אלהים מן היונים לרב וגם נשים חשובות מספר לא מעט׃
5ယုဒ လူတို့သည် ဆိုးယုတ် လျှပ်ပေါ် သော သူ အချို့ တို့ကို ခေါ် ၍ လူများကို စုဝေး စေပြီးလျှင် ၊ မြို့ ၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန် ၏ အိမ် ကိုဝိုင်း ၍ သူ တို့ကို လူ များရှေ့ သို့ ဆွဲထုတ်ခြင်းငှာရှာ ကြ၏။
5ויקנאו הסוררים שביהודים ויקחו להם אנשי בליעל מבטלני השוק ויקבצו המון ויהמו את העיר ויסבו על בית יסון ויבקשו להביאם חוצה אל העם׃
6မ တွေ့ လျှင်၊ ယာသုန် နှင့် ညီအစ်ကို အချို့ တို့ကို မင်း အရာရှိ တို့ထံသို့ ဆွဲငင် ၍၊ လောကီ နိုင်ငံကို မှောက်လှန် သော ဤသူ တို့သည် ဤ အရပ်တိုင်အောင်ရောက် ကြပါပြီ။
6וכאשר לא מצאו אותם סחבו את יסון ואנשים מן האחים לפני ראשי העיר ויצעקו לאמר הנה המדיחים את כל ישבי תבל באו גם הלום׃
7ယာသုန် သည်လည်း သူ တို့ကို လက်ခံ ပါပြီ။ ထိုသူ အပေါင်း တို့သည် ကဲသာ ဘုရင်၏ အမိန့် တော်ကို ဆန့်ကျင်ဘက် ပြု ၍၊ ယေရှု အမည် ရှိသော ရှင်ဘုရင် တစ်ပါး ရှိ သည်ဆို တတ်ပါ၏ဟု ဟစ်ကြော် လျက် ၊
7ויסון אסף אתם אל ביתו והם כלם עשים נגד דתי הקיסר באמרם כי יש מלך אחר והוא ישוע׃
8မင်း အရာရှိမှစ၍ စုဝေး သောသူတို့၏ စိတ်ကို ထိုသို့သောစကားအားဖြင့်နှောင့်ရှက် ကြ၏။
8ויחרידו את העם ואת ראשי העיר אשר שמעו את זאת׃
9ထိုအခါယာသုန် မှစ၍ ကြွင်း သောသူ တို့ကို အာမခံပေးစေပြီးမှလွှတ် လိုက်ကြ၏။
9ויקחו ערבון מידי יסון ומידי האחרים ואחרי כן פטרום׃
10ညဉ့် အခါ ညီအစ်ကို တို့သည် ပေါလု နှင့် သိလ ကို ဗေရိ မြို့သို့ ချက်ခြင်း လွှတ် လိုက်ကြ၏။ ထိုမြို့သို့ ရောက် လျှင် ယုဒ တရားစရပ် သို့ ဝင် ကြ၏။
10והאחים מהרו לשלח את פולוס ואת סילא לילה לברואה והם בבאם שמה הלכו לבית כנסת היהודים׃
11ဗေရိမြို့သားတို့သည် သက်သာလောနိတ် မြို့သားတို့ထက် ထူးမြတ်သဖြင့် ၊ အလွန်ကြည်ညိုသော စေတနာ စိတ်နှင့် နှုတ်ကပတ် တရားတော်ကိုခံယူ ၍ မှန် သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာ ကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှု့ ကြ၏။
11ואלה היו נדיבים מאנשי תסלוניקי ויקבלו את הדבר בכל לב וידרשו בכתובים יום יום לדעת אם כן הוא הדבר׃
12ထိုကြောင့် ၊ ယုဒ လူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်ကြ၏။ အသရေ ထင်ရှားသော ဟေလသ မိန်းမ တို့နှင့် ယောက်ျား အများတို့သည် လည်း ယုံကြည်ကြ၏။
12ויאמינו הרבה מהם וגם מן הנשים החשובות היוניות ומן האנשים לא מעט׃
