၂ ဓမ္မရာဇဝင် 8
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင် သဖြင့် ၊ မေသေဂမ္မာမြို့ကို သိမ်းယူ လေ၏။
1หลังจากนั้นดาวิดโจมตีชาวฟีลิสเตียและปราบพวกเขา ท่านชิงอำนาจควบคุมนครหลักจากชาวฟีลิสเตีย
2မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ ပြည်သားတို့ကို မြေ ပေါ် မှာ လှဲချ သဖြင့်၊ ကြိုး နှင့် တိုင်း လျက် သုံးစုတွင် နှစ် စုကိုသတ် ၏။ တစုကိုချမ်းသာ ပေး၏။ ထိုသို့ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။
2ท่านปราบชาวโมอับ ให้พวกเขานอนลงกับพื้น แล้วใช้เชือกวัดพวกเขาเป็นช่วง ๆ วัดสองช่วงให้ประหาร อีกหนึ่งช่วงเต็มให้ไว้ชีวิต ชาวโมอับกลายเป็นข้ารับใช้ของดาวิดและนำเครื่องบรรณาการมาถวาย
3ဇောဘ မင်းကြီး ရဟောဘ ၏သား ဟာဒဒေဇာ သည် ဥဖရတ် မြစ် နား မြေကိုသိမ်းယူခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် တိုက်ဖျက် ၍၊
3ดาวิดยังโจมตีฮาดัดเอเซอร์บุตรเรโหบ กษัตริย์แห่งโศบาห์ ขณะที่เขากำลังไปกอบกู้เขตอำนาจของตนที่แม่น้ำ
4ရထားတထောင် ၊ မြင်းစီး သူရဲခုနစ် ထောင်၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကိုသိမ်းထား ပြီးမှ ၊ အခြားသောမြင်းရထား ရှိသမျှ တို့ကို ဖျက်ဆီး လေ၏။
4ดาวิดจับพลม้าของเขาได้หนึ่งพันเจ็ดร้อยคน และทหารราบสองหมื่นคน ดาวิดตัดเอ็นขาหลังม้าลากรถรบ แต่เหลือไว้พอสำหรับรถรบหนึ่งร้อยคัน
5ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ်ပြီးမှ၊
5เมื่อชาวซีเรียจากดามัสกัสมาช่วยฮาดัดเอเซอร์กษัตริย์แห่งโศบาห์ ดาวิดฆ่าชาวซีเรียสองหมื่นสองพันคน
6ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့် တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ၏။
6ดาวิดตั้งกองทหารประจำการในซีเรียแถบดามัสกัส ชาวซีเรียกลายเป็นข้ารับใช้ของดาวิดและนำเครื่องบรรณาการมาถวาย พระยาห์เวห์ประทานชัยชนะแก่ดาวิดทุกแห่งที่ท่านไป
7ဟာဒဒေဇာ ၏ ကျွန် တို့စွဲကိုင် သော ရွှေ ဒိုင်းလွှား များကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင်သွား ၏။
7ดาวิดนำโล่ทองคำที่ข้ารับใช้ของฮาดัดเอเซอร์ถือมาไว้ที่เยรูซาเล็ม
8ဟာဒဒေဇာ အစိုးရသောဘေတ မြို့နှင့် ဗေရောသဲ မြို့မှ ဒါဝိဒ် မင်းကြီး သည် များစွာ သောကြေးဝါ ကို သိမ်းသွား ၏။
8กษัตริย์ดาวิดยังนำทองสัมฤทธิ์จำนวนมากมาจากเบทาห์และเบโรทัย เมืองของฮาดัดเอเซอร์
9ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကို၊ ဟာမတ် မင်းကြီး တောဣ သည် ကြား လျှင်၊
9เมื่อโทอิ กษัตริย์แห่งฮามัทได้ยินว่าดาวิดโจมตีกองทัพทั้งหมดของฮาดัดเอเซอร์
10မိမိ ရန်သူ ဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့ ၍ ကောင်းကြီး ပေးစေခြင်းငှါ ၊ မိမိ သား ယောရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍၊ ယောရံ သည် ငွေ ဖလား ၊ ရွှေ ဖလား ၊ ကြေးဝါ ဖလား တို့ကို ဆောင် လျက်လာ ၏။
10โทอิจึงส่งโยรัมบุตรชายไปหากษัตริย์ดาวิด เพื่อทักทายและอวยพรท่านที่ได้ต่อสู้และชนะฮาดัดเอเซอร์ เพราะฮาดัดเอเซอร์ทำสงครามกับโทอิ โยรัมนำภาชนะเงิน ภาชนะทองคำ และภาชนะทองสัมฤทธิ์มาด้วย
11ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူ အောင်မြင် သော ရှုရိ ပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၌ သိမ်းယူ သော ရွှေ ငွေ ကို၎င်း၊
11กษัตริย์ดาวิดถวายสิ่งเหล่านี้แด่พระยาห์เวห์ พร้อมเงินและทองคำที่ท่านถวายจากทุกชนชาติที่ท่านปราบได้
12ဇောဘ မင်းကြီး ရဟောဘ သား ဟာဒဒေဇာ ၏ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရားအား ပူဇော်၏။
12คือจากซีเรีย โมอับ ชาวอัมโมน ชาวฟีลิสเตีย อามาเลข และจากของที่ปล้นมาจากฮาดัดเอเซอร์บุตรเรโหบ กษัตริย์แห่งโศบาห์
13ဆားချိုင့်တွင် ဧဒုံလူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ ရာမှ ၊ ဒါဝိဒ် သည် ပြန် လာသောအခါ ဂုဏ် အသရေကြီး၏။
13ดาวิดมีชื่อเสียงเมื่อกลับจากการฆ่าชาวซีเรียหนึ่งหมื่นแปดพันคนในหุบเขาเกลือ
14ဧဒုံ ပြည်အရပ်ရပ် ၌ မြို့စောင့် တပ်တို့ကိုထား ၍၊ ဧဒုံ ပြည်သားအပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ၏။
14ท่านตั้งกองทหารประจำการในเอโดม และตั้งกองทหารประจำการทั่วเอโดม ชาวเอโดมทั้งหมดกลายเป็นข้ารับใช้ของดาวิด พระยาห์เวห์ประทานชัยชนะแก่ดาวิดทุกแห่งที่ท่านไป
15ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ ၍ ၊ နိုင်ငံ တော်သားတို့တွင် တရား မှုကို စီရင် ဆုံးဖြတ်တော်မူ၏။
15ดาวิดครองราชย์เหนืออิสราเอลทั้งหมด และปกครองประชาชนของท่านทุกคนด้วยความยุติธรรมและความถูกต้อง
16ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုပ် ၏သား ယောရှဖတ် သည် အတွင်းဝန်ဖြစ်၏။
16โยอาบบุตรนางเศรุยาห์เป็นผู้บัญชาการกองทัพ เยโฮชาฟัทบุตรอาหิลูดเป็นผู้บันทึกเหตุการณ์
17အဟိတုပ် သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။
17ศาโดกบุตรอาหิทูบกับอาหิเมเลคบุตรอาบียาธาร์เป็นปุโรหิต เสไรยาห์เป็นอาลักษณ์
18ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည်လည်း မင်းသား အရာနှင့်နေ ကြ၏။
18เบไนยาห์บุตรเยโฮยาดาเป็นผู้บังคับบัญชาชาวเคเรธีและชาวเปเลธี ส่วนบุตรชายของดาวิดเป็นเจ้าหน้าที่ชั้นผู้ใหญ่
Tip: use the ← and → keys to turn chapters.