၂ ဓမ္မရာဇဝင် 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ထိုနောက် ဒါဝိဒ် က၊ အကျွန်ုပ်သည် ယုဒ မြို့ တစုံတမြို့သို့ သွား ရပါမည်လော ဟု ထာဝရဘုရား ထံတော်၌ မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့ဟုမိန့် တော်မူ၏။ ဒါဝိဒ် ကလည်း အဘယ် မြို့သို့ သွား ရပါမည်နည်းဟုမေးလျှောက် သော်၊ ဟေဗြုန် မြို့သို့ သွားလော့ဟု မိန့် တော်မူသည်အတိုင်း၊
1หลังจากนั้น ดาวิดทูลถามพระยาห์เวห์ว่า “ข้าพระองค์ควรขึ้นไปยังเมืองใดเมืองหนึ่งของยูดาห์หรือไม่?” พระยาห์เวห์ตรัสว่า “จงขึ้นไป” ดาวิดทูลถามว่า “ข้าพระองค์ควรขึ้นไปที่ไหน?” พระองค์ตรัสว่า “ที่เฮโบรน”
2ဒါဝိဒ် သည် မယား နှစ် ယောက်၊ ယေဇရေလ မြို့သူအဟိနောင် ၊ နာဗလ မယား ကရမေလ မြို့သူအဘိဂဲလ တို့နှင့်တကွ သွား လေ၏။
2ดาวิดจึงขึ้นไปที่นั่นพร้อมภรรยาทั้งสอง คืออาหิโนอัมชาวยิสเรเอล และอาบีกายิลภรรยาของนาบาลชาวคารเมล
3မိမိ ၌ ပါသော လူ များ၊ အိမ်ထောင် များတို့ကိုလည်း ဒါဝိဒ် သည် ခေါ် ခဲ့၍ သူတို့သည် ဟေဗြုန် မြို့ ရွာတို့၌ နေ ကြ၏။
3ดาวิดพาคนของเขาขึ้นไปด้วย แต่ละคนพาครอบครัวไป พวกเขาอาศัยอยู่ตามเมืองต่าง ๆ ในเขตเฮโบรน
4တဖန် ယုဒ လူ တို့သည် လာ ၍ ဘိသိက် ပေးသဖြင့် ဒါဝိဒ် ကို ယုဒ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
4ชาวยูดาห์มาที่นั่นและเจิมดาวิดให้เป็นกษัตริย์เหนือวงศ์วานยูดาห์ มีคนบอกดาวิดว่า “ชาวยาเบชกิเลอาดเป็นผู้ฝังศพซาอูล”
5ဂိလဒ် ပြည် ယာဗက်မြို့သား တို့သည် ရှောလု ကို သင်္ဂြိုဟ် ပါပြီဟု ဒါဝိဒ် အား ကြား လျှောက်သော် ၊ ဂိလဒ်ပြည် ယာဗက်မြို့သား တို့ရှိရာသို့ တမန် တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် သင် တို့အရှင် ရှောလု ၌ ကရုဏာ ကျေးဇူးပြု ၍ အလောင်းတော်ကိုသင်္ဂြိုဟ် သောကြောင့် ၊ ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကို ခံရကြပါစေသော။
5ดาวิดจึงส่งคนไปหาชาวยาเบชกิเลอาด พร้อมข้อความว่า “ขอพระยาห์เวห์ทรงอวยพรพวกท่าน เพราะพวกท่านแสดงความเมตตาต่อซาอูลผู้เป็นนายของพวกท่าน โดยฝังศพท่าน
6ထာဝရဘုရား သည် သင် တို့၌ ကရုဏာ ကျေးဇူး၊ သစ္စာ ကျေးဇူးပြု တော်မူပါစေသော။ သင်တို့သည် ဤ အမှု ကို ပြု သောကြောင့် သင် တို့ကျေးဇူး ကို ငါ လည်း ဆပ် မည်။
6บัดนี้ขอพระยาห์เวห์ทรงแสดงความเมตตาและความซื่อสัตย์ต่อพวกท่าน ข้าจะตอบแทนความเมตตาที่พวกท่านแสดงนี้ด้วย เพราะพวกท่านได้ทำเช่นนั้น