13ပေါလု သည် ဗေရိ မြို့၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုဟောပြော သည်ကို၊ သက်သာလောနိတ် မြို့သားဖြစ်သော ယုဒ လူ တို့သည် ကြားသိ ရလျှင် ၊ ဗေရိ မြို့သို့လာ ပြန်၍ လူ များတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။
13ויהי כאשר שמעו היהודים אשר מתסלוניקי כי מגיד פולוס את דבר אלהים גם בברואה ויבאו ויעררו את העם גם שמה׃
14ထိုအခါ ညီအစ်ကို တို့သည် ပေါလု ကို ပင်လယ် လမ်းဖြင့် သွား စေခြင်းငှာချက်ခြင်း လွှတ် လိုက်ကြ၏။ သိလ နှင့် တိမောသေ တို့သည် နေရစ် ကြ၏။
14וימהרו האחים וישלחו את פולוס ללכת עד הים וסילא וטימותיוס נשארו שם׃
15ပေါလု ကိုပို့ သောသူ တို့သည် အာသင် မြို့ တိုင်အောင် ပို့ဆောင် ပြီးမှ၊ သိလ နှင့် တိမောသေ တို့ကို အလျင်အမြန် လာ စေခြင်းငှာမှာစာ ကိုခံ ၍ပြန် ကြ၏။
15והמלוים את פולוס הוליכהו עד אתינס ויקבלו מצותו אל סילא וטימותיוס כי בוא יבאו אליו במהרה וילכו׃
16ပေါလု သည်အာသင် မြို့၌ သိလ နှင့် တိမောသေ တို့ကို ငံ့လင့် ၍ နေစဉ်တွင်၊ ထိုမြို့ သည် ရုပ်တု တို့နှင့် အပြည့်ရှိ သည်ကိုမြင် လျှင် စိတ် ပူပန် ခြင်းသို့ရောက်၏။
16ויהי באתינס ופולוס מהכה להם ותתחמץ רוחו בקרבו בראתו את העיר מלאה אלילים׃
17ထိုကြောင့် တရားစရပ် ၌ ယုဒ လူမှစ၍ ဘုရား ကို ကိုးကွယ် သော သူ တို့နှင့်၎င်း ၊ လူများစုဝေးရာအရပ်၌ နေ့တိုင်း တွေ့ကြုံ သော သူ တို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။
17על כן בבית הכנסת דבר עם היהודים ועם יראי אלהים ובשוק יום יום עם הנקרים אליו׃
18ထိုအခါ ဧပိကုရု တပည့်တို့နှင့် သတောအိတ် ပညာရှိ အချို့ တို့ သည် ပေါလု နှင့်ဆိုင်ပြိုင် ၍၊ အချို့ က၊ ဤ မရေရ သောလူသည် အဘယ်သို့ ပြော ချင် သနည်းဟု ဆို ၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်း တစ်နိုင်ငံနတ် ဘုရားတို့၏ အကြောင်းကို ဟောပြော သောသူ ဖြစ် ဟန် ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်း ကား၊ ပေါလုသည် ယေရှု ၏ တရားနှင့် ထမြောက် ခြင်း တရားတည်းဟူသောဧဝံဂေလိတရားကို ဟော သတည်း။
18וגם מקצת הפילוסופים מתלמידי אפיקורוס ומחברת האסטוא התגרו בו ויש אשר אמרו מה יאמר המפטפט הלז ואחרים אמרים כפי הנראה הוא מגיד אלהי נכר יען כי בשר אתם את ישוע ואת התחיה׃
19ထိုအခါ ၊ ထိုသူတို့သည် ပေါလု ကိုခေါ် ၍ အာရေ တောင်သို့ ဆောင်သွား ပြီးလျှင်၊ သင် သည် ဟောပြော သော ဤ အယူဝါဒသစ် ကို ငါတို့ သိ အပ် သလော။
19ויאחזוהו ויביאהו אל גבעת המשפט הנקראה בשם אריופגוס ויאמרו הנוכל לדעת מה היא זו התורה החדשה אשר אתה משמיע׃
20ငါ တို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော ၏။ ထို အရာများကား အဘယ်သို့ ဆိုလို သည် ကို ငါတို့သိ ချင် ပါသည်ဟု ဆို ကြ၏။
20כי דברים זרים אתה מביא באזנינו והננו חפצים לדעת מה ענינם׃
21အာသင် မြို့သူမြို့သားအပေါင်း တို့နှင့် ဧည့်သည် များ တို့သည် သိတင်း စကားကိုကြားပြော ခြင်း၊ နားထောင် ခြင်း အမှုမှတစ်ပါးအခြားသော အမှုဖြင့်ကာလကို မ လွန် စေတတ်ကြ။
21כי האתיניים כלם וגם הנכרים הגרים שם לא חשו לדבר אחר כי אם לספר או לשמע חדשות׃
22ထိုအခါ ပေါလု သည် အာရေ တောင်ပေါ်၌ ရပ် လျက်၊ အချင်း အာသင် လူတို့ ၊ သင် တို့သည် ခပ်သိမ်း သော အရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင် ပါ၏။
22ויעמד פולוס בתוך ועד השפטים ויאמר אנשי אתינס הנני ראה בכל כי יראי אלים אתם מאד׃
23လမ်း ၌သွား၍ သင် တို့၏ ဘုရား များကို ကြည့်ရှု သည်တွင်၊ ငါတို့ မ သိသော ဘုရားသခင် အဘို့ဟူ၍အက္ခရာတင် သောယဇ်ပလ္လင် တစ်ခုကို တွေ့ ပါ၏။ သင်တို့ သည် မ သိဘဲလျက် ကိုးကွယ် သော ဘုရားသခင်၏ အကြောင်း ကို ငါ ဟောပြော ၏။
23כי אני עבר ומתבונן אל עבדות אלהיכם ואמצא מזבח אחד כתוב עליו לאל הנעלם ועתה את אשר עבדתם ואינכם ידעים אתו אני מגיד לכם׃
24လောကဓာတ် မှစ၍ လောကဓာတ် ၌ ရှိ လေသမျှသောအရာ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင် သည်၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသော အရှင် ဖြစ် ၍၊ လူတို့လက် ဖြင့် လုပ်သော ဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မ ဟုတ်။
24האל אשר עשה את העולם וכל אשר בו לא ישכן בהיכלות מעשה ידים כי הוא אדון השמים והארץ׃
25ဘုရားသခင် သည် ခပ်သိမ်း သောသူတို့အား ဇီဝ အသက်နှင့်တကွ ထွက်သက်ဝင်သက် မှစ၍ ခပ်သိမ်း သောအရာ တို့ကို ပေး တော်မူသောအရှင်ဖြစ်၍၊ တစ်စုံတစ်ခု ကို အလို တော်ရှိသကဲ့သို့လူ တို့လက် ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မ ဟုတ်။
25גם לא ישרתוהו ידי בני אדם כאלו יצטרך לדבר כי הוא הנתן לכל חיים ונשמה וכל דבר׃
26ဘုရားသခင်သည် မြေ တပြင်လုံး ၌ နေ ရသော လူ အမျိုးမျိုး တို့ ကိုတစ် သွေးတည်းနှင့် ဖန်ဆင်း တော်မူ၍၊ သူတို့အားခွဲဝေ စီမံ သောအချိန် ကာလကို ၎င်း ၊ သူ တို့၏ နေရာ အပိုင်းအခြားကို၎င်း မှတ်သား တော်မူ၏။
26ויושב כל עממי בני אדם על כל פני האדמה מדם אחד ויצב מועדים קבועים וגבולת מושבם׃
27အကြောင်းမူကား၊ လူတို့သည် ဘုရားသခင် ကို ရှာ စမ်း သဖြင့် တွေ့ ကောင်းတွေ့ကြလိမ့်မည်အကြောင်း တည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါ တို့တွင် အဘယ်သူနှင့်မျှဝေး တော်မူသည်မ ဟုတ်။