7ယခု မှာ အားယူ ၍ ရဲရင့် ခြင်းသတ္တိရှိ ကြလော့။ သင် တို့အရှင် ရှောလု သေ ပြီ။ ယုဒ အမျိုးသား တို့သည် ဘိသိတ် ပေးသဖြင့် ငါ့ ကိုရှင်ဘုရင် အရာ ၌ ချီးမြောက်ကြပြီဟု မှာ လိုက်လေ၏။
7ดังนั้นจงเข้มแข็งและกล้าหาญเถิด ซาอูลนายของพวกท่านตายแล้ว และวงศ์วานยูดาห์ก็เจิมข้าให้เป็นกษัตริย์เหนือพวกเขา”
8သို့ရာတွင် ရှောလု ၏ဗိုလ်ချုပ် မင်းနေရ သား အာဗနာ သည်၊ ရှောလု သား ဣရှဗောရှက် ကိုယူ ၍ မဟာနိမ် မြို့သို့ ဆောင် သွားပြီးလျှင်၊
8ฝ่ายอับเนอร์บุตรเนอร์ ผู้บัญชาการกองทัพของซาอูล พาอิชโบเชทบุตรของซาอูลข้ามไปยังมาหะนาอิม
9ဂိလဒ် ပြည်၊ အာရှာ အမျိုးသားများ၊ ယေဇရေလ မြို့သားများ၊ ဧဖရိမ် ခရိုင်၊ ဗင်္ယာမိန် ခရိုင်အစရှိသော ဣသရေလ နိုင်ငံလုံးကို အစိုးရသောရှင် ဘုရင်အရာ၌ ချီးမြှောက်လေ၏။
9และตั้งเขาเป็นกษัตริย์เหนือกิเลอาด ชาวอาชูร์ ยิสเรเอล เอฟราอิม เบนยามิน และอิสราเอลทั้งหมด
10ရှောလု ၏သား ဣရှဗောရှက် သည် အသက် လေး ဆယ်ရှိသော်၊ ဣသရေလ နိုင်ငံကို အစိုးရ၍ နှစ် နှစ် စိုးစံ လေ၏။ ယုဒ အမျိုး မူကား ဒါဝိဒ် နောက် သို့ လိုက် ကြ၏။
10อิชโบเชทบุตรซาอูลมีอายุสี่สิบปีเมื่อเริ่มครองราชย์เหนืออิสราเอล และครองราชย์สองปี แต่วงศ์วานยูดาห์ติดตามดาวิด
11ဒါဝိဒ် သည် ဟေဗြုန် မြို့၌ နေ ၍ ယုဒ အမျိုး ကို အစိုးရသောနှစ် ပေါင်း ကား ခုနစ် နှစ် နှင့် ခြောက် လ ဖြစ် သတည်း။
11ดาวิดครองราชย์เหนือวงศ์วานยูดาห์ที่เฮโบรนเจ็ดปีกับหกเดือน
12တဖန် နေရ သား အာဗနာ သည် ရှောလု သား ဣရှဗောရှက် ၏ကျွန် များနှင့်တကွ ၊ မဟာနိမ် မြို့မှ ဂိဗောင် မြို့သို့ သွား ၍၊
12อับเนอร์บุตรเนอร์กับคนของอิชโบเชทบุตรซาอูลออกจากมาหะนาอิมไปกิเบโอน
13ဇေရုယာ သား ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ဆီးကြိုသဖြင့် ၊ ဂိဗောင် ရေကန် အနား မှာဆုံ မိလျက် ရေကန် တစ်ဘက်တချက် ၌ ထိုင် ကြ၏။
13โยอาบบุตรนางเศรุยาห์กับคนของดาวิดออกไปพบพวกเขาที่สระน้ำกิเบโอน ทั้งสองฝ่ายนั่งคนละฝั่งของสระ
14အာဗနာ ကလည်း ၊ လုလင် တို့သည်ထ ၍ ငါ တို့ရှေ့ မှာကစား ကြပါလေစေဟုဆို သော် ၊ ယွာဘ က ထ ကြပါ လေစေဟုဆို သည်အတိုင်း၊
14อับเนอร์พูดกับโยอาบว่า “ให้พวกหนุ่ม ๆ ลุกขึ้นประลองกันต่อหน้าเราเถิด” โยอาบตอบว่า “ให้พวกเขาลุกขึ้นสิ”