27למען יבקשו את האלהים אולי ימששהו וימצאהו אף כי איננו רחוק מכל אחד ממנו׃
28ငါတို့သည် ဘုရားသခင် အားဖြင့် အသက် ရှင်လျက် ၊ လှုပ်ရှား လျက် ၊ ဖြစ် လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင် တို့တွင် လင်္ကာ ဆရာအချို့ တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုး ပေ ၊ ဖြစ် ကြလေဟု စပ်ဆို သတည်း။
28כי בו אנחנו חיים ומתנועעים וקימים כאשר גם מקצת משורריכם אמרו אף ילידיו אנחנו׃
29ထိုသို့ ငါတို့သည် ဘုရားသခင် ၏ အမျိုးအနွယ် ဖြစ် လျက်နှင့် လူတို့ အတတ် အကြံအစည် အားဖြင့်ထုလုပ် သောရွှေ ရုပ်တု ၊ ငွေ ရုပ်တု၊ ကျောက် ရုပ်တုနှင့် ဘုရားသခင် တူ တော်မူသည်ဟု မ ထင် မမှတ်အပ်။
29והנה בהיותנו ילידי האלהים לא נכון לנו לחשב כי האלהות תדמה לזהב או לכסף או לאבן מעשה חרש ומחשבת בני אדם׃
30ဘုရားသခင် သည် မိုက်မဲ သော အချိန် ကာလတို့ကို အမှု မထားဘူးသော်လည်း ၊ ယခု မှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရ ကြလော့ဟု ခပ်သိမ်း သော အရပ်တို့၌ ရှိသော လူ အပေါင်း တို့အား ပညတ် တော်မူ၏။
30לכן עתה אחרי עבר אלהים על ימות הסכלות מצוה הוא את כל בני האדם בכל אפסי ארץ כי שוב ישובו׃
31အကြောင်းမူကား ၊ ခန့်ထား တော်မူသော သူ အားဖြင့် လောကီသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ညီလျော်စွာစစ်ကြော စီရင် မည့်နေ့ရက် ကို ချိန်းချက် တော်မူပြီ။ ထိုသူ ကို သေ ခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်ခပ်သိမ်း သောလူတို့အား ယုံ လောက်သော သက်သေကိုပြတော်မူပြီဟုပေါလုဟောပြော၏။
31יען אשר שת יום לשפט תבל בצדק על ידי איש אשר הפקידו ויתן עדות נאמנה לכלם בהקימו אתו מן המתים׃
32သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းကို ကြား ရလျှင် ၊ အချို့ တို့သည် ကဲ့ရဲ့ ကြ၏။ အချို့ တို့က၊ ဤ အမှု မှာ သင် ၏စကားကို ငါတို့သည် နောက် တဖန် နားထောင် ဦးမည်ဟု ဆို ကြ၏။
32וכאשר שמעו תחית מתים אלה הלעיגו לו ואלה אמרו על זאת נשמעך בעת אחרת׃
33ထိုသို့ ဆိုကြသောအခါပေါလု သည် ထိုသူ တို့ အထဲ မှ ထွက်သွား လေ၏။
33ובכן יצא פולוס מתוכם׃
34လူ အချို့ တို့သည် ပေါလု ၌ မှီဝဲ ဆည်းကပ်၍ ယုံကြည် ခြင်းသို့ ရောက်ကြ၏။ ထိုသူ တို့အဝင် ဒယောနုသိ အမည်ရှိသော အာရေ တောင် မင်းတစ်ယောက်၊ ဒမာရိ အမည် ရှိသောမိန်းမ တစ်ယောက်မှစ၍ အခြား သောသူရှိ ကြ၏။
34ומקצתם דבקו בו ויאמינו ובהם דיונוסיוס מן השפטים של אריופגוס ואשה אחת שמה דמריס ועוד אחרים עמהם׃
Tip: use the ← and → keys to turn chapters.