15ရှောလု သား ဣရှဗောရှက် ၏ လူဗင်္ယာမိန် အမျိုးသားတကျိပ် နှစ် ယောက်နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် နှစ် ယောက်တို့သည် ထ ၍ ကူး လာကြ၏။
15พวกเขาจึงลุกขึ้นและข้ามไปตามจำนวน ฝ่ายเบนยามินและอิชโบเชทบุตรซาอูลมีสิบสองคน ฝ่ายคนของดาวิดก็มีสิบสองคน
16သူတို့သည်လူ ချင်းတိုက်၍ လူတိုင်း မိမိ တိုက် ဘက်၏ ခေါင်း ကိုကိုင် လျက် ၊ နံဖေး ကိုထား နှင့်ထိုးလျက် တစုတည်း လဲ သေကြ၏။ သို့ဖြစ်၍ ဂိဗောင် မြို့နယ်၌ ရှိသော ထို အရပ် ကို ဟေလကသဇ္ဇုရိမ် ဟူသောအမည်ဖြင့် သမုတ် ကြ၏။
16แต่ละคนจับศีรษะคู่ต่อสู้แล้วแทงดาบเข้าที่สีข้างของอีกฝ่าย ต่างก็ล้มตายพร้อมกัน จึงเรียกสถานที่นั้นในกิเบโอนว่า เฮลคัทฮัสซูริม
17ထို နေ့၌ ပြင်းစွာ စစ်တိုက် ၍ အာဗနာ နှင့် ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ရှေ့ မှာ ရှုံး ကြလေ၏။
17วันนั้นการต่อสู้ดุเดือดมาก อับเนอร์กับคนอิสราเอลพ่ายแพ้ต่อคนของดาวิด
18ဇေရုယာ သား သုံး ယောက်၊ ယွာဘ ၊ အဘိရှဲ ၊ အာသဟေလ ပါကြ၏။ အာသဟေလ သည်တော ၌ ကျင်လည်သော ဒရယ် ကဲ့သို့ လျင်မြန် ၏။
18บุตรชายสามคนของนางเศรุยาห์อยู่ที่นั่น คือโยอาบ อาบีชัย และอาสาเฮล อาสาเฮลวิ่งเร็วราวกับละมั่งป่า
19အာသဟေလ သည် လက်ျာ ဘက်လက်ဝဲ ဘက် သို့ မ လွှဲ အာဗနာ ကို လိုက် ၏။
19อาสาเฮลไล่ตามอับเนอร์ ไม่เบี่ยงไปทางขวาหรือทางซ้ายเลย
20အာဗနာ သည်နောက် သို့ကြည့် ၍ ၊ သင် သည် အာသဟေလ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ပြန်ပြော ၏။
20อับเนอร์หันมาถามว่า “นั่นเจ้าใช่ไหม อาสาเฮล?” เขาตอบว่า “ใช่”
21အာဗနာ ကလည်း ၊ လက်ျာ ဘက်သော်၎င်း ၊ လက်ဝဲ ဘက်သော်၎င်းလှည့် သွားလျက် ၊ လုလင် တယောက် ကို ဘမ်းဆီး ၍ သူ ၏လက်နက် စုံကို လုယူ တော့ဟုဆို သော်လည်း ၊ အာသဟေလ သည် မ လှည့် ဘဲ လိုက် သေး၏။
21อับเนอร์บอกเขาว่า “หันไปทางขวาหรือทางซ้ายเสีย เลือกจับชายหนุ่มคนหนึ่งแล้วเอาชุดเกราะของเขาไป” แต่อาสาเฮลไม่ยอมเลิกไล่ตาม
22တဖန် အာဗနာ က ငါ့ ကိုမလိုက် နှင့်။ လှည့် သွားတော့။ သင့် ကို မြေ ပေါ်သို့ အဘယ်ကြောင့် ငါလှဲ ရမည်နည်း။ သို့ပြုလျှင် သင့် အစ်ကို ယွာဘ ရှေ့ မှာ ငါ့ မျက်နှာ ကို အဘယ်သို့ ငါပြ နိုင်မည်နည်းဟု ဆိုသော်လည်း၊
22อับเนอร์บอกอาสาเฮลอีกว่า “เลิกตามข้าเถิด ทำไมข้าต้องตีเจ้าจนล้มลง? แล้วข้าจะมองหน้าโยอาบพี่ชายของเจ้าได้อย่างไร?”
23အာသဟေလသည် နား မထောင်သောကြောင့် ၊ အာဗနာ သည် နောက် သို့လှံ နှင့် ထိုး လျှင် ၊ ဝမ်း ၌ လှံဖျားဝင်၍ ကျော ကိုထုတ်ချင်း ဖောက်သဖြင့် ၊ အာသဟေလသည် လဲ ၍ ထို အရပ်၌သေ ၏။ အာသဟေလ လဲ ၍ သေ သော ထို အရပ် သို့ ရောက် သော သူအပေါင်း တို့သည် ရပ် နေကြ၏။
23แต่อาสาเฮลไม่ยอมเลิก อับเนอร์จึงใช้ปลายด้ามหอกแทงเข้าที่ลำตัวของเขาจนหอกทะลุออกด้านหลัง เขาล้มลงและตายตรงนั้น ทุกคนที่มาถึงจุดที่อาสาเฮลล้มตายต่างก็หยุดอยู่ตรงนั้น
24ယွာဘ နှင့် အဘိရှဲ သည် အာဗနာ ကိုလိုက် ၍ ဂိဗောင် တော သို့ သွားသောလမ်း နား၊ ဂိအာ မြို့ရှေ့ မှာ ရှိသော အမ္မ တောင် သို့ ရောက် သောအခါ နေ ဝင် ၏။
24แต่โยอาบกับอาบีชัยยังไล่ตามอับเนอร์ต่อไป เมื่อพวกเขามาถึงเนินเขาอัมมาห์ซึ่งอยู่หน้ากีอาห์ ริมทางไปถิ่นทุรกันดารกิเบโอน ดวงอาทิตย์ก็ตก
25ဗင်္ယာမိန် အမျိုးသား တို့သည် အာဗနာ နောက် ၌ စုဝေး ၍ တတပ် တည်းဖွဲ့လျက် တောင် ပေါ် မှာ ရပ် နေကြ ၏။
25ชาวเบนยามินรวมตัวกันตามหลังอับเนอร์เป็นกองเดียว และยืนอยู่บนยอดเนินเขา
26ထိုအခါ အာဗနာ က၊ ယွာဘ ကို ဟစ် ၍ ၊ ထား သွားသည် အစဉ် မပြတ်ကိုက်စား ရမည်လော။ နောက်ဆုံး ၌ ခါး သောအရသာကို တွေ့လိမ့်မည်ဟုမ သိ လော။ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ၊ ပြန် စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမ စီရင် ဘဲ နေမည်နည်းဟုဆို လျှင်၊
26อับเนอร์ร้องบอกโยอาบว่า “ดาบจะกลืนกินไปตลอดหรือ? เจ้าไม่รู้หรือว่าท้ายที่สุดจะเหลือแต่ความขมขื่น? อีกนานเท่าไรเจ้าจึงจะสั่งคนของเจ้าให้เลิกไล่ตามพี่น้องของตน?”
27ယွာဘ က၊ ဘုရား သခင်အသက် ရှင်တော်မူသည်အတိုင်း သင်မ ပြော လျှင် ၊ မိုဃ်းလင်း မှသာ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ဘဲနေကြလိမ့်မည်ဟု ဆို လျက်၊
27โยอาบตอบว่า “พระเจ้าทรงพระชนม์อยู่แน่ฉันใด ถ้าเจ้าไม่พูดเช่นนั้น พอถึงเช้าพวกทหารคงแยกย้ายไป ไม่ไล่ตามพี่น้องของตนต่อแน่ฉันนั้น”
28တံပိုး မှုတ် ၍ လူ များတို့သည် ဣသရေလ အမျိုးသားတို့ကို မ လိုက် ၊ စစ် မ တိုက်ဘဲရပ် နေကြ၏။
28โยอาบเป่าแตร ทุกคนก็หยุด ไม่ไล่ตามชาวอิสราเอลอีก และไม่สู้รบต่อ
29အာဗနာ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး လွင်ပြင် သို့ ရှောက်သွား ၍ ယော်ဒန် မြစ်ကိုကူး ပြီးလျှင် ၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ် မြို့သို့ ရောက် ကြ၏။
29อับเนอร์กับคนของเขาเดินผ่านอาราบาห์ตลอดคืนนั้น ข้ามแม่น้ำจอร์แดน ผ่านบิธโรนทั้งหมด แล้วมาถึงมาหะนาอิม
30ယွာဘ သည်လည်း အာဗနာ ကိုလိုက် ရာမှ ပြန် ၍ လူ အပေါင်း တို့ကို စုဝေး စေသောအခါ ၊ အာသဟေလ နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် ကိုး ယောက်တို့သည် မ ရှိဆုံးကြပြီ။
30โยอาบกลับจากการไล่ตามอับเนอร์ เมื่อรวบรวมคนทั้งหมดแล้ว พบว่าคนของดาวิดหายไปสิบเก้าคน นอกเหนือจากอาสาเฮล
31ဒါဝိဒ် ၏ကျွန် တို့သည် ဗင်္ယာမိန် အမျိုးသား၊ အာဗနာ ၏လူ သုံး ရာ ခြောက် ဆယ်တို့ကို သေ အောင် လုပ်ကြံ ကြပြီ။
31แต่คนของดาวิดฆ่าชาวเบนยามินและคนของอับเนอร์ตายสามร้อยหกสิบคน
32အာသဟေလ ၏ အလောင်းကိုထမ်း သွား၍ ဗက်လင် မြို့၌ရှိသော သူ့ အဘ ၏သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ၏။ ယွာဘ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး သွား ၍ ၊ မိုဃ်းလင်းစ တွင်ဟေဗြုန် မြို့သို့ ရောက်ကြ၏။
32พวกเขานำศพอาสาเฮลไปฝังในที่ฝังศพของบิดาที่เบธเลเฮม โยอาบกับคนของเขาเดินทางตลอดคืน และพอรุ่งสางพวกเขาก็อยู่ที่เฮโบรน
Tip: use the ← and → keys to turn chapters